ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ကမ္ဘာ့အမြင့်ဆုံးလမ်းတံတားပေါ်မှ ကြိုးမဲ့ဘန်ဂျီခုန်ခြင်း ဆွဲဆောင်မှုကို ရပ်ဆိုင်းခဲ့ရ

88

Pika (NP News) - နိုဝင်ဘာ ၂
ဘေးကင်းရေးဆိုင်ရာစမ်းသပ်မှု ဗီဒီယိုဖိုင် များထွက်ပေါ်လာခဲ့ပြီးနောက် ကမ္ဘာ့အမြင့်ဆုံးလမ်း တံတားပေါ်မှ ကြိုးမဲ့ဘန်ဂျီခုန်ခြင်းဆွဲဆောင်မှုကို ဖွင့်ပွဲမတိုင်မီရပ်ဆိုင်းခဲ့ရကြောင်းသိရသည်။ ကမ္ဘာ့ အမြင့်ဆုံးလမ်းတံတားအဖြစ် စံချိန်တင်ထားသော Huajiang Grand Canyon တံတားသည် မကြာသေးမီက သတင်းများတွင် နာမည်ကြီးလာခဲ့ပြီး နောက် အငြင်းပွားဖွယ်ရာ ဆွဲဆောင်မှုတစ်ခုဖြစ်သည့် ကြိုးမဲ့ဘန်ဂျီခုန်ခြင်းကို လုပ်ဆောင်ရန် စိန်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစိန်ခေါ်မှုမှာ Huajiang Grand Canyon တံတားပေါ်မှတစ်ဆင့် ကြိုးမပါဘဲ အောက်တွင်ဖြန့်ထားသည့် သက်တံ့ရောင်ပိုက်ကွန်ထဲသို့ ခုန်ချရမည်ဖြစ်ပြီး ပိုက်ကွန်ထဲသို့ ခုန်ချနိုင်ခြင်းမရှိဘဲ မြစ်ထဲသို့ပြုတ်ကျသွားပါက စိန်ခေါ်မှုကို ရှုံးနိမ့်သည်ဟု သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ဘေးကင်းရေးစမ်းသပ်မှု၏ တစ်စိတ် တစ်ပိုင်းအဖြစ် လုံခြုံရေးဝန်ထမ်းများသည် အလေးချိန်အမျိုးမျိုးရှိသောသဲအိတ်များကို ပိုက်ကွန်ထဲသို့ ပစ်ချနေသည့် ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့ပြီးနောက် အများပြည်သူကြားတွင် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်လာစေခဲ့ ကြောင်းသိရသည်။
ယင်းစိန်ခေါ်မှုတွင် မီတာ(၂၀)မှ(၅၀)အထိ အမြင့်ရွေးချယ်စရာအမျိုးမျိုးရှိပြီး ပါဝင်သူများအနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုနှင့် ရဲစွမ်းသတ္တိအပေါ်အခြေခံကာ ခုန်ချမည့်အမြင့်များကို ရွေးချယ်နိုင်မည်ဖြစ်ကြောင်း လည်းသိရ သည်။
အဆိုပါကြိုးမဲ့ဘန်ဂျီခုန်မှုအတွက် ဈေးနှုန်းကို အမေရိကန်ဒေါ်လာ(၂၂၅)ဒေါ်လာအဖြစ် သတ်မှတ်ထားပြီး ပုံမှန်ဘန်ဂျီခုန်ချမှုအတွက် သတ်မှတ်ထားသော အမေရိကန်ဒေါ်လာ(၄၂၀)ထက် ပိုမိုနည်းပါးကြောင်းသိရသည်။ ယခု သီတင်းပတ်အတွင်း ဖွင့်လှစ်ရန်ပြင်ဆင်ထားသည့် အဆိုပါဆွဲဆောင်မှု နှင့်ပတ်သက်ပြီး အလေးချိန်ပေါင်(၁၀ဝ) နှင့်(၂၀ဝ) ရှိသော သဲအိတ်များကို ပိုက်ကွန်ထဲသို့ပစ်ချခြင်းဖြင့် စမ်းသပ်မှုများလုပ်ဆောင်ခဲ့သော်လည်း ဘေးကင်း ရေးဆိုင်ရာစိုးရိမ်မှုများစွာ ပေါ်ထွက်လာခဲ့ကြောင်း သိရသည်။ အဆိုပါအချက်များနှင့်အတူ ယခုသီတင်းပတ်အတွင်း ဖွင့် လှစ်ရန်ပြင်ဆင်ထားသည့် Huajiang Grand Canyon တံတားပေါ်မှ ကြိုးမဲ့ဘန်ဂျီခုန်ခြင်းဆွဲဆောင်မှုကို ရပ်ဆိုင်းရန် တာဝန်ရှိ သူများက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ေဘးကင္းေရးဆိုင္ရာ စိုးရိမ္မႈမ်ားေၾကာင့္ ကမာၻ႔အျမင့္ဆုံးလမ္းတံတားေပၚမွ ႀကိဳးမဲ့ဘန္ဂ်ီခုန္ျခင္း ဆြဲေဆာင္မႈကို ရပ္ဆိုင္းခဲ့ရ
Pika (NP News) - ႏိုဝင္ဘာ ၂
ေဘးကင္းေရးဆိုင္ရာစမ္းသပ္မႈ ဗီဒီယိုဖိုင္ မ်ားထြက္ေပၚလာခဲ့ၿပီးေနာက္ ကမာၻ႔အျမင့္ဆုံးလမ္း တံတားေပၚမွ ႀကိဳးမဲ့ဘန္ဂ်ီခုန္ျခင္းဆြဲေဆာင္မႈကို ဖြင့္ပြဲမတိုင္မီရပ္ဆိုင္းခဲ့ရေၾကာင္းသိရသည္။ ကမာၻ႔ အျမင့္ဆုံးလမ္းတံတားအျဖစ္ စံခ်ိန္တင္ထားေသာ Huajiang Grand Canyon တံတားသည္ မၾကာေသးမီက သတင္းမ်ားတြင္ နာမည္ႀကီးလာခဲ့ၿပီး ေနာက္ အျငင္းပြားဖြယ္ရာ ဆြဲေဆာင္မႈတစ္ခုျဖစ္သည့္ ႀကိဳးမဲ့ဘန္ဂ်ီခုန္ျခင္းကို လုပ္ေဆာင္ရန္ စိန္ေခၚခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါစိန္ေခၚမႈမွာ Huajiang Grand Canyon တံတားေပၚမွတစ္ဆင့္ ႀကိဳးမပါဘဲ ေအာက္တြင္ျဖန႔္ထားသည့္ သက္တံ့ေရာင္ပိုက္ကြန္ထဲသို႔ ခုန္ခ်ရမည္ျဖစ္ၿပီး ပိုက္ကြန္ထဲသို႔ ခုန္ခ်ႏိုင္ျခင္းမရွိဘဲ ျမစ္ထဲသို႔ျပဳတ္က်သြားပါက စိန္ေခၚမႈကို ရႈံးနိမ့္သည္ဟု သတ္မွတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ေဘးကင္းေရးစမ္းသပ္မႈ၏ တစ္စိတ္ တစ္ပိုင္းအျဖစ္ လုံၿခဳံေရးဝန္ထမ္းမ်ားသည္ အေလးခ်ိန္အမ်ိဳးမ်ိဳးရွိေသာသဲအိတ္မ်ားကို ပိုက္ကြန္ထဲသို႔ ပစ္ခ်ေနသည့္ ဗီဒီယိုဖိုင္ထြက္ေပၚလာခဲ့ၿပီးေနာက္ အမ်ားျပည္သူၾကားတြင္ စိုးရိမ္ပူပန္မႈမ်ားကို ျဖစ္ေပၚလာေစခဲ့ ေၾကာင္းသိရသည္။
ယင္းစိန္ေခၚမႈတြင္ မီတာ(၂၀)မွ(၅၀)အထိ အျမင့္ေ႐ြးခ်ယ္စရာအမ်ိဳးမ်ိဳးရွိၿပီး ပါဝင္သူမ်ားအေနျဖင့္ ၎တို႔၏ ကိုယ္ပိုင္ႏွစ္သက္မႈႏွင့္ ရဲစြမ္းသတၱိအေပၚအေျခခံကာ ခုန္ခ်မည့္အျမင့္မ်ားကို ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္ေၾကာင္း လည္းသိရ သည္။
အဆိုပါႀကိဳးမဲ့ဘန္ဂ်ီခုန္မႈအတြက္ ေဈးႏႈန္းကို အေမရိကန္ေဒၚလာ(၂၂၅)ေဒၚလာအျဖစ္ သတ္မွတ္ထားၿပီး ပုံမွန္ဘန္ဂ်ီခုန္ခ်မႈအတြက္ သတ္မွတ္ထားေသာ အေမရိကန္ေဒၚလာ(၄၂၀)ထက္ ပိုမိုနည္းပါးေၾကာင္းသိရသည္။ ယခု သီတင္းပတ္အတြင္း ဖြင့္လွစ္ရန္ျပင္ဆင္ထားသည့္ အဆိုပါဆြဲေဆာင္မႈ ႏွင့္ပတ္သက္ၿပီး အေလးခ်ိန္ေပါင္(၁၀ဝ) ႏွင့္(၂၀ဝ) ရွိေသာ သဲအိတ္မ်ားကို ပိုက္ကြန္ထဲသို႔ပစ္ခ်ျခင္းျဖင့္ စမ္းသပ္မႈမ်ားလုပ္ေဆာင္ခဲ့ေသာ္လည္း ေဘးကင္း ေရးဆိုင္ရာစိုးရိမ္မႈမ်ားစြာ ေပၚထြက္လာခဲ့ေၾကာင္း သိရသည္။ အဆိုပါအခ်က္မ်ားႏွင့္အတူ ယခုသီတင္းပတ္အတြင္း ဖြင့္လွစ္ရန္ျပင္ဆင္ထားသည့္ Huajiang Grand Canyon တံတားေပၚမွ ႀကိဳးမဲ့ဘန္ဂ်ီခုန္ျခင္းဆြဲေဆာင္မႈကို ရပ္ဆိုင္းရန္ တာဝန္ရွိသူမ်ားက ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။