(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရစေရန် အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ

 120

စော(NP News)- နိုဝင်ဘာ ၂

(၃၃)ကြိမ်မြောက် အ‌ရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုများရရှိစေရန် အဘက်ဘက်မှ ပံ့ပိုးကူညီ‌ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ပြောသည်။
ရန်ကုန်တိုင်းရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ယမန်နေ့(နိုဝင်ဘာ ၁ ရက်)က ပြုလုပ်သော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်အောင်မြင်မှုရရှိစေရေးနှင့် ပြိုင်ပွဲတွင် အောင်မြင်မှုများရရှိလာပါက ထိုက်တန်စွာ ဂုဏ်ပြုဆုချီးမြှင့်နိုင်ရေးနှင့်စပ်လျဉ်း၍ ပထမအကြိမ် မြန်မာ့အားကစားအောင်နိုင်ရေးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များအနေဖြင့် အဆင့်မီစွာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ထိုက်သင့်သည့်အောင်မြင်မှုများရရှိစေရန်အတွက် နိုင်ငံတော်အကြီးအကဲအနေဖြင့် စခန်းဝင်အားကစားအဖွဲ့များ၏ စခန်းသွင်းစားစရိတ်ကို တစ်ဦးလျှင် တစ်ရက် ငွေကျပ် ၅၀၀၀ နှုန်းမှ ၂၀၂၅ ခုနှစ် ဇူလိုင်လမှစတင်ကာ ငွေကျပ် ၁၂၀၀၀ နှုန်းထိ တိုးမြှင့်ထောက်ပံ့ပေးခဲ့ကြောင်း ဝန်ကြီး Jeng Phang နော်တောင်က ပြောကြားခဲ့သည်။
ထိုသို့ တိုးမြှင့်ထောက်ပံ့ပေးခဲ့သည့်အတွက် အားကစားသမားများကို ကယ်လိုရီစံနှုန်းများနှင့်ကိုက်ညီပြီး အာဟာရဖြစ်စေမည့် အစားအသောက်များကို တစ်ရက်လျှင်ခြောက်ကြိမ်နှုန်းဖြင့် ကျွေးမွေးနိုင်ခဲ့သည့်အပြင် အဘက်ဘက်မှပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာ့အားကစားအောင်နိုင်ရေးကော်မတီ၏ လုပ်ငန်းတာဝန် ၇ ရပ်အနက် အဓိကဦးတည်ချက်ဖြစ် သည့် စခန်းဝင်အားကစားသမားများ၏ မိခင်ဖြစ်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကူညီထောက်ပံ့စေခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီထောက်ပံ့ပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်အဆင့် ဂုဏ်ပြုပွဲအခမ်းအနားတွင် နိုင်ငံတော်မှ ဂုဏ်ပြုချီးမြှင့်ခြင်းများအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်နှင့် ဝန်ကြီးဌာနများမှ ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်မှုများ ပြုလုပ်ပေးပြီး သင့်လျော်သည့်ရာထူးအဆင့်များ တိုးမြှင့်ပေးခြင်း၊ အလုပ်အကိုင်များဖန်တီး၍ ဂုဏ်ပြုပေးစေလိုကြောင်း ဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေး အတွက် ကော်မတီဝင်များနှင့် ပထမအကြိမ် စတင်ဆွေးနွေးရခြင်းဖြစ်ပြီး အစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့် မြန်မာ့အားကစားအောင်နိုင်ရေး ကော်မတီသက်ဝင်လှုပ်ရှားနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

Zawgyi Version:
(၃၃)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ေအာင္ျမင္မႈမ်ားရေစရန္ အဘက္ဘက္မွ ပံ့ပိုးကူညီေဆာင္႐ြက္ေပးလ်က္ရွိ
ေစာ(NP News)- ႏိုဝင္ဘာ ၂
(၃၃)ႀကိမ္ေျမာက္ အ‌ေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ေအာင္ျမင္မႈမ်ားရရွိေစရန္ အဘက္ဘက္မွ ပံ့ပိုးကူညီ‌ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံအိုလံပစ္ေကာ္မတီဥကၠ႒၊ အားကစားႏွင့္လူငယ္ေရးရာဝန္ႀကီးဌာနႏွင့္ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး Jeng Phang ေနာ္ေတာင္က ေျပာသည္။
ရန္ကုန္တိုင္းရွိ အမ်ိဳးသားအားကစားၿပိဳင္ပြဲ႐ုံ(၁) သုဝဏၰရွိ ပတၱျမားခန္းမ၌ ယမန္ေန႔(ႏိုဝင္ဘာ ၁ ရက္)က ျပဳလုပ္ေသာ (၃၃)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွ အားကစားၿပိဳင္ပြဲသို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ေအာင္ျမင္မႈရရွိေစေရးႏွင့္ ၿပိဳင္ပြဲတြင္ ေအာင္ျမင္မႈမ်ားရရွိလာပါက ထိုက္တန္စြာ ဂုဏ္ျပဳဆုခ်ီးျမႇင့္ႏိုင္ေရးႏွင့္စပ္လ်ဥ္း၍ ပထမအႀကိမ္ ျမန္မာ့အားကစားေအာင္ႏိုင္ေရးေကာ္မတီလုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါအစည္းအေဝးတြင္ (၃၃)ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွအားကစားၿပိဳင္ပြဲတြင္ ျမန္မာအားကစားအဖြဲ႕မ်ားအေနျဖင့္ အဆင့္မီစြာ ဝင္ေရာက္ယွဥ္ၿပိဳင္ၿပီး ထိုက္သင့္သည့္ေအာင္ျမင္မႈမ်ားရရွိေစရန္အတြက္ ႏိုင္ငံေတာ္အႀကီးအကဲအေနျဖင့္ စခန္းဝင္အားကစားအဖြဲ႕မ်ား၏ စခန္းသြင္းစားစရိတ္ကို တစ္ဦးလွ်င္ တစ္ရက္ ေငြက်ပ္ ၅၀၀၀ ႏႈန္းမွ ၂၀၂၅ ခုႏွစ္ ဇူလိုင္လမွစတင္ကာ ေငြက်ပ္ ၁၂၀၀၀ ႏႈန္းထိ တိုးျမႇင့္ေထာက္ပံ့ေပးခဲ့ေၾကာင္း ဝန္ႀကီး Jeng Phang ေနာ္ေတာင္က ေျပာၾကားခဲ့သည္။
ထိုသို႔ တိုးျမႇင့္ေထာက္ပံ့ေပးခဲ့သည့္အတြက္ အားကစားသမားမ်ားကို ကယ္လိုရီစံႏႈန္းမ်ားႏွင့္ကိုက္ညီၿပီး အာဟာရျဖစ္ေစမည့္ အစားအေသာက္မ်ားကို တစ္ရက္လွ်င္ေျခာက္ႀကိမ္ႏႈန္းျဖင့္ ေကြၽးေမြးႏိုင္ခဲ့သည့္အျပင္ အဘက္ဘက္မွပံ့ပိုးကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္းလည္း ထည့္သြင္းေျပာၾကားခဲ့သည္။
ျမန္မာ့အားကစားေအာင္ႏိုင္ေရးေကာ္မတီ၏ လုပ္ငန္းတာဝန္ ၇ ရပ္အနက္ အဓိကဦးတည္ခ်က္ျဖစ္ သည့္ စခန္းဝင္အားကစားသမားမ်ား၏ မိခင္ျဖစ္ေသာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ ကူညီေထာက္ပံ့ေစျခင္းႏွင့္ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားမွ ကူညီေထာက္ပံ့ေပးေစလိုေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ ႏိုင္ငံေတာ္အဆင့္ ဂုဏ္ျပဳပြဲအခမ္းအနားတြင္ ႏိုင္ငံေတာ္မွ ဂုဏ္ျပဳခ်ီးျမႇင့္ျခင္းမ်ားအျပင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ႏွင့္ ဝန္ႀကီးဌာနမ်ားမွ ထပ္ဆင့္ဂုဏ္ျပဳခ်ီးျမႇင့္မႈမ်ား ျပဳလုပ္ေပးၿပီး သင့္ေလ်ာ္သည့္ရာထူးအဆင့္မ်ား တိုးျမႇင့္ေပးျခင္း၊ အလုပ္အကိုင္မ်ားဖန္တီး၍ ဂုဏ္ျပဳေပးေစလိုေၾကာင္း ဆက္လက္ေျပာၾကားခဲ့သည္။
ထို႔ျပင္ လုပ္ငန္းတာဝန္မ်ားကို ထိထိေရာက္ေရာက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ေစေရး အတြက္ ေကာ္မတီဝင္မ်ားႏွင့္ ပထမအႀကိမ္ စတင္ေဆြးေႏြးရျခင္းျဖစ္ၿပီး အစည္းအေဝးတက္ေရာက္လာၾကသူမ်ားအေနျဖင့္ ျမန္မာ့အားကစားေအာင္ႏိုင္ေရး ေကာ္မတီသက္ဝင္လႈပ္ရွားႏိုင္ေရးအတြက္ ဝိုင္းဝန္းအႀကံျပဳေဆြးေႏြးေပးၾကေစလိုေၾကာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.