အမေရိကန်က မူးယစ်မှောင်ခိုသင်္ဘောတစ်စီးကို ထပ်မံတိုက်ခိုက်ခဲ့ရာ အနည်းဆုံးလူ(၃)ဦးသေဆုံး

150

Pika (NP News) - နိုဝင်ဘာ ၈
ကာရေဘီယံပင်လယ်ပြင်မှာ မူးယစ်ဆေးဝါးမှောင်ခိုကူးနေတယ်လို့ ယူဆရတဲ့ သင်္ဘောတစ်စင်းကို အမေရိကန်စစ်တပ်က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့တယ်လို့ အမေရိကန် စစ်ဌာနချုပ်ပင်တဂွန် အကြီးအကဲ ပီတီဟတ်ဆတ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန်က မူးယစ်မှောင်ခိုသင်္ဘောတွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် သေဆုံးသူ အရေအတွက်ဟာ (၇၀)ဦးအထိ မြင့်တက်လာပြီဖြစ်တယ်လို့လည်း သိရပါတယ်။ အမေရိကန်ဟာ ကာရေဘီယံ ပင်လယ်ပြင်နဲ့ အရှေ့ပစိဖိတ်တို့မှာရှိတဲ့ မူးယစ်မှောင်ခိုသင်္ဘောတွေကို ပြီးခဲ့တဲ့စက်တင်ဘာလ အစောပိုင်း ကတည်းက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်အထိ အမေရိကန်က ဖျက်ဆီးပစ်ခဲ့ တဲ့ မူးယစ်မှောင်ခိုသင်္ဘောအရေအတွက်ဟာ အနည်းဆုံး(၁၈)စီးအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
နောက်ဆုံးတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ပီတီဟတ်ဆတ်က ထုတ်ပြန်ပြသခဲ့ပြီး အမေရိကန်ဟာ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက လည်ပတ်တဲ့သင်္ဘောတစ်စီးကို နိုင်ငံတကာရေပြင်မှာ အောင်မြင်စွာတိုက်ခိုက် နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာတော့ သင်္ဘောတစ်စင်းက မောင်းနှင်နေစဉ်အချိန် အတွင်း မီးလောင်ပေါက်ကွဲသွားတာကို ပြသထားပါတယ်။
ပီတီဟတ်ဆတ်က “အမေရိကန်ရဲ့တိကျတဲ့တိုက်ခိုက်မှုတွေကြောင့် သင်္ဘောပေါ်မှာပါလာတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူ အမျိုးသား(၃)ဦးသေဆုံးသွားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္က မူးယစ္ေမွာင္ခိုသေဘၤာတစ္စီးကို ထပ္မံတိုက္ခိုက္ခဲ့ရာ အနည္းဆုံးလူ(၃)ဦးေသဆုံး
Pika (NP News) - ႏိုဝင္ဘာ ၈
ကာေရဘီယံပင္လယ္ျပင္မွာ မူးယစ္ေဆးဝါးေမွာင္ခိုကူးေနတယ္လို႔ ယူဆရတဲ့ သေဘၤာတစ္စင္းကို အေမရိကန္စစ္တပ္က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တေၾကာင့္ အနည္းဆုံးလူ(၃)ဦးေသဆုံးခဲ့တယ္လို႔ အေမရိကန္ စစ္ဌာနခ်ဳပ္ပင္တဂြန္ အႀကီးအကဲ ပီတီဟတ္ဆတ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေမရိကန္က မူးယစ္ေမွာင္ခိုသေဘၤာေတြကို တိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့တာေၾကာင့္ ေသဆုံးသူ အေရအတြက္ဟာ (၇၀)ဦးအထိ ျမင့္တက္လာၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။ အေမရိကန္ဟာ ကာေရဘီယံ ပင္လယ္ျပင္နဲ႔ အေရွ႕ပစိဖိတ္တို႔မွာရွိတဲ့ မူးယစ္ေမွာင္ခိုသေဘၤာေတြကို ၿပီးခဲ့တဲ့စက္တင္ဘာလ အေစာပိုင္း ကတည္းက တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ အေမရိကန္က ဖ်က္ဆီးပစ္ခဲ့ တဲ့ မူးယစ္ေမွာင္ခိုသေဘၤာအေရအတြက္ဟာ အနည္းဆုံး(၁၈)စီးအထိ ရွိခဲ့တယ္လို႔လည္း သိရပါတယ္။
ေနာက္ဆုံးတိုက္ခိုက္မႈနဲ႔ပတ္သက္တဲ့ ဗီဒီယိုဖိုင္တစ္ခုကို ပီတီဟတ္ဆတ္က ထုတ္ျပန္ျပသခဲ့ၿပီး အေမရိကန္ဟာ အၾကမ္းဖက္အဖြဲ႕အစည္းတစ္ခုက လည္ပတ္တဲ့သေဘၤာတစ္စီးကို ႏိုင္ငံတကာေရျပင္မွာ ေအာင္ျမင္စြာတိုက္ခိုက္ ႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဗီဒီယိုဖိုင္ထဲမွာေတာ့ သေဘၤာတစ္စင္းက ေမာင္းႏွင္ေနစဥ္အခ်ိန္ အတြင္း မီးေလာင္ေပါက္ကြဲသြားတာကို ျပသထားပါတယ္။
ပီတီဟတ္ဆတ္က “အေမရိကန္ရဲ႕တိက်တဲ့တိုက္ခိုက္မႈေတြေၾကာင့္ သေဘၤာေပၚမွာပါလာတဲ့ မူးယစ္ေဆးဝါး ေရာင္းဝယ္သူ အမ်ိဳးသား(၃)ဦးေသဆုံးသြားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။