သရက်-ကံမလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အရပ်သား (၂)ဦး သေဆုံး

386

Pearl (NP News) - နိုဝင်ဘာ ၈
သရက် - ကံမလမ်းပိုင်းတွင် အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အရပ်သား (၂)ဦး သေဆုံးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့နေ ဦးကျော်လွင် (၄၅) နှစ် မောင်းနှင်၍ သရက်မြို့နေ ဦးခင်မောင်ဦး (၅၈)နှစ် လိုက်ပါလာသည့် Toyota Hilux Double Cab အမျိုးအစား မော်တော်ယာဉ် အမှတ် 4S/--------- သည် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် သရက်မြို့၏ အနောက်တောင်ဘက် မီတာ ၁၈၀၀၀ ခန့်အကွာရှိ သရက် - ကံမလမ်းအတိုင်း မောင်းနှင်လာခဲ့ကြောင်း သိရသည်။
ထိုသို့မောင်းနှင်လာစဉ် ပါးပွတ်ကျေးရွာလမ်းပေါက်အနီးသို့အရောက်၌ PDF အဖွဲ့ဝင်များမက မိုင်းဆွဲတိုက်ခဲ့ရာ မိုင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ် မီးလောင်သွားခဲ့ပြီး ယာဉ်ပေါ်ပါ အရပ်သားပြည်သူ အမျိုးသား နှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားရာလမ်းကြောင်းတစ်လျှောက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများ ဆက်လက်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version: