နယူးယောက်မြို့တော်ဝန်အသစ်ကြောင့် နိုင်ငံ့အချုပ်အခြာအာဏာဆုံးရှုံးနိုင်ကြောင်း ထရမ့် သတိပေး

106

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၈
နယူးယောက် မြို့တော်ဝန်သစ်အဖြစ် လက်ဝဲဝါဒီဇိုရန်မန်ဒါနီကို ရွေးကောက်တင်မြှောက်လိုက်သောကြောင့် အမေရိကန်နိုင်ငံ၏ အချုပ်အခြာ အာဏာဆုံးရှုံးမှုများဖြစ်လာဖွယ်ရှိနေကြောင်း သမ္မတဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆို လိုက်သည်။
မန်ဒါဒီသည် ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော မြို့တော်ဝန်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့်အတွက် အသက် (၃၄)နှစ်သာ ရှိသေးသည့် မစ္စတာ မန်ဒါနီသည် နယူးယောက်မြို့၏ ပထမဆုံး မွတ်စလင်မြို့တော်ဝန် ဖြစ်လာခဲ့ သလို အနှစ် (၁၀ဝ) ကျော်အတွင်း အသက်အငယ်ဆုံး မြို့တော်ဝန် ဖြစ်လာခဲ့ကြောင်းသိရသည်။ ၎င်းသည် လက်ဝဲ အယူဆ အားသန်သူဖြစ်သည့်အတွက် မန်ဒါနီသာနိုင်ရင် နယူးယောက်မြို့ကြီးအတွက် ဗဟိုအစိုးရက ထောက် ပံ့သော ဘတ်ဂျက်ငွေတွေ မပေးဘဲထားမည်ဖြစ်ကြောင်းခြိမ်းခြောက်မှုများရှိခဲ့သည်။
မန်ဒါနီသည် နယူးယောက်မြို့တွင် မွေးဖွားကြီးပြင်းသူဖြစ်သော်လည်း လက်ရှိအချိန်တွင် အငြင်းပွားမှုများဖြစ် ပွားလျက်ရှိနေကြောင်း သိရသည်။ အမေရိကန်သမ္မတက ‘ဖလော်ရီဒါမြို့ဖြစ်တဲ့ မိုင်ယာမီဟာ နယူးယောက်က ကွန်မြူနစ်ဝါဒကြောင့် မကြာမီ ထွက်ပြေးလာတော့မယ့်သူတွေ ခိုလှုံရာနေရာဖြစ်လာပါတော့မယ်။ အမေရိကန်ပြည်သူ အားလုံး ရင်ဆိုင်နေရတဲ့ ဆုံးဖြတ်ချက်ကတော့ ကျွန်တော် တို့ဟာ ကွန်မြူနစ်ဝါဒနဲ့ အကျိုးအကြောင်း ဆင်ခြင် ဉာဏ်တို့အကြား ရွေးချယ်မှုဖြစ်တယ်ဆိုတာ၊ ဒီထက် ပိုရှင်းလင်းတာ မရှိနိုင်တော့ပါဘူး။ ကျွန်တော်တို့က အဲဒါကို သတိထားရမှာဖြစ်ပါတယ်’ဟု ပြောဆိုခဲ့သည်။ ဒီမိုကရက်ပါတီဝင်တစ်ဦးဖြစ်သော မန်ဒါနီ သည် နယူးယောက်မြို့ တော်ဝန် ရွေးကောက်ပွဲတွင် ဇိုရန်မန်ဒါနီ အနိုင်ရရှိသွားမည်ဆိုပါက ဆိုးရွားသော အကျိုးဆက်များရှိလာမည်ဟု သတိပေးထားပြီး ပြည်ထောင်စုရန်ပုံငွေများကို ရုပ်သိမ်းမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ဖူးသည်။
နယူးယောက် မြို့တော်ဝန် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုအနိုင် ယူရန် နည်းလမ်းကိုသက်သေပြလိုက်ခြင်းဖြစ်ပြီး နယူးယောက်မြို့က နိုင်ငံရေးအ မှောင်ထုထဲတွင် လင်းနေလိမ့်မည်ဟု မန်ဒါနီကပြောသည်။ နယူးယောက်မြို့ခံများက မန်ဒါနီကို မြို့တော် ဝန်အသစ်အဖြစ် ရွေးချယ်လိုက်ခြင်းသည် သမ္မတ ထရမ့်ကို အာခံကြောင်း၊ သမ္မတထရမ့်ရဲ့လုပ်ရပ်များအပေါ် သဘောမတူကြောင်း ပြသပုံပြသနည်း တစ်ရပ်အဖြစ် ရူမြင် သုံးသပ်မှုများလည်းရှိနေသည်။
အမေရိကန်နိုင်ငံအတွင်း ပြီးခဲ့သောရက် ပိုင်းက ကျင်းပခဲ့သောမြို့တော်ဝန် ရွေးကောက်ပွဲများ တွင် ဒီမိုကရက် ပါတီ ကိုယ်စားပြုသူအများစု အနိုင်ရခဲ့ကြောင်းသိရသည်။ ဒါ့အပြင် ဗာဂျီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲ တွင်လည်း စပန်ဘာ ဂါအနိုင်ရခဲ့ပြီး ၎င်းကပြည်နယ်အုပ်ချုပ်ရေးမှူးသမိုင်း တစ်လျှောက် ပထမဆုံးအမျိုးသမီးအုပ်ချုပ် ရေးမှူး ဖြစ်လာဖွယ်ရှိနေသည်။
မန်ဒါနီသည် အရှေ့အာဖရိက နိုင်ငံဖြစ်သော ယူဂန်ဒါတွင် အိန္ဒိယနွယ်ဖွား မိဘတွေကနေ မွေးဖွားခဲ့ပြီး အသက် (၇) နှစ်သားအရွယ်တွင် မိဘများနှင့်အတူ နယူးယောက်မြို့ဆီ ပြောင်းရွှေ့လာခဲ့သူဖြစ်ကြောင်းသိရသည်။

Zawgyi Version: