ရည်ညွှန်းစပါးဈေး (၁၁)သိန်းခွဲသတ်မှတ်ထားသော်လည်း (၁၅) သိန်းနှင့်အထက်မှ လယ်သမားများ တွက်ခြေကိုက်မည်

164

သန့်ဇင် (NP News)-နိုဝင်ဘာ ၁၀
ရည်ညွှန်းစပါးဈေး (၁၁)သိန်းခွဲသတ်မှတ်ထားသော်လည်း (၁၅)သိန်းနှင့်အထက်မှ လယ်သမား များ တွက်ခြေကိုက်မည်ဖြစ်ကြောင်း လယ်သမားများထံ NP News ကဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရသိရသည်။
စပါးတင်း(၁၀ဝ)လျှင် (၁၁၅၀ဝဝဝ) ကျပ်ဖြင့် အခြေခံစပါးပေါက်ဈေးအဖြစ်သတ်မှတ်လိုက်ပြီး ယင်းဈေးနှုန်းသည် လယ်သမားများအတွက် တွက်ခြေကိုက်မည့်ဈေးနှုန်းဖြစ်ကြောင်း တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က ပြီးခဲ့သည့် အောက်တို ဘာလ (၃၁) ရက်က ထုတ်ပြန်လိုက်ကြောင်းသိရသည်။
အဆိုပါဈေးနှုန်းသည် လယ်သမားများအတွက်မူ သွင်းအားစု၊ အလုပ်သမားခနှင့် စိုက်ပျိုးချေးငွေ အတိုးများနှင့်ပြန်လည်တွက်ချက်ကြည့်ပါက တွက်ခြေမကိုက်သည့်ဈေးနှုန်းတစ်ခုဖြစ်နေသေးကြောင်း ဧရာဝတီတိုင်းမှလယ်သမားတစ်ဦးကဆိုသည်။
“ဥပမာ စပါးစိုက်လို့ တင်း(၉၀)၊ တင်း (၁၀ဝ)ထွက်တယ်ဆိုတော့။ ပျမ်းမျှ အကြမ်းဖျင်းပြော တာပေါ့။ (၉၀)၊ (၁၀ဝ)ထွက်တော့ မနှစ်ကနွေမှာ စပါးဈေးက ဆိုပါစို့ (၉၀)၊ (၁၀ဝ)ထွက်တဲ့လယ်သမား က (၁၃)သိန်း၊ (၁၃)သိန်းကျော်လေးပဲရတဲ့ အခါကျတော့ ထည့်ထားတဲ့ကုန်ကျစရိတ်နဲ့တွက်ရင် ဘယ်လို မှမကိုက်ဘူး။ ရှုံးတယ်။ အရှုံးပြတယ်။ ဒီနှစ်စပါးဈေးကို ကြည့်တော့လည်း သိပ်တော့မထူးဘူးဆိုတဲ့အခါ ကျတော့ စပါးတောင်မစိုက်ချင်တဲ့လူတွေရှိပါတယ်။ ကျွန်တော်တို့လယ်သမားတွေက ဒီလုပ်ငန်းပဲရှိတာ လေ တခြားလုပ်ငန်းမှမရှိတာ။ တခြားလုပ်ငန်းမရှိဘဲ ဒီလုပ်ငန်းပဲရှိတဲ့အခါကျတော့ မစိုက်ချင်လည်းစိုက် ရမှာပဲ။ ကိုယ်ကအရင်းအနှီးရှိလို့ ကိုယ်ပိုင်အရင်းအနှီး နဲ့လုပ်တဲ့လယ်သမားက တော်တော်နည်းတယ်။ ငွေတိုးတွေနဲ့ဆွဲပြီးအလုပ်လုပ်တဲ့အခါမှာ အကြွေးတွေနဲ့ အလုပ်လုပ်ရတဲ့အခါမှာ အဆင်မပြေတာတွေပိုရှိ တယ်။ လယ်သမားကဝန်ပိုပိတယ်။ တစ်နှစ်နဲ့တစ်နှစ် အကြွေးတွေပိုတင်လာတယ်”ဟု ဧရာဝတီတိုင်းမှ လယ်သမားတစ်ဦးကဆိုသည်။
လယ်သမားအတွက် တင်း(၁၀ဝ)လျှင် (၁၅)သိန်းနှင့်အထက် အခြေခံရည်ညွှန်းစပါးဈေးနှုန်း ဖြစ် မှသာ ကုန်ကျစရိတ်အားလုံးနုတ်ပြီး (၃)သိန်းနှင့် (၄)သိန်းသာ အမြတ်ကျန်နိုင်မည်ဖြစ်ကြောင်းသိရ သည်။
“အနည်းဆုံး စပါးတင်း (၁၀ဝ)ကို (၁၅)သိန်းအထက်ရောက်မှပဲ လယ်သမား တွက်ခြေကိုက်မှာ။ အဲဒီလောက်မှမရရင်အလကားပဲ။ (၁၅) သိန်း လောက်ရမယ်ရင်တော့ အမြတ်ကတော့ နည်နည်းကျန် မယ်ပေါ့။ အခုက (၁၁)သိန်းခွဲလို့ပြောသံကြားတယ်။ အဲဒီဈေးနှုန်းနဲ့ ကုန်ကျစရိတ်နဲ့ကတော့ ဘယ်လိုမှ တွက်ခြေမကိုက်ဘူး။ (၁၅)သိန်းနဲ့အထက် လောက်မှ သယ်ယူစရိတ်နဲ့ အလုပ်သမားခတွေနဲ့ အားလုံး နုတ်ပြီးမှ (၃)သိန်း၊ (၄)သိန်းလောက်က ကိုယ့်အတွက် ကျန်ကောင်းကျန်မှာပါ”ဟု အခြား လယ်သမား တစ်ဦးကပြောသည်။
အဆိုပါဈေးနှုန်းသည် တစ်ဧကစပါးတင်း (၁၀ဝ)နှင့်အထက်ထွက်မှ ကျန်မည့်ဈေးနှုန်းဖြစ်ပြီး တင်း (၁၀ဝ)အောင်လျော့ထွက်ပါက အရှုံးပေါ်နေနိုင်သေးကြောင်းသိရသည်။
“အဲဒါတောင် စပါးကထွက်ဦးမှ။ စပါးက ပိုးမွှားတွေကပ်တာနဲ့ အဲဒီလိုဆုံးရှုံးမှုရှိရင် ပိုဆိုးတယ်။ မနှစ်ကဆိုရင် ကျွန်တော်တို့ဆီမှာ ဖျက်ပိုးတွေကျတာလေ။ ဖျက်ပိုးက စပါးအဖျားလေးဝင်းမှကျတာဆို တော့ စပါးတစ်နှံကို တစ်ဝက်လောက်ပဲရတော့ မထွက်ပြန်တော့ဘူး။ အဲဒီလိုဆို ရှုံးကြတယ်လေ။ ကျွန် တော်တို့ဘက်မှာတော့ စပါးမျိုးပေါ်မူတည်ပြီး (၁၀ဝ)ဝန်းကျင်နဲ့ (၁၄၀)ထွက်ကြတာရှိပါတယ်။ (၁၀ဝ) အောက် လျော့ထွက်တဲ့လယ်တွေဆိုရင်တော့ အရှုံးပေါ်တယ်။ အဲဒီလိုလျော့ထွက်တဲ့လယ်တွေ လည်း ရှိတယ်”ဟု အထက်ပါလယ်သမားက ပြောသည်။
(၁၁)သိန်းခွဲသတ်မှတ်ထားသည့် စပါးဈေးတွင် အစိုဓာတ် (၁၄)ရာခိုင်နှုန်းရှိရမည်ဖြစ်ပြီး အလေး ချိန် (၄၆)ပေါင်တွင် ခဲ၊ သလဲ၊ အမှိုက်ကင်းစင်သော စံချိန်စံညွှန်းပြည့်မီသည့်စပါးများဖြစ်ရန် လိုအပ် ကြောင်းလည်းသိရသည်။
“သူတို့ကပြောတယ်။ အပြင်ကကုန်သည် မဝယ်ရင် သူတို့ဆီလာပို့။ သူတို့ဆီလာပို့ရင်လည်း အစို ဓာတ်က (၁၄)ရှိရမယ်။ နောက်ဆုံး ဒီမှာက (၁၆)သိန်းလောက်ဆိုရင် ကုန်သည်ကိုရောင်းလို့ရတယ် လေ။ အဲဒီကျတော့ သူတို့ဆီကိုပို့ခနဲ့ သယ်ယူစရိတ်နဲ့ အလုပ်သမားခနဲ့ စပါး (၁၀ဝ)ကို လှန်းလိုက်ရင် ကျွန် တော်တို့က စပါး (၁၀ဝ)မှာ (၁၀) သိန်းလောက်ပဲရမှာ။ အဲဒီမှာ အခြောက်ခံရင် စပါးကလျော့သွားပြီလေ။ အဲဒီမှာ အလုပ်သမားစရိတ်တွေကရှိသေးပြန်တယ်။ သယ်ယူစရိတ်တွေနဲ့ သွင်းအားစုကုန်ကျစရိတ်နဲ့က တွက်ချေမကိုက်ပြန်ဘူး”ဟု ပဲခူးတိုင်းမှလယ်သမား တစ်ဦးကပြောသည်။
ဈေးကွက်ပေါက်ဈေးသည် အခြေခံစပါးဈေးအထက်တွင်ရှိပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ပြီး အခြေခံစပါးဈေးအောက်တွင် ရောက်ရှိနေပါက အခြေခံစပါးဈေးနှုန်းအတိုင်းသာ ဝယ်ယူရမည်ဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
“တောင်သူတွေအနေနဲ့ကလည်း သူတို့ သွင်းအားစုတွေထည့်ရတာရှိတာပေါ့။ ဒါမှလည်း အရည် သွေးကောင်းတဲ့စပါးတွေရမှာပေါ့လေ။ သို့ပေမယ့်လည်း ထုတ်ပြန်လိုက်တဲ့စပါးရည်ညွှန်းဈေးဆို တာက လူတွေမကွဲပြားတာက ဒီဈေးက သတ်မှတ်တာမဟုတ်ဘူး။ အခု သူတို့ထုတ်ပြန်တဲ့ဈေးသည် Market ထဲ မှာ အဲဒီဈေးအောက်မရောက်ရဘူးဆိုတဲ့သဘော။ ရည်ရွယ်ချက်ပေါ့နော်။ နောက်ပြီး ဒီလို ဒီဌာနတွေက ဝယ်ပေးမယ်ဆိုတာကို အာမခံချက်ပေးလိုက်တဲ့သဘောပေါ့နော်။ ဒီဈေးကိုရောင်းရမယ်လို့ မဟုတ်ဘူး။ တချို့ကပြောကြတယ်။ ဒီဈေးဆိုရင်တော့ နည်းတယ်ပေါ့လို့ပြောကြတယ်။ ဒီဈေးက ပေါက်ဈေးလို့သတ် မှတ်တာမဟုတ်ဘူး။ ဒီအခြေခံ ရည်ညွှန်းဈေးကိုသတ်မှတ်ပေးလိုက်တာ။ အဲဒီအပေါ်မှာပဲ အခြေခံပြီး ရောင်းဝယ်ကြပါပေါ့”ဟု ၎င်းကပြောသည်။ အခြေခံရည်ညွှန်းစပါဈေးနှုန်း (၁၁)သိန်း ခွဲသည် ယခုနှစ် မိုးစပါးနှင့် လာမည့်နှစ်နွေစပါးအတွက် ရည်ညွန်းသတ်မှတ်ဈေးဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ရည္ၫႊန္းစပါးေဈး (၁၁)သိန္းခြဲသတ္မွတ္ထားေသာ္လည္း (၁၅) သိန္းႏွင့္အထက္မွ လယ္သမားမ်ား တြက္ေျခကိုက္မည္
သန႔္ဇင္ (NP News)-ႏိုဝင္ဘာ ၁၀
ရည္ၫႊန္းစပါးေဈး (၁၁)သိန္းခြဲသတ္မွတ္ထားေသာ္လည္း (၁၅)သိန္းႏွင့္အထက္မွ လယ္သမား မ်ား တြက္ေျခကိုက္မည္ျဖစ္ေၾကာင္း လယ္သမားမ်ားထံ NP News ကဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရသိရသည္။
စပါးတင္း(၁၀ဝ)လွ်င္ (၁၁၅၀ဝဝဝ) က်ပ္ျဖင့္ အေျခခံစပါးေပါက္ေဈးအျဖစ္သတ္မွတ္လိုက္ၿပီး ယင္းေဈးႏႈန္းသည္ လယ္သမားမ်ားအတြက္ တြက္ေျခကိုက္မည့္ေဈးႏႈန္းျဖစ္ေၾကာင္း ေတာင္သူလယ္ သမားအခြင့္အေရးကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရးဦးေဆာင္အဖြဲ႕က ၿပီးခဲ့သည့္ ေအာက္တို ဘာလ (၃၁) ရက္က ထုတ္ျပန္လိုက္ေၾကာင္းသိရသည္။
အဆိုပါေဈးႏႈန္းသည္ လယ္သမားမ်ားအတြက္မူ သြင္းအားစု၊ အလုပ္သမားခႏွင့္ စိုက္ပ်ိဳးေခ်းေငြ အတိုးမ်ားႏွင့္ျပန္လည္တြက္ခ်က္ၾကည့္ပါက တြက္ေျခမကိုက္သည့္ေဈးႏႈန္းတစ္ခုျဖစ္ေနေသးေၾကာင္း ဧရာဝတီတိုင္းမွလယ္သမားတစ္ဦးကဆိုသည္။
“ဥပမာ စပါးစိုက္လို႔ တင္း(၉၀)၊ တင္း (၁၀ဝ)ထြက္တယ္ဆိုေတာ့။ ပ်မ္းမွ် အၾကမ္းဖ်င္းေျပာ တာေပါ့။ (၉၀)၊ (၁၀ဝ)ထြက္ေတာ့ မႏွစ္ကေႏြမွာ စပါးေဈးက ဆိုပါစို႔ (၉၀)၊ (၁၀ဝ)ထြက္တဲ့လယ္သမား က (၁၃)သိန္း၊ (၁၃)သိန္းေက်ာ္ေလးပဲရတဲ့ အခါက်ေတာ့ ထည့္ထားတဲ့ကုန္က်စရိတ္နဲ႔တြက္ရင္ ဘယ္လို မွမကိုက္ဘူး။ ရႈံးတယ္။ အရႈံးျပတယ္။ ဒီႏွစ္စပါးေဈးကို ၾကည့္ေတာ့လည္း သိပ္ေတာ့မထူးဘူးဆိုတဲ့အခါ က်ေတာ့ စပါးေတာင္မစိုက္ခ်င္တဲ့လူေတြရွိပါတယ္။ ကြၽန္ေတာ္တို႔လယ္သမားေတြက ဒီလုပ္ငန္းပဲရွိတာ ေလ တျခားလုပ္ငန္းမွမရွိတာ။ တျခားလုပ္ငန္းမရွိဘဲ ဒီလုပ္ငန္းပဲရွိတဲ့အခါက်ေတာ့ မစိုက္ခ်င္လည္းစိုက္ ရမွာပဲ။ ကိုယ္ကအရင္းအႏွီးရွိလို႔ ကိုယ္ပိုင္အရင္းအႏွီး နဲ႔လုပ္တဲ့လယ္သမားက ေတာ္ေတာ္နည္းတယ္။ ေငြတိုးေတြနဲ႔ဆြဲၿပီးအလုပ္လုပ္တဲ့အခါမွာ အေႂကြးေတြနဲ႔ အလုပ္လုပ္ရတဲ့အခါမွာ အဆင္မေျပတာေတြပိုရွိ တယ္။ လယ္သမားကဝန္ပိုပိတယ္။ တစ္ႏွစ္နဲ႔တစ္ႏွစ္ အေႂကြးေတြပိုတင္လာတယ္”ဟု ဧရာဝတီတိုင္းမွ လယ္သမားတစ္ဦးကဆိုသည္။
လယ္သမားအတြက္ တင္း(၁၀ဝ)လွ်င္ (၁၅)သိန္းႏွင့္အထက္ အေျခခံရည္ၫႊန္းစပါးေဈးႏႈန္း ျဖစ္ မွသာ ကုန္က်စရိတ္အားလုံးႏုတ္ၿပီး (၃)သိန္းႏွင့္ (၄)သိန္းသာ အျမတ္က်န္ႏိုင္မည္ျဖစ္ေၾကာင္းသိရ သည္။
“အနည္းဆုံး စပါးတင္း (၁၀ဝ)ကို (၁၅)သိန္းအထက္ေရာက္မွပဲ လယ္သမား တြက္ေျခကိုက္မွာ။ အဲဒီေလာက္မွမရရင္အလကားပဲ။ (၁၅) သိန္း ေလာက္ရမယ္ရင္ေတာ့ အျမတ္ကေတာ့ နည္နည္းက်န္ မယ္ေပါ့။ အခုက (၁၁)သိန္းခြဲလို႔ေျပာသံၾကားတယ္။ အဲဒီေဈးႏႈန္းနဲ႔ ကုန္က်စရိတ္နဲ႔ကေတာ့ ဘယ္လိုမွ တြက္ေျခမကိုက္ဘူး။ (၁၅)သိန္းနဲ႔အထက္ ေလာက္မွ သယ္ယူစရိတ္နဲ႔ အလုပ္သမားခေတြနဲ႔ အားလုံး ႏုတ္ၿပီးမွ (၃)သိန္း၊ (၄)သိန္းေလာက္က ကိုယ့္အတြက္ က်န္ေကာင္းက်န္မွာပါ”ဟု အျခား လယ္သမား တစ္ဦးကေျပာသည္။
အဆိုပါေဈးႏႈန္းသည္ တစ္ဧကစပါးတင္း (၁၀ဝ)ႏွင့္အထက္ထြက္မွ က်န္မည့္ေဈးႏႈန္းျဖစ္ၿပီး တင္း (၁၀ဝ)ေအာင္ေလ်ာ့ထြက္ပါက အရႈံးေပၚေနႏိုင္ေသးေၾကာင္းသိရသည္။
“အဲဒါေတာင္ စပါးကထြက္ဦးမွ။ စပါးက ပိုးမႊားေတြကပ္တာနဲ႔ အဲဒီလိုဆုံးရႈံးမႈရွိရင္ ပိုဆိုးတယ္။ မႏွစ္ကဆိုရင္ ကြၽန္ေတာ္တို႔ဆီမွာ ဖ်က္ပိုးေတြက်တာေလ။ ဖ်က္ပိုးက စပါးအဖ်ားေလးဝင္းမွက်တာဆို ေတာ့ စပါးတစ္ႏွံကို တစ္ဝက္ေလာက္ပဲရေတာ့ မထြက္ျပန္ေတာ့ဘူး။ အဲဒီလိုဆို ရႈံးၾကတယ္ေလ။ ကြၽန္ ေတာ္တို႔ဘက္မွာေတာ့ စပါးမ်ိဳးေပၚမူတည္ၿပီး (၁၀ဝ)ဝန္းက်င္နဲ႔ (၁၄၀)ထြက္ၾကတာရွိပါတယ္။ (၁၀ဝ) ေအာက္ ေလ်ာ့ထြက္တဲ့လယ္ေတြဆိုရင္ေတာ့ အရႈံးေပၚတယ္။ အဲဒီလိုေလ်ာ့ထြက္တဲ့လယ္ေတြ လည္း ရွိတယ္”ဟု အထက္ပါလယ္သမားက ေျပာသည္။
(၁၁)သိန္းခြဲသတ္မွတ္ထားသည့္ စပါးေဈးတြင္ အစိုဓာတ္ (၁၄)ရာခိုင္ႏႈန္းရွိရမည္ျဖစ္ၿပီး အေလး ခ်ိန္ (၄၆)ေပါင္တြင္ ခဲ၊ သလဲ၊ အမႈိက္ကင္းစင္ေသာ စံခ်ိန္စံၫႊန္းျပည့္မီသည့္စပါးမ်ားျဖစ္ရန္ လိုအပ္ ေၾကာင္းလည္းသိရသည္။
“သူတို႔ကေျပာတယ္။ အျပင္ကကုန္သည္ မဝယ္ရင္ သူတို႔ဆီလာပို႔။ သူတို႔ဆီလာပို႔ရင္လည္း အစို ဓာတ္က (၁၄)ရွိရမယ္။ ေနာက္ဆုံး ဒီမွာက (၁၆)သိန္းေလာက္ဆိုရင္ ကုန္သည္ကိုေရာင္းလို႔ရတယ္ ေလ။ အဲဒီက်ေတာ့ သူတို႔ဆီကိုပို႔ခနဲ႔ သယ္ယူစရိတ္နဲ႔ အလုပ္သမားခနဲ႔ စပါး (၁၀ဝ)ကို လွန္းလိုက္ရင္ ကြၽန္ ေတာ္တို႔က စပါး (၁၀ဝ)မွာ (၁၀) သိန္းေလာက္ပဲရမွာ။ အဲဒီမွာ အေျခာက္ခံရင္ စပါးကေလ်ာ့သြားၿပီေလ။ အဲဒီမွာ အလုပ္သမားစရိတ္ေတြကရွိေသးျပန္တယ္။ သယ္ယူစရိတ္ေတြနဲ႔ သြင္းအားစုကုန္က်စရိတ္နဲ႔က တြက္ေခ်မကိုက္ျပန္ဘူး”ဟု ပဲခူးတိုင္းမွလယ္သမား တစ္ဦးကေျပာသည္။
ေဈးကြက္ေပါက္ေဈးသည္ အေျခခံစပါးေဈးအထက္တြင္ရွိပါက ေဈးကြက္ေပါက္ေဈးအတိုင္း ဝယ္ယူရမည္ျဖစ္ၿပီး အေျခခံစပါးေဈးေအာက္တြင္ ေရာက္ရွိေနပါက အေျခခံစပါးေဈးႏႈန္းအတိုင္းသာ ဝယ္ယူရမည္ျဖစ္ေၾကာင္း ဆန္စပါးအသင္းခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးကဆိုသည္။
“ေတာင္သူေတြအေနနဲ႔ကလည္း သူတို႔ သြင္းအားစုေတြထည့္ရတာရွိတာေပါ့။ ဒါမွလည္း အရည္ ေသြးေကာင္းတဲ့စပါးေတြရမွာေပါ့ေလ။ သို႔ေပမယ့္လည္း ထုတ္ျပန္လိုက္တဲ့စပါးရည္ၫႊန္းေဈးဆို တာက လူေတြမကြဲျပားတာက ဒီေဈးက သတ္မွတ္တာမဟုတ္ဘူး။ အခု သူတို႔ထုတ္ျပန္တဲ့ေဈးသည္ Market ထဲ မွာ အဲဒီေဈးေအာက္မေရာက္ရဘူးဆိုတဲ့သေဘာ။ ရည္႐ြယ္ခ်က္ေပါ့ေနာ္။ ေနာက္ၿပီး ဒီလို ဒီဌာနေတြက ဝယ္ေပးမယ္ဆိုတာကို အာမခံခ်က္ေပးလိုက္တဲ့သေဘာေပါ့ေနာ္။ ဒီေဈးကိုေရာင္းရမယ္လို႔ မဟုတ္ဘူး။ တခ်ိဳ႕ကေျပာၾကတယ္။ ဒီေဈးဆိုရင္ေတာ့ နည္းတယ္ေပါ့လို႔ေျပာၾကတယ္။ ဒီေဈးက ေပါက္ေဈးလို႔သတ္ မွတ္တာမဟုတ္ဘူး။ ဒီအေျခခံ ရည္ၫႊန္းေဈးကိုသတ္မွတ္ေပးလိုက္တာ။ အဲဒီအေပၚမွာပဲ အေျခခံၿပီး ေရာင္းဝယ္ၾကပါေပါ့”ဟု ၎ကေျပာသည္။ အေျခခံရည္ၫႊန္းစပါေဈးႏႈန္း (၁၁)သိန္း ခြဲသည္ ယခုႏွစ္ မိုးစပါးႏွင့္ လာမည့္ႏွစ္ေႏြစပါးအတြက္ ရည္ၫြန္းသတ္မွတ္ေဈးျဖစ္ေၾကာင္းသိရသည္။