အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ သမိုင်းဝင် Red Fort အဆောက်အဦအနီးမှာ ကားပေါက်ကွဲမှုကြောင့် လူရှစ်ဦး သေဆုံး

 76

ရောင်နီ (NP News) - နိုဝင်ဘာ ၁၂

အိန္ဒိယနိုင်ငံ မြို့တော် ဒေလီရှိ သမိုင်းဝင် Red Fort အဆောက်အဦနဲ့ မြေအောက်ရထားဘူတာရုံအနီးက လူစည်ကားတဲ့လမ်း မီးပွိုင့်မှာ နိုဝင်ဘာ ၁ဝ ရက်က ကားတစ်စီး ပေါက်ကွဲခဲ့ပြီး လူ ၈ ဦးထက်မနည်း သေဆုံးကာ လူ ၂၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ လူဦးရေ သန်း ၃၀ ကျော်ရှိပြီး လုံခြုံရေးတင်းကျပ်စွာ ချထားတဲ့ မြို့ပေါ်မှာ ရှားရှားပါးပါးဖြစ်တဲ့ ပေါက်ကွဲမှုပဲဖြစ်ပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အိန္ဒိယနိုင်ငံတစ်ဝှမ်းရှိ အဓိက ရထားဘူတာရုံများ၊ ဘဏ္ဍာရေးမြို့တော် မွန်ဘိုင်း၊ ဒေလီနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဥတ္တရပရာဒေ့ရှ်ပြည်နယ်တို့ကို အထူးသတိပေးချက် ထုတ်ပြန်ထားတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။ တာဝန်ရှိသူတွေက ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘက်ပေါင်းစုံကနေ စုံစမ်း စစ်ဆေးနေပြီး ဆယ်လ်မန် လို့ အမည်ရှိတဲ့ ကားရဲ့ ယခင်ပိုင်ရှင်ကို ပေါက်ကွဲမှုအပြီးမှာ ဖမ်းဆီးခဲ့တယ်လို့ NDTV ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ ရုပ်အလောင်းတွေနဲ့ ကားအတော်များများရဲ့အပျက်အစီးတွေကို မြင်တွေ့ခဲ့ရပါတယ်။
ဖြစ်စဉ်ကတော့ ခပ်နှေးနှေး မောင်းနှင်လာတဲ့ ကားတစ်စီးဟာ မီးနီမှာ ရပ်လိုက်ချိန်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးအနားက ကားတွေလည်း ပျက်စီးသွားပါတယ်လို့ ဒေလီရဲမင်းကြီး ဆာတစ်ဂေါ်ချာက သတင်းထောက်တွေကို ပြောပါတယ်။ ပေါက်ကွဲမှုဟာ နိုဝင်ဘာ ၁၀ ရက်၊ ဒေသစံတော်ချိန် ည ၇ နာရီ မတိုင်ခင်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕ရွိ သမိုင္းဝင္ Red Fort အေဆာက္အဦအနီးမွာ ကားေပါက္ကြဲမႈေၾကာင့္ လူရွစ္ဦး ေသဆုံး
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၁၂
အိႏၵိယႏိုင္ငံ ၿမိဳ႕ေတာ္ ေဒလီရွိ သမိုင္းဝင္ Red Fort အေဆာက္အဦနဲ႔ ေျမေအာက္ရထားဘူတာ႐ုံအနီးက လူစည္ကားတဲ့လမ္း မီးပြိဳင့္မွာ ႏိုဝင္ဘာ ၁ဝ ရက္က ကားတစ္စီး ေပါက္ကြဲခဲ့ၿပီး လူ ၈ ဦးထက္မနည္း ေသဆုံးကာ လူ ၂၀ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။ လူဦးေရ သန္း ၃၀ ေက်ာ္ရွိၿပီး လုံၿခဳံေရးတင္းက်ပ္စြာ ခ်ထားတဲ့ ၿမိဳ႕ေပၚမွာ ရွားရွားပါးပါးျဖစ္တဲ့ ေပါက္ကြဲမႈပဲျဖစ္ပါတယ္။
ဒီေပါက္ကြဲမႈေၾကာင့္ အိႏၵိယႏိုင္ငံတစ္ဝွမ္းရွိ အဓိက ရထားဘူတာ႐ုံမ်ား၊ ဘ႑ာေရးၿမိဳ႕ေတာ္ မြန္ဘိုင္း၊ ေဒလီနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ ဥတၱရပရာေဒ့ရွ္ျပည္နယ္တို႔ကို အထူးသတိေပးခ်က္ ထုတ္ျပန္ထားတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားပါတယ္။ တာဝန္ရွိသူေတြက ေပါက္ကြဲမႈနဲ႔ပတ္သက္ၿပီး ဘက္ေပါင္းစုံကေန စုံစမ္း စစ္ေဆးေနၿပီး ဆယ္လ္မန္ လို႔ အမည္ရွိတဲ့ ကားရဲ႕ ယခင္ပိုင္ရွင္ကို ေပါက္ကြဲမႈအၿပီးမွာ ဖမ္းဆီးခဲ့တယ္လို႔ NDTV ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။ အေသးစိတ္ကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။ ေပါက္ကြဲမႈျဖစ္ခဲ့တဲ့ေနရာမွာ ႐ုပ္အေလာင္းေတြနဲ႔ ကားအေတာ္မ်ားမ်ားရဲ႕အပ်က္အစီးေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။
ျဖစ္စဥ္ကေတာ့ ခပ္ေႏွးေႏွး ေမာင္းႏွင္လာတဲ့ ကားတစ္စီးဟာ မီးနီမွာ ရပ္လိုက္ခ်ိန္မွာ ေပါက္ကြဲမႈ ျဖစ္ခဲ့တာျဖစ္ၿပီး ေပါက္ကြဲမႈေၾကာင့္ အနီးအနားက ကားေတြလည္း ပ်က္စီးသြားပါတယ္လို႔ ေဒလီရဲမင္းႀကီး ဆာတစ္ေဂၚခ်ာက သတင္းေထာက္ေတြကို ေျပာပါတယ္။ ေပါက္ကြဲမႈဟာ ႏိုဝင္ဘာ ၁၀ ရက္၊ ေဒသစံေတာ္ခ်ိန္ ည ၇ နာရီ မတိုင္ခင္မွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.