မြန်မာနှင့်အိန္ဒိယတို့အကြား အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်တိုင်းရင်းသားများအတွက် အိမ်သုံးဆိုလာစနစ်များ ထောက်ပံ့ခြင်းစီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုး

72

စော(NP News)- နိုဝင်ဘာ ၁၈
မြန်မာနှင့်အိန္ဒိယတို့အကြား အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်တိုင်းရင်းသားများအတွက် အိမ်သုံးဆိုလာစနစ်များ ထောက်ပံ့ခြင်းစီမံချက်ဆိုင်ရာ နားလည်မှုစာချွန်လွှာကို ယမန်နေ့ (နိုဝင်ဘာ ၁၇ရက်)က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ထံမှ သိရသည်။
အဆိုပါအခမ်းအနားတွင် မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၁၀ စောင် လက်မှတ်ရေးထိုးခဲ့ပြီး မှတ်တမ်းမော်ကွန်းများကို ဒစ်ဂျစ်တယ်နည်းဖြင့် ထိန်းသိမ်းခြင်း မြှင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို အမျိုးသား စီမံကိန်းဝန်ကြီးဌာန၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့်တိုင်းရင်းသားများအတွက် အိမ်သုံးဆိုလာစနစ်များထောက်ပံ့ခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီးရှိ မဟာမြတ်မုနိဘုရားတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော အနုပညာလက်ရာများ အစားထိုးရေးဆွဲခြင်း စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့က အသီးသီးလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံနို့စားကျွဲမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံရှိ သမဝါယမအသင်းသားတောင်သူများထံသို့ မှတ်ပုံတင်ထားပြီး အရည်အသွေးမြင့်မားသော ဝါနှင့်မတ်ပဲမျိုးစေ့များပံ့ပိုးခြင်းဖြင့် လယ်ယာကုန်ထုတ်စွမ်းအား မြှင့်တင်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊JCB အမျိုးအစား Breaker Gun ပါဝင်သော မြေတူးကော်တင်စက်(အသေး) တစ်စီးဝယ်ယူခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများအတွက် ပုံစံမပျက်စစ်ဆေးသော စမ်းသပ်ကိရိယာများ ဝယ်ယူခြင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ကလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အလားတူ Offline အင်္ဂလိပ်ဘာသာစကားသင်တန်း တည်ထောင်ဖွင့်လှစ်ခြင်းစီမံချက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှုအတွက် အရည်အသွေးမြင့်၊ အထွက်နှုန်းကောင်းဝါနှင့် မတ်ပဲမျိုးများရရှိရေးလုပ်ငန်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆိုလာစွမ်းအင်သုံးရေတင်ခြင်း စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က လက်မှတ်ရေးထိုးကြသည့်အပြင် ၎င်းနားလည်မှု စာချွန်လွှာများကို အိန္ဒိယနိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၏ ဒုတိယအကြီးအကဲ Mr. Ashish Sharma က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ စီမံချက်များသည် နှစ်နိုင်ငံအစိုးရတို့အကြား လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သည့် အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အရ တတိယနှစ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံချက်တန်ဖိုး အားဖြင့် စီမံချက်တစ်ခုလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀၀ တန်ဖိုး ခွင့်ပြုပေးခြင်းဖြစ်၍ ယင်းစီမံချက်များသည် စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ (၄၈၉၇၃၅) ရှိပြီး စီမံချက်များ အကောင်အထည်ဖော်ရေးအတွက် နှစ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များပါဝင်သည့် စီမံချက်ဆိုင်ရာ စောင့်ကြည့်စစ်ဆေးရေးပူးတွဲကော်မတီများဖွဲ့စည်း၍ ကြီးကြပ်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် QIP စီမံချက်ငါးခု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် QIP စီမံချက် ၁၀ ခု၊ ယခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ်တွင် QIP စီမံချက် ၁၀ ခုကို အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်အလိုက် QIP စီမံချက်များကို ဆက်လက်ဆောင်ရွက်ရန် အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျမန္မာႏွင့္အိႏၵိယတို႔အၾကား အင္းေလးေဒသရွိ ငလ်င္ဒဏ္သင့္တိုင္းရင္းသားမ်ားအတြက္ အိမ္သုံးဆိုလာစနစ္မ်ား ေထာက္ပံ့ျခင္းစီမံခ်က္ဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို လက္မွတ္ေရးထိုး
ေစာ(NP News)- ႏိုဝင္ဘာ ၁၈
ျမန္မာႏွင့္အိႏၵိယတို႔အၾကား အင္းေလးေဒသရွိ ငလ်င္ဒဏ္သင့္တိုင္းရင္းသားမ်ားအတြက္ အိမ္သုံးဆိုလာစနစ္မ်ား ေထာက္ပံ့ျခင္းစီမံခ်က္ဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို ယမန္ေန႔ (ႏိုဝင္ဘာ ၁၇ရက္)က ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန အစည္းအေဝးခန္းမ၌ လက္မွတ္ေရးထိုးခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ထံမွ သိရသည္။
အဆိုပါအခမ္းအနားတြင္ ျမန္ဆန္စြာအက်ိဳးျဖစ္ထြန္းေစမည့္ စီမံခ်က္မ်ား (Quick Impact Projects-QIP)” အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ နားလည္မႈစာခြၽန္လႊာ ၁၀ ေစာင္ လက္မွတ္ေရးထိုးခဲ့ၿပီး မွတ္တမ္းေမာ္ကြန္းမ်ားကို ဒစ္ဂ်စ္တယ္နည္းျဖင့္ ထိန္းသိမ္းျခင္း ျမႇင့္တင္ေရးစီမံခ်က္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို အမ်ိဳးသား စီမံကိန္းဝန္ႀကီးဌာန၊ အင္းေလးေဒသရွိ ငလ်င္ဒဏ္သင့္တိုင္းရင္းသားမ်ားအတြက္ အိမ္သုံးဆိုလာစနစ္မ်ားေထာက္ပံ့ျခင္းစီမံခ်က္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို တိုင္းရင္းသားလူမ်ိဳးမ်ားေရးရာဝန္ႀကီးဌာနႏွင့္ မႏၲေလးတိုင္းေဒသႀကီးရွိ မဟာျမတ္မုနိဘုရားတြင္ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးခဲ့ေသာ အႏုပညာလက္ရာမ်ား အစားထိုးေရးဆြဲျခင္း စီမံခ်က္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနတို႔က အသီးသီးလက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံႏို႔စားကြၽဲေမြးျမဴေရး ဖြံ႕ၿဖိဳးတိုးတက္ေရးစီမံခ်က္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံရွိ သမဝါယမအသင္းသားေတာင္သူမ်ားထံသို႔ မွတ္ပုံတင္ထားၿပီး အရည္အေသြးျမင့္မားေသာ ဝါႏွင့္မတ္ပဲမ်ိဳးေစ့မ်ားပံ့ပိုးျခင္းျဖင့္ လယ္ယာကုန္ထုတ္စြမ္းအား ျမႇင့္တင္ေရးစီမံခ်က္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊JCB အမ်ိဳးအစား Breaker Gun ပါဝင္ေသာ ေျမတူးေကာ္တင္စက္(အေသး) တစ္စီးဝယ္ယူျခင္းစီမံခ်က္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာႏွင့္ ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီးသြားေသာ အေဆာက္အအုံမ်ားအတြက္ ပုံစံမပ်က္စစ္ေဆးေသာ စမ္းသပ္ကိရိယာမ်ား ဝယ္ယူျခင္းစီမံခ်က္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာတို႔ကို ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔ကလည္း လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
အလားတူ Offline အဂၤလိပ္ဘာသာစကားသင္တန္း တည္ေထာင္ဖြင့္လွစ္ျခင္းစီမံခ်က္ အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊ လယ္ယာစိုက္ပ်ိဳးေရးဖြံ႕ၿဖိဳးမႈအတြက္ အရည္အေသြးျမင့္၊ အထြက္ႏႈန္းေကာင္းဝါႏွင့္ မတ္ပဲမ်ိဳးမ်ားရရွိေရးလုပ္ငန္းစီမံခ်က္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ ဆိုလာစြမ္းအင္သုံးေရတင္ျခင္း စီမံခ်က္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္းဆိုင္ရာ နားလည္မႈစာခြၽန္လႊာကို မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔က လက္မွတ္ေရးထိုးၾကသည့္အျပင္ ၎နားလည္မႈ စာခြၽန္လႊာမ်ားကို အိႏၵိယႏိုင္ငံအစိုးရကိုယ္စား ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသမၼတႏိုင္ငံသံ႐ုံး၏ ဒုတိယအႀကီးအကဲ Mr. Ashish Sharma က လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။
အဆိုပါ စီမံခ်က္မ်ားသည္ ႏွစ္ႏိုင္ငံအစိုးရတို႔အၾကား လက္မွတ္ေရးထိုးခ်ဳပ္ဆိုခဲ့သည့္ အကူအညီေပးေရးဆိုင္ရာ သေဘာတူစာခ်ဳပ္အရ တတိယႏွစ္ေျမာက္ ေဆာင္႐ြက္ျခင္းျဖစ္ၿပီး စီမံခ်က္တန္ဖိုး အားျဖင့္ စီမံခ်က္တစ္ခုလွ်င္ အေမရိကန္ေဒၚလာ ၅၀၀၀၀ တန္ဖိုး ခြင့္ျပဳေပးျခင္းျဖစ္၍ ယင္းစီမံခ်က္မ်ားသည္ စုစုေပါင္းတန္ဖိုး အေမရိကန္ ေဒၚလာ (၄၈၉၇၃၅) ရွိၿပီး စီမံခ်က္မ်ား အေကာင္အထည္ေဖာ္ေရးအတြက္ ႏွစ္ႏိုင္ငံဘက္မွ ကိုယ္စားလွယ္မ်ားပါဝင္သည့္ စီမံခ်က္ဆိုင္ရာ ေစာင့္ၾကည့္စစ္ေဆးေရးပူးတြဲေကာ္မတီမ်ားဖြဲ႕စည္း၍ ႀကီးၾကပ္အေကာင္အထည္ေဖာ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။
၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္တြင္ QIP စီမံခ်က္ငါးခု၊ ၂၀၂၄-၂၀၂၅ ဘ႑ာႏွစ္တြင္ QIP စီမံခ်က္ ၁၀ ခု၊ ယခု ၂၀၂၅- ၂၀၂၆ ဘ႑ာႏွစ္တြင္ QIP စီမံခ်က္ ၁၀ ခုကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္မည္ ျဖစ္ၿပီး လာမည့္ဘ႑ာႏွစ္အလိုက္ QIP စီမံခ်က္မ်ားကို ဆက္လက္ေဆာင္႐ြက္ရန္ အိႏၵိယသမၼတႏိုင္ငံအစိုးရႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။