ရွေးကောက်ပွဲမတိုင်မီ သံမဏိအရည်အသွေးစစ်မည့် ဓာတ်ခွဲခန်းတည်ဆောက်ပြီးစီးရန် မျှော်မှန်းဆောင်ရွက်နေ

 149

Pearl (NP News) - နိုဝင်ဘာ ၁၈
ရွေးကောက်ပွဲမတိုင်မီ သံမဏိအရည်အသွေးစစ်မည့် အမျိုးသားအဆင့်ဓာတ်ခွဲခန်း တည်ဆောက် ပြီးစီးရန် မျှော်မှန်းဆောင်ရွက်နေကြောင်း လုပ်ငန်းစဉ်သိရှိသူများထံ NP News က ဆက်သွယ် မေးမြန်း ထားသည့်အချက်အလက်များအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် သံနှင့်သံမဏိများကို အရည် အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရေး အရည်အသွေး စစ်ဆေးရန် နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းများထူထောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်နေ ပြီး ကနဦးအနေဖြင့် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတွင် အမျိုးသားအဆင့် ဓာတ်ခွဲခန်းများ ထူထောင်နိုင် ရန် ပြင်ဆင်နေကြောင်း သိရသည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ သံ၊ သံ မဏိအသင်းနဲ့ညှိနှိုင်းနေပါတယ်။ အဓိကကတော့ National Lab အမျိုးသားအဆင့်ဓာတ်ခွဲခန်း အရင်ထောင်မှာပေါ့နော်။ ပြီးမှ Regional Lab တွေ ထောင် မှာ။ အဓိကကတော့ စက်မှုဇုန်တွေရှိတဲ့နေရာပေါ့။ ရန်ကုန်မှာဆို မြောင်းတကာရှိတယ်၊ မန္တလေးမှာဆို လည်း မန္တလေးစက်မှုဇုန်တွေရှိတယ်။ စစ်ကိုင်းကတော့ (၃)ရုံပဲရှိတယ်။ အဓိကကတော့ ရန်ကုန်နဲ့ မန္တလေး (၂) ခုကို ဦးစားပေးပြီးတော့ အရင်လုပ်သွားမှာပါ” ဟု လုပ်ငန်းစဉ်သိရှိသူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ဓာတ်ခွဲခန်းတည်ဆောက်ရန်အတွက် မြေနေရာရရှိပြီးဖြစ်ကာ လာမည့် ဒီဇင်ဘာ (၂၈) ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ ဓာတ်ခွဲခန်းတည်‌ဆောက်ပြီးစီးနိုင်ရေးအတွက် မျှော် မှန်းဆောင်ရွက်နေကြောင်းလည်း သိရသည်။
“အမြန်ဆုံး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေပါတယ်။ အခုက နေရာတော့ရပြီ။ နေရာ ကတော့ ရန်ကုန်မှာရှိတဲ့စက်မှုဝန်ကြီးဌာနပိုင် ကျိုက်ဝိုင်းမှာတည်မှာပါ။ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူဖို့ မြေပေါ့။ အဲဒီပစ္စည်းတွေထဲ တချို့စက်တွေက ကိုယ်လိုချင်တာရဖို့ကို တချို့ကျတော့လည်း ချက်ချင်းရ တယ်။ တချို့ဟာတွေကျတော့လည်း သူတို့ထုတ်လုပ်မှုပိုင်း ကရှိသေးတာပေါ့နော်။ အတတ်နိုင်ဆုံးတော့ ကြိုးစားနေပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် တည်ဆောက်ပြီးစီးဖို့တော့ မျှော်မှန်းတာပေါ့။ အဓိကက တော့ Natio­nal Lab တွေပေါ့။ ကြိုးစားဆောင်ရွက်ရဦးမှာပေါ့။ စစ်ဆေးတာတွေက စစ်ဆေးလို့တော့ရ တာပေါ့။ ပြီးတော့ သက်ဆိုင်ရာအသိအမှတ်ပြုလက်မှတ်တွေရ ဖို့လည်းလုပ်ရဦးမှာ။ နောက် ဓာတ်ခွဲခန်း မှာ အလုပ်လုပ်မယ့်ဝန်ထမ်းတွေအတွက် ကျွမ်းကျင်မှုလက်မှတ်တွေရဖို့လည်းကြိုးစားရဦးမှာပေါ့။ တည်ဆောက်မှုကတော့ ရွေးကောက်ပွဲမတိုင်ခင် တည်ဆောက်ပြီးစီးဖို့ တော့ကြိုးစားနေတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါ ဓာတ်ခွဲခန်းများတည်ဆောက်ပြီးစီးပါက သံမဏိများ၏အရည်အသွေးများကို ဆောက် လုပ်ရေးဝန်ကြီးဌာနကပြဋ္ဌာန်းထားသည့် National Building Code အပါအဝင် ဝန်ကြီးဌာနက သတ် မှတ်ထားချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို စစ်ဆေးနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
“အဓိကကတော့ သံမဏိရယ်၊ မဂ္ဂနီကယ် Property ရှိမယ်။ စက်မှုဂုဏ်သတ္တိပေါ့နော်။ နောက် တစ်ခုက ဓာတုဂုဏ်သတ္တိပေါ့နော်၊ Chemical Property ပေါ့။ သူ့ဆီမှာပါဝင်တဲ့ ဓာတုဖွဲ့စည်းပုံ စစ်လို့ ရမှာပါ။ နောက်ထပ်တစ်ခုက Weight ပေါ့။ သံနဲ့သံမဏိရဲ့တစ်မီတာမှာရှိရမယ့် Weight ပေါ့။ ဆွဲဆန့်တဲ့ အားပေါ့နော်။ ဘယ်လောက်မှာ ကြိုးပြတ် သွားလဲပေါ့။ အဲဒါစမ်းမယ်။ ကွေးတဲ့ဟာစမ်းတဲ့စက် တွေပေါ့။ အဲဒါတွေလုပ်မှာပေါ့။ အဓိကကတော့ National Building Code ဆောက်လုပ်ရေးဝန်ကြီး ဌာနကပြဋ္ဌာန်း ထားတာနဲ့အညီ အခုနောက်ပိုင်း ဆောက် တဲ့အဆောက်အအုံတွေက ဆောက်လုပ်ရမှာ ဖြစ်ပါတယ်။ အထူးအားဖြင့် ငလျင်သက်ရောက်နိုင်တဲ့ ဒေသတွေနဲ့ပတ်သက်ပြီး အဲဒီအတွက် သီးသန့်ထုတ် ထားတာ တွေလည်းရှိပါတယ်။ အဲဒါတွေနဲ့ ကိုက်ညီမှု ရှိမရှိ စမ်းသပ်မှာပါ။ အဲဒါနဲ့အညီ တည်ဆောက်ထားတယ် ဆိုရင်တော့ ပြည်သူလူထုရဲ့အသက်အိုးအိမ်ကို ကာကွယ်ပြီးသားဖြစ်တာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲမတိုင္မီ သံမဏိအရည္အေသြးစစ္မည့္ ဓာတ္ခြဲခန္းတည္ေဆာက္ၿပီးစီးရန္ ေမွ်ာ္မွန္းေဆာင္ ႐ြက္ေန
Pearl (NP News) - ႏိုဝင္ဘာ ၁၈
ေ႐ြးေကာက္ပြဲမတိုင္မီ သံမဏိအရည္အေသြးစစ္မည့္ အမ်ိဳးသားအဆင့္ဓာတ္ခြဲခန္း တည္ေဆာက္ ၿပီးစီးရန္ ေမွ်ာ္မွန္းေဆာင္႐ြက္ေနေၾကာင္း လုပ္ငန္းစဥ္သိရွိသူမ်ားထံ NP News က ဆက္သြယ္ ေမးျမန္း ထားသည့္အခ်က္အလက္မ်ားအရ သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမတို႔တြင္ သံႏွင့္သံမဏိမ်ားကို အရည္ အေသြးျပည့္မီစြာထုတ္လုပ္ႏိုင္ေရး အရည္အေသြး စစ္ေဆးရန္ ႏိုင္ငံတကာအသိအမွတ္ျပဳဓာတ္ခြဲခန္းမ်ားထူေထာင္ႏိုင္ေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္ေန ၿပီး ကနဦးအေနျဖင့္ ရန္ကုန္တိုင္းႏွင့္ မႏၲေလးတိုင္းတြင္ အမ်ိဳးသားအဆင့္ ဓာတ္ခြဲခန္းမ်ား ထူေထာင္ႏိုင္ ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာရွိတဲ့ သံ၊ သံ မဏိအသင္းနဲ႔ညႇိႏႈိင္းေနပါတယ္။ အဓိကကေတာ့ National Lab အမ်ိဳးသားအဆင့္ဓာတ္ခြဲခန္း အရင္ေထာင္မွာေပါ့ေနာ္။ ၿပီးမွ Regional Lab ေတြ ေထာင္ မွာ။ အဓိကကေတာ့ စက္မႈဇုန္ေတြရွိတဲ့ေနရာေပါ့။ ရန္ကုန္မွာဆို ေျမာင္းတကာရွိတယ္၊ မႏၲေလးမွာဆို လည္း မႏၲေလးစက္မႈဇုန္ေတြရွိတယ္။ စစ္ကိုင္းကေတာ့ (၃)႐ုံပဲရွိတယ္။ အဓိကကေတာ့ ရန္ကုန္နဲ႔ မႏၲေလး (၂) ခုကို ဦးစားေပးၿပီးေတာ့ အရင္လုပ္သြားမွာပါ” ဟု လုပ္ငန္းစဥ္သိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ဓာတ္ခြဲခန္းတည္ေဆာက္ရန္အတြက္ ေျမေနရာရရွိၿပီးျဖစ္ကာ လာမည့္ ဒီဇင္ဘာ (၂၈) ရက္တြင္က်င္းပမည့္ ေ႐ြးေကာက္ပြဲမတိုင္မီ ဓာတ္ခြဲခန္းတည္‌ေဆာက္ၿပီးစီးႏိုင္ေရးအတြက္ ေမွ်ာ္ မွန္းေဆာင္႐ြက္ေနေၾကာင္းလည္း သိရသည္။
“အျမန္ဆုံး အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ အခုက ေနရာေတာ့ရၿပီ။ ေနရာ ကေတာ့ ရန္ကုန္မွာရွိတဲ့စက္မႈဝန္ႀကီးဌာနပိုင္ က်ိဳက္ဝိုင္းမွာတည္မွာပါ။ လိုအပ္တဲ့ပစၥည္းေတြ ဝယ္ယူဖို႔ ေျမေပါ့။ အဲဒီပစၥည္းေတြထဲ တခ်ိဳ႕စက္ေတြက ကိုယ္လိုခ်င္တာရဖို႔ကို တခ်ိဳ႕က်ေတာ့လည္း ခ်က္ခ်င္းရ တယ္။ တခ်ိဳ႕ဟာေတြက်ေတာ့လည္း သူတို႔ထုတ္လုပ္မႈပိုင္း ကရွိေသးတာေပါ့ေနာ္။ အတတ္ႏိုင္ဆုံးေတာ့ ႀကိဳးစားေနပါတယ္။ ေ႐ြးေကာက္ပြဲမတိုင္ခင္ တည္ေဆာက္ၿပီးစီးဖို႔ေတာ့ ေမွ်ာ္မွန္းတာေပါ့။ အဓိကက ေတာ့ Natio­nal Lab ေတြေပါ့။ ႀကိဳးစားေဆာင္႐ြက္ရဦးမွာေပါ့။ စစ္ေဆးတာေတြက စစ္ေဆးလို႔ေတာ့ရ တာေပါ့။ ၿပီးေတာ့ သက္ဆိုင္ရာအသိအမွတ္ျပဳလက္မွတ္ေတြရ ဖို႔လည္းလုပ္ရဦးမွာ။ ေနာက္ ဓာတ္ခြဲခန္း မွာ အလုပ္လုပ္မယ့္ဝန္ထမ္းေတြအတြက္ ကြၽမ္းက်င္မႈလက္မွတ္ေတြရဖို႔လည္းႀကိဳးစားရဦးမွာေပါ့။ တည္ေဆာက္မႈကေတာ့ ေ႐ြးေကာက္ပြဲမတိုင္ခင္ တည္ေဆာက္ၿပီးစီးဖို႔ ေတာ့ႀကိဳးစားေနတယ္”ဟု ၎က ေျပာသည္။
အဆိုပါ ဓာတ္ခြဲခန္းမ်ားတည္ေဆာက္ၿပီးစီးပါက သံမဏိမ်ား၏အရည္အေသြးမ်ားကို ေဆာက္ လုပ္ေရးဝန္ႀကီးဌာနကျပ႒ာန္းထားသည့္ National Building Code အပါအဝင္ ဝန္ႀကီးဌာနက သတ္ မွတ္ထားခ်က္မ်ားႏွင့္ ကိုက္ညီမႈ ရွိ၊ မရွိကို စစ္ေဆးႏိုင္မည္ျဖစ္ေၾကာင္းလည္းသိရသည္။
“အဓိကကေတာ့ သံမဏိရယ္၊ မဂၢနီကယ္ Property ရွိမယ္။ စက္မႈဂုဏ္သတၱိေပါ့ေနာ္။ ေနာက္ တစ္ခုက ဓာတုဂုဏ္သတၱိေပါ့ေနာ္၊ Chemical Property ေပါ့။ သူ႔ဆီမွာပါဝင္တဲ့ ဓာတုဖြဲ႕စည္းပုံ စစ္လို႔ ရမွာပါ။ ေနာက္ထပ္တစ္ခုက Weight ေပါ့။ သံနဲ႔သံမဏိရဲ႕တစ္မီတာမွာရွိရမယ့္ Weight ေပါ့။ ဆြဲဆန႔္တဲ့ အားေပါ့ေနာ္။ ဘယ္ေလာက္မွာ ႀကိဳးျပတ္ သြားလဲေပါ့။ အဲဒါစမ္းမယ္။ ေကြးတဲ့ဟာစမ္းတဲ့စက္ ေတြေပါ့။ အဲဒါေတြလုပ္မွာေပါ့။ အဓိကကေတာ့ National Building Code ေဆာက္လုပ္ေရးဝန္ႀကီး ဌာနကျပ႒ာန္း ထားတာနဲ႔အညီ အခုေနာက္ပိုင္း ေဆာက္ တဲ့အေဆာက္အအုံေတြက ေဆာက္လုပ္ရမွာ ျဖစ္ပါတယ္။ အထူးအားျဖင့္ ငလ်င္သက္ေရာက္ႏိုင္တဲ့ ေဒသေတြနဲ႔ပတ္သက္ၿပီး အဲဒီအတြက္ သီးသန႔္ထုတ္ ထားတာ ေတြလည္းရွိပါတယ္။ အဲဒါေတြနဲ႔ ကိုက္ညီမႈ ရွိမရွိ စမ္းသပ္မွာပါ။ အဲဒါနဲ႔အညီ တည္ေဆာက္ထားတယ္ ဆိုရင္ေတာ့ ျပည္သူလူထုရဲ႕အသက္အိုးအိမ္ကို ကာကြယ္ၿပီးသားျဖစ္တာေပါ့”ဟု ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.