ဧရာဝတီတိုင်းအတွင်း စပါး Export Zone ဧကတစ်သိန်း ဖော်ဆောင်မည်

114

NP News - နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါး Export Zone ဧကတစ်သိန်း အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။
စပါး Export Zone ဧကတစ်သိန်း အကောင်အထည်ဖော်ရေးဆောင်ရွက်ပြီး ၊ Contract Farming စနစ်နဲ့ဆောင်ရွက်မယ့်လုပ်ငန်းများကိုလည်း ခရိုင်အလိုက်လျာထား ဆောင်ရွက်နေကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း Export Zone ဧက(၁)သိန်း အကောင်အထည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လာရောက်ရင်းနှီးမြှုပ်နှံ၍ Contract Farming စနစ်ဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်း ခရိုင်အလိုက်လျာထားမှုပြုလုပ်ရန် ဆွေးနွေးထားကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောသည်။
ဆန်စက်တွေ အရည်အသွေးကောင်းမွန်ရန် နှင့် စပါးခွံ လောင်စာသုံး Gasifier စနစ်မှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ညစ်ညမ်းမှုမရှိစေရန် နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
"Export Zone မှာ ပါဝင်ဆောင်ရွက်နေသူတွေအနေနဲ့ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်း လေးသွယ်ကိုအခြေခံပြီး အရည်အသွေးရှိဆန်စပါးတွေ ထုတ်လုပ်နိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်တယ်" ဟု Export Zone တွင် ပါဝင်ဆောင်ရွက်မယ့်သူတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများနှင့်ဆက်စပ်နေသည့်လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နေသော တိုင်းဒေသကြီးဖြစ်သည့်အပြင် ဆက်လက်ပြီး ကမ္ဘာ့ဆန်ဈေးနှုန်းပေါ်မူတည်ကာ ပြည်တွင်းရှိ စပါးစိုက်တောင်သူများ ထိုင်သင့်သောအကျိုးအမြတ်ရရှိရန် ဆောင်ရွက်နေကြောင်း သိရသည်။

Zawgyi Version:
ဧရာဝတီတိုင္းအတြင္း စပါး Export Zone ဧကတစ္သိန္း ေဖာ္ေဆာင္မည္
NP News - ႏိုဝင္ဘာ ၂၂
ဧရာဝတီတိုင္းေဒသႀကီးအတြင္း စပါး Export Zone ဧကတစ္သိန္း အေကာင္အထည္ေဖာ္ရန္ စီစဥ္ေနေၾကာင္း တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံမွ သိရသည္။
စပါး Export Zone ဧကတစ္သိန္း အေကာင္အထည္ေဖာ္ေရးေဆာင္႐ြက္ၿပီး ၊ Contract Farming စနစ္နဲ႔ေဆာင္႐ြက္မယ့္လုပ္ငန္းမ်ားကိုလည္း ခ႐ိုင္အလိုက္လ်ာထား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
တိုင္းေဒသႀကီးအတြင္း Export Zone ဧက(၁)သိန္း အေကာင္အထည္ေဖာ္ေဆာင္ႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိၿပီး လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ၍ Contract Farming စနစ္ျဖင့္ေဆာင္႐ြက္မည့္လုပ္ငန္းမ်ားကိုလည္း ခ႐ိုင္အလိုက္လ်ာထားမႈျပဳလုပ္ရန္ ေဆြးေႏြးထားေၾကာင္း တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာသည္။
ဆန္စက္ေတြ အရည္အေသြးေကာင္းမြန္ရန္ ႏွင့္ စပါးခြံ ေလာင္စာသုံး Gasifier စနစ္မွ ထြက္ရွိသည့္ စြန႔္ပစ္ပစၥည္းမ်ားသည္ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ညစ္ညမ္းမႈမရွိေစရန္ ႏွင့္ သတ္မွတ္ထားသည့္ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ ေဆာင္႐ြက္သြားရန္ လိုအပ္ေၾကာင္း ေျပာၾကားသည္။
"Export Zone မွာ ပါဝင္ေဆာင္႐ြက္ေနသူေတြအေနနဲ႔ မ်ိဳး၊ ေျမ၊ ေရ၊ နည္း နည္းလမ္း ေလးသြယ္ကိုအေျခခံၿပီး အရည္အေသြးရွိဆန္စပါးေတြ ထုတ္လုပ္ႏိုင္ဖို႔ေဆာင္႐ြက္သြားမွာျဖစ္တယ္" ဟု Export Zone တြင္ ပါဝင္ေဆာင္႐ြက္မယ့္သူတစ္ဦးက ေျပာသည္။
ဧရာဝတီတိုင္းေဒသႀကီးသည္ စိုက္ပ်ိဳးေရးေမြးျမဴေရးလုပ္ငန္းမ်ားႏွင့္ဆက္စပ္ေနသည့္လုပ္ငန္းမ်ားကို ေအာင္ျမင္ေအာင္ေဆာင္႐ြက္ေနေသာ တိုင္းေဒသႀကီးျဖစ္သည့္အျပင္ ဆက္လက္ၿပီး ကမာၻ႔ဆန္ေဈးႏႈန္းေပၚမူတည္ကာ ျပည္တြင္းရွိ စပါးစိုက္ေတာင္သူမ်ား ထိုင္သင့္ေသာအက်ိဳးအျမတ္ရရွိရန္ ေဆာင္႐ြက္ေနေၾကာင္း သိရသည္။