ပုဒ်မ (၉) ပြင်ဆင်ရေးဆီသို့ ဂျပန်တစ်လှမ်းနီးပြီလား

7

တင်ဇာ (NP News) - နိုဝင်ဘာ ၂၆
အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နဲ့ ၎င်းရဲ့ မိတ်ဖက်အသစ်ဖြစ်တဲ့ ဂျပန်တီထွင် ဆန်းသစ်မှုပါတီ (JIP) တို့ဟာ ဂျပန်နိုင်ငံရဲ့ စစ်ပြီးခေတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သမိုင်းမှာ ပထမဆုံး အကြိမ် ပြင်ဆင်ရေးအတွက် အဆိုပြုလွှာ မူကြမ်းရေးဆွဲဖို့ နိုဝင်ဘာ (၁၃) ရက်က ဆွေးနွေးမှုတွေ စတင် ခဲ့ပါတယ်။ LDP ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၉) ကို ပြင်ဆင်ဖို့အတွက် ချီတုံချတုံဖြစ်နေတဲ့ မိတ်ဖက် Komeito ပါတီနဲ့ ပြီးခဲ့တဲ့လကပဲ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် လုံခြုံရေးတင်းမာမှု အခြေအနေတွေကြောင့် ပုဒ်မ(၉) ကို ပြင်ဆင်ပြောင်းလဲဖို့ ထောက်ခံတဲ့ JIP ပါတီနဲ့ မဟာမိတ်ဖွဲ့ခဲ့တာ ဖြစ်ပါတယ်။
LDP ပါတီဟာ ပါတီစတင်ထူထောင်စဉ် (၁၉၅၅) ခုနှစ်ကတည်းက ဒုတိယကမ္ဘာစစ်အပြီး အမေရိ ကန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ ရေးဆွဲ ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဦးတည် ကြိုးပမ်း ခဲ့တာဖြစ်ပါတယ်။ LDP ပါတီနဲ့ JIP ပါတီက လွှတ်တော်အမတ်တွေရဲ့ အဆိုအရ အပိုဒ် (၉) ပြင်ဆင်ရေး နဲ့ ကြီးမားတဲ့ ဘေးအန္တရာယ် ဒါမှမဟုတ် လက်နက်ကိုင်တိုက်ခိုက်မှုဖြစ်ပွားရင် အစိုးရကို ပိုပြီး အာဏာ ပေးမယ့် အရေးပေါ်ပြဋ္ဌာန်းချက်တစ်ခု ထည့်သွင်းရေးတို့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို နက်နက် ရှိုင်းရှိုင်း လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ဒီကဏ္ဍနှစ်ခုမှာ အတူပူးပေါင်းဖို့အတွက်လည်း အောက်တိုဘာလ (၂၀) ရက်က လက်မှတ်ရေးထိုး ခဲ့တဲ့ ပါတီနှစ်ခုရဲ့ မိတ်ဖက်သဘောတူညီချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီသဘောတူညီ ချက်က နောက်တစ်နေ့မှာ LDP အကြီးအကဲ ဆာနဲတာကာအိချီကို ဝန်ကြီးချုပ်ဖြစ်လာဖို့ လမ်းဖွင့်ပေးခဲ့ တာဖြစ်ပါတယ်။ LDP ပါတီရဲ့ ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဦးဆောင်နေတဲ့ ဝါရင့်လွှတ်တော် အမတ် Yoshitaka Shindo က JIP ပါတီနဲ့ ပထမဆုံးအကြိမ် ကျင်းပတဲ့အစည်းအဝေးမှာ “ကျွန်တော်တို့ မှာ တူညီတဲ့ရည်မှန်းချက်တွေရှိတဲ့အတွက် ဆွေးနွေးမှုတွေကို ရှေ့ဆက်လုပ်ဆောင်ချင်ပါတယ်” လို့ ပြော ခဲ့ပါတယ်။ JIP ပါတီဘက်က ဦးဆောင်သူ Nobuyuki Baba ကတော့ “အခုလို အဖွဲ့တစ်ခု ဖွဲ့စည်းနိုင် တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆီကို တစ်လှမ်းပိုနီးလာတယ်” လို့ ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ (၁၉၄၇) ခုနှစ်မှာ စတင်အသက်ဝင်ခဲ့ပြီးကတည်းက ဘယ်တုန်းကမှ မပြောင်းလဲသေးဘဲ၊ တရားဝင် ပြင်ဆင်တာမျိုးလည်း မရှိခဲ့ပါဘူး။ ဒီလိုမလုပ်နိုင်ရတဲ့ အကြောင်းရင်းတွေထဲမှာ လွှတ်တော်က အတည်ပြုဖို့အတွက် လိုအပ်တဲ့စိန်ခေါ်မှုတစ်ခုလည်း ပါဝင်နေ ပါတယ်။ ပုဒ်မ (၉၆) မှာ ဖော်ပြထားတာကတော့ ပြင်ဆင်မှုတိုင်းအတွက် လွှတ်တော်နှစ်ရပ်လုံးက ဥပဒေ ပြုအမတ် သုံးပုံနှစ်ပုံရဲ့ အတည်ပြုချက် ရယူရမှာဖြစ်ပြီး၊ နောက်ပိုင်းမှာတော့ အမျိုးသား ဆန္ဒခံယူပွဲမှာ အများစုရဲ့ ထောက်ခံချက် ရယူရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် ဖြစ်နိုင် ခြေဟာ အရမ်းကို ဝေးကွာနေတဲ့အတွက် ဆန္ဒခံယူပွဲကို ဘယ်လိုကျင်းပရမယ်ဆိုတာ သတ်မှတ်နိုင်မယ့် အမျိုး သားဥပဒေ တစ်ရပ်ကို (၂၁) ရာစု အစောပိုင်းအထိ စဉ်းစားခဲ့ခြင်း မရှိသေးပါဘူး။ အဲဒီလို ဥပဒေမျိုး ပထမဆုံးအကြိမ် လွှတ်တော်ကနေ အတည်ပြုခဲ့တာက (၂၀ဝ၇) ခုနှစ်မှာ ဖြစ်ပြီး (၂၀၁၄) ခုနှစ်မှာ ပြန်လည်ပြင်ဆင်ခဲ့ပါ တယ်။
LDP ပါတီဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်မှာဆွေးနွေးဖို့ နှစ်ကြိမ်တိုင်တိုင် ကြိုးပမ်းခဲ့ဖူးပါတယ်။ ပထမအကြိမ် ကြိုးပမ်းမှုက (၁၉၅၆) ခုနှစ်၊ ဇွန်လ (၁၁) ရက်မှာ စတင်ခဲ့ပြီး အဲဒီအချိန်မှာ လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီအချိန်က အကြီးဆုံးအတိုက်အခံပါတီဖြစ်တဲ့ ဂျပန်ဆိုရှယ်လစ်ပါတီက ပြင်ဆင်ရေးကို ထောက်ခံဖို့ အတွက် ကော်မရှင်မှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကော်မရှင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘယ်လိုရေးဆွဲခဲ့တယ်ဆိုတာကို ရှင်းလင်းဖို့၊ လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့ အမေရိကန်နဲ့ ဂျပန် ပါဝင်သူတွေကိုမေးမြန်းဖို့ပဲ အဓိက ကြိုးပမ်းခဲ့ရပါတယ်။ ကော်မရှင်က သူ့ရဲ့နောက်ဆုံးအစီရင်ခံစာကို ထုတ်ပြန်တဲ့အခါမှာ အဲဒီအဖွဲ့ထဲမှာ လွှတ်တော်နှစ်ရပ်လုံးက LDP အဖွဲ့ဝင်တွေဖြစ်တဲ့ ဥပဒေပြုအမတ် (၁၉) ဦးသာ ပါဝင်ခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်မှာ ပြန်လည်သုံးသပ်ဖို့ ဒုတိယအကြိမ် ကြိုးပမ်းမှုကတော့ (၂၀ဝဝ) ပြည့်နှစ်မှာ စတင်ခဲ့ပါတယ်။ လွှတ်တော်တစ်ရပ်စီက သူတို့ရဲ့ သီးခြား ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ သုတေသနကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ အောက်လွှတ်တော်ကော်မရှင်မှာ ဥပဒေပြုအမတ် (၅၀) ဦးနဲ့ အထက်လွှတ်တော်ကော်မရှင်မှာ (၄၅) ဦး ပါဝင်ခဲ့ပါတယ်။ LDP ပါတီ၊ DPJ ပါတီနဲ့ Komeito တို့ကြားမှာ သဘောတူညီချက်ရတဲ့ ကဏ္ဍတချို့ပေါ်ထွက်လာခဲ့ပါတယ်။ ကော်မရှင်တစ်ခုစီက (၂၀ဝ၅) ခုနှစ်မှာ အစီရင်ခံစာတစ်စောင်စီ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာတွေဟာ အကြံပြုချက်တွေ မပါ ဝင်ဘဲ နောင်ဆွေးနွေးမှုအတွက် အခြေခံအုတ်မြစ်တစ်ခုသာ ဖြစ်ခဲ့ပါတယ်။
(၂၀ဝ၇) ခုနှစ်မှာ LDP ပါတီရဲ့ ဦးဆောင်မှုနဲ့ အမျိုးသား ဆန္ဒခံယူပွဲကျင်းပဖို့ လုပ်ထုံးလုပ်နည်း တွေ ဖန်တီးပေးမယ့် ဥပဒေကြမ်းကို လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ Komeito နဲ့ မဟာမိတ်ဖွဲ့ခြင်း အားဖြင့် ဒီဥပဒေကြမ်းဟာ လွှတ်တော်နှစ်ရပ်လုံးကို အောင် မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ (၂၀၁၄) ခုနှစ်မှာတော့ လွှတ်တော်က မဲပေးနိုင်တဲ့ အသက်အရွယ်ကို ဆယ့်ရှစ်နှစ်အထိ လျှော့ချဖို့အတွက် အတိုက်အခံ အနည်းငယ်နဲ့အတူ ဥပဒေကို ပြင်ဆင်ခဲ့ပြန်ပါတယ်။ ဒါတွေဟာ ဂျပန်အစိုးရအနေနဲ့ ဖွဲ့စည်း ပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တချို့ကို ခဲရာခဲဆစ် ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေပဲဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးက ပုဒ်မ(၉) ဟာ အမေရိကန်ရဲ့ “အတင်းအကျပ်ချမှတ်မှု” ဖြစ်တယ်လို့ ရှုမြင်ခဲ့ပါတယ်။ ယခုဂျပန်ဝန်ကြီးချုပ်လက်ထက်မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၉) ကို ပြင်ဆင်ဖို့ ကြိုးပမ်းပြန်ပါတယ်။ ဂျပန်ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ (၉) ကို “ငြိမ်းချမ်းရေးလို လားတဲ့ ပြဋ္ဌာန်းချက်” လို့လည်း သိကြပါတယ်။ အဲဒီပုဒ်မက ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ကို စစ်ကို စွန့် လွှတ်ဖို့နဲ့ နိုင်ငံတကာ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့အတွက် ဂျပန်က စစ်အင်အားရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ဖွဲ့စည်းတည်ထောင်တာမျိုးကို တားမြစ်ထားပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်က နောင်လာမယ့် ဂျပန်ရဲ့ ရန်လိုမှုကို ကာကွယ်ဖို့အတွက် ရေးဆွဲခဲ့တာဖြစ်ပေမယ့် အမေရိကန်ရဲ့ရပ်တည် ချက်က နှစ်တွေကြာမြင့်လာတာနဲ့အမျှ ပြောင်းလဲလို့လာပါတယ်။ အစပိုင်းမှာ အမေရိကန်က ဂျပန်နိုင်ငံ ရဲ့ ကိုယ့်ကိုယ် ကိုယ်ကာကွယ်နိုင်စွမ်းမရှိတာကို ဖြည့်ဆည်းပေးဖို့အတွက် လုံခြုံရေးစာချုပ် ချုပ်ဆိုခြင်း ကို ထောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံကြား မဟာမိတ်ဆက်ဆံရေး တိုးမြင့်လာတာနဲ့အမျှ အမေရိကန် မူဝါဒက ဂျပန်နိုင်ငံကို ဒေသတွင်းလုံခြုံရေးမှာ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်လာဖို့ တွန်းအားပေး လာပါတယ်။
ယခုအခါမှာတော့ တာကာအိချီဟာ ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို စုစုပေါင်း GDP ရဲ့ (၁) ရာခိုင်နှုန်းကနေ (၂) ရာခိုင်နှုန်းအထိ တိုးမြှင့်ပြီး ဒေသတွင်းက အထူးသဖြင့် မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ဆီက ခြိမ်းခြောက်မှုတွေကို တားဆီး နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုပုံစံနဲ့ သူက ကာ ကွယ်ရေးနဲ့ ပတ်သက်ပြီး ပိုမိုတင်းမာတဲ့ ဂျပန်ရဲ့ ရပ်တည်ချက်ကို ပြသခဲ့ပါတယ်။ ဒါကြောင့် သူမဟာ ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး လက်ရှိအချိန်မှာလည်း နှစ် (၂၀) ကာလအတွင်း ဘယ်ဂျပန်ဝန်ကြီးချုပ်ကမှ မလုပ်ခဲ့ဖူးတဲ့ Yasukuni ဂျပန်စစ်သင်္ချိုင်းကို သွားရောက်ဂါရဝပြုခဲ့လို့ ဝေဖန်မှုတွေပြင်းထန်နေပါတယ်။ “စစ်ရာဇဝတ်သားတွေဟာလည်း ကွပ်မျက်ခံခဲ့ရတာကြောင့် နှစ်သိမ့် ပေးခွင့်ရှိတယ်”လို့ သူမက ဆိုပါတယ်။ ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ ကျူးကျော်သိမ်းပိုက်မှုဒဏ်ကို ခံစားခဲ့ရတဲ့ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကတော့ ဒီလိုမယူဆကြပါဘူး။
ဒီလိုသာ တာကာအိချီအနေနဲ့ ပိုပြီးတင်းမာတဲ့ အမျိုးသားရေးဝါဒီ ရပ်တည်ချက်ကို ထောက်ခံ အားပေးမယ်ဆိုရင် အဲဒါဟာ ဂျပန်အစိုးရရဲ့ ယခင် မူဝါဒလမ်းကြောင်းကနေ သိသာစွာ သွေဖည်သွား တာမျိုးဖြစ်လိမ့်မယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ သူမ ရာထူးတက်ပြီး တစ်လကျော်အတွင်းမှာပဲ စစ်အသုံးစရိတ်ကို သိသိသာသာ တိုးမြှင့်တာ၊ လက်နက်တင်ပို့မှု ထိန်းချုပ်တာတွေကို အပြည့်အဝ လျှော့ ပေါ့ပေးတာ၊ ကြိုတင်တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်တာနဲ့ လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းတွေကို အလျင် အမြန် ပြင်ဆင်တာတို့အပါအဝင် ကြီးမားတဲ့ ကာကွယ်ရေးဆိုင်ရာ တိုးချဲ့ရေး အဆိုပြုချက်တွေကို ထုတ် ဖော်ပြောကြားလာခဲ့ပါတယ်။ အဲဒီအထဲမှာ အငြင်းပွားစရာအကောင်းဆုံးကတော့ ဂျပန်နိုင်ငံရဲ့ ရေရှည် တည်တံ့ခဲ့တဲ့ “နျူကလီးယားမူသုံးချက်” ကနေ နောက်ပြန်ဆုတ်မယ့် အရိပ်အယောင်တွေပဲ ဖြစ်ပါတယ်။
ဒီလုပ်ရပ်တွေကို စုပေါင်းကြည့်မယ်ဆိုရင် အစိုးရအနေနဲ့ စစ်ပြီးခေတ် ထိန်းချုပ်မှုကနေ ပိုပြီး ခိုင် မာတဲ့၊ စစ်ရေးဆန်တဲ့ အနေအထားဆီသို့ ပြောင်းလဲဖို့ ရည်ရွယ်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လွှတ်တော် ကြားနာပွဲတစ်ခုအတွင်းမှာလည်း Takaichi က အငြင်းပွားဖွယ် ဖြစ်တဲ့ (၂၀၁၅) ခုနှစ် ဥပဒေကို ထိုင်ဝမ်ကိစ္စနဲ့ ချိတ်ဆက်ပြောဆိုခဲ့တာကြောင့် တရုတ်နဲ့ တင်းမာမှုတွေ ရှိလာခဲ့ပြန်ပါတယ်။ အဲဒီ ဥပဒေအရ ဂျပန်နိုင်ငံအနေနဲ့ ပြည်ပပဋိပက္ခတွေမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ် နိုင်ဖို့အတွက် ပူးပေါင်း ပါဝင်ခွင့်ရှိတယ်ဆိုပြီး ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒါကြောင့် ထိုင်ဝမ်အရေးမှာ ဂျပန်က ကြားဝင်ကူညီလာနိုင်တယ်ဆိုပြီး တရုတ်က ယူဆလာတာဖြစ်ပါတယ်။
အချို့က “ထိုင်ဝမ်အရေးနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ရဲ့လှုံ့ဆော်မှုက တရုတ်နိုင်ငံကို သွေးဆူ အောင်လုပ်နေတယ်” လို့ သုံးသပ်ကြပါတယ်။ ဒီလိုလုပ်ရပ်က ဂျပန်အတွက် ဘာအကျိုးမှမရှိဘဲ မဟာဗျူ ဟာမြောက်အန္တရာယ်တွေကိုသာ ဖန်တီးသလိုဖြစ်နေပါတယ်။ အချို့ကတော့ ဂျပန်နိုင်ငံက လုံခြုံရေး ကိစ္စတွေအတွက် အကြီးအကျယ်အားထားနေရတဲ့ အမေရိကန်ကတောင် တရုတ်အပေါ် မလိုအပ်ဘဲ သွေးဆူအောင်မလုပ်မိဖို့ သတိထားနေချိန်မှာ ဂျပန်က အမေရိကန်ကို ပဋိပက္ခထဲဆွဲသွင်းဖို့ ကြိုးစားနေ တယ်လို့ထောက်ပြခဲ့ကြပါတယ်။ ဒီလို စိုးရိမ်ဖွယ်ဒေသတွင်း တင်းမာမှုတွေကြားမှာ တာကာအိချီရဲ့ စစ် အင်အားတိုးချဲ့ဖို့ အိပ်မက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၉) ပြင်ဆင်ရေးဟာ တကယ်တမ်း အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကတော့ စဉ်းစားစရာကိစ္စတစ်ရပ်အဖြစ် ကျန်ရှိနေပါတယ်။

Zawgyi Version:
ပုဒ္မ (၉) ျပင္ဆင္ေရးဆီသို႔ ဂ်ပန္တစ္လွမ္းနီးၿပီလား
တင္ဇာ (NP News) - ႏိုဝင္ဘာ ၂၆
အာဏာရ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ (LDP) နဲ႔ ၎ရဲ႕ မိတ္ဖက္အသစ္ျဖစ္တဲ့ ဂ်ပန္တီထြင္ ဆန္းသစ္မႈပါတီ (JIP) တို႔ဟာ ဂ်ပန္ႏိုင္ငံရဲ႕ စစ္ၿပီးေခတ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို သမိုင္းမွာ ပထမဆုံး အႀကိမ္ ျပင္ဆင္ေရးအတြက္ အဆိုျပဳလႊာ မူၾကမ္းေရးဆြဲဖို႔ ႏိုဝင္ဘာ (၁၃) ရက္က ေဆြးေႏြးမႈေတြ စတင္ ခဲ့ပါတယ္။ LDP ပါတီက ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ (၉) ကို ျပင္ဆင္ဖို႔အတြက္ ခ်ီတုံခ်တုံျဖစ္ေနတဲ့ မိတ္ဖက္ Komeito ပါတီနဲ႔ ၿပီးခဲ့တဲ့လကပဲ လမ္းခြဲခဲ့တာျဖစ္ပါတယ္။ အဲဒီေနာက္ လုံၿခဳံေရးတင္းမာမႈ အေျခအေနေတြေၾကာင့္ ပုဒ္မ(၉) ကို ျပင္ဆင္ေျပာင္းလဲဖို႔ ေထာက္ခံတဲ့ JIP ပါတီနဲ႔ မဟာမိတ္ဖြဲ႕ခဲ့တာ ျဖစ္ပါတယ္။
LDP ပါတီဟာ ပါတီစတင္ထူေထာင္စဥ္ (၁၉၅၅) ခုႏွစ္ကတည္းက ဒုတိယကမာၻစစ္အၿပီး အေမရိ ကန္ဦးေဆာင္တဲ့ မဟာမိတ္တပ္ေတြ ေရးဆြဲ ခဲ့တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ဖို႔ ဦးတည္ ႀကိဳးပမ္း ခဲ့တာျဖစ္ပါတယ္။ LDP ပါတီနဲ႔ JIP ပါတီက လႊတ္ေတာ္အမတ္ေတြရဲ႕ အဆိုအရ အပိုဒ္ (၉) ျပင္ဆင္ေရး နဲ႔ ႀကီးမားတဲ့ ေဘးအႏၲရာယ္ ဒါမွမဟုတ္ လက္နက္ကိုင္တိုက္ခိုက္မႈျဖစ္ပြားရင္ အစိုးရကို ပိုၿပီး အာဏာ ေပးမယ့္ အေရးေပၚျပ႒ာန္းခ်က္တစ္ခု ထည့္သြင္းေရးတို႔နဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကို နက္နက္ ရႈိင္းရႈိင္း လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။
ဒီက႑ႏွစ္ခုမွာ အတူပူးေပါင္းဖို႔အတြက္လည္း ေအာက္တိုဘာလ (၂၀) ရက္က လက္မွတ္ေရးထိုး ခဲ့တဲ့ ပါတီႏွစ္ခုရဲ႕ မိတ္ဖက္သေဘာတူညီခ်က္ထဲမွာ ထည့္သြင္းေဖာ္ျပထားပါတယ္။ အဲဒီသေဘာတူညီ ခ်က္က ေနာက္တစ္ေန႔မွာ LDP အႀကီးအကဲ ဆာနဲတာကာအိခ်ီကို ဝန္ႀကီးခ်ဳပ္ျဖစ္လာဖို႔ လမ္းဖြင့္ေပးခဲ့ တာျဖစ္ပါတယ္။ LDP ပါတီရဲ႕ ဥပေဒမူၾကမ္း ေရးဆြဲေရးအဖြဲ႕ကို ဦးေဆာင္ေနတဲ့ ဝါရင့္လႊတ္ေတာ္ အမတ္ Yoshitaka Shindo က JIP ပါတီနဲ႔ ပထမဆုံးအႀကိမ္ က်င္းပတဲ့အစည္းအေဝးမွာ “ကြၽန္ေတာ္တို႔ မွာ တူညီတဲ့ရည္မွန္းခ်က္ေတြရွိတဲ့အတြက္ ေဆြးေႏြးမႈေတြကို ေရွ႕ဆက္လုပ္ေဆာင္ခ်င္ပါတယ္” လို႔ ေျပာ ခဲ့ပါတယ္။ JIP ပါတီဘက္က ဦးေဆာင္သူ Nobuyuki Baba ကေတာ့ “အခုလို အဖြဲ႕တစ္ခု ဖြဲ႕စည္းႏိုင္ တာဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးဆီကို တစ္လွမ္းပိုနီးလာတယ္” လို႔ ေျပာပါတယ္။
ဂ်ပန္ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ (၁၉၄၇) ခုႏွစ္မွာ စတင္အသက္ဝင္ခဲ့ၿပီးကတည္းက ဘယ္တုန္းကမွ မေျပာင္းလဲေသးဘဲ၊ တရားဝင္ ျပင္ဆင္တာမ်ိဳးလည္း မရွိခဲ့ပါဘူး။ ဒီလိုမလုပ္ႏိုင္ရတဲ့ အေၾကာင္းရင္းေတြထဲမွာ လႊတ္ေတာ္က အတည္ျပဳဖို႔အတြက္ လိုအပ္တဲ့စိန္ေခၚမႈတစ္ခုလည္း ပါဝင္ေန ပါတယ္။ ပုဒ္မ (၉၆) မွာ ေဖာ္ျပထားတာကေတာ့ ျပင္ဆင္မႈတိုင္းအတြက္ လႊတ္ေတာ္ႏွစ္ရပ္လုံးက ဥပေဒ ျပဳအမတ္ သုံးပုံႏွစ္ပုံရဲ႕ အတည္ျပဳခ်က္ ရယူရမွာျဖစ္ၿပီး၊ ေနာက္ပိုင္းမွာေတာ့ အမ်ိဳးသား ဆႏၵခံယူပြဲမွာ အမ်ားစုရဲ႕ ေထာက္ခံခ်က္ ရယူရမွာ ျဖစ္ပါတယ္။ ဖြဲ႕စည္းပုံျပင္ဆင္ဖို႔အတြက္ ျဖစ္ႏိုင္ ေျခဟာ အရမ္းကို ေဝးကြာေနတဲ့အတြက္ ဆႏၵခံယူပြဲကို ဘယ္လိုက်င္းပရမယ္ဆိုတာ သတ္မွတ္ႏိုင္မယ့္ အမ်ိဳး သားဥပေဒ တစ္ရပ္ကို (၂၁) ရာစု အေစာပိုင္းအထိ စဥ္းစားခဲ့ျခင္း မရွိေသးပါဘူး။ အဲဒီလို ဥပေဒမ်ိဳး ပထမဆုံးအႀကိမ္ လႊတ္ေတာ္ကေန အတည္ျပဳခဲ့တာက (၂၀ဝ၇) ခုႏွစ္မွာ ျဖစ္ၿပီး (၂၀၁၄) ခုႏွစ္မွာ ျပန္လည္ျပင္ဆင္ခဲ့ပါ တယ္။
LDP ပါတီဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး လႊတ္ေတာ္မွာေဆြးေႏြးဖို႔ ႏွစ္ႀကိမ္တိုင္တိုင္ ႀကိဳးပမ္းခဲ့ဖူးပါတယ္။ ပထမအႀကိမ္ ႀကိဳးပမ္းမႈက (၁၉၅၆) ခုႏွစ္၊ ဇြန္လ (၁၁) ရက္မွာ စတင္ခဲ့ၿပီး အဲဒီအခ်ိန္မွာ လႊတ္ေတာ္က ဖြဲ႕စည္းပုံ အေျခခံဥပေဒဆိုင္ရာ ေကာ္မရွင္ကို ဖြဲ႕စည္းခဲ့ပါတယ္။ အဲဒီအခ်ိန္က အႀကီးဆုံးအတိုက္အခံပါတီျဖစ္တဲ့ ဂ်ပန္ဆိုရွယ္လစ္ပါတီက ျပင္ဆင္ေရးကို ေထာက္ခံဖို႔ အတြက္ ေကာ္မရွင္မွာ ပါဝင္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့ ေကာ္မရွင္က ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ဘယ္လိုေရးဆြဲခဲ့တယ္ဆိုတာကို ရွင္းလင္းဖို႔၊ လုပ္ငန္းစဥ္မွာ ပါဝင္ခဲ့တဲ့ အေမရိကန္နဲ႔ ဂ်ပန္ ပါဝင္သူေတြကိုေမးျမန္းဖို႔ပဲ အဓိက ႀကိဳးပမ္းခဲ့ရပါတယ္။ ေကာ္မရွင္က သူ႔ရဲ႕ေနာက္ဆုံးအစီရင္ခံစာကို ထုတ္ျပန္တဲ့အခါမွာ အဲဒီအဖြဲ႕ထဲမွာ လႊတ္ေတာ္ႏွစ္ရပ္လုံးက LDP အဖြဲ႕ဝင္ေတြျဖစ္တဲ့ ဥပေဒျပဳအမတ္ (၁၉) ဦးသာ ပါဝင္ခဲ့ပါတယ္။
ဖြဲ႕စည္းပုံအေျခခံဥပေဒကို လႊတ္ေတာ္မွာ ျပန္လည္သုံးသပ္ဖို႔ ဒုတိယအႀကိမ္ ႀကိဳးပမ္းမႈကေတာ့ (၂၀ဝဝ) ျပည့္ႏွစ္မွာ စတင္ခဲ့ပါတယ္။ လႊတ္ေတာ္တစ္ရပ္စီက သူတို႔ရဲ႕ သီးျခား ဖြဲ႕စည္းပုံအေျခခံဥပေဒ ဆိုင္ရာ သုေတသနေကာ္မရွင္ကို ဖြဲ႕စည္းခဲ့ပါတယ္။ ေအာက္လႊတ္ေတာ္ေကာ္မရွင္မွာ ဥပေဒျပဳအမတ္ (၅၀) ဦးနဲ႔ အထက္လႊတ္ေတာ္ေကာ္မရွင္မွာ (၄၅) ဦး ပါဝင္ခဲ့ပါတယ္။ LDP ပါတီ၊ DPJ ပါတီနဲ႔ Komeito တို႔ၾကားမွာ သေဘာတူညီခ်က္ရတဲ့ က႑တခ်ိဳ႕ေပၚထြက္လာခဲ့ပါတယ္။ ေကာ္မရွင္တစ္ခုစီက (၂၀ဝ၅) ခုႏွစ္မွာ အစီရင္ခံစာတစ္ေစာင္စီ ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီအစီရင္ခံစာေတြဟာ အႀကံျပဳခ်က္ေတြ မပါ ဝင္ဘဲ ေနာင္ေဆြးေႏြးမႈအတြက္ အေျခခံအုတ္ျမစ္တစ္ခုသာ ျဖစ္ခဲ့ပါတယ္။
(၂၀ဝ၇) ခုႏွစ္မွာ LDP ပါတီရဲ႕ ဦးေဆာင္မႈနဲ႔ အမ်ိဳးသား ဆႏၵခံယူပြဲက်င္းပဖို႔ လုပ္ထုံးလုပ္နည္း ေတြ ဖန္တီးေပးမယ့္ ဥပေဒၾကမ္းကို လႊတ္ေတာ္မွာ တင္သြင္းခဲ့ပါတယ္။ Komeito နဲ႔ မဟာမိတ္ဖြဲ႕ျခင္း အားျဖင့္ ဒီဥပေဒၾကမ္းဟာ လႊတ္ေတာ္ႏွစ္ရပ္လုံးကို ေအာင္ ျမင္စြာ ျဖတ္ေက်ာ္ႏိုင္ခဲ့ပါတယ္။ (၂၀၁၄) ခုႏွစ္မွာေတာ့ လႊတ္ေတာ္က မဲေပးႏိုင္တဲ့ အသက္အ႐ြယ္ကို ဆယ့္ရွစ္ႏွစ္အထိ ေလွ်ာ့ခ်ဖို႔အတြက္ အတိုက္အခံ အနည္းငယ္နဲ႔အတူ ဥပေဒကို ျပင္ဆင္ခဲ့ျပန္ပါတယ္။ ဒါေတြဟာ ဂ်ပန္အစိုးရအေနနဲ႔ ဖြဲ႕စည္း ပုံအေျခခံ ဥပေဒပါ ျပ႒ာန္းခ်က္တခ်ိဳ႕ကို ခဲရာခဲဆစ္ ျပင္ဆင္ဖို႔ ႀကိဳးပမ္းမႈေတြပဲျဖစ္ပါတယ္။
ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘးက ပုဒ္မ(၉) ဟာ အေမရိကန္ရဲ႕ “အတင္းအက်ပ္ခ်မွတ္မႈ” ျဖစ္တယ္လို႔ ရႈျမင္ခဲ့ပါတယ္။ ယခုဂ်ပန္ဝန္ႀကီးခ်ဳပ္လက္ထက္မွာလည္း ဖြဲ႕စည္းပုံ အေျခခံဥပေဒ ပုဒ္မ (၉) ကို ျပင္ဆင္ဖို႔ ႀကိဳးပမ္းျပန္ပါတယ္။ ဂ်ပန္ဖြဲ႕စည္းပုံ အေျခခံဥပေဒရဲ႕ ပုဒ္မ (၉) ကို “ၿငိမ္းခ်မ္းေရးလို လားတဲ့ ျပ႒ာန္းခ်က္” လို႔လည္း သိၾကပါတယ္။ အဲဒီပုဒ္မက ဒုတိယကမာၻစစ္အၿပီး ဂ်ပန္ကို စစ္ကို စြန႔္ လႊတ္ဖို႔နဲ႔ ႏိုင္ငံတကာ အျငင္းပြားမႈေတြကို ေျဖရွင္းဖို႔အတြက္ ဂ်ပန္က စစ္အင္အားရွိတဲ့ လက္နက္ကိုင္ တပ္ဖြဲ႕ေတြ ဖြဲ႕စည္းတည္ေထာင္တာမ်ိဳးကို တားျမစ္ထားပါတယ္။ ဒုတိယကမာၻစစ္အၿပီး အေမရိကန္က ေနာင္လာမယ့္ ဂ်ပန္ရဲ႕ ရန္လိုမႈကို ကာကြယ္ဖို႔အတြက္ ေရးဆြဲခဲ့တာျဖစ္ေပမယ့္ အေမရိကန္ရဲ႕ရပ္တည္ ခ်က္က ႏွစ္ေတြၾကာျမင့္လာတာနဲ႔အမွ် ေျပာင္းလဲလို႔လာပါတယ္။ အစပိုင္းမွာ အေမရိကန္က ဂ်ပန္ႏိုင္ငံ ရဲ႕ ကိုယ့္ကိုယ္ ကိုယ္ကာကြယ္ႏိုင္စြမ္းမရွိတာကို ျဖည့္ဆည္းေပးဖို႔အတြက္ လုံၿခဳံေရးစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း ကို ေထာက္ခံခဲ့ပါတယ္။ ဒါေပမဲ့ ႏွစ္ႏိုင္ငံၾကား မဟာမိတ္ဆက္ဆံေရး တိုးျမင့္လာတာနဲ႔အမွ် အေမရိကန္ မူဝါဒက ဂ်ပန္ႏိုင္ငံကို ေဒသတြင္းလုံၿခဳံေရးမွာ ပိုမိုႀကီးမားတဲ့အခန္းက႑က ပါဝင္လာဖို႔ တြန္းအားေပး လာပါတယ္။
ယခုအခါမွာေတာ့ တာကာအိခ်ီဟာ ဂ်ပန္ႏိုင္ငံရဲ႕ ကာကြယ္ေရး အသုံးစရိတ္ကို စုစုေပါင္း GDP ရဲ႕ (၁) ရာခိုင္ႏႈန္းကေန (၂) ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ၿပီး ေဒသတြင္းက အထူးသျဖင့္ ေျမာက္ကိုရီးယားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ဆီက ၿခိမ္းေျခာက္မႈေတြကို တားဆီး ႏိုင္ဖို႔ ရည္႐ြယ္ထားပါတယ္။ ဒီလိုပုံစံနဲ႔ သူက ကာ ကြယ္ေရးနဲ႔ ပတ္သက္ၿပီး ပိုမိုတင္းမာတဲ့ ဂ်ပန္ရဲ႕ ရပ္တည္ခ်က္ကို ျပသခဲ့ပါတယ္။ ဒါေၾကာင့္ သူမဟာ ပထဝီႏိုင္ငံေရးဆိုင္ရာ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနရၿပီး လက္ရွိအခ်ိန္မွာလည္း ႏွစ္ (၂၀) ကာလအတြင္း ဘယ္ဂ်ပန္ဝန္ႀကီးခ်ဳပ္ကမွ မလုပ္ခဲ့ဖူးတဲ့ Yasukuni ဂ်ပန္စစ္သခ်ႋဳင္းကို သြားေရာက္ဂါရဝျပဳခဲ့လို႔ ေဝဖန္မႈေတြျပင္းထန္ေနပါတယ္။ “စစ္ရာဇဝတ္သားေတြဟာလည္း ကြပ္မ်က္ခံခဲ့ရတာေၾကာင့္ ႏွစ္သိမ့္ ေပးခြင့္ရွိတယ္”လို႔ သူမက ဆိုပါတယ္။ ဒါေပမဲ့ ဂ်ပန္ႏိုင္ငံရဲ႕ က်ဴးေက်ာ္သိမ္းပိုက္မႈဒဏ္ကို ခံစားခဲ့ရတဲ့ ေတာင္ကိုရီးယားနဲ႔ တ႐ုတ္ႏိုင္ငံတို႔ကေတာ့ ဒီလိုမယူဆၾကပါဘူး။
ဒီလိုသာ တာကာအိခ်ီအေနနဲ႔ ပိုၿပီးတင္းမာတဲ့ အမ်ိဳးသားေရးဝါဒီ ရပ္တည္ခ်က္ကို ေထာက္ခံ အားေပးမယ္ဆိုရင္ အဲဒါဟာ ဂ်ပန္အစိုးရရဲ႕ ယခင္ မူဝါဒလမ္းေၾကာင္းကေန သိသာစြာ ေသြဖည္သြား တာမ်ိဳးျဖစ္လိမ့္မယ္လို႔ သုံးသပ္သူေတြက ဆိုပါတယ္။ သူမ ရာထူးတက္ၿပီး တစ္လေက်ာ္အတြင္းမွာပဲ စစ္အသုံးစရိတ္ကို သိသိသာသာ တိုးျမႇင့္တာ၊ လက္နက္တင္ပို႔မႈ ထိန္းခ်ဳပ္တာေတြကို အျပည့္အဝ ေလွ်ာ့ ေပါ့ေပးတာ၊ ႀကိဳတင္တိုက္ခိုက္ႏိုင္စြမ္းကို တိုးျမႇင့္တာနဲ႔ လုံၿခဳံေရးဆိုင္ရာ စာ႐ြက္စာတမ္းေတြကို အလ်င္ အျမန္ ျပင္ဆင္တာတို႔အပါအဝင္ ႀကီးမားတဲ့ ကာကြယ္ေရးဆိုင္ရာ တိုးခ်ဲ႕ေရး အဆိုျပဳခ်က္ေတြကို ထုတ္ ေဖာ္ေျပာၾကားလာခဲ့ပါတယ္။ အဲဒီအထဲမွာ အျငင္းပြားစရာအေကာင္းဆုံးကေတာ့ ဂ်ပန္ႏိုင္ငံရဲ႕ ေရရွည္ တည္တံ့ခဲ့တဲ့ “န်ဴကလီးယားမူသုံးခ်က္” ကေန ေနာက္ျပန္ဆုတ္မယ့္ အရိပ္အေယာင္ေတြပဲ ျဖစ္ပါတယ္။
ဒီလုပ္ရပ္ေတြကို စုေပါင္းၾကည့္မယ္ဆိုရင္ အစိုးရအေနနဲ႔ စစ္ၿပီးေခတ္ ထိန္းခ်ဳပ္မႈကေန ပိုၿပီး ခိုင္ မာတဲ့၊ စစ္ေရးဆန္တဲ့ အေနအထားဆီသို႔ ေျပာင္းလဲဖို႔ ရည္႐ြယ္ေနတယ္ဆိုတာကို ေဖာ္ျပေနပါတယ္။ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ လႊတ္ေတာ္ ၾကားနာပြဲတစ္ခုအတြင္းမွာလည္း Takaichi က အျငင္းပြားဖြယ္ ျဖစ္တဲ့ (၂၀၁၅) ခုႏွစ္ ဥပေဒကို ထိုင္ဝမ္ကိစၥနဲ႔ ခ်ိတ္ဆက္ေျပာဆိုခဲ့တာေၾကာင့္ တ႐ုတ္နဲ႔ တင္းမာမႈေတြ ရွိလာခဲ့ျပန္ပါတယ္။ အဲဒီ ဥပေဒအရ ဂ်ပန္ႏိုင္ငံအေနနဲ႔ ျပည္ပပဋိပကၡေတြမွာ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ ႏိုင္ဖို႔အတြက္ ပူးေပါင္း ပါဝင္ခြင့္ရွိတယ္ဆိုၿပီး ျပ႒ာန္းထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ ထိုင္ဝမ္အေရးမွာ ဂ်ပန္က ၾကားဝင္ကူညီလာႏိုင္တယ္ဆိုၿပီး တ႐ုတ္က ယူဆလာတာျဖစ္ပါတယ္။
အခ်ိဳ႕က “ထိုင္ဝမ္အေရးနဲ႔ပတ္သက္လို႔ ဝန္ႀကီးခ်ဳပ္ရဲ႕လႈံ႕ေဆာ္မႈက တ႐ုတ္ႏိုင္ငံကို ေသြးဆူ ေအာင္လုပ္ေနတယ္” လို႔ သုံးသပ္ၾကပါတယ္။ ဒီလိုလုပ္ရပ္က ဂ်ပန္အတြက္ ဘာအက်ိဳးမွမရွိဘဲ မဟာဗ်ဴ ဟာေျမာက္အႏၲရာယ္ေတြကိုသာ ဖန္တီးသလိုျဖစ္ေနပါတယ္။ အခ်ိဳ႕ကေတာ့ ဂ်ပန္ႏိုင္ငံက လုံၿခဳံေရး ကိစၥေတြအတြက္ အႀကီးအက်ယ္အားထားေနရတဲ့ အေမရိကန္ကေတာင္ တ႐ုတ္အေပၚ မလိုအပ္ဘဲ ေသြးဆူေအာင္မလုပ္မိဖို႔ သတိထားေနခ်ိန္မွာ ဂ်ပန္က အေမရိကန္ကို ပဋိပကၡထဲဆြဲသြင္းဖို႔ ႀကိဳးစားေန တယ္လို႔ေထာက္ျပခဲ့ၾကပါတယ္။ ဒီလို စိုးရိမ္ဖြယ္ေဒသတြင္း တင္းမာမႈေတြၾကားမွာ တာကာအိခ်ီရဲ႕ စစ္ အင္အားတိုးခ်ဲ႕ဖို႔ အိပ္မက္ျဖစ္တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ (၉) ျပင္ဆင္ေရးဟာ တကယ္တမ္း အေကာင္အထည္ေဖာ္ႏိုင္ပါ့မလားဆိုတာကေတာ့ စဥ္းစားစရာကိစၥတစ္ရပ္အျဖစ္ က်န္ရွိေနပါတယ္။