တိဘက်တောင်တန်းများတွင် ရှာဖွေတွေ့ရှိခဲ့သည့် ကမ္ဘာ့သက်တမ်းအရင့်ဆုံး စပျစ်နွယ်ပင်

 272

Pika (NP News) - နိုဝင်ဘာလ ၂၈

တိဘက်တောင်တန်းများတွင်တွေ့ရှိခဲ့ သော စပျစ်နွယ်ပင်တစ်ပင်သည် သက်တမ်း(၄၁၆)နှစ်ရှိပြီဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့ သက်တမ်းအရင့်ဆုံး သဘာဝအလျောက်ရှင်သန်နေ သည့်နွယ်ပင်အဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က တရားဝင်အသိအမှတ်ပြုခဲ့ကြောင်း သိရသည်။

ဇိုဂန်ကောင်တီ၊ ဇူးဘာရွာတွင်တည်ရှိသော စပျစ်နွယ်ပင်ကို ချန်ဒူးမြို့ရှိ ရှေးဟောင်းနှင့်ထင်ရှား သောသစ်ပင်များကို စစ်တမ်းကောက်ယူစဉ် အချိန် အတွင်း ပထမဆုံးရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိ ရသည်။ နောက်ပိုင်းတွင် တရုတ်နိုင်ငံ အနောက် တောင်ပိုင်းသစ်တောတက္ကသိုလ်ရှိ သစ်သား သိပ္ပံ သုတေသနဓာတ်ခွဲခန်းမှ သိပ္ပံပညာရှင်များက ယင်းစပျစ်နွယ်ပင်ကို ခွဲခြမ်းစိတ်ဖြာမှုများလုပ်ဆောင် ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သုတေသီများသည် စပျစ်နွယ်ပင်၏ သက်တမ်းကိုဆုံးဖြတ်ရန်အတွက် လက်စွပ်ခွဲခြမ်း စိတ်ဖြာမှုကို အသုံးပြုမှုနှင့် ရုပ်ပိုင်းဆိုင်ရာတိုင်းတာမှုများကို လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။ထို့နောက် ပြီးခဲ့သည့်စက်တင်ဘာလတွင် အဆိုပါ စပျစ်နွယ်ပင်ကို သက်တမ်း(၄၁၆)နှစ်ရှိပြီဖြစ်သည့် ကမ္ဘာ့သက်တမ်းအရင့်ဆုံး သဘာဝအလျောက်ရှင် သန်နေသည့် နွယ်ပင်အဖြစ် ဂင်းနစ်စံချိန်အဖွဲ့က တရားဝင်အသိအမှတ်ပြုခဲ့ကြောင်းသိရသည်။ အမြင့် ပေ(၇၉၀ဝ)နီးပါးတွင်တည်ရှိသော စပျစ်နွယ်ပင် သည် အမြင့်(၂၆)ပေခန့်ရှိပြီး အချင်း(၂)ပေကျော်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
တိဘက္ေတာင္တန္းမ်ားတြင္ ရွာေဖြေတြ႕ရွိခဲ့သည့္ ကမာၻ႔သက္တမ္းအရင့္ဆုံး စပ်စ္ႏြယ္ပင္
Pika (NP News) - ႏိုဝင္ဘာလ ၂၈

တိဘက္ေတာင္တန္းမ်ားတြင္ေတြ႕ရွိခဲ့ ေသာ စပ်စ္ႏြယ္ပင္တစ္ပင္သည္ သက္တမ္း(၄၁၆)ႏွစ္ရွိၿပီျဖစ္ေၾကာင္း ရွာေဖြေတြ႕ရွိခဲ့ၿပီးေနာက္ ကမာၻ႔ သက္တမ္းအရင့္ဆုံး သဘာဝအေလ်ာက္ရွင္သန္ေန သည့္ႏြယ္ပင္အျဖစ္ ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က တရားဝင္အသိအမွတ္ျပဳခဲ့ေၾကာင္း သိရသည္။

ဇိုဂန္ေကာင္တီ၊ ဇူးဘာ႐ြာတြင္တည္ရွိေသာ စပ်စ္ႏြယ္ပင္ကို ခ်န္ဒူးၿမိဳ႕ရွိ ေရွးေဟာင္းႏွင့္ထင္ရွား ေသာသစ္ပင္မ်ားကို စစ္တမ္းေကာက္ယူစဥ္ အခ်ိန္ အတြင္း ပထမဆုံးရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္းသိ ရသည္။ ေနာက္ပိုင္းတြင္ တ႐ုတ္ႏိုင္ငံ အေနာက္ ေတာင္ပိုင္းသစ္ေတာတကၠသိုလ္ရွိ သစ္သား သိပၸံ သုေတသနဓာတ္ခြဲခန္းမွ သိပၸံပညာရွင္မ်ားက ယင္းစပ်စ္ႏြယ္ပင္ကို ခြဲျခမ္းစိတ္ျဖာမႈမ်ားလုပ္ေဆာင္ ခဲ့ၾကေၾကာင္း သိရသည္။

ထို႔ျပင္ သုေတသီမ်ားသည္ စပ်စ္ႏြယ္ပင္၏ သက္တမ္းကိုဆုံးျဖတ္ရန္အတြက္ လက္စြပ္ခြဲျခမ္း စိတ္ျဖာမႈကို အသုံးျပဳမႈႏွင့္ ႐ုပ္ပိုင္းဆိုင္ရာတိုင္းတာမႈမ်ားကို လုပ္ေဆာင္ခဲ့ၾကေၾကာင္းသိရသည္။ထို႔ေနာက္ ၿပီးခဲ့သည့္စက္တင္ဘာလတြင္ အဆိုပါ စပ်စ္ႏြယ္ပင္ကို သက္တမ္း(၄၁၆)ႏွစ္ရွိၿပီျဖစ္သည့္ ကမာၻ႔သက္တမ္းအရင့္ဆုံး သဘာဝအေလ်ာက္ရွင္ သန္ေနသည့္ ႏြယ္ပင္အျဖစ္ ဂင္းနစ္စံခ်ိန္အဖြဲ႕က တရားဝင္အသိအမွတ္ျပဳခဲ့ေၾကာင္းသိရသည္။ အျမင့္ ေပ(၇၉၀ဝ)နီးပါးတြင္တည္ရွိေသာ စပ်စ္ႏြယ္ပင္ သည္ အျမင့္(၂၆)ေပခန႔္ရွိၿပီး အခ်င္း(၂)ေပေက်ာ္ရွိေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.