ပုသိမ်ဧည့်မထတန်ချိန်(၇၅၀၀)ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့တင်ပို့မည်

227
ပြည့်ဖြိုး(NP News) ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုဇုန်စီမံကိန်းမှ ထွက်ရှိသည့် ဧည့်မထ (၅) မှတ်ဆန် တန်ချိန် (၇,၅၀၀) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G စနစ်ဖြင့် တင်ပို့သွားမည်ဖြစ်ကြောင်း ပုသိမ်စက်မှုဇုန်စီမံကိန်းမှ သိရသည်။
အဆိုပါ စနစ်အသုံးပြုပြီး ပထမအကြိမ် အနေဖြင့် ဆန်တန်ချိန် (၂၅၀၀) ကို တင်ပို့သွားမည်ဖြစ်ရာ လက်ရှိတွင် တင်ပို့မည့် ဆန်များအား ပုံမှန်ပို့ဆောင်ရေးလမ်းကြောင်းဖြင့် တင်ပို့နိုင်ရန်အတွက် သင်္ဘောကုန်တင်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် ပုသိမ်စက်မှုဇုန်စီမံကိန်းမှ ဧည့်မထ ၅ မှတ်ဆန်များကို ကြိတ်ခွဲထုတ်လုပ်လျက်ရှိပြီး ကြိတ်ခွဲထုတ်လုပ်မှုများကို ၄၀၀ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်အသုံးပြုပြီး ဆန်များအရည်အသွေး ပြည့်မီအောင် စနစ်တကျကြိတ်ခွဲနေကြောင်း သိရသည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း တင်ပို့သည့် ဆန်များ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း တင်ဆောင်နိုင်ရေးနှင့် ပို့ကုန်တင်ပို့ရာတွင် ကုန်သွယ်မှုဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ် နည်းများနှင့်အညီ တင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ပုသိမ္ဧည့္မထတန္ခ်ိန္(၇၅၀၀)ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔တင္ပို႔မည္
ျပည့္ၿဖိဳး(NP News) ဒီဇင္ဘာ ၃
ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္စက္မႈဇုန္စီမံကိန္းမွ ထြက္ရွိသည့္ ဧည့္မထ (၅) မွတ္ဆန္ တန္ခ်ိန္ (၇,၅၀၀) ကို ဘဂၤလားေဒ့ရွ္ႏိုင္ငံသို႔ G to G စနစ္ျဖင့္ တင္ပို႔သြားမည္ျဖစ္ေၾကာင္း ပုသိမ္စက္မႈဇုန္စီမံကိန္းမွ သိရသည္။
အဆိုပါ စနစ္အသုံးျပဳၿပီး ပထမအႀကိမ္ အေနျဖင့္ ဆန္တန္ခ်ိန္ (၂၅၀၀) ကို တင္ပို႔သြားမည္ျဖစ္ရာ လက္ရွိတြင္ တင္ပို႔မည့္ ဆန္မ်ားအား ပုံမွန္ပို႔ေဆာင္ေရးလမ္းေၾကာင္းျဖင့္ တင္ပို႔ႏိုင္ရန္အတြက္ သေဘၤာကုန္တင္ျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ပုသိမ္စက္မႈဇုန္စီမံကိန္းမွ ဧည့္မထ ၅ မွတ္ဆန္မ်ားကို ႀကိတ္ခြဲထုတ္လုပ္လ်က္ရွိၿပီး ႀကိတ္ခြဲထုတ္လုပ္မႈမ်ားကို ၄၀၀ ကီလိုဝပ္ ဆိုလာစနစ္တပ္ဆင္အသုံးျပဳၿပီး ဆန္မ်ားအရည္အေသြး ျပည့္မီေအာင္ စနစ္တက်ႀကိတ္ခြဲေနေၾကာင္း သိရသည္။
ထို႔အျပင္ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွလည္း တင္ပို႔သည့္ ဆန္မ်ား အရည္အေသြးျပည့္မီေရး၊ သတ္မွတ္ကာလအတြင္း တင္ေဆာင္ႏိုင္ေရးႏွင့္ ပို႔ကုန္တင္ပို႔ရာတြင္ ကုန္သြယ္မႈဆိုင္ရာဌာနမ်ား၏ လုပ္ထုံးလုပ္ နည္းမ်ားႏွင့္အညီ တင္ပို႔ႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။