"ကျားဖျန့်လိမ်လို့ရအောင် Data ဘယ်သူထုတ်ပေးနေသလဲ၊ တရုတ်မပါဘဲနဲ့ Data မရဘူးလေ"

287

NP News - ဒီဇင်ဘာလ ၇
(ယခင်တစ်ပတ်မှအဆက်)
မေး-အဲဒီတော့ Cryptocurrency ကို တိုက်ဖျက် ရမှာလား။
ဖြေ-တိုက်ဖျက်လို့လည်းမရဘူး။ သူက Decentralized network ဖြစ်နေတာကိုး။ ထိန်းချုပ်လို့မရဘူး။ ဒါပေမဲ့ ခင်ဗျားနဲ့ကျွန်တော်နဲ့ အပြင်မှာ Face to Face ခင်ဗျားက ကျွန်တော့်ကိုရွှေပေးတယ်။ ကျွန် တော်က ဒေါ်လာပေးလိုက်တယ်။ ဘယ်လိုမှထိန်းချုပ် လို့မရ ဘူး။ ခင်ဗျားနဲ့ကျွန်တော်နဲ့ပဲသိတာ။ Cryptocurrency က အဲဒီလိုမျိုးပဲ။ ဒါပေမဲ့ ခင်ဗျားက ဒေါ် လာပေးတယ်။ ဘဏ်ကနေပေးတယ်။ မြန်မာငွေပြန် ပေးလိုက်တယ်ဆိုရင် Bank Network ပေါ်မှာလုပ် သွားတဲ့အတွက် Bank ကိုတောင်းပြီး Data ကြည့် လို့ရတယ်။ Cryptocurrency ကိုကျွန်တော်တို့က ထိန်းချုပ်လို့မရဘူး။ ထိန်းချုပ်လို့ရတဲ့နည်းက အဲဒီ ကောင်တွေ ဒီမှာရုံးလာထိုင် ဒါဆိုရင် ဘယ်သူကဘယ် သူ့ကိုလွှဲသွားတယ်ဆိုတာ အစိုးရက တောင်းကြည့် လို့ရတယ်။
မေး- Cryptocurrency ကိုင်တဲ့လူတွေကို ရုံးလာ ထိုင်လို့ပြောရင် အဲဒီ Cryptocurrency ကိုင်တဲ့လူ တွေကို ဘယ်သူက ဆက်သွယ်လို့ရမလဲ။ Cryptocurrency ကိုင်ထားတဲ့လူကို ဘယ်လိုသိရမလဲ။
ဖြေ-အစိုးရကပဲဆက်သွယ်လို့ရမှာ။ ဘယ်လိုသိမလဲ ဆိုတော့ သူက ဘဏ်လိုမျိုးပဲ။ ဒီဘဏ်ကြီးပေါ်မှာ ကျွန်တော်တို့ကတက်ပြီးတော့ ငွေလွှဲတယ်၊ ငွေထုတ် တယ်၊ ငွေပို့တယ်။ အဲဒါတွေလုပ်တာ။ အဲဒါလိုဟာမျိုး တွေကိုထောင်ထားတဲ့ကုမ္ပဏီတွေက လက်ချိုးရေလို့ ရတယ်။ Binance ဆိုတာရှိတယ်၊ Bybit(Biconomy) ဆိုတာရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာဆိုရင် ဘဏ်တွေလိုမျိုး။ အဲဒီလိုဟာတွေရှိတယ်။ အဲဒီလိုဟာ တွေကို အစိုးရအနေနဲ့ တရားဝင်ခေါ်ပြီးတော့စကား ပြောရမှာ။ အဲဒါမှ ဒီနိုင်ငံထဲကထွက်နေတဲ့ပိုက်ဆံ တွေက ဘယ်ကိုထွက်နေတာလဲ၊ ဘယ်ကိုသွားနေတာ လဲ၊ ဘာတွေလုပ်နေတာလဲ။ အစိုးရက ကောင်း ကောင်းကြည့်လို့ရမှာ။
မေး- Bitcoin ကို တစ်ကမ္ဘာလုံးက ဝိုင်းပိတ်လိုက် လို့မရဘူးလား။
ဖြေ-မရဘူး။ ခင်ဗျားကပိုက်ဆံကိုင်ထားတယ်ဆိုရင် နောက်ဆုံး ခင်ဗျားဘဏ်ထဲကပိုက်ဆံပဲပိတ်လို့ရမှာ။ အစိုးရကပိတ်ရင်တောင် ခင်ဗျားလက်ထဲမှာရှိတဲ့အ ရွက်ကိုပိတ်လို့မရဘူး။ Crypto လည်းဒီတိုင်းပဲ။ အ ကုန်လုံးက တစ်ခုခုလွှဲချင်တယ်ဆိုမှ အဲဒီအပေါ်ကို တက်လာတာ။ အကုန်လုံးက Stick တစ်ခုခုကနေ၊ ဒါမှမဟုတ် အဲဒီ Password (၁၆)လုံးကို သိမ်းထား လိုက်မှာ။ ကိုယ်လွှဲမယ်ဆိုမှ ဝင်ပြီးလွှဲတယ်။ အဲဒီပိုက် ဆံတွေက ခင်ဗျားအိတ်ထဲမှာ အဲဒီလိုဖြစ်နေတာ။ အဲဒီတော့ ဘယ်လိုလွှဲလဲဆိုတော့ လွှဲတဲ့အခါမှာသိနိုင် အောင် တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာထားရမှာ။ US တို့၊ ထိုင်းတို့ဆိုရင် အဲဒီလိုထားထားတာပဲ။ လွှဲရင် ရတယ်၊ ကြိုက်တဲ့လူလွှဲ။ သူတို့က ဘာမှဝင်မကြည့် ဘူး။ ဒါပေမဲ့ သူ့နိုင်ငံဗုံးဖောက်မှာတို့၊ အကြမ်းဖက်မှာ တို့ အဲဒီလိုလာလုပ်လို့မရဘူး။ ဟားမတ်စ်ကဟာတွေ ဆိုရင် US က အကုန်လုံးကိုပိတ်ခိုင်းတာ။ အဲဒီကောင် တွေပိတ်ရမယ်ဆို ပိတ်ရတာပဲ။ မဟုတ်ဘူးဆိုရင် မင်း ရဲ့ Crypto ငါတို့နိုင်ငံမှာလာလုပ်လို့မရဘူး။ မင်းရုံး ငါတို့ဆီမှာ လာထိုင်လို့မရဘူး။ ပိတ်ရတာပဲ။ ကျွန် တော်တို့က ဒီဟာ ဒီလိုရှိနေသရွေ့ Crypto ဆိုတဲ့ ဟာ မရှိဘူးထားလိုက်ဦး။ ကျားဖျန့်တွေ၊ လောင်းက စားတွေ၊ မူးယစ်ဆေးတွေ၊ လက်နက်တွေ၊ လူကုန်ကူး တွေရှိနေသရွေ့က Crypto Network ကရှိနေမှာပဲ။ Crypto ရှိနေသရွေ့ ဒီဟာလည်းရှိနေဦးမှာပဲ။ မပျောက်သွားဘူး။ တစ်သက်လုံးလည်း ပျောက်မှာမ ဟုတ်ဘူး။ ဒါပေမဲ့ (၂၁၀ဝ)တို့ (၂၂၀ဝ)တို့ အဲဒီလို အခြေအနေမျိုးဆိုရင်တော့ Crypto Network ကို ဖောက်လို့ရတဲ့ Hacker တွေ ပေါ်ကောင်းပေါ်နိုင် တယ်။ အခုလောလောဆယ်ရှိနေတဲ့ Super Computerတောင် ဖောက်လို့မရသေးဘူး။
မေး - အခု မြန်မာပြည်မှာလည်ပတ်နေတဲ့ကျားဖျန့် က သေးသေးလေးဖြစ်နေတာပေါ့။ ဘာမှမဟုတ်သေး ဘူးပေါ့ ။
ဖြေ - ဘာမှမဟုတ်သေးဘူး။
မေး - ဘယ်လိုနားလည်ထားရမလဲ။
ဖြေ - ပြောရရင် ဒေတာထုတ်ပေးလို့ အဲဒီလူတွေကို သွားလိမ်တဲ့အဆင့်မှာပဲရှိသေးတယ်။ တရုတ်ပြည် ဘက်ကကုမ္ပဏီတွေက လိမ်ချင်တယ်။ ကာစတန်မာ တွေကိုလိမ်ချင်လို့ ဒေတာထုတ်ပေးပြီးတော့ ဒီနိုင်ငံ မှာလာလိမ်တဲ့အဆင့်မှာပဲရှိသေးတယ်။ ကမ္ဘောဒီး ယားက Prince Group က အဲဒီထက် (၁၀)ဆ လောက်ပိုကြမ်းတယ်။ တစ်ကမ္ဘာလုံးမှာရှိနေတဲ့ Crypto အကောင့်တွေအကုန်လုံးလိုက်ကြည့်ပြီး တော့ အများဆုံးကောင်တွေကို Target ထားသလို ဖြစ်နေတာ။ လူတစ်ယောက်တည်းကို တစ်ယောက်က လိမ်တာက လွယ်တယ်။ တစ်ယောက်နဲ့တစ်ယောက် မိနိုင်တယ်။ ဒါပေမဲ့ တစ်ယောက်တည်းကို (၁၀)ယောက်ကဝိုင်းလိမ်ရင် သတိကပ်ဖို့ခက်သွားပြီ။ ကျွန်တော်က ပြုလုပ်သူ၊ သူက ပူးပေါင်းသူ၊ သူက ဆောင်ရွက်သူ။ အစ်ကို ကျွန်တော်တို့ ဒီမှာ ရင်းနှီးမြှုပ် နှံမှုဆောင်ရွက်ဖို့ ဆိုလာတွေလုပ်မယ်၊ တာဝါတိုင်တွေ ထောင်မယ်။ ရင်းနှီးမြှုပ်နှံမလားဆိုပြီး အစ်ကိုက ရင်း နှီးမြှုပ်နှံပြီး အစ်ကို့အကောင့်ထဲက Bank Statement တောင်းကြည့်။ ရင်းနှီးမြှုပ်နှံမှုဆိုရင် Bank Statement ပြရမှာလေ။ ဟိုဟာတောင်းကြည့်တယ်၊ ဒီဟာတောင်းကြည့်တယ်။ အဲဒါနဲ့မလုံလောက်ဘူး။ Crypto Wallet ထဲမှာရှိတဲ့ Crypto amount ပါပြရမယ်ဆိုပြီး Crypto Wallet ထဲမှာရှိတဲ့ amount ပါပြလိုက်ရင် သူက Bank Statement ကို စိတ်မဝင်စားတော့ဘူး။ စောင့်ကြည့်လို့ရတာကိုး။ Crypto Wallet ထဲမှာရှိတဲ့ Crypto ပိုက်ဆံကိုပဲယူ တာ။ Prince Group ကလုပ်နေတဲ့ဟာက မြန်မာ ပြည်မှာလုပ်နေတာထက် (၁၀)ဆလောက်ပိုကြမ်း တယ်။ ကျောက်ဝေတို့ လာအိုမှာလုပ်နေတာထက် (၁၀)ဆလောက်ပိုကြမ်းတယ်။ နည်းပညာအရပဲ လူ တွေကိုပြန်လိမ်နေတာ။ Unknown နော်။ ခင်ဗျားကို လည်း ဘယ်သူမှမသိဘူး။ ကျွန်တော့်ကိုလည်း ဘယ် သူမှမသိတာကို တိုက်ရိုက်ကြီးလိမ်နေတာ။ မြန်မာ ပြည်မှာလိမ်နေတာဆိုတာ ဟိုဘက်က ဒေတာပေးပြီး သားကိုလိမ်ရတာ၊ မတူဘူး။ ကားသော့ပေးပြီးခိုးတာနဲ့ ကားကို ဒီတိုင်းခိုးရတာနဲ့မတူဘူးလေ။ မြန်မာပြည် ကလူတွေက ကားသော့ပေးပြီး ကားကိုဒီတိုင်းခိုးနေ တာ။ ဟိုကောင်တွေက ဘာကားမှန်းလဲမသိဘူး။Unknown ။ ဒါပေမဲ့ ကားတန်ဖိုးကြီးမှန်းသိတယ်။ လိမ်နေတာ။ ဟိုကောင်တွေကပိုဆိုးတယ်။ အဲဒီတော့ ဒီနိုင်ငံကကော၊ ကမ္ဘောဒီးယားရော၊ လာအိုမှာရှိနေတဲ့ Scamming ပေါ့နော်။ ကျားဖျန့်လုပ်ငန်းတွေက သူဌေးတွေအကုန်လုံးကို ခေါင်းဆောင်တွေ၊ သူဌေး တွေအကုန်လုံးကို တရုတ်ရော၊ အမေရိကန်ရော နှစ် ဖက်လုံးကလိုချင်ကြတာ။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံတွေရှိနေလို့။ ကျွန်တော်တို့နိုင်ငံကသူဌေး ကြီးတွေထက်တောင် ပိုက်ဆံတွေရှိနေလောက်တယ်။ ကျွန်တော်မှန်းခြေပြောကြည့်တာနော်။ ပိုက်ဆံတွေရှိ နေလောက်တယ်။ သိန်း(၁၀)မသိသာဘူး၊ (၂၀) မသိ သာဘူး၊ (၃၀)မသိသာဘူး၊ (၄၀) မသိသာဘူး၊ (၅၀) ကနေ သိန်း(၅၀ဝဝ)ကြားအထိဆို သိသာသွားပြီ။ သိန်း(၅၀ဝဝ)ကနေ သိန်း (၁၀ဝဝဝ)လောက်ဆိုရင် အများကြီး ပိုသိသာသွားပြီလေ။ ဘယ်လိုပြောမလဲ။ မြန်မာစကားပုံလားမသိဘူး။ ကုလားအုတ်က ခေါင်း လေးတိုးဝင်ခွင့်ပြုပါဦးဆိုပြီး တစ်ကိုယ်လုံးဝင်သွား တာ အဲဒီလိုမျိုးပေါ့။ ကျွန်တော်တို့နိုင်ငံက အဲဒီလို။ လိမ်ရတဲ့အရသာကိုသိသွားတာ။ လူငယ်တွေကအစ ဖြစ်သွားတာ အဲဒါကို။ Crypto ကို ကောင်းတဲ့ဘက်မှာ သုံးမယ်ဆိုကောင်းတာပေါ့။ ဘာသုံးမလဲ။ ရှင်းရှင်း လေး။ ကားဝယ်တာ၊ နာရီဝယ်တာ။ ကောင်းကောင်း သုံးလို့ရတာပဲ။ Dubai မှာဆိုရင် လူတိုင်းကို တရား ဝင်ခွင့်ပြုထားတယ်။ ကောင်းကောင်းသုံးလို့ရတယ်။ တရားဝင်ခွင့်ပြုထားတဲ့နေရာမှာ တရားဝင် ရွှေငွေ ဘာညာအကုန်ဝယ်လို့ရတယ်။ တရားဝင်ဝယ်လို့ရ တယ်။ တရားဝင်သုံးလို့ရတယ်။ ဒါပေမဲ့ တရားမဝင်သုံးတဲ့ကောင်တွေကဘာလုပ်လဲဆိုတော့ အဲဒီ Crypto ကိုသူလက်ထဲမှာပဲကိုင်ထားပြီးတော့ ဈေးကစား နေတာ။ Crypto တွေဝုန်းဒိုင်းဆိုပြီး ဈေးတွေတက် သွားတယ်။ ကျသွားတယ်။ ဒါတွေက တမင်ကြီးမဟုတ် ဘူး။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက (၂၁)အ ခင်းအကျင်းနောက်ပိုင်းမှာ shut down ဖြစ်သွားတာ ပေါ့နော်။ ပိတ်သွားလို့ဘာမှမသိတာ။ မြန်မာနိုင်ငံရဲ့ Crypto Trend ကအရမ်းကြီးသွားပြီ။ Build Area ကို အမည်းဘက်ကိုကူးမှာလား၊ အဖြူဘက်ကိုကူးမှာ လား။ အလယ်မှာဖြစ်နေတာ။
မေး-အဲဒါဆိုရင် လောက်ကိုင်တို့ ရွှေကုက္ကိုလ်တို့မှာ ရှိနေတဲ့ဟာတွေက ကျားဖျန့်တော့ကျားဖျန့်ပဲ။ ဘယ် လိုမျိုးနားလည်ထားလဲ။
ဖြေ-ကျားဖျန့်တော့ကျားဖျန့်ပဲ။ ဆက်သွယ်လို့ရတဲ့လူ တွေကို ပြန်လိမ်နေတဲ့ကျားဖျန့်။ စောစောကပြောသ လိုပဲ။ ကားသော့ပေးပြီးတော့ကိုလိမ်ခိုင်းတာ။ လိမ် ခိုင်းတဲ့လူအပေါ်မှာ နောက်တစ်ဆင့်ရှိလိမ့်မယ်။ သူ တို့အပေါ်မှာ တကယ့်ဆရာကြီးတွေပေါ့။ သူတို့ကို Data ပေးတဲ့လူတွေပေါ့။ ဟိတ်ကောင် အဲဒီလူအ ကောင့်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိတယ်။ သား ဘယ်နှယောက်ရှိတယ်။ အဲဒီလူက ဘာတွေကြိုက် တတ်တယ်၊ Record ရှိတယ်။ အဲဒါကို ခင်ဗျားကို ပေးလိုက်တယ်။ အဲဒါကို ခင်ဗျားကယူပြီးလိမ်တဲ့ အဆင့်မှာပဲရှိသေးတယ်။ အဲဒီက လိမ်လို့ရလာတဲ့ပိုက် ဆံကို cryptocurrency ပြောင်းတယ်။ အဲဒီအဆင့် မှာပဲရှိသေးတယ်။ အဲဒီထက်ပိုမသွားဘူး။ ဒါပေမဲ့ စဉ်း စားရမှာက အဲဒီလိုလိမ်လို့ရအောင် အဲဒီ Data ဘယ် ကပေးလဲဆိုတာကိုစဉ်းစားရမှာ။ ကျောက်ဝေတို့ ကမ္ဘောဒီးယားတို့မှာရှိတဲ့ Prince Group ကလိမ်တဲ့ ဟာက အဲဒီထက်ပိုကြမ်းတယ်။ ဥပမာ Justin Bieber တို့ Beyoncé တို့ အဲဒီလိုသူဌေးတွေကို Target ထားပြီးလိမ်တာ။ တကယ့်နာမည်ကြီးတွေရဲ့ cryptocurrency အကောင့်တွေကို Target ထား ပြီးလိမ်တာ။ သူတို့က ပိုက်ဆံမလိမ်ဘူး။ ဒီကကောင် တွေက ပိုက်ဆံလိမ်ပြီးမှ cryptocurrency ပြောင်း တာ။ ဟိုကောင်တွေ ပိုက်ဆံမလိမ်ဘူး။ cryptocurrency ကိုတန်းလိမ်တာ။ နှစ်ဆင့်မခံဘူး။ မြန်မာ ပြည်မှာသာ နှစ်ဆင့်ပြောင်းနေတာ။ ဟိုကောင်တွေက တစ်ခါတည်းတန်းလိမ်တာ။ အစိုးရက ပိုပြီးသတိထား ရမှာကဘာလဲဆိုတော့ Tik Tok မှာ AI မော်ဒယ် ဆိုတာ သတိထားရမယ်။ အဲဒီ AI မော်ဒယ်က ကျွန် တော်တို့နိုင်ငံအတွက် အကြီးဆုံးပြဿနာဖြစ်လာမှာ တစ်ချိန်ချိန်ကျရင်။ အစ်ကို့မျက်နှာနဲ့ ကျွန်တော် ငွေ လိမ်လို့ရတယ်။ ကျွန်တော်က အမျိုးသမီးတစ်ယောက် မျက်နှာနဲ့ အကုန်လုံးကိုငွေလိမ်လို့ရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလိုအခြေအနေမှာသာ ခင်ဗျားက ကျား ဖျန့်မှာအလုပ်လုပ်ခဲ့တယ်။ တရုတ်ပြည်ကိုသွားရင် မိပြီ။ ဘာလို့မိတာလဲသိလား။ မြန်မာနိုင်ငံမှာရှိတဲ့ CCTV အားလုံးရဲ့ (၉၀)ရာခိုင်နှုန်းက တရုတ် CCTV တွေ။ အဲဒီ CCTV တွေက အင်တာနက်နဲ့ချိတ်ထားမှ သုံးလို့ရမှာ။ အဲဒီ Data က တရုတ်ပြည်မှာရှိပြီးသားပဲ။ အဲဒီလူတစ်ယောက်ချင်းစီရဲ့ Data ကအစ တရုတ် ပြည်မှာရှိပြီးသားပဲ။ ကျွန်တော့်မှန်းခြေဆိုရင် ကျားဖျန့် မှာလုပ်နေတဲ့လူတစ်ယောက်ချင်းစီရဲ့ Data တွေ။ အလုပ်ဝင်ရင် ဘယ်အလုပ်ဝင်ဝင် CV ဖောင်ပေးရ တာပဲ။ တရုတ်က မဖမ်းချင်လို့သာမဖမ်းဘဲနဲ့ သူတို့လို အပ်ချက်တွေ Plot တွေရှိလာမှပဲ ဂုတ်ဂွပ် ချက်ချင်း ကောက်ဖမ်းမယ့်ဟာမျိုးမှာရှိလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ အင်တာနက်ရနေရင် တစ်ကမ္ဘာလုံးက ဝင် လုပ်လို့ရမယ်။ သူတို့ Brand တွေအကုန်လုံးက။ ရှင်း ရှင်းပြောမယ်ဗျာ ခင်ဗျားက BYD စီးမယ်။ ခင်ဗျား ကားရဲ့ ချက်စီနံပါတ်ကို ကျွန်တော်သိနေလို့ တရုတ် ဂြိုဟ်တုဆာဗာကနေ ဘရိတ်တွေမမိအောင်လုပ်လိုက်လို့ရတယ်။ လီဗာတွေကို အသားကုန်မောင်းပြီး တော့တင်ပစ်လိုက်လို့ရတယ်။ မတော်တဆမှုဖြစ် အောင်လို့ မျိုးစုံလုပ်လိုက်လို့ရတယ်။ ဒီမှာလည်း ဒီလူတွေရဲ့Data အားလုံးရှိတယ်။ ဒါပေမဲ့ မဖမ်းဘူး။ ဖမ်းချင်တဲ့အချိန်ကျမှ ကောက်ပြီးဖမ်းမှာ။ မဖမ်းဘူး နော်။ ဖမ်းတဲ့ကောင်တွေကလည်း ဖမ်းတယ်ဆိုတာ က ဟန်ပြသာသာပဲရှိသေးတယ်။ ကျွန်တော်မြင်တဲ့ အမြင်က အဲဒါပဲရှိသေးတယ်။ ဖမ်းတယ်ဆိုရင် ထွက် ပြေးကြတာပဲ။ KK Park ကြီးဖမ်းတုန်းကဆိုရင် ထွက်ပြေးတဲ့လူက ပိုများတယ်။ အဲဒီထွက်ပြေးကြတဲ့ လူတွေထဲမှာ တစ်ချိန်ချိန်ကျရင် ဘီလျံနာဖြစ်ရင်လည်း ဖြစ်သွားနိုင်တယ်။ ထရီလျံနာဖြစ်ရင်လည်း ဖြစ်သွား နိုင်တယ်။ ဒါပေမဲ့ US နဲ့ အရမ်းသင့်မြတ်နေတယ်ဆိုရင် ဒီကောင်က ကျားဖျန့်လုပ်လို့ ချမ်းသာလာတယ်ဆိုပြီး ကောက်ဖမ်းလိုက်မှာ။ ဒီကောင့်နောက်ကြောင်းရာဇဝင်သိနေတာ။ အဲဒီဟာတစ်ခုအထိကို BRI စီမံကိန်း မှာရှိနေတဲ့ နိုင်ငံအကုန်လုံးရဲ့အရင်းအမြစ်က (Agenda) က မင်းက အမေရိကန်ကိုကြိုက်နေလို့လားလို့ မေးမယ်။ အဲဒီBRI စီမံကိန်းက တခြားနိုင်ငံနဲ့ပဲဆိုင် တာ။ ကျွန်တော်တို့နိုင်ငံနဲ့မဆိုင်ဘူး။ ကျွန်တော်တို့ နိုင်ငံနဲ့ဆိုင်တာ ကျွန်တော်ပြောပြရဦးမယ်။
မေး-မြန်မာလက်နက်ကိုင်တွေက ဘယ်လိုပါဝင်ပတ် သက်တယ်လို့ပြောလို့ရလဲ။
ဖြေ- ကျွန်တော် အဆိုးဆုံးပြောပြမယ်။ ဒီကောင်တွေ ပညာမတတ်ဘူး။ ရှင်းရှင်းလေးဗျာ အာဖရိကမှာ ခြေ ပြောင်နဲ့ဘောလုံးကန်တဲ့လူကို Adidas သွားစီးခိုင်း ရင်ဘာဖြစ်မလဲ။ မြောက်ကြွမြောက်ကြွဖြစ်သွားမှာ ပေါ့။ အခု ပယ်ဆောက်ချိန်ရဲ့ သားလား တူလား မသိ ဘူး။ သူဆိုရင်Tik Tok မှာ နာရီတွေမျိုးစုံပဲ ဒီကောင် က Lamborghini နဲ့အကုန်ရိုက်ပြတာ။ ဒါပေမဲ့ အဲ ဒီကောင်တွေသည် မြန်မာပြည်မှာပြန်ယှဉ်မယ်ဆိုရင် မြန်မာပြည်ကသူဌေးတွေနဲ့ယှဉ်မယ်ဆိုရင် ကျွန်တော် တို့နိုင်ငံမှာ Lamborghini တကယ်စီးနိုင်တဲ့လူက အရမ်းချမ်းသားတဲ့လူမှစီးနိုင်တာ။ သိန်းနဲ့ချီတာကိုးLamborghini တစ်စီးတစ်စီးဆိုတာ။ မယားကြီးနဲ့ မယားငယ်လိုမျိုးပဲ ကျွန်တော်တို့နိုင်ငံက Lamborghini ကတစ်နိုင်ငံလုံးသွားလို့ရတယ်။ ဟိုမှာက လောက်ကိုင်ကနေ ဒီကိုလာလို့မရဘူး။ အဲဒီတော့ ဝါးလုံးခေါင်းထဲလသာပြီးတော့ မြေငှားတယ်၊ စာချုပ် ချုပ်တယ်။ မြန်မာလိုပြောရင် အလိုတော်ရိလုပ်တယ် ပေါ့နော်။ တရုတ်မျက်နှာရအောင်လုပ်ရင်းနဲ့ လက် လွန်ကြက်သွန်တွေဖြစ်ပြီး ရိုက်နှက်နှိပ်စက်တဲ့အထိ ဖြစ်ကုန်တာ။ လိမ်ရလောက်အောင်အထိ ဒီကောင် တွေမှာက ကျွန်တော်ပြောသလိုပေါ့ဗျာ။ မြန်မာကွန်ပျူ တာတက္ကသိုလ်ကနေ နိုင်ငံခြားမှာအလုပ်လာလုပ်နေ တဲ့လူ ဘယ်နှယောက်များရှိလို့လဲလို့မေးစရာရှိတယ်။ နောက်ပြီး အိမ်နီးချင်းနိုင်ငံတွေကလည်း လေယာဉ် တွေနဲ့ဝင်တာကို မသိဘဲနေမလား။ မြန်မာလဝက က ကောမသိဘဲနေမလား။ အဲဒီတော့ မြေငှားတဲ့အဆင့် မှာပဲရပ်နေတာ။
မေး-ဝင်လိမ်ရမယ့်အဆင့်မဟုတ်ဘူး။ မြေငှားတဲ့ ခြံ စောင့်အဆင့်ပဲလား။
ဖြေ-မြေငှားခြံစောင့် ဘယ်လိုပြောမလဲ ခွေးသာသာ ပေါ့နော်။ ကောက်ရိုးပုံစောင့်တဲ့ခွေးသာသာပဲ။ အဲဒါ အရိုးရှင်းဆုံးနဲ့ အပြတ်ဆုံးစကားပဲ။ အဲဒီကောင်တွေ အဆင့်က အဲဒီထက်မပိုဘူး။ နောက်တစ်ခုက ဘာလဲ ဆိုတော့ အဲဒီအထဲကို အင်တာနက်ရအောင်သွင်းပေး တဲ့ကောင်တွေက ပြဿနာပဲ။ ဒီအထဲကို လျှပ်စစ် ရောင်းပေးတဲ့ကောင်တွေက ပြဿနာပဲ။ ဒီဟာကြီး တစ်ခုလုံးက ဘယ်လောက်ပဲ အဆောက်အအုံကောင်း ကောင်း အင်တာနက်နဲ့လျှပ်စစ်မရှိရင် ဘာမှလုပ်လို့ မရဘူး။ အခုက ဘာဖြစ်လဲဆိုတော့ စုနေတဲ့ဟာကို ဖြိုခွင်းလိုက်သလိုဖြစ်သွားတာ။ ကျွန်တော်တို့နိုင်ငံက ဟာက။ ဖြိုခွင်းလိုက်တဲ့ဟာမှာ မထိန်းလိုက်နိုင်ဘူး။ အဲဒီမှာ ဟိုရောက်ဒီရောက် အဲဒီလိုလျှောက် ရောက် တာ။ အဲဒီမှာ ဘာဖြစ်သွားနိုင်လဲဆိုတော့ အိမ်မှာနေ ပြီးတော့ (၅)ယောက်(၆)ယောက်နဲ့ အင်တာနက်ရ တာနဲ့ အိမ်မှာထိုင်ပြီးတော့လိမ်နေတာလည်း ဖြစ် ကောင်းဖြစ်လာနိုင်တယ်။ လိမ်တတ်သွားပြီလေ။ လိမ် တတ်သွားပြီဆိုလိမ်တော့မှာပဲ။ အဲဒီတော့ ဒါပေမဲ့ ပြဿနာက တစ်ခုရှိတယ်။ ဒီလူတွေရဲ့အထဲမှာ crypto wallet တစ်ခုတွေ့တာနဲ့ ဒီလူတွေက ကြံရာပါပဲ။ ဘဏ်အကောင့်ကနေငွေလွှဲတဲ့ဟာကို ဘာမှ သွား ပြောလို့မရဘူး။ ကျွန်တော်တို့ အစိုးရထိန်းချုပ်မှု အောက်မှာရှိနေတာ။ Crypto wallet တွေနဲ့ ငွေလွှဲ ငွေထုတ်လုပ်ထားတယ်။ ငွေသွင်းငွေယူလုပ်ထား တယ်။ ဒီလိုဟာတွေဆိုရင် ကြံရာပါပဲ။ တရုတ်ပြည်ကို ငွေသွင်းနေတယ်ဆိုလည်း အဲဒီကောင်သည် ကြံရာပါ ပဲ။ အခုလက်နက်ကိုင်အဖွဲ့တွေသည် အဆောက်အ အုံဆောက်တယ်၊ မြေငှားတယ်။ အုတ်တံတိုင်းကာ တယ်၊ စောင့်ရှောက်ပေးတယ်။ ဒီအဆင့်မှာပဲရပ်နေ တာ။ ဒီအထဲကို ထဲထဲဝင်ဝင် ဝင်ပါလောက်အောင်အထိ သူတို့မသိဘူး။ သိမှာလည်းမဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ အဆိုးဆုံးစကားပဲကျွန်တော်ပြောလိုက်မယ် ဗျာ။ ပညာမရှိလို့စစ်တိုက်နေတာ။ ပညာတတ်တဲ့ ကောင်က စစ်မတိုက်ဘူး။ သေမှာလေဗျာ။ အဲကွန်း ခန်းထဲမှာအေးဆေးနေပြီး သန်းကြွယ်သူဌေးလုပ်မှာ ပေါ့။ ဘယ်လိုပြောရမလဲဆိုတော့ Conflict တွေ အ ရမ်းများတဲ့နေရာမှာလာလုပ်ရင် ပိုတွက်ချေကိုက် တယ်လို့ထင်တယ်။ အဲဒီတော့ အရင်က တောထဲသွား မျှစ်ခုတ်ပြီး ထမင်းကြမ်းစားတဲ့ကောင်တွေက ဆီဦး၊ ထောပတ်သုတ်စားရတဲ့အချိန်မှာ ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ဟာတွေဖြစ်သွားတာ။ အရင် ဖုန်းတောင်မကိုင် နိုင်တဲ့ကောင်က Land Cruiser စီးပြီး I Phone ကိုင်တော့ ငါတို့ပိုက်ဆံရမယ်။ ငါတို့ငှားရမယ်ဆိုတာ တွေဖြစ်ကုန်ရော။ ဒီထဲမှာ ဘာဖြစ်နေတာလဲဆိုတာကို ကျတော့ အတွင်းကျကျမသိဘူး။ ဒီအထဲကို ငှားလိုက် တယ်ဆိုတဲ့ဟာကလည်း ကုမ္ပဏီတွေကို စာချုပ်ချုပ် ပြီးငှားလိုက်တာ။ ရွှေကုက္ကိုလ်ဆိုရင် Yatai ကိုငှား ထားတယ်။ အဲဒီ Yatai က ဘာလုပ်နေလဲ ဘယ်သူမှ ဘာမှမသိဘူး။ လူပဲသတ်နေတာလား၊ ဘိန်းပဲချက်နေ တာလား၊ လူကုန်ပဲကူးနေတာလား။ အတွင်းကလီစာပဲ ထုတ်နေတာလား။ ဘယ်သူမှမသိဘူး။ ကျွန်တော်တို့ လည်းမသိဘူး။ ကာယကံရှင်ကိုယ်တိုင်ပဲသိမှာ။ အဲဒီ တော့ ပြန်ပြီးပြောရမှာက ဒီအထဲကိုဝင်ခိုင်းတဲ့ အင် တာနက်ကုမ္ပဏီတွေ၊ ဆက်သွယ်ရေးကုမ္ပဏီတွေ၊ ဖုန်းလိုင်းကုမ္ပဏီတွေမှာ ဘယ်သူကတာဝန်အရှိဆုံး လဲ။ ဒီတရုတ်တွေရောက်တာပဲရှိတာ။ ဒီတရုတ်တွေကို လာလို့ရအောင်ဘယ်သူတွေက လုပ်ပေးတာလဲ။ ဒါတွေကမေးစရာပါ။
မေး- Star link သွင်းတာရောပဲ။
ဖြေ-မေးစရာချည်းပဲ။ အခုက ဘာဖြစ်နေလဲဆိုတော့ သဘာဝပေါက်ပင်လိုပဲ။ ကြိုက်တဲ့နေရာသွား။ အင် တာနက်မိနေရင်လိမ်လို့ရနေတယ်။ ပြောတော့ တ ရုတ်က Great Firewall ရှိတယ်ဆို။ သူတို့ဆီကနေ Data ပြန်တောင်းလို့ရတယ်လေ။ ဒီမှာဘယ်တွေလိမ် နေလဲ ဖမ်းပြီးပြန်ပို့လိုက်။ ရိုးရိုးလေးပဲ။ သူတို့ကိုယ် တိုင်ကိုကပတ်သက်နေတယ်။US ကလည်း မရောင် ရာ ဆီဝင်လူးပြီးတော့ သူတို့နိုင်ငံသားတွေပဲဝင်လိုက် မယ်ဆိုရင် ကျားဖျန့်ထဲမှာ တရုတ်တွေပဲရှိတာမဟုတ် ဘူး။ ကနေဒါ၊ ရုရှားတွေ အများကြီးရှိသေးတယ်။ ဒီ ကောင်တွေက လည်း US ရဲ့ Plot တစ်ခုအနေနဲ့ ဒီနိုင်ငံထဲကို ရောက်နေတာ။ အခြေနေကောင်းရင် လိမ်မယ်။ အခြေနေမကောင်းရင် KNU ထဲသွားပြီး တော့ လက်နက်ကိုင်မယ်။ အာဏာရှင် ပုန်ကန်ဖီဆန် ဘာညာလျှောက်လုပ်မှာပေါ့။ ကျွန်တော်တို့နိုင်ငံက ကြာရင်မလွယ်တော့ဘူးပဲ။
မေး-အဲဒါဆို ကျွန်တော်တို့မြန်မာတွေအနေနဲ့ အ လိမ်မခံချင်ရင် ဖုန်းပိတ်ထားရမှာပေါ့။
ဖြေ-အဓိကကတော့ SMS ပဲ။ ကျွန်တော်ဆိုရင် ကိုယ့်ဖုန်းထဲမှာပါတဲ့နံပါတ်ပဲ။ ဘယ်ဖုန်းခေါ်ခေါ် မကိုင်ဘူး။ အဲဒီဟာကို SMS အရင်ပို့လိုက်တယ်။ ဘယ်သူလဲလို့မေးလိုက်တယ်။ ဟိုဘက်က ပြန်လာ တယ်။ မောင်ဘယ်သူပါဆိုမှဖုန်းကိုင်တာ။ အဲဒီမှာ Link တွေထိုးပေးတဲ့လူတွေဆိုရင်လည်း ဖုန်းမကိုင် ဘူး။ အပြင်မှာ Face to Face တွေ့ဖူးတဲ့လူကလွဲလို့ ကျွန်တော်လက်ခံတာ။ Viber ကနေ မင်းကိုဆက် လိုက်မယ်။ ဘယ်သူဘယ်သူပါဆိုတစ်မျိုးပေါ့နော်။ Unknow ဖုန်းနံပါတ်ဆိုရင်လည်း ကျွန်တော်မကိုင် ဘူး။ ကြိုမပြောထားတဲ့ဖုန်းနံပါတ်ဆိုရင်လက်မခံဘူး။ ခင်ဗျားက ဒီလူက ကျွန်တော့်ဆီကလူ ဆက်သွယ် လိုက်ပါမယ်ဆိုရင်။ ခင်ဗျားက ကျွန်တော့်ကို Viber ကပို့ထားမယ်ဆိုရင် သူ့ဖုန်းလာရင် ကျွန်တော်က မှတ်ပြီးသားဖြစ်တဲ့အတွက် ကျွန်တော်ကိုင်မယ်။ ပြီး ရင် SMS ပေါ့။ နောက်ဆုံးပြောလိုက်မယ်ဗျာ။ ကျွန် တော်တို့နိုင်ငံက ဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက် စလော့ ဂိမ်း၊ ငါးပစ်ဂိမ်း၊ 2D, 3Dဆော့ကြတယ်။ ဆော့လို့ ရတယ်။ ဝါသနာအရမ်းကြီးလို့ ဆော့ချင်ရင်ဆော့လို့ရ တယ်။ ဒါပေမဲ့ Crypto နဲ့သွားပြီးဆော့တဲ့ဟာမှာ မရူးမိုက်သင့်ဘူး။ လိမ်မှာသိသိကြီးနဲ့ကိုး။ ခင်ဗျားက ဘောလုံးပွဲနိုင်တယ်။ (၁)သိန်းထည့်ထားရင်ရတယ် (၁၅)သိန်းပေးတယ်။ မြန်မာပြည်မှာ ဘောပွဲလောင်း တာ အဲဒီလိုမရဘူးလေ။ 2D ထိုးတယ်။ (၈)ဆလား (၅)ဆလား မသိဘူးရတယ်။ တစ်သောင်းထိုးထားရင် (၈၀ဝဝဝ)လားမသိဘူးရတယ်။ တရုတ်ပြည်မှာက (၁၀ဝဝဝ)ဖိုးထားရင် သိန်း (၈၀)တို့ သိန်း (၁၀ဝ)တို့ ရတယ်။ အဲဒီတော့ သိန်း (၈၀)၊ သိန်း (၁၀ဝ)လုံး ခင် ဗျားက ပြန်ထိုးလိုက်မယ်။ မဆော့တော့ဘူးဆိုရင် လည်း မဆော့ဆော့အောင်နွှေးပေးရတယ်။ မဆော့ တော့ဘူးလား၊ ပျင်းနေပြီလား အဲဒီလိုလုပ်တယ်။ အဲဒီတော့ မြန်မာတွေက တရုတ်စာမတတ်တဲ့အတွက် မြန်မာတွေကိုတော့ Target ထားပြီးမလိမ်ဘူးဗျာ။ လိမ်ကောင်းလည်းလိမ်နိုင်တယ်။ မြန်မာပြည်ဖွားတရုတ်နွယ်စပ်တွေကိုပေါ့။ တစ်ခုခုနဲ့ချမ်းသာနေတဲ့ ကောင်တွေကိုပေါ့။
မေး-မြန်မာတွေဆီက ဘာမှမရဘူးဆိုတာသိပြီး မ လိမ်တာလည်းဖြစ်မှာပေါ့။ မြန်မာတွေက တွေ့ရာခ လုတ်လျှောက်မနှိပ်ဘူး။ ပျင်းလို့။ ဘာတွေမှန်းမသိ ဘူးဆိုပြီး ကျော်ပစ်လိုက်တယ်။
ဖြေ-နောက်တစ်ခုက တစ်ခုခုပြချင်တယ်ဆိုရင် တောင် screenshot နဲ့ပြပေါ့နော်။ ဓာတ်ပုံရိုက်ပြီးပို့ ရင်တောင်အလုပ်မဖြစ်ပေါ့နော်။ နောက်ပြီး (၆)လနဲ့ (၁)နှစ်ကြားထဲမှာ ကျွန်တော်တို့နိုင်ငံမှာ အခင်းအ ကျင်း တော်တော်ကောင်းလာနိုင်တယ်။ အခုလက်ရှိ လောလောဆယ်မှာလည်း အခုကျားဖျန့်မှာတပ်ထား တဲ့ CCTV တွေကလည်း တရုတ် CCTV တွေပဲ။ မောင်ဘယ်သူ၊ ဦးဘယ်သူဆိုတာလည်း လိမ်လို့မရ ဘူး။ အခုက ဘာမှမဖြစ်သေးဘူး။ နောင် (၁၀)နှစ်မှာ အဲဒီကောင်ချမ်းသာသွားရင် တရုတ်ပြည်ကကောက် ဖမ်းလိုက်မယ်။ ကျားဖျန့်နဲ့ပတ်သက်လို့ပါ။ ပိုင်ဆိုင်မှု တွေအကုန်သိမ်းတယ်။ အဲဒီလိုတွေ လာကောင်းလာ နိုင်တယ်။ အအောင်မြင်ဆုံးအချိန်မှာ ခေါင်ကိုဖြတ် ရိုက်ပစ်လိုက်တာ။
မေး-မြန်မာနိုင်ငံက Cyber security ကကော ဒီဟာကို နားကောနားလည်ရဲ့လား။ အစိုးရလူကြီးတွေ ကော။
ဖြေ-နားလည်တာပေါ့။ သူတို့မှာ မျိုးစုံသောဖိအားတွေ ရှိတယ်လေ။ ပြီးရင် နောက်တစ်ခုက တွေးဖို့အချိန်မရ ဘူး။ ရွေးကောက်ပွဲလုပ်ဖို့ကိုပဲအချိန်ရနေတာ။ အခုန ကကျွန်တော်ပြောသလိုပဲ။ ဒီတရုတ်တွေဝင်လာ အောင် ဘယ်သူတွေကစီမံပေးတာလဲ။ အင်တာနက် လိုင်းတွေရအောင် ဘယ်ကစီမံပေးနေတာလဲ။ မီးရ အောင် ဘယ်သူတွေကစီမံပေးနေတာလဲ။ ဒီဒေသ တွေက မီးရယ်၊ အင်တာနက်ရယ်မရရင် ဘာမှလုပ်လို့ မရဘူး။ ကျားဖျန့်မပြောနဲ့ ကျားဖျန့်အဘေးလည်း လာလုပ်လို့မရဘူး။ ပြီးရင် ဒီလိမ်လို့ရအောင် Data တွေက ဘယ်သူထုတ်ပေးနေတာလဲ။ တရုတ်ဆက် သွယ်ရေးတွေမပါဘဲနဲ့၊ တရုတ်ကုမ္ပဏီတွေမပါဘဲနဲ့ ဒီ Data တွေမပါဘဲနဲ့မရဘူးလေ။ ခင်ဗျား ဘဏ်အ ကောင့်ထဲမှာ ဘယ်လောက်ရှိလဲဆိုပြီး ဒီအတိုင်းသွား မေးရင် ခင်ဗျားဖြေမှာမဟုတ်ဘူးလေ။ ကျွန်တော့် လာ မေးရင်လည်း မဖြေဘူးလေ။ ဘဏ်အကောင့်ထဲမှာBank Statement ဘယ်လောက်ရှိလဲဆိုတဲ့ဟာ တွေက ဘဏ်တွေကိုယ်တိုင်ပေးလို့ကို ဒီကထိုင်လိမ် တာ။ အဲဒီတော့ စစ်ပြန်ကြီးတွေ ဖွန်ကြောင်တယ်။ ဒီကရှမ်းမတွေက AI မော်ဒယ်တွေနဲ့လိမ်ပြီး Sex chat တယ်။ ပိုက်ဆံမလွှဲပေးရင် ဘာလုပ်မယ်။ ညာ လုပ်မယ်ဆိုပြီးအကျပ်ကိုင်ရင် ဟိုက သားသမီးတွေ ပြဿနာတက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်တာမျိုး တွေဖြစ်ကုန်တာ။ လိမ်ရမှာမကြောက်တော့ဘူး။ အဲဒီ လိုဖြစ်သွားတာ။

Zawgyi Version:
"က်ားဖ်န႔္လိမ္လို႔ရေအာင္ Data ဘယ္သူထုတ္ေပးေနသလဲ၊ တ႐ုတ္မပါဘဲနဲ႔ Data မရဘူးေလ"
NP News - ဒီဇင္ဘာလ ၇
(ယခင္တစ္ပတ္မွအဆက္)
ေမး-အဲဒီေတာ့ Cryptocurrency ကို တိုက္ဖ်က္ ရမွာလား။
ေျဖ-တိုက္ဖ်က္လို႔လည္းမရဘူး။ သူက Decentralized network ျဖစ္ေနတာကိုး။ ထိန္းခ်ဳပ္လို႔မရဘူး။ ဒါေပမဲ့ ခင္ဗ်ားနဲ႔ကြၽန္ေတာ္နဲ႔ အျပင္မွာ Face to Face ခင္ဗ်ားက ကြၽန္ေတာ့္ကိုေ႐ႊေပးတယ္။ ကြၽန္ ေတာ္က ေဒၚလာေပးလိုက္တယ္။ ဘယ္လိုမွထိန္းခ်ဳပ္ လို႔မရ ဘူး။ ခင္ဗ်ားနဲ႔ကြၽန္ေတာ္နဲ႔ပဲသိတာ။ Cryptocurrency က အဲဒီလိုမ်ိဳးပဲ။ ဒါေပမဲ့ ခင္ဗ်ားက ေဒၚ လာေပးတယ္။ ဘဏ္ကေနေပးတယ္။ ျမန္မာေငြျပန္ ေပးလိုက္တယ္ဆိုရင္ Bank Network ေပၚမွာလုပ္ သြားတဲ့အတြက္ Bank ကိုေတာင္းၿပီး Data ၾကည့္ လို႔ရတယ္။ Cryptocurrency ကိုကြၽန္ေတာ္တို႔က ထိန္းခ်ဳပ္လို႔မရဘူး။ ထိန္းခ်ဳပ္လို႔ရတဲ့နည္းက အဲဒီ ေကာင္ေတြ ဒီမွာ႐ုံးလာထိုင္ ဒါဆိုရင္ ဘယ္သူကဘယ္ သူ႔ကိုလႊဲသြားတယ္ဆိုတာ အစိုးရက ေတာင္းၾကည့္ လို႔ရတယ္။
ေမး- Cryptocurrency ကိုင္တဲ့လူေတြကို ႐ုံးလာ ထိုင္လို႔ေျပာရင္ အဲဒီ Cryptocurrency ကိုင္တဲ့လူ ေတြကို ဘယ္သူက ဆက္သြယ္လို႔ရမလဲ။ Cryptocurrency ကိုင္ထားတဲ့လူကို ဘယ္လိုသိရမလဲ။
ေျဖ-အစိုးရကပဲဆက္သြယ္လို႔ရမွာ။ ဘယ္လိုသိမလဲ ဆိုေတာ့ သူက ဘဏ္လိုမ်ိဳးပဲ။ ဒီဘဏ္ႀကီးေပၚမွာ ကြၽန္ေတာ္တို႔ကတက္ၿပီးေတာ့ ေငြလႊဲတယ္၊ ေငြထုတ္ တယ္၊ ေငြပို႔တယ္။ အဲဒါေတြလုပ္တာ။ အဲဒါလိုဟာမ်ိဳး ေတြကိုေထာင္ထားတဲ့ကုမၸဏီေတြက လက္ခ်ိဳးေရလို႔ ရတယ္။ Binance ဆိုတာရွိတယ္၊ Bybit(Biconomy) ဆိုတာရွိတယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာဆိုရင္ ဘဏ္ေတြလိုမ်ိဳး။ အဲဒီလိုဟာေတြရွိတယ္။ အဲဒီလိုဟာ ေတြကို အစိုးရအေနနဲ႔ တရားဝင္ေခၚၿပီးေတာ့စကား ေျပာရမွာ။ အဲဒါမွ ဒီႏိုင္ငံထဲကထြက္ေနတဲ့ပိုက္ဆံ ေတြက ဘယ္ကိုထြက္ေနတာလဲ၊ ဘယ္ကိုသြားေနတာ လဲ၊ ဘာေတြလုပ္ေနတာလဲ။ အစိုးရက ေကာင္း ေကာင္းၾကည့္လို႔ရမွာ။
ေမး- Bitcoin ကို တစ္ကမာၻလုံးက ဝိုင္းပိတ္လိုက္ လို႔မရဘူးလား။
ေျဖ-မရဘူး။ ခင္ဗ်ားကပိုက္ဆံကိုင္ထားတယ္ဆိုရင္ ေနာက္ဆုံး ခင္ဗ်ားဘဏ္ထဲကပိုက္ဆံပဲပိတ္လို႔ရမွာ။ အစိုးရကပိတ္ရင္ေတာင္ ခင္ဗ်ားလက္ထဲမွာရွိတဲ့အ ႐ြက္ကိုပိတ္လို႔မရဘူး။ Crypto လည္းဒီတိုင္းပဲ။ အ ကုန္လုံးက တစ္ခုခုလႊဲခ်င္တယ္ဆိုမွ အဲဒီအေပၚကို တက္လာတာ။ အကုန္လုံးက Stick တစ္ခုခုကေန၊ ဒါမွမဟုတ္ အဲဒီ Password (၁၆)လုံးကို သိမ္းထား လိုက္မွာ။ ကိုယ္လႊဲမယ္ဆိုမွ ဝင္ၿပီးလႊဲတယ္။ အဲဒီပိုက္ ဆံေတြက ခင္ဗ်ားအိတ္ထဲမွာ အဲဒီလိုျဖစ္ေနတာ။ အဲဒီေတာ့ ဘယ္လိုလႊဲလဲဆိုေတာ့ လႊဲတဲ့အခါမွာသိႏိုင္ ေအာင္ တိုက္႐ိုက္ထိန္းခ်ဳပ္မႈေအာက္မွာထားရမွာ။ US တို႔၊ ထိုင္းတို႔ဆိုရင္ အဲဒီလိုထားထားတာပဲ။ လႊဲရင္ ရတယ္၊ ႀကိဳက္တဲ့လူလႊဲ။ သူတို႔က ဘာမွဝင္မၾကည့္ ဘူး။ ဒါေပမဲ့ သူ႔ႏိုင္ငံဗုံးေဖာက္မွာတို႔၊ အၾကမ္းဖက္မွာ တို႔ အဲဒီလိုလာလုပ္လို႔မရဘူး။ ဟားမတ္စ္ကဟာေတြ ဆိုရင္ US က အကုန္လုံးကိုပိတ္ခိုင္းတာ။ အဲဒီေကာင္ ေတြပိတ္ရမယ္ဆို ပိတ္ရတာပဲ။ မဟုတ္ဘူးဆိုရင္ မင္း ရဲ႕ Crypto ငါတို႔ႏိုင္ငံမွာလာလုပ္လို႔မရဘူး။ မင္း႐ုံး ငါတို႔ဆီမွာ လာထိုင္လို႔မရဘူး။ ပိတ္ရတာပဲ။ ကြၽန္ ေတာ္တို႔က ဒီဟာ ဒီလိုရွိေနသေ႐ြ႕ Crypto ဆိုတဲ့ ဟာ မရွိဘူးထားလိုက္ဦး။ က်ားဖ်န႔္ေတြ၊ ေလာင္းက စားေတြ၊ မူးယစ္ေဆးေတြ၊ လက္နက္ေတြ၊ လူကုန္ကူး ေတြရွိေနသေ႐ြ႕က Crypto Network ကရွိေနမွာပဲ။ Crypto ရွိေနသေ႐ြ႕ ဒီဟာလည္းရွိေနဦးမွာပဲ။ မေပ်ာက္သြားဘူး။ တစ္သက္လုံးလည္း ေပ်ာက္မွာမ ဟုတ္ဘူး။ ဒါေပမဲ့ (၂၁၀ဝ)တို႔ (၂၂၀ဝ)တို႔ အဲဒီလို အေျခအေနမ်ိဳးဆိုရင္ေတာ့ Crypto Network ကို ေဖာက္လို႔ရတဲ့ Hacker ေတြ ေပၚေကာင္းေပၚႏိုင္ တယ္။ အခုေလာေလာဆယ္ရွိေနတဲ့ Super Computerေတာင္ ေဖာက္လို႔မရေသးဘူး။
ေမး - အခု ျမန္မာျပည္မွာလည္ပတ္ေနတဲ့က်ားဖ်န႔္ က ေသးေသးေလးျဖစ္ေနတာေပါ့။ ဘာမွမဟုတ္ေသး ဘူးေပါ့ ။
ေျဖ - ဘာမွမဟုတ္ေသးဘူး။
ေမး - ဘယ္လိုနားလည္ထားရမလဲ။
ေျဖ - ေျပာရရင္ ေဒတာထုတ္ေပးလို႔ အဲဒီလူေတြကို သြားလိမ္တဲ့အဆင့္မွာပဲရွိေသးတယ္။ တ႐ုတ္ျပည္ ဘက္ကကုမၸဏီေတြက လိမ္ခ်င္တယ္။ ကာစတန္မာ ေတြကိုလိမ္ခ်င္လို႔ ေဒတာထုတ္ေပးၿပီးေတာ့ ဒီႏိုင္ငံ မွာလာလိမ္တဲ့အဆင့္မွာပဲရွိေသးတယ္။ ကေမာၻဒီး ယားက Prince Group က အဲဒီထက္ (၁၀)ဆ ေလာက္ပိုၾကမ္းတယ္။ တစ္ကမာၻလုံးမွာရွိေနတဲ့ Crypto အေကာင့္ေတြအကုန္လုံးလိုက္ၾကည့္ၿပီး ေတာ့ အမ်ားဆုံးေကာင္ေတြကို Target ထားသလို ျဖစ္ေနတာ။ လူတစ္ေယာက္တည္းကို တစ္ေယာက္က လိမ္တာက လြယ္တယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ မိႏိုင္တယ္။ ဒါေပမဲ့ တစ္ေယာက္တည္းကို (၁၀)ေယာက္ကဝိုင္းလိမ္ရင္ သတိကပ္ဖို႔ခက္သြားၿပီ။ ကြၽန္ေတာ္က ျပဳလုပ္သူ၊ သူက ပူးေပါင္းသူ၊ သူက ေဆာင္႐ြက္သူ။ အစ္ကို ကြၽန္ေတာ္တို႔ ဒီမွာ ရင္းႏွီးျမႇဳပ္ ႏွံမႈေဆာင္႐ြက္ဖို႔ ဆိုလာေတြလုပ္မယ္၊ တာဝါတိုင္ေတြ ေထာင္မယ္။ ရင္းႏွီးျမႇဳပ္ႏွံမလားဆိုၿပီး အစ္ကိုက ရင္း ႏွီးျမႇဳပ္ႏွံၿပီး အစ္ကို႔အေကာင့္ထဲက Bank Statement ေတာင္းၾကည့္။ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုရင္ Bank Statement ျပရမွာေလ။ ဟိုဟာေတာင္းၾကည့္တယ္၊ ဒီဟာေတာင္းၾကည့္တယ္။ အဲဒါနဲ႔မလုံေလာက္ဘူး။ Crypto Wallet ထဲမွာရွိတဲ့ Crypto amount ပါျပရမယ္ဆိုၿပီး Crypto Wallet ထဲမွာရွိတဲ့ amount ပါျပလိုက္ရင္ သူက Bank Statement ကို စိတ္မဝင္စားေတာ့ဘူး။ ေစာင့္ၾကည့္လို႔ရတာကိုး။ Crypto Wallet ထဲမွာရွိတဲ့ Crypto ပိုက္ဆံကိုပဲယူ တာ။ Prince Group ကလုပ္ေနတဲ့ဟာက ျမန္မာ ျပည္မွာလုပ္ေနတာထက္ (၁၀)ဆေလာက္ပိုၾကမ္း တယ္။ ေက်ာက္ေဝတို႔ လာအိုမွာလုပ္ေနတာထက္ (၁၀)ဆေလာက္ပိုၾကမ္းတယ္။ နည္းပညာအရပဲ လူ ေတြကိုျပန္လိမ္ေနတာ။ Unknown ေနာ္။ ခင္ဗ်ားကို လည္း ဘယ္သူမွမသိဘူး။ ကြၽန္ေတာ့္ကိုလည္း ဘယ္ သူမွမသိတာကို တိုက္႐ိုက္ႀကီးလိမ္ေနတာ။ ျမန္မာ ျပည္မွာလိမ္ေနတာဆိုတာ ဟိုဘက္က ေဒတာေပးၿပီး သားကိုလိမ္ရတာ၊ မတူဘူး။ ကားေသာ့ေပးၿပီးခိုးတာနဲ႔ ကားကို ဒီတိုင္းခိုးရတာနဲ႔မတူဘူးေလ။ ျမန္မာျပည္ ကလူေတြက ကားေသာ့ေပးၿပီး ကားကိုဒီတိုင္းခိုးေန တာ။ ဟိုေကာင္ေတြက ဘာကားမွန္းလဲမသိဘူး။Unknown ။ ဒါေပမဲ့ ကားတန္ဖိုးႀကီးမွန္းသိတယ္။ လိမ္ေနတာ။ ဟိုေကာင္ေတြကပိုဆိုးတယ္။ အဲဒီေတာ့ ဒီႏိုင္ငံကေကာ၊ ကေမာၻဒီးယားေရာ၊ လာအိုမွာရွိေနတဲ့ Scamming ေပါ့ေနာ္။ က်ားဖ်န႔္လုပ္ငန္းေတြက သူေဌးေတြအကုန္လုံးကို ေခါင္းေဆာင္ေတြ၊ သူေဌး ေတြအကုန္လုံးကို တ႐ုတ္ေရာ၊ အေမရိကန္ေရာ ႏွစ္ ဖက္လုံးကလိုခ်င္ၾကတာ။ ဘာေၾကာင့္လဲဆိုေတာ့ ပိုက္ဆံေတြရွိေနလို႔။ ကြၽန္ေတာ္တို႔ႏိုင္ငံကသူေဌး ႀကီးေတြထက္ေတာင္ ပိုက္ဆံေတြရွိေနေလာက္တယ္။ ကြၽန္ေတာ္မွန္းေျခေျပာၾကည့္တာေနာ္။ ပိုက္ဆံေတြရွိ ေနေလာက္တယ္။ သိန္း(၁၀)မသိသာဘူး၊ (၂၀) မသိ သာဘူး၊ (၃၀)မသိသာဘူး၊ (၄၀) မသိသာဘူး၊ (၅၀) ကေန သိန္း(၅၀ဝဝ)ၾကားအထိဆို သိသာသြားၿပီ။ သိန္း(၅၀ဝဝ)ကေန သိန္း (၁၀ဝဝဝ)ေလာက္ဆိုရင္ အမ်ားႀကီး ပိုသိသာသြားၿပီေလ။ ဘယ္လိုေျပာမလဲ။ ျမန္မာစကားပုံလားမသိဘူး။ ကုလားအုတ္က ေခါင္း ေလးတိုးဝင္ခြင့္ျပဳပါဦးဆိုၿပီး တစ္ကိုယ္လုံးဝင္သြား တာ အဲဒီလိုမ်ိဳးေပါ့။ ကြၽန္ေတာ္တို႔ႏိုင္ငံက အဲဒီလို။ လိမ္ရတဲ့အရသာကိုသိသြားတာ။ လူငယ္ေတြကအစ ျဖစ္သြားတာ အဲဒါကို။ Crypto ကို ေကာင္းတဲ့ဘက္မွာ သုံးမယ္ဆိုေကာင္းတာေပါ့။ ဘာသုံးမလဲ။ ရွင္းရွင္း ေလး။ ကားဝယ္တာ၊ နာရီဝယ္တာ။ ေကာင္းေကာင္း သုံးလို႔ရတာပဲ။ Dubai မွာဆိုရင္ လူတိုင္းကို တရား ဝင္ခြင့္ျပဳထားတယ္။ ေကာင္းေကာင္းသုံးလို႔ရတယ္။ တရားဝင္ခြင့္ျပဳထားတဲ့ေနရာမွာ တရားဝင္ ေ႐ႊေငြ ဘာညာအကုန္ဝယ္လို႔ရတယ္။ တရားဝင္ဝယ္လို႔ရ တယ္။ တရားဝင္သုံးလို႔ရတယ္။ ဒါေပမဲ့ တရားမဝင္သုံးတဲ့ေကာင္ေတြကဘာလုပ္လဲဆိုေတာ့ အဲဒီ Crypto ကိုသူလက္ထဲမွာပဲကိုင္ထားၿပီးေတာ့ ေဈးကစား ေနတာ။ Crypto ေတြဝုန္းဒိုင္းဆိုၿပီး ေဈးေတြတက္ သြားတယ္။ က်သြားတယ္။ ဒါေတြက တမင္ႀကီးမဟုတ္ ဘူး။ အေရွ႕ေတာင္အာရွမွာ ျမန္မာႏိုင္ငံက (၂၁)အ ခင္းအက်င္းေနာက္ပိုင္းမွာ shut down ျဖစ္သြားတာ ေပါ့ေနာ္။ ပိတ္သြားလို႔ဘာမွမသိတာ။ ျမန္မာႏိုင္ငံရဲ႕ Crypto Trend ကအရမ္းႀကီးသြားၿပီ။ Build Area ကို အမည္းဘက္ကိုကူးမွာလား၊ အျဖဴဘက္ကိုကူးမွာ လား။ အလယ္မွာျဖစ္ေနတာ။
ေမး-အဲဒါဆိုရင္ ေလာက္ကိုင္တို႔ ေ႐ႊကုကၠိဳလ္တို႔မွာ ရွိေနတဲ့ဟာေတြက က်ားဖ်န႔္ေတာ့က်ားဖ်န႔္ပဲ။ ဘယ္ လိုမ်ိဳးနားလည္ထားလဲ။
ေျဖ-က်ားဖ်န႔္ေတာ့က်ားဖ်န႔္ပဲ။ ဆက္သြယ္လို႔ရတဲ့လူ ေတြကို ျပန္လိမ္ေနတဲ့က်ားဖ်န႔္။ ေစာေစာကေျပာသ လိုပဲ။ ကားေသာ့ေပးၿပီးေတာ့ကိုလိမ္ခိုင္းတာ။ လိမ္ ခိုင္းတဲ့လူအေပၚမွာ ေနာက္တစ္ဆင့္ရွိလိမ့္မယ္။ သူ တို႔အေပၚမွာ တကယ့္ဆရာႀကီးေတြေပါ့။ သူတို႔ကို Data ေပးတဲ့လူေတြေပါ့။ ဟိတ္ေကာင္ အဲဒီလူအ ေကာင့္ထဲမွာ ပိုက္ဆံဘယ္ေလာက္ရွိတယ္။ သား ဘယ္ႏွေယာက္ရွိတယ္။ အဲဒီလူက ဘာေတြႀကိဳက္ တတ္တယ္၊ Record ရွိတယ္။ အဲဒါကို ခင္ဗ်ားကို ေပးလိုက္တယ္။ အဲဒါကို ခင္ဗ်ားကယူၿပီးလိမ္တဲ့ အဆင့္မွာပဲရွိေသးတယ္။ အဲဒီက လိမ္လို႔ရလာတဲ့ပိုက္ ဆံကို cryptocurrency ေျပာင္းတယ္။ အဲဒီအဆင့္ မွာပဲရွိေသးတယ္။ အဲဒီထက္ပိုမသြားဘူး။ ဒါေပမဲ့ စဥ္း စားရမွာက အဲဒီလိုလိမ္လို႔ရေအာင္ အဲဒီ Data ဘယ္ ကေပးလဲဆိုတာကိုစဥ္းစားရမွာ။ ေက်ာက္ေဝတို႔ ကေမာၻဒီးယားတို႔မွာရွိတဲ့ Prince Group ကလိမ္တဲ့ ဟာက အဲဒီထက္ပိုၾကမ္းတယ္။ ဥပမာ Justin Bieber တို႔ Beyoncé တို႔ အဲဒီလိုသူေဌးေတြကို Target ထားၿပီးလိမ္တာ။ တကယ့္နာမည္ႀကီးေတြရဲ႕ cryptocurrency အေကာင့္ေတြကို Target ထား ၿပီးလိမ္တာ။ သူတို႔က ပိုက္ဆံမလိမ္ဘူး။ ဒီကေကာင္ ေတြက ပိုက္ဆံလိမ္ၿပီးမွ cryptocurrency ေျပာင္း တာ။ ဟိုေကာင္ေတြ ပိုက္ဆံမလိမ္ဘူး။ cryptocurrency ကိုတန္းလိမ္တာ။ ႏွစ္ဆင့္မခံဘူး။ ျမန္မာ ျပည္မွာသာ ႏွစ္ဆင့္ေျပာင္းေနတာ။ ဟိုေကာင္ေတြက တစ္ခါတည္းတန္းလိမ္တာ။ အစိုးရက ပိုၿပီးသတိထား ရမွာကဘာလဲဆိုေတာ့ Tik Tok မွာ AI ေမာ္ဒယ္ ဆိုတာ သတိထားရမယ္။ အဲဒီ AI ေမာ္ဒယ္က ကြၽန္ ေတာ္တို႔ႏိုင္ငံအတြက္ အႀကီးဆုံးျပႆနာျဖစ္လာမွာ တစ္ခ်ိန္ခ်ိန္က်ရင္။ အစ္ကို႔မ်က္ႏွာနဲ႔ ကြၽန္ေတာ္ ေငြ လိမ္လို႔ရတယ္။ ကြၽန္ေတာ္က အမ်ိဳးသမီးတစ္ေယာက္ မ်က္ႏွာနဲ႔ အကုန္လုံးကိုေငြလိမ္လို႔ရတယ္။ ဘာျဖစ္လို႔ လဲဆိုေတာ့ ဒီလိုအေျခအေနမွာသာ ခင္ဗ်ားက က်ား ဖ်န႔္မွာအလုပ္လုပ္ခဲ့တယ္။ တ႐ုတ္ျပည္ကိုသြားရင္ မိၿပီ။ ဘာလို႔မိတာလဲသိလား။ ျမန္မာႏိုင္ငံမွာရွိတဲ့ CCTV အားလုံးရဲ႕ (၉၀)ရာခိုင္ႏႈန္းက တ႐ုတ္ CCTV ေတြ။ အဲဒီ CCTV ေတြက အင္တာနက္နဲ႔ခ်ိတ္ထားမွ သုံးလို႔ရမွာ။ အဲဒီ Data က တ႐ုတ္ျပည္မွာရွိၿပီးသားပဲ။ အဲဒီလူတစ္ေယာက္ခ်င္းစီရဲ႕ Data ကအစ တ႐ုတ္ ျပည္မွာရွိၿပီးသားပဲ။ ကြၽန္ေတာ့္မွန္းေျခဆိုရင္ က်ားဖ်န႔္ မွာလုပ္ေနတဲ့လူတစ္ေယာက္ခ်င္းစီရဲ႕ Data ေတြ။ အလုပ္ဝင္ရင္ ဘယ္အလုပ္ဝင္ဝင္ CV ေဖာင္ေပးရ တာပဲ။ တ႐ုတ္က မဖမ္းခ်င္လို႔သာမဖမ္းဘဲနဲ႔ သူတို႔လို အပ္ခ်က္ေတြ Plot ေတြရွိလာမွပဲ ဂုတ္ဂြပ္ ခ်က္ခ်င္း ေကာက္ဖမ္းမယ့္ဟာမ်ိဳးမွာရွိလိမ့္မယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ အင္တာနက္ရေနရင္ တစ္ကမာၻလုံးက ဝင္ လုပ္လို႔ရမယ္။ သူတို႔ Brand ေတြအကုန္လုံးက။ ရွင္း ရွင္းေျပာမယ္ဗ်ာ ခင္ဗ်ားက BYD စီးမယ္။ ခင္ဗ်ား ကားရဲ႕ ခ်က္စီနံပါတ္ကို ကြၽန္ေတာ္သိေနလို႔ တ႐ုတ္ ၿဂိဳဟ္တုဆာဗာကေန ဘရိတ္ေတြမမိေအာင္လုပ္လိုက္လို႔ရတယ္။ လီဗာေတြကို အသားကုန္ေမာင္းၿပီး ေတာ့တင္ပစ္လိုက္လို႔ရတယ္။ မေတာ္တဆမႈျဖစ္ ေအာင္လို႔ မ်ိဳးစုံလုပ္လိုက္လို႔ရတယ္။ ဒီမွာလည္း ဒီလူေတြရဲ႕Data အားလုံးရွိတယ္။ ဒါေပမဲ့ မဖမ္းဘူး။ ဖမ္းခ်င္တဲ့အခ်ိန္က်မွ ေကာက္ၿပီးဖမ္းမွာ။ မဖမ္းဘူး ေနာ္။ ဖမ္းတဲ့ေကာင္ေတြကလည္း ဖမ္းတယ္ဆိုတာ က ဟန္ျပသာသာပဲရွိေသးတယ္။ ကြၽန္ေတာ္ျမင္တဲ့ အျမင္က အဲဒါပဲရွိေသးတယ္။ ဖမ္းတယ္ဆိုရင္ ထြက္ ေျပးၾကတာပဲ။ KK Park ႀကီးဖမ္းတုန္းကဆိုရင္ ထြက္ေျပးတဲ့လူက ပိုမ်ားတယ္။ အဲဒီထြက္ေျပးၾကတဲ့ လူေတြထဲမွာ တစ္ခ်ိန္ခ်ိန္က်ရင္ ဘီလ်ံနာျဖစ္ရင္လည္း ျဖစ္သြားႏိုင္တယ္။ ထရီလ်ံနာျဖစ္ရင္လည္း ျဖစ္သြား ႏိုင္တယ္။ ဒါေပမဲ့ US နဲ႔ အရမ္းသင့္ျမတ္ေနတယ္ဆိုရင္ ဒီေကာင္က က်ားဖ်န႔္လုပ္လို႔ ခ်မ္းသာလာတယ္ဆိုၿပီး ေကာက္ဖမ္းလိုက္မွာ။ ဒီေကာင့္ေနာက္ေၾကာင္းရာဇဝင္သိေနတာ။ အဲဒီဟာတစ္ခုအထိကို BRI စီမံကိန္း မွာရွိေနတဲ့ ႏိုင္ငံအကုန္လုံးရဲ႕အရင္းအျမစ္က (Agenda) က မင္းက အေမရိကန္ကိုႀကိဳက္ေနလို႔လားလို႔ ေမးမယ္။ အဲဒီBRI စီမံကိန္းက တျခားႏိုင္ငံနဲ႔ပဲဆိုင္ တာ။ ကြၽန္ေတာ္တို႔ႏိုင္ငံနဲ႔မဆိုင္ဘူး။ ကြၽန္ေတာ္တို႔ ႏိုင္ငံနဲ႔ဆိုင္တာ ကြၽန္ေတာ္ေျပာျပရဦးမယ္။
ေမး-ျမန္မာလက္နက္ကိုင္ေတြက ဘယ္လိုပါဝင္ပတ္ သက္တယ္လို႔ေျပာလို႔ရလဲ။
ေျဖ- ကြၽန္ေတာ္ အဆိုးဆုံးေျပာျပမယ္။ ဒီေကာင္ေတြ ပညာမတတ္ဘူး။ ရွင္းရွင္းေလးဗ်ာ အာဖရိကမွာ ေျခ ေျပာင္နဲ႔ေဘာလုံးကန္တဲ့လူကို Adidas သြားစီးခိုင္း ရင္ဘာျဖစ္မလဲ။ ေျမာက္ႂကြေျမာက္ႂကြျဖစ္သြားမွာ ေပါ့။ အခု ပယ္ေဆာက္ခ်ိန္ရဲ႕ သားလား တူလား မသိ ဘူး။ သူဆိုရင္Tik Tok မွာ နာရီေတြမ်ိဳးစုံပဲ ဒီေကာင္ က Lamborghini နဲ႔အကုန္႐ိုက္ျပတာ။ ဒါေပမဲ့ အဲ ဒီေကာင္ေတြသည္ ျမန္မာျပည္မွာျပန္ယွဥ္မယ္ဆိုရင္ ျမန္မာျပည္ကသူေဌးေတြနဲ႔ယွဥ္မယ္ဆိုရင္ ကြၽန္ေတာ္ တို႔ႏိုင္ငံမွာ Lamborghini တကယ္စီးႏိုင္တဲ့လူက အရမ္းခ်မ္းသားတဲ့လူမွစီးႏိုင္တာ။ သိန္းနဲ႔ခ်ီတာကိုးLamborghini တစ္စီးတစ္စီးဆိုတာ။ မယားႀကီးနဲ႔ မယားငယ္လိုမ်ိဳးပဲ ကြၽန္ေတာ္တို႔ႏိုင္ငံက Lamborghini ကတစ္ႏိုင္ငံလုံးသြားလို႔ရတယ္။ ဟိုမွာက ေလာက္ကိုင္ကေန ဒီကိုလာလို႔မရဘူး။ အဲဒီေတာ့ ဝါးလုံးေခါင္းထဲလသာၿပီးေတာ့ ေျမငွားတယ္၊ စာခ်ဳပ္ ခ်ဳပ္တယ္။ ျမန္မာလိုေျပာရင္ အလိုေတာ္ရိလုပ္တယ္ ေပါ့ေနာ္။ တ႐ုတ္မ်က္ႏွာရေအာင္လုပ္ရင္းနဲ႔ လက္ လြန္ၾကက္သြန္ေတြျဖစ္ၿပီး ႐ိုက္ႏွက္ႏွိပ္စက္တဲ့အထိ ျဖစ္ကုန္တာ။ လိမ္ရေလာက္ေအာင္အထိ ဒီေကာင္ ေတြမွာက ကြၽန္ေတာ္ေျပာသလိုေပါ့ဗ်ာ။ ျမန္မာကြန္ပ်ဴ တာတကၠသိုလ္ကေန ႏိုင္ငံျခားမွာအလုပ္လာလုပ္ေန တဲ့လူ ဘယ္ႏွေယာက္မ်ားရွိလို႔လဲလို႔ေမးစရာရွိတယ္။ ေနာက္ၿပီး အိမ္နီးခ်င္းႏိုင္ငံေတြကလည္း ေလယာဥ္ ေတြနဲ႔ဝင္တာကို မသိဘဲေနမလား။ ျမန္မာလဝက က ေကာမသိဘဲေနမလား။ အဲဒီေတာ့ ေျမငွားတဲ့အဆင့္ မွာပဲရပ္ေနတာ။
ေမး-ဝင္လိမ္ရမယ့္အဆင့္မဟုတ္ဘူး။ ေျမငွားတဲ့ ၿခံ ေစာင့္အဆင့္ပဲလား။
ေျဖ-ေျမငွားၿခံေစာင့္ ဘယ္လိုေျပာမလဲ ေခြးသာသာ ေပါ့ေနာ္။ ေကာက္႐ိုးပုံေစာင့္တဲ့ေခြးသာသာပဲ။ အဲဒါ အ႐ိုးရွင္းဆုံးနဲ႔ အျပတ္ဆုံးစကားပဲ။ အဲဒီေကာင္ေတြ အဆင့္က အဲဒီထက္မပိုဘူး။ ေနာက္တစ္ခုက ဘာလဲ ဆိုေတာ့ အဲဒီအထဲကို အင္တာနက္ရေအာင္သြင္းေပး တဲ့ေကာင္ေတြက ျပႆနာပဲ။ ဒီအထဲကို လွ်ပ္စစ္ ေရာင္းေပးတဲ့ေကာင္ေတြက ျပႆနာပဲ။ ဒီဟာႀကီး တစ္ခုလုံးက ဘယ္ေလာက္ပဲ အေဆာက္အအုံေကာင္း ေကာင္း အင္တာနက္နဲ႔လွ်ပ္စစ္မရွိရင္ ဘာမွလုပ္လို႔ မရဘူး။ အခုက ဘာျဖစ္လဲဆိုေတာ့ စုေနတဲ့ဟာကို ၿဖိဳခြင္းလိုက္သလိုျဖစ္သြားတာ။ ကြၽန္ေတာ္တို႔ႏိုင္ငံက ဟာက။ ၿဖိဳခြင္းလိုက္တဲ့ဟာမွာ မထိန္းလိုက္ႏိုင္ဘူး။ အဲဒီမွာ ဟိုေရာက္ဒီေရာက္ အဲဒီလိုေလွ်ာက္ ေရာက္ တာ။ အဲဒီမွာ ဘာျဖစ္သြားႏိုင္လဲဆိုေတာ့ အိမ္မွာေန ၿပီးေတာ့ (၅)ေယာက္(၆)ေယာက္နဲ႔ အင္တာနက္ရ တာနဲ႔ အိမ္မွာထိုင္ၿပီးေတာ့လိမ္ေနတာလည္း ျဖစ္ ေကာင္းျဖစ္လာႏိုင္တယ္။ လိမ္တတ္သြားၿပီေလ။ လိမ္ တတ္သြားၿပီဆိုလိမ္ေတာ့မွာပဲ။ အဲဒီေတာ့ ဒါေပမဲ့ ျပႆနာက တစ္ခုရွိတယ္။ ဒီလူေတြရဲ႕အထဲမွာ crypto wallet တစ္ခုေတြ႕တာနဲ႔ ဒီလူေတြက ႀကံရာပါပဲ။ ဘဏ္အေကာင့္ကေနေငြလႊဲတဲ့ဟာကို ဘာမွ သြား ေျပာလို႔မရဘူး။ ကြၽန္ေတာ္တို႔ အစိုးရထိန္းခ်ဳပ္မႈ ေအာက္မွာရွိေနတာ။ Crypto wallet ေတြနဲ႔ ေငြလႊဲ ေငြထုတ္လုပ္ထားတယ္။ ေငြသြင္းေငြယူလုပ္ထား တယ္။ ဒီလိုဟာေတြဆိုရင္ ႀကံရာပါပဲ။ တ႐ုတ္ျပည္ကို ေငြသြင္းေနတယ္ဆိုလည္း အဲဒီေကာင္သည္ ႀကံရာပါ ပဲ။ အခုလက္နက္ကိုင္အဖြဲ႕ေတြသည္ အေဆာက္အ အုံေဆာက္တယ္၊ ေျမငွားတယ္။ အုတ္တံတိုင္းကာ တယ္၊ ေစာင့္ေရွာက္ေပးတယ္။ ဒီအဆင့္မွာပဲရပ္ေန တာ။ ဒီအထဲကို ထဲထဲဝင္ဝင္ ဝင္ပါေလာက္ေအာင္အထိ သူတို႔မသိဘူး။ သိမွာလည္းမဟုတ္ဘူး။ ဘာေၾကာင့္လဲ ဆိုေတာ့ အဆိုးဆုံးစကားပဲကြၽန္ေတာ္ေျပာလိုက္မယ္ ဗ်ာ။ ပညာမရွိလို႔စစ္တိုက္ေနတာ။ ပညာတတ္တဲ့ ေကာင္က စစ္မတိုက္ဘူး။ ေသမွာေလဗ်ာ။ အဲကြန္း ခန္းထဲမွာေအးေဆးေနၿပီး သန္းႂကြယ္သူေဌးလုပ္မွာ ေပါ့။ ဘယ္လိုေျပာရမလဲဆိုေတာ့ Conflict ေတြ အ ရမ္းမ်ားတဲ့ေနရာမွာလာလုပ္ရင္ ပိုတြက္ေခ်ကိုက္ တယ္လို႔ထင္တယ္။ အဲဒီေတာ့ အရင္က ေတာထဲသြား မွ်စ္ခုတ္ၿပီး ထမင္းၾကမ္းစားတဲ့ေကာင္ေတြက ဆီဦး၊ ေထာပတ္သုတ္စားရတဲ့အခ်ိန္မွာ ဘာပဲလုပ္ရလုပ္ရ ဆိုတဲ့ဟာေတြျဖစ္သြားတာ။ အရင္ ဖုန္းေတာင္မကိုင္ ႏိုင္တဲ့ေကာင္က Land Cruiser စီးၿပီး I Phone ကိုင္ေတာ့ ငါတို႔ပိုက္ဆံရမယ္။ ငါတို႔ငွားရမယ္ဆိုတာ ေတြျဖစ္ကုန္ေရာ။ ဒီထဲမွာ ဘာျဖစ္ေနတာလဲဆိုတာကို က်ေတာ့ အတြင္းက်က်မသိဘူး။ ဒီအထဲကို ငွားလိုက္ တယ္ဆိုတဲ့ဟာကလည္း ကုမၸဏီေတြကို စာခ်ဳပ္ခ်ဳပ္ ၿပီးငွားလိုက္တာ။ ေ႐ႊကုကၠိဳလ္ဆိုရင္ Yatai ကိုငွား ထားတယ္။ အဲဒီ Yatai က ဘာလုပ္ေနလဲ ဘယ္သူမွ ဘာမွမသိဘူး။ လူပဲသတ္ေနတာလား၊ ဘိန္းပဲခ်က္ေန တာလား၊ လူကုန္ပဲကူးေနတာလား။ အတြင္းကလီစာပဲ ထုတ္ေနတာလား။ ဘယ္သူမွမသိဘူး။ ကြၽန္ေတာ္တို႔ လည္းမသိဘူး။ ကာယကံရွင္ကိုယ္တိုင္ပဲသိမွာ။ အဲဒီ ေတာ့ ျပန္ၿပီးေျပာရမွာက ဒီအထဲကိုဝင္ခိုင္းတဲ့ အင္ တာနက္ကုမၸဏီေတြ၊ ဆက္သြယ္ေရးကုမၸဏီေတြ၊ ဖုန္းလိုင္းကုမၸဏီေတြမွာ ဘယ္သူကတာဝန္အရွိဆုံး လဲ။ ဒီတ႐ုတ္ေတြေရာက္တာပဲရွိတာ။ ဒီတ႐ုတ္ေတြကို လာလို႔ရေအာင္ဘယ္သူေတြက လုပ္ေပးတာလဲ။ ဒါေတြကေမးစရာပါ။
ေမး- Star link သြင္းတာေရာပဲ။
ေျဖ-ေမးစရာခ်ည္းပဲ။ အခုက ဘာျဖစ္ေနလဲဆိုေတာ့ သဘာဝေပါက္ပင္လိုပဲ။ ႀကိဳက္တဲ့ေနရာသြား။ အင္ တာနက္မိေနရင္လိမ္လို႔ရေနတယ္။ ေျပာေတာ့ တ ႐ုတ္က Great Firewall ရွိတယ္ဆို။ သူတို႔ဆီကေန Data ျပန္ေတာင္းလို႔ရတယ္ေလ။ ဒီမွာဘယ္ေတြလိမ္ ေနလဲ ဖမ္းၿပီးျပန္ပို႔လိုက္။ ႐ိုး႐ိုးေလးပဲ။ သူတို႔ကိုယ္ တိုင္ကိုကပတ္သက္ေနတယ္။US ကလည္း မေရာင္ ရာ ဆီဝင္လူးၿပီးေတာ့ သူတို႔ႏိုင္ငံသားေတြပဲဝင္လိုက္ မယ္ဆိုရင္ က်ားဖ်န႔္ထဲမွာ တ႐ုတ္ေတြပဲရွိတာမဟုတ္ ဘူး။ ကေနဒါ၊ ႐ုရွားေတြ အမ်ားႀကီးရွိေသးတယ္။ ဒီ ေကာင္ေတြက လည္း US ရဲ႕ Plot တစ္ခုအေနနဲ႔ ဒီႏိုင္ငံထဲကို ေရာက္ေနတာ။ အေျခေနေကာင္းရင္ လိမ္မယ္။ အေျခေနမေကာင္းရင္ KNU ထဲသြားၿပီး ေတာ့ လက္နက္ကိုင္မယ္။ အာဏာရွင္ ပုန္ကန္ဖီဆန္ ဘာညာေလွ်ာက္လုပ္မွာေပါ့။ ကြၽန္ေတာ္တို႔ႏိုင္ငံက ၾကာရင္မလြယ္ေတာ့ဘူးပဲ။
ေမး-အဲဒါဆို ကြၽန္ေတာ္တို႔ျမန္မာေတြအေနနဲ႔ အ လိမ္မခံခ်င္ရင္ ဖုန္းပိတ္ထားရမွာေပါ့။
ေျဖ-အဓိကကေတာ့ SMS ပဲ။ ကြၽန္ေတာ္ဆိုရင္ ကိုယ့္ဖုန္းထဲမွာပါတဲ့နံပါတ္ပဲ။ ဘယ္ဖုန္းေခၚေခၚ မကိုင္ဘူး။ အဲဒီဟာကို SMS အရင္ပို႔လိုက္တယ္။ ဘယ္သူလဲလို႔ေမးလိုက္တယ္။ ဟိုဘက္က ျပန္လာ တယ္။ ေမာင္ဘယ္သူပါဆိုမွဖုန္းကိုင္တာ။ အဲဒီမွာ Link ေတြထိုးေပးတဲ့လူေတြဆိုရင္လည္း ဖုန္းမကိုင္ ဘူး။ အျပင္မွာ Face to Face ေတြ႕ဖူးတဲ့လူကလြဲလို႔ ကြၽန္ေတာ္လက္ခံတာ။ Viber ကေန မင္းကိုဆက္ လိုက္မယ္။ ဘယ္သူဘယ္သူပါဆိုတစ္မ်ိဳးေပါ့ေနာ္။ Unknow ဖုန္းနံပါတ္ဆိုရင္လည္း ကြၽန္ေတာ္မကိုင္ ဘူး။ ႀကိဳမေျပာထားတဲ့ဖုန္းနံပါတ္ဆိုရင္လက္မခံဘူး။ ခင္ဗ်ားက ဒီလူက ကြၽန္ေတာ့္ဆီကလူ ဆက္သြယ္ လိုက္ပါမယ္ဆိုရင္။ ခင္ဗ်ားက ကြၽန္ေတာ့္ကို Viber ကပို႔ထားမယ္ဆိုရင္ သူ႔ဖုန္းလာရင္ ကြၽန္ေတာ္က မွတ္ၿပီးသားျဖစ္တဲ့အတြက္ ကြၽန္ေတာ္ကိုင္မယ္။ ၿပီး ရင္ SMS ေပါ့။ ေနာက္ဆုံးေျပာလိုက္မယ္ဗ်ာ။ ကြၽန္ ေတာ္တို႔ႏိုင္ငံက ဆင္းရဲတဲ့ႏိုင္ငံျဖစ္တဲ့အတြက္ စေလာ့ ဂိမ္း၊ ငါးပစ္ဂိမ္း၊ 2D, 3Dေဆာ့ၾကတယ္။ ေဆာ့လို႔ ရတယ္။ ဝါသနာအရမ္းႀကီးလို႔ ေဆာ့ခ်င္ရင္ေဆာ့လို႔ရ တယ္။ ဒါေပမဲ့ Crypto နဲ႔သြားၿပီးေဆာ့တဲ့ဟာမွာ မ႐ူးမိုက္သင့္ဘူး။ လိမ္မွာသိသိႀကီးနဲ႔ကိုး။ ခင္ဗ်ားက ေဘာလုံးပြဲႏိုင္တယ္။ (၁)သိန္းထည့္ထားရင္ရတယ္ (၁၅)သိန္းေပးတယ္။ ျမန္မာျပည္မွာ ေဘာပြဲေလာင္း တာ အဲဒီလိုမရဘူးေလ။ 2D ထိုးတယ္။ (၈)ဆလား (၅)ဆလား မသိဘူးရတယ္။ တစ္ေသာင္းထိုးထားရင္ (၈၀ဝဝဝ)လားမသိဘူးရတယ္။ တ႐ုတ္ျပည္မွာက (၁၀ဝဝဝ)ဖိုးထားရင္ သိန္း (၈၀)တို႔ သိန္း (၁၀ဝ)တို႔ ရတယ္။ အဲဒီေတာ့ သိန္း (၈၀)၊ သိန္း (၁၀ဝ)လုံး ခင္ ဗ်ားက ျပန္ထိုးလိုက္မယ္။ မေဆာ့ေတာ့ဘူးဆိုရင္ လည္း မေဆာ့ေဆာ့ေအာင္ေႏႊးေပးရတယ္။ မေဆာ့ ေတာ့ဘူးလား၊ ပ်င္းေနၿပီလား အဲဒီလိုလုပ္တယ္။ အဲဒီေတာ့ ျမန္မာေတြက တ႐ုတ္စာမတတ္တဲ့အတြက္ ျမန္မာေတြကိုေတာ့ Target ထားၿပီးမလိမ္ဘူးဗ်ာ။ လိမ္ေကာင္းလည္းလိမ္ႏိုင္တယ္။ ျမန္မာျပည္ဖြားတ႐ုတ္ႏြယ္စပ္ေတြကိုေပါ့။ တစ္ခုခုနဲ႔ခ်မ္းသာေနတဲ့ ေကာင္ေတြကိုေပါ့။
ေမး-ျမန္မာေတြဆီက ဘာမွမရဘူးဆိုတာသိၿပီး မ လိမ္တာလည္းျဖစ္မွာေပါ့။ ျမန္မာေတြက ေတြ႕ရာခ လုတ္ေလွ်ာက္မႏွိပ္ဘူး။ ပ်င္းလို႔။ ဘာေတြမွန္းမသိ ဘူးဆိုၿပီး ေက်ာ္ပစ္လိုက္တယ္။
ေျဖ-ေနာက္တစ္ခုက တစ္ခုခုျပခ်င္တယ္ဆိုရင္ ေတာင္ screenshot နဲ႔ျပေပါ့ေနာ္။ ဓာတ္ပုံ႐ိုက္ၿပီးပို႔ ရင္ေတာင္အလုပ္မျဖစ္ေပါ့ေနာ္။ ေနာက္ၿပီး (၆)လနဲ႔ (၁)ႏွစ္ၾကားထဲမွာ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ အခင္းအ က်င္း ေတာ္ေတာ္ေကာင္းလာႏိုင္တယ္။ အခုလက္ရွိ ေလာေလာဆယ္မွာလည္း အခုက်ားဖ်န႔္မွာတပ္ထား တဲ့ CCTV ေတြကလည္း တ႐ုတ္ CCTV ေတြပဲ။ ေမာင္ဘယ္သူ၊ ဦးဘယ္သူဆိုတာလည္း လိမ္လို႔မရ ဘူး။ အခုက ဘာမွမျဖစ္ေသးဘူး။ ေနာင္ (၁၀)ႏွစ္မွာ အဲဒီေကာင္ခ်မ္းသာသြားရင္ တ႐ုတ္ျပည္ကေကာက္ ဖမ္းလိုက္မယ္။ က်ားဖ်န႔္နဲ႔ပတ္သက္လို႔ပါ။ ပိုင္ဆိုင္မႈ ေတြအကုန္သိမ္းတယ္။ အဲဒီလိုေတြ လာေကာင္းလာ ႏိုင္တယ္။ အေအာင္ျမင္ဆုံးအခ်ိန္မွာ ေခါင္ကိုျဖတ္ ႐ိုက္ပစ္လိုက္တာ။
ေမး-ျမန္မာႏိုင္ငံက Cyber security ကေကာ ဒီဟာကို နားေကာနားလည္ရဲ႕လား။ အစိုးရလူႀကီးေတြ ေကာ။
ေျဖ-နားလည္တာေပါ့။ သူတို႔မွာ မ်ိဳးစုံေသာဖိအားေတြ ရွိတယ္ေလ။ ၿပီးရင္ ေနာက္တစ္ခုက ေတြးဖို႔အခ်ိန္မရ ဘူး။ ေ႐ြးေကာက္ပြဲလုပ္ဖို႔ကိုပဲအခ်ိန္ရေနတာ။ အခုန ကကြၽန္ေတာ္ေျပာသလိုပဲ။ ဒီတ႐ုတ္ေတြဝင္လာ ေအာင္ ဘယ္သူေတြကစီမံေပးတာလဲ။ အင္တာနက္ လိုင္းေတြရေအာင္ ဘယ္ကစီမံေပးေနတာလဲ။ မီးရ ေအာင္ ဘယ္သူေတြကစီမံေပးေနတာလဲ။ ဒီေဒသ ေတြက မီးရယ္၊ အင္တာနက္ရယ္မရရင္ ဘာမွလုပ္လို႔ မရဘူး။ က်ားဖ်န႔္မေျပာနဲ႔ က်ားဖ်န႔္အေဘးလည္း လာလုပ္လို႔မရဘူး။ ၿပီးရင္ ဒီလိမ္လို႔ရေအာင္ Data ေတြက ဘယ္သူထုတ္ေပးေနတာလဲ။ တ႐ုတ္ဆက္ သြယ္ေရးေတြမပါဘဲနဲ႔၊ တ႐ုတ္ကုမၸဏီေတြမပါဘဲနဲ႔ ဒီ Data ေတြမပါဘဲနဲ႔မရဘူးေလ။ ခင္ဗ်ား ဘဏ္အ ေကာင့္ထဲမွာ ဘယ္ေလာက္ရွိလဲဆိုၿပီး ဒီအတိုင္းသြား ေမးရင္ ခင္ဗ်ားေျဖမွာမဟုတ္ဘူးေလ။ ကြၽန္ေတာ့္ လာ ေမးရင္လည္း မေျဖဘူးေလ။ ဘဏ္အေကာင့္ထဲမွာBank Statement ဘယ္ေလာက္ရွိလဲဆိုတဲ့ဟာ ေတြက ဘဏ္ေတြကိုယ္တိုင္ေပးလို႔ကို ဒီကထိုင္လိမ္ တာ။ အဲဒီေတာ့ စစ္ျပန္ႀကီးေတြ ဖြန္ေၾကာင္တယ္။ ဒီကရွမ္းမေတြက AI ေမာ္ဒယ္ေတြနဲ႔လိမ္ၿပီး Sex chat တယ္။ ပိုက္ဆံမလႊဲေပးရင္ ဘာလုပ္မယ္။ ညာ လုပ္မယ္ဆိုၿပီးအက်ပ္ကိုင္ရင္ ဟိုက သားသမီးေတြ ျပႆနာတက္ ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္တာမ်ိဳး ေတြျဖစ္ကုန္တာ။ လိမ္ရမွာမေၾကာက္ေတာ့ဘူး။ အဲဒီ လိုျဖစ္သြားတာ။