TNLA သို့ လက်နက်ဖိုး ဒေါ်လာဘီလျံချီ အကြွေးကို မည်သူက မည်သို့ပေးသနည်း ဟု မေးခွန်းထုတ်ဖွယ်ကောင်းနေ

 3563

သုတကျော်၊ သန့်ဇင်(NP News) ဒီဇင်ဘာ ၈
တားဘုန်းကျော်တို့၏ TNLA သို့ လက်နက်ဖိုးငွေ ဒေါ်လာဘီလျံချီကို မည်သူက မည်သို့ပေး သနည်းဟု မေးခွန်းထုတ်ဖွယ်ကောင်းနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ၊ သုံးသပ်သူတစ်ဦးက NP News သို့ပြောသည်။
TNLA က မိုးကုတ်နှင့် မိုးမိတ်ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် TNLA ခေါင်းဆောင်တစ်ဦး ဖြစ်သူ တားဘုန်း ကျော်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ပို့စ်တင်ကာ ငိုချင်း ချခဲ့ရာ အဆိုပါပို့စ်အတွင်း NUG ကို ပေါင်းမိသည့် အတွက် နောင်တရသည့်သဘော ရေးသားထားသည် ကိုလည်း မြင်ရသည်။
“နွေဦးတော်လှန်ရေးမှာ ဆယ်နှစ်ကျော် တည်ဆောက်ထားတဲ့ အရင်းအမြစ်တွေနဲ့ အကောင်း ဆုံးပံ့ပိုးခဲ့တယ်။ လက်သုံးချောင်းထောင်သူတွေကို လစဉ် ဆန်အိတ် ထောင်ကြီးပိုင်းကျွေးမွေးမြှင့်တင် လေ့ကျင့်ထားတယ်။ ၃-၄ နှစ် ကာလအတွင်း ရဲဘော် အင်အားထောင်ချီ ပေးဆပ်အရင်းပြုခဲ့တယ်။ လက် နက်အကြွေး ဒေါ်လာဘီလျံချီ တင်ခဲ့တယ်။ အာဏာ ရှင်နံရံကို ခေါင်းနဲ့အတင်းဝင်တိုက်လို့ ဦးခေါင်းက သွေးခြင်းနီရဲလို့ သေမလောက်ပါပဲ။ ဗမာတွေ ဒီဒေးခေါ်လို့ လိုက်မပါနိုင်ပေမယ့် မီရာအရှိန်နဲ့လိုက် ဖို့ကြိုးပမ်းခဲ့တယ်။ တကယ့်တကယ် (၁၀၂၇) လုပ်တော့ ဘယ်ဒီဒေးကမှ လက်တွေ့ပါမလာဘဲ နောက်ဆုံး ကိုယ်ပဲအထီးကျန်” ဟု တားဘုန်းကျော်က ရေးသားခဲ့ခြင်းဖြစ်သည်။
ယင်းသည် TNLA ၏ တရားဝင်သတင်း ထုတ်ပြန်ချက်ဟုမဆိုသာသော်လည်း TNLA ၏ တတိယ အဆင့်ခန့်ရှိ သော ခေါင်းဆောင်တစ်ဦးက ၎င်း၏ တရားဝင် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက် နှာထက်တွင် ရေးသားခဲ့ခြင်းဖြစ်သည့် အတွက် ယင်း သည်လည်း TNLA ၏ သဘောထားဟု သုံးသပ်နိုင် သောအနေအထား ရှိသည်။
“ပေးတယ်ဆိုရင် အဲဒီအကြွေးအတွက် ငွေသားပေးတာလား။ ဒေါ်လာနဲ့ ပေးတာလား။ ယွမ်နဲ့ ပေးတာလား။ ကျပ်နဲ့တော့ မဖြစ်နိုင်ဘူး။ လက်နက် ချည်းပဲပေးတာလား။ ငွေဆိုရင် မြန်မာဘဏ်ကို သုံးတာလား။ တရုတ်ဘဏ်ကို သုံးတာလား။ တရုတ် ဘဏ်ကို သုံးရင် တရုတ်အစိုးရမှာ တာဝန်မရှိဘူးလား။ မြန်မာဘဏ်တွေကို သုံးတယ်ဆိုရင် ဘယ်ဘဏ်က ဒီငွေကြေးကို ခဝါချခဲ့တာလဲ။ ဒါတွေက မေးခွန်းထုတ် ရမယ့်ကိစ္စဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တားဘုန်းကျော်က အကြွေးတင်သည်ဟု ပြောဆိုနေသော်လည်း ပတ္တမြားမြေ မိုးကုတ်ကို TNLA ကထိန်းချုပ်ပြီး ပတ္တမြားများကို အတိုင်းအဆ မရှိထုတ်ယူခဲ့သည်ဖြစ်ရာ အကြွေးမတင်သည့်အပြင် အမြတ်ပါထွက်သွားလိမ့်မည်ဟု ယင်းနှင့်ပတ်သက်၍ သိရှိသူတစ်ဦးကပြောသည်။
‘အကြွေးမတင်တဲ့အပြင် အများကြီး အမြတ်ထွက်သွားပြီ။ အဲဒါက ရုပ်ရှင်ရိုက်တာ။ ဘာလို့ ဆိုရင် အစောပိုင်း တုန်းက မြန်မာငွေ ကျပ်(၉၈)ဘီလျံ သူတို့အကြွေးရှိတယ် ‘ဝ’ကိုပေးဖို့က။ (၉၈)ဘီလျံ ဆိုတာက ဒေါ်လာသန်း (၂၀)ကျော်ပေါ့။ အဲဒီဒေါ်လာ သန်း(၂၀)ကျော်က သူတို့ရသွားတဲ့ ကျောက်တစ်ပွင့် ဖိုးမရှိဘူး’ဟု ၎င်းကပြောသည်။
ထို့ကြောင့် မိုးကုတ်မြို့ရှိ ဂေါက်ကွင်းပါ မချန် မြေလှန်ကျောက်တူးခဲ့သော TNLA သည် UWSA, MNAA တို့နှင့်အတူ ဒေါ်လာသန်းပေါင်းများစွာ အကျိုးအမြတ်ရရှိသွားခဲ့ပြီး လူအများကို အယုံသွင်းရန် မျက်ရည်ချူပြနေခြင်း သာဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။ ‘ဝ၊ ပလောင်နဲ့ကိုးကန့်ရသွားတဲ့ မိုးကုတ် ကကျောက်က ဘီလျံ မဟုတ်ရင်တောင်မှပဲ ဒေါ်လာ သန်း ရာပေါင်း များစွာရှိတယ်။ သူတို့က အကြွေးတင် သွားတာမဟုတ် ဘူး။ ရသွားတာ။ ရသွားတဲ့ဟာကို သူ က ငိုပြနေတာလေ။ မျက်ရည်ချူပြနေတာ’ဟု ၎င်းက ပြောသည်။
ယင်းသို့ တားဘုန်းကျော်၏ပြောစကားများ အတွက် ဒေါ်လာဘီလျံချီသောငွေကြေးကိုပင် မြင်ဖူး ပါသလားဟု အဆိုပါသတင်းရင်းမြစ်က မေးခွန်းထုတ်သည်။ ‘အခု တားဘုန်းကျော်ပြောစရာစကားမရှိ ပါဘူးလို့။ မျက်နှာပူနေလို့ပါတို့ ဘာတို့ပြောတာ။ ဒေါ်လာ ဘီလျံနဲ့ချီတယ်ပြောတာ။ ဒေါ်လာ ဘီလျံချီ ဆိုတာ ဒီကောင် ကြားသာကြားဖူးတာ မြင်ဖူးလို့လား။ ဒေါ်လာ (၁)ဘီလျံဆိုတာ ဒေါ်လာသန်း (၁၀ဝဝ)ရှိ တယ်’ဟု ၎င်းကဆိုသည်။
တပ်မတော်၏တန်ပြန်ထိုးစစ်ကြောင့် TNLA တို့ နောက်ဆုတ်ပေးနေရချိန်တွင် ၎င်းတို့ ဘက်မှပြောသော စကားမှာ တရုတ်နိုင်ငံ၏ဖိအားဟု ဆိုသော်လည်း မြေပြင်တွင် အဆိုပါအချက်အလက် ထက် ပိုမိုရှုပ်ထွေးသောအခြေ အနေရှိနေကြောင်း အခြား စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
‘ကိုးကန့်နဲ့ ‘ဝ’ကလည်း လက်နက်မ ရောင်းဘူး။ KIA ဆီကလည်း အရင်က နယ်မြေ ပြဿနာတွေကြောင့် လက်နက်ဝယ်မရဘူး။ တရုတ်ဖိ အားလည်းပါသလို အရင်က နယ်မြေလုပွတ်တိုက်မှု တွေကြောင့် လက်နက် ဝယ်မရတဲ့အခြေအနေမှာရှိနေခဲ့တယ်။ ပြီးတော့ သူတို့လူတွေကလည်း သေတယ်။ သေတာကလည်း အရင်တည်း ကသိနေတာ အခုတားဘုန်းကျော်ရေး လိုက်တော့ ပိုသိသွား တာပေါ့။ ပြီးတော့ အရင်ကတည်းက TNLA အဖွဲ့ထဲမှာလည်း ထောက်ပံ့၊ ပို့ဆောင်ရေးတွေအား နည်းတယ်။ နောက်တစ်ချက်က အရာရှိနဲ့တပ်ဖွဲ့ ဝင်ကြားမှာလည်း ကွာဟမှုတွေ ရှိတယ်။ ဆိုတော့ သူက အခုလို ဘာဖြစ်တယ်၊ ညာဖြစ်တယ် လိုင်းပေါ် တက်ရေးတာက သူတို့က မိုးကုတ်နဲ့မြတ် သွားပြီလေ။ ကျန်တဲ့ သူတို့နဲ့တိုက်ခဲ့တဲ့ သူတွေကို ငိုချင်းချတာမျိုးပဲ’ဟု ၎င်းကဆိုသည်။ TNLA တို့သည် ရှမ်းပြည်နယ် အတွင်းက မြို့နယ်များကိုထိန်းချုပ်ခဲ့ရာတွင် ပလောင် ပထမဝါဒကိုကျင့်သုံးခဲ့ပြီး ရှိရင်းစွဲရှမ်းလူမျိုးနှင့် အခြား လူမျိုး များကို ဖိနှိပ်ခြင်းများရှိခဲ့သည်။
‘အရင်က သီပေါမှာ ဘုန်းကြီးကျောင်းတွေက ပလောင်ကလေးလေးတွေကိုထားတယ်။ အခုတော့ အဲဒီလို အခြေအနေမျိုးရောက်ဖို့ ဘယ်ဖြစ်နိုင် တော့မလဲ။ TNLA လုပ်တာက ပလောင်လူမျိုးတွေ ပါထိကုန်တယ်’ဟု သီပေါမြို့ခံ တစ်ဦးကဆိုသည်။

Zawgyi Version:
TNLA သို႔ လက္နက္ဖိုး ေဒၚလာဘီလ်ံခ်ီ အေႂကြးကို မည္သူက မည္သို႔ေပးသနည္း ဟု ေမးခြန္းထုတ္ဖြယ္ေကာင္းေန
သုတေက်ာ္၊ သန႔္ဇင္(NP News) ဒီဇင္ဘာ ၈
တားဘုန္းေက်ာ္တို႔၏ TNLA သို႔ လက္နက္ဖိုးေငြ ေဒၚလာဘီလ်ံခ်ီကို မည္သူက မည္သို႔ေပး သနည္းဟု ေမးခြန္းထုတ္ဖြယ္ေကာင္းေနေၾကာင္း ျမန္မာ့ႏိုင္ငံေရး ေလ့လာ၊ သုံးသပ္သူတစ္ဦးက NP News သို႔ေျပာသည္။
TNLA က မိုးကုတ္ႏွင့္ မိုးမိတ္ကို လက္လႊတ္ဆုံးရႈံးရၿပီးေနာက္ TNLA ေခါင္းေဆာင္တစ္ဦး ျဖစ္သူ တားဘုန္း ေက်ာ္က ၎၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ပို႔စ္တင္ကာ ငိုခ်င္း ခ်ခဲ့ရာ အဆိုပါပို႔စ္အတြင္း NUG ကို ေပါင္းမိသည့္ အတြက္ ေနာင္တရသည့္သေဘာ ေရးသားထားသည္ ကိုလည္း ျမင္ရသည္။
“ေႏြဦးေတာ္လွန္ေရးမွာ ဆယ္ႏွစ္ေက်ာ္ တည္ေဆာက္ထားတဲ့ အရင္းအျမစ္ေတြနဲ႔ အေကာင္း ဆုံးပံ့ပိုးခဲ့တယ္။ လက္သုံးေခ်ာင္းေထာင္သူေတြကို လစဥ္ ဆန္အိတ္ ေထာင္ႀကီးပိုင္းေကြၽးေမြးျမႇင့္တင္ ေလ့က်င့္ထားတယ္။ ၃-၄ ႏွစ္ ကာလအတြင္း ရဲေဘာ္ အင္အားေထာင္ခ်ီ ေပးဆပ္အရင္းျပဳခဲ့တယ္။ လက္ နက္အေႂကြး ေဒၚလာဘီလ်ံခ်ီ တင္ခဲ့တယ္။ အာဏာ ရွင္နံရံကို ေခါင္းနဲ႔အတင္းဝင္တိုက္လို႔ ဦးေခါင္းက ေသြးျခင္းနီရဲလို႔ ေသမေလာက္ပါပဲ။ ဗမာေတြ ဒီေဒးေခၚလို႔ လိုက္မပါႏိုင္ေပမယ့္ မီရာအရွိန္နဲ႔လိုက္ ဖို႔ႀကိဳးပမ္းခဲ့တယ္။ တကယ့္တကယ္ (၁၀၂၇) လုပ္ေတာ့ ဘယ္ဒီေဒးကမွ လက္ေတြ႕ပါမလာဘဲ ေနာက္ဆုံး ကိုယ္ပဲအထီးက်န္” ဟု တားဘုန္းေက်ာ္က ေရးသားခဲ့ျခင္းျဖစ္သည္။
ယင္းသည္ TNLA ၏ တရားဝင္သတင္း ထုတ္ျပန္ခ်က္ဟုမဆိုသာေသာ္လည္း TNLA ၏ တတိယ အဆင့္ခန႔္ရွိ ေသာ ေခါင္းေဆာင္တစ္ဦးက ၎၏ တရားဝင္ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ ႏွာထက္တြင္ ေရးသားခဲ့ျခင္းျဖစ္သည့္ အတြက္ ယင္း သည္လည္း TNLA ၏ သေဘာထားဟု သုံးသပ္ႏိုင္ ေသာအေနအထား ရွိသည္။
“ေပးတယ္ဆိုရင္ အဲဒီအေႂကြးအတြက္ ေငြသားေပးတာလား။ ေဒၚလာနဲ႔ ေပးတာလား။ ယြမ္နဲ႔ ေပးတာလား။ က်ပ္နဲ႔ေတာ့ မျဖစ္ႏိုင္ဘူး။ လက္နက္ ခ်ည္းပဲေပးတာလား။ ေငြဆိုရင္ ျမန္မာဘဏ္ကို သုံးတာလား။ တ႐ုတ္ဘဏ္ကို သုံးတာလား။ တ႐ုတ္ ဘဏ္ကို သုံးရင္ တ႐ုတ္အစိုးရမွာ တာဝန္မရွိဘူးလား။ ျမန္မာဘဏ္ေတြကို သုံးတယ္ဆိုရင္ ဘယ္ဘဏ္က ဒီေငြေၾကးကို ခဝါခ်ခဲ့တာလဲ။ ဒါေတြက ေမးခြန္းထုတ္ ရမယ့္ကိစၥျဖစ္ပါတယ္” ဟု ၎က ဆိုသည္။
တားဘုန္းေက်ာ္က အေႂကြးတင္သည္ဟု ေျပာဆိုေနေသာ္လည္း ပတၱျမားေျမ မိုးကုတ္ကို TNLA ကထိန္းခ်ဳပ္ၿပီး ပတၱျမားမ်ားကို အတိုင္းအဆ မရွိထုတ္ယူခဲ့သည္ျဖစ္ရာ အေႂကြးမတင္သည့္အျပင္ အျမတ္ပါထြက္သြားလိမ့္မည္ဟု ယင္းႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးကေျပာသည္။
‘အေႂကြးမတင္တဲ့အျပင္ အမ်ားႀကီး အျမတ္ထြက္သြားၿပီ။ အဲဒါက ႐ုပ္ရွင္႐ိုက္တာ။ ဘာလို႔ ဆိုရင္ အေစာပိုင္း တုန္းက ျမန္မာေငြ က်ပ္(၉၈)ဘီလ်ံ သူတို႔အေႂကြးရွိတယ္ ‘ဝ’ကိုေပးဖို႔က။ (၉၈)ဘီလ်ံ ဆိုတာက ေဒၚလာသန္း (၂၀)ေက်ာ္ေပါ့။ အဲဒီေဒၚလာ သန္း(၂၀)ေက်ာ္က သူတို႔ရသြားတဲ့ ေက်ာက္တစ္ပြင့္ ဖိုးမရွိဘူး’ဟု ၎ကေျပာသည္။
ထို႔ေၾကာင့္ မိုးကုတ္ၿမိဳ႕ရွိ ေဂါက္ကြင္းပါ မခ်န္ ေျမလွန္ေက်ာက္တူးခဲ့ေသာ TNLA သည္ UWSA, MNAA တို႔ႏွင့္အတူ ေဒၚလာသန္းေပါင္းမ်ားစြာ အက်ိဳးအျမတ္ရရွိသြားခဲ့ၿပီး လူအမ်ားကို အယုံသြင္းရန္ မ်က္ရည္ခ်ဴျပေနျခင္း သာျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္ကဆိုသည္။ ‘ဝ၊ ပေလာင္နဲ႔ကိုးကန႔္ရသြားတဲ့ မိုးကုတ္ ကေက်ာက္က ဘီလ်ံ မဟုတ္ရင္ေတာင္မွပဲ ေဒၚလာ သန္း ရာေပါင္း မ်ားစြာရွိတယ္။ သူတို႔က အေႂကြးတင္ သြားတာမဟုတ္ ဘူး။ ရသြားတာ။ ရသြားတဲ့ဟာကို သူ က ငိုျပေနတာေလ။ မ်က္ရည္ခ်ဴျပေနတာ’ဟု ၎က ေျပာသည္။
ယင္းသို႔ တားဘုန္းေက်ာ္၏ေျပာစကားမ်ား အတြက္ ေဒၚလာဘီလ်ံခ်ီေသာေငြေၾကးကိုပင္ ျမင္ဖူး ပါသလားဟု အဆိုပါသတင္းရင္းျမစ္က ေမးခြန္းထုတ္သည္။ ‘အခု တားဘုန္းေက်ာ္ေျပာစရာစကားမရွိ ပါဘူးလို႔။ မ်က္ႏွာပူေနလို႔ပါတို႔ ဘာတို႔ေျပာတာ။ ေဒၚလာ ဘီလ်ံနဲ႔ခ်ီတယ္ေျပာတာ။ ေဒၚလာ ဘီလ်ံခ်ီ ဆိုတာ ဒီေကာင္ ၾကားသာၾကားဖူးတာ ျမင္ဖူးလို႔လား။ ေဒၚလာ (၁)ဘီလ်ံဆိုတာ ေဒၚလာသန္း (၁၀ဝဝ)ရွိ တယ္’ဟု ၎ကဆိုသည္။
တပ္မေတာ္၏တန္ျပန္ထိုးစစ္ေၾကာင့္ TNLA တို႔ ေနာက္ဆုတ္ေပးေနရခ်ိန္တြင္ ၎တို႔ ဘက္မွေျပာေသာ စကားမွာ တ႐ုတ္ႏိုင္ငံ၏ဖိအားဟု ဆိုေသာ္လည္း ေျမျပင္တြင္ အဆိုပါအခ်က္အလက္ ထက္ ပိုမိုရႈပ္ေထြးေသာအေျခ အေနရွိေနေၾကာင္း အျခား စစ္ေရးသတင္းရင္းျမစ္တစ္ဦးက ဆိုသည္။
‘ကိုးကန႔္နဲ႔ ‘ဝ’ကလည္း လက္နက္မ ေရာင္းဘူး။ KIA ဆီကလည္း အရင္က နယ္ေျမ ျပႆနာေတြေၾကာင့္ လက္နက္ဝယ္မရဘူး။ တ႐ုတ္ဖိ အားလည္းပါသလို အရင္က နယ္ေျမလုပြတ္တိုက္မႈ ေတြေၾကာင့္ လက္နက္ ဝယ္မရတဲ့အေျခအေနမွာရွိေနခဲ့တယ္။ ၿပီးေတာ့ သူတို႔လူေတြကလည္း ေသတယ္။ ေသတာကလည္း အရင္တည္း ကသိေနတာ အခုတားဘုန္းေက်ာ္ေရး လိုက္ေတာ့ ပိုသိသြား တာေပါ့။ ၿပီးေတာ့ အရင္ကတည္းက TNLA အဖြဲ႕ထဲမွာလည္း ေထာက္ပံ့၊ ပို႔ေဆာင္ေရးေတြအား နည္းတယ္။ ေနာက္တစ္ခ်က္က အရာရွိနဲ႔တပ္ဖြဲ႕ ဝင္ၾကားမွာလည္း ကြာဟမႈေတြ ရွိတယ္။ ဆိုေတာ့ သူက အခုလို ဘာျဖစ္တယ္၊ ညာျဖစ္တယ္ လိုင္းေပၚ တက္ေရးတာက သူတို႔က မိုးကုတ္နဲ႔ျမတ္ သြားၿပီေလ။ က်န္တဲ့ သူတို႔နဲ႔တိုက္ခဲ့တဲ့ သူေတြကို ငိုခ်င္းခ်တာမ်ိဳးပဲ’ဟု ၎ကဆိုသည္။ TNLA တို႔သည္ ရွမ္းျပည္နယ္ အတြင္းက ၿမိဳ႕နယ္မ်ားကိုထိန္းခ်ဳပ္ခဲ့ရာတြင္ ပေလာင္ ပထမဝါဒကိုက်င့္သုံးခဲ့ၿပီး ရွိရင္းစြဲရွမ္းလူမ်ိဳးႏွင့္ အျခား လူမ်ိဳး မ်ားကို ဖိႏွိပ္ျခင္းမ်ားရွိခဲ့သည္။
‘အရင္က သီေပါမွာ ဘုန္းႀကီးေက်ာင္းေတြက ပေလာင္ကေလးေလးေတြကိုထားတယ္။ အခုေတာ့ အဲဒီလို အေျခအေနမ်ိဳးေရာက္ဖို႔ ဘယ္ျဖစ္ႏိုင္ ေတာ့မလဲ။ TNLA လုပ္တာက ပေလာင္လူမ်ိဳးေတြ ပါထိကုန္တယ္’ဟု သီေပါၿမိဳ႕ခံ တစ္ဦးကဆိုသည္။

Related news

© 2021. All rights reserved.