ဖားကန့်တွင် KIA၊ PDF က ကျောက်ပွဲစား၊ရွှေဆိုင်များနှင့် ဒေသခံပါမချန် ဓားပြတိုက်နေကြောင်း ဒေသခံများဖွင့်ဟ

481

သန့်ဇင်(NP News)-ဒီဇင်ဘာ ၈
ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် KIA၊ PDF က ကျောက်ပွဲစား၊ ရွှေဆိုင်များနှင့် ဒေသ ခံပါမချန်ဓားပြတိုက် နေသောကြောင့် ဒေသခံများ ကျီးလန့်စာစားနေရကြောင်း ဒေသခံများက NP News သို့ပြောသည်။
ဖားကန့်ဒေသတွင် ဓားပြတိုက်လုယက်မှုများသည် ယခုလပိုင်းအတွင်း ပိုမိုဖြစ်ပွားလာခဲ့ရာ တစ်လအတွင်း အကြိမ်(၂၀)ထက်မနည်းဖြစ်ပွားနေပြီး အဓိကအားဖြင့် ကျောက်ပွဲစားနှင့်ရွှေဆိုင်များကို ပစ်မှတ်ထားကြခြင်းဖြစ် ကြောင်းသိရသည်။
အဆိုပါဓားပြမှုများကို ကျူးလွန်သူများသည်လည်း KIA နှင့် PDF အဖွဲ့ဝင်များပင်ဖြစ်ပြီး နယ်မြေမတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ အရပ် သားအယောင်ဆောင်၍ ဓားပြမှုများကျူလွန်နေခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦး ကဆိုသည်။
“မြေပြင်မှာ နေ့ဘက်ညဘက်တွေ စိုးမိုး တာသူတို့တွေ။ အကုန်လုံးက ကျီးလန့်စာစားနေကြရတယ်။ KIA နဲ့ PDF ကပဲ မျက်နှာဖုံးစွပ်ပြီးလုပ်နေတာ။ အဲဒီဒဏ်ကိုက လက်နက်မရှိတဲ့လူ အကုန်ရင် ဆိုင်နေရတယ်။ ကျောက်ပွဲစားတွေ ကျောက်ရောင်း သွားရင် နောက်ကလိုက်ပြီးဓားပြတိုက်တာတို့ ရွှေဆိုင်ကိုဝင်ပြီးဓားပြတိုက်တာတို့ ခဏခဏဖြစ်နေတာ” ဟု ဒေသခံအမျိုးသားကပြောသည်။
ထို့ပြင် ဒေသခံများထံမှ ဆိုင်ကယ်လုယက် မှုများ၊ နောက်ယောင်ခံကာ ဓားပြတိုက်သတ်ဖြတ်မှု များကိုလည်း KIA ၊ PDF တို့ကိုယ်တိုင်ပင် ရုပ်ဖျက်ကာ ကျူးလွန်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဒေသခံပါမချန် ဓားပြတိုက်တာ။ ဖားကန့်မှာက ဥပဒေပျောက်သွားတော့ လက်နက်ကိုင်တွေက ကြီးစိုးပြီး ပြည်သူအတွက်ဆိုပြီး လုပ်ချင်ရာလုပ်နေကြ တာ။ တော်တော်ကို ဒေါသထွက်ဖို့ကောင်းတယ်”ဟု ၎င်း ကပြောသည်။
ဓားပြမှုအများစုသည် ကျောက်လုပ်ကွက် များစွာရှိရာ လုံးခင်းကျေးရွာနှင့် မှော်စီစာကျေးရွာတစ် ဝိုက်တွင် အများစုဖြစ်ပွားလေ့ရှိကြောင်းလည်း ဒေသ တွင်းသတင်းများ၏ ဖော်ပြရေးသားချက်များအရသိ ရသည်။
အနီးစပ်ဆုံးဖြစ်စဉ်များအနေဖြင့် ပြီးခဲ့သည့် နိုဝင်ဘာလ(၃၀)ရက် ညပိုင်းက ဖားကန့်မြို့ရှိ KING KTV အနီးတွင် ဆိုင်ကယ်စီးလာသော အမျိုးသားတစ်ဦးကို လည်ပင်းဓားဖြင့်ထိုးကာ ဆိုင်ကယ် လုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ(၂၉) ရက်ကလည်း လုံးခင်းဘုရားကျောင်းအနီးတွင် လမ်းသွားလမ်းလာ တစ်ဦးထံမှ ငွေကျပ်သိန်း(၃၀)ကို သေနတ်ကိုင် ဆောင်ထားသူတစ်ဦးက လုယက်ဓားပြတိုက်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။
အထက်ပါဖြစ်စဉ်များသည် ဖားကန့်ဒေသတွင် များစွာဖြစ်ပေါ်နေပြီး အချို့သောနေရာများတွင် ပေါ်ပေါ် ထင်ထင် ဆိုင်ကယ်ခိုးယူလုယက်များရှိနေ သော်လည်း မည်သူမျှ ဝင်ရောက်တားဆီးခြင်းမျိုး မလုပ်ရဲဖြစ်နေကြောင်း ဒေသခံတစ်ဦးက လူမှုကွန် ရက်စာမျက်နှာတွင် မှတ်ချက်ပြုရေးသားထားသည်။
“ငြိမ်းချမ်းသာယာမှာ ဆိုင်ကယ်ခိုးသွားတဲ့အဖွဲ့ကိုသိ ရဲ့သားနဲ့ ထိုင်ကြည့်နေရတယ်။ တစ်အိမ်ပြီးတစ်အိမ် ခိုးနေလည်း ဘယ်သူမှအရေးမယူကြဘူးဗျာ။ ဒီလူ တွေကြည့်ရတာ ခိုးလို့မရရင် ဓားပြတိုက်မယ့်ပုံနဲ့ အိမ်ရှေ့ကနေ နေ့တိုင်းဖြတ်သွားဖြတ်လာလုပ်နေကြတာ” ဟု အထက်ပါဒေသခံက ရေးသားထားသည်။

Zawgyi Version:
ဖားကန႔္တြင္ KIA၊ PDF က ေက်ာက္ပြဲစား၊ေ႐ႊဆိုင္မ်ားႏွင့္ ေဒသခံပါမခ်န္ ဓားျပတိုက္ေနေၾကာင္း ေဒသခံမ်ားဖြင့္ဟ
သန႔္ဇင္(NP News)-ဒီဇင္ဘာ ၈
ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္တြင္ KIA၊ PDF က ေက်ာက္ပြဲစား၊ ေ႐ႊဆိုင္မ်ားႏွင့္ ေဒသ ခံပါမခ်န္ဓားျပတိုက္ ေနေသာေၾကာင့္ ေဒသခံမ်ား က်ီးလန႔္စာစားေနရေၾကာင္း ေဒသခံမ်ားက NP News သို႔ေျပာသည္။
ဖားကန႔္ေဒသတြင္ ဓားျပတိုက္လုယက္မႈမ်ားသည္ ယခုလပိုင္းအတြင္း ပိုမိုျဖစ္ပြားလာခဲ့ရာ တစ္လအတြင္း အႀကိမ္(၂၀)ထက္မနည္းျဖစ္ပြားေနၿပီး အဓိကအားျဖင့္ ေက်ာက္ပြဲစားႏွင့္ေ႐ႊဆိုင္မ်ားကို ပစ္မွတ္ထားၾကျခင္းျဖစ္ ေၾကာင္းသိရသည္။
အဆိုပါဓားျပမႈမ်ားကို က်ဴးလြန္သူမ်ားသည္လည္း KIA ႏွင့္ PDF အဖြဲ႕ဝင္မ်ားပင္ျဖစ္ၿပီး နယ္ေျမမတည္ၿငိမ္မႈကို အခြင့္ေကာင္းယူကာ အရပ္ သားအေယာင္ေဆာင္၍ ဓားျပမႈမ်ားက်ဴလြန္ေနျခင္း ျဖစ္ေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦး ကဆိုသည္။
“ေျမျပင္မွာ ေန႔ဘက္ညဘက္ေတြ စိုးမိုး တာသူတို႔ေတြ။ အကုန္လုံးက က်ီးလန႔္စာစားေနၾကရတယ္။ KIA နဲ႔ PDF ကပဲ မ်က္ႏွာဖုံးစြပ္ၿပီးလုပ္ေနတာ။ အဲဒီဒဏ္ကိုက လက္နက္မရွိတဲ့လူ အကုန္ရင္ ဆိုင္ေနရတယ္။ ေက်ာက္ပြဲစားေတြ ေက်ာက္ေရာင္း သြားရင္ ေနာက္ကလိုက္ၿပီးဓားျပတိုက္တာတို႔ ေ႐ႊဆိုင္ကိုဝင္ၿပီးဓားျပတိုက္တာတို႔ ခဏခဏျဖစ္ေနတာ” ဟု ေဒသခံအမ်ိဳးသားကေျပာသည္။
ထို႔ျပင္ ေဒသခံမ်ားထံမွ ဆိုင္ကယ္လုယက္ မႈမ်ား၊ ေနာက္ေယာင္ခံကာ ဓားျပတိုက္သတ္ျဖတ္မႈ မ်ားကိုလည္း KIA ၊ PDF တို႔ကိုယ္တိုင္ပင္ ႐ုပ္ဖ်က္ကာ က်ဴးလြန္ေနျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။ “ေဒသခံပါမခ်န္ ဓားျပတိုက္တာ။ ဖားကန႔္မွာက ဥပေဒေပ်ာက္သြားေတာ့ လက္နက္ကိုင္ေတြက ႀကီးစိုးၿပီး ျပည္သူအတြက္ဆိုၿပီး လုပ္ခ်င္ရာလုပ္ေနၾက တာ။ ေတာ္ေတာ္ကို ေဒါသထြက္ဖို႔ေကာင္းတယ္”ဟု ၎ ကေျပာသည္။
ဓားျပမႈအမ်ားစုသည္ ေက်ာက္လုပ္ကြက္ မ်ားစြာရွိရာ လုံးခင္းေက်း႐ြာႏွင့္ ေမွာ္စီစာေက်း႐ြာတစ္ ဝိုက္တြင္ အမ်ားစုျဖစ္ပြားေလ့ရွိေၾကာင္းလည္း ေဒသ တြင္းသတင္းမ်ား၏ ေဖာ္ျပေရးသားခ်က္မ်ားအရသိ ရသည္။
အနီးစပ္ဆုံးျဖစ္စဥ္မ်ားအေနျဖင့္ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ(၃၀)ရက္ ညပိုင္းက ဖားကန႔္ၿမိဳ႕ရွိ KING KTV အနီးတြင္ ဆိုင္ကယ္စီးလာေသာ အမ်ိဳးသားတစ္ဦးကို လည္ပင္းဓားျဖင့္ထိုးကာ ဆိုင္ကယ္ လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အလားတူ ႏိုဝင္ဘာလ(၂၉) ရက္ကလည္း လုံးခင္းဘုရားေက်ာင္းအနီးတြင္ လမ္းသြားလမ္းလာ တစ္ဦးထံမွ ေငြက်ပ္သိန္း(၃၀)ကို ေသနတ္ကိုင္ ေဆာင္ထားသူတစ္ဦးက လုယက္ဓားျပတိုက္မႈျဖစ္ပြား ခဲ့ေၾကာင္းသိရသည္။
အထက္ပါျဖစ္စဥ္မ်ားသည္ ဖားကန႔္ေဒသတြင္ မ်ားစြာျဖစ္ေပၚေနၿပီး အခ်ိဳ႕ေသာေနရာမ်ားတြင္ ေပၚေပၚ ထင္ထင္ ဆိုင္ကယ္ခိုးယူလုယက္မ်ားရွိေန ေသာ္လည္း မည္သူမွ် ဝင္ေရာက္တားဆီးျခင္းမ်ိဳး မလုပ္ရဲျဖစ္ေနေၾကာင္း ေဒသခံတစ္ဦးက လူမႈကြန္ ရက္စာမ်က္ႏွာတြင္ မွတ္ခ်က္ျပဳေရးသားထားသည္။
“ၿငိမ္းခ်မ္းသာယာမွာ ဆိုင္ကယ္ခိုးသြားတဲ့အဖြဲ႕ကိုသိ ရဲ႕သားနဲ႔ ထိုင္ၾကည့္ေနရတယ္။ တစ္အိမ္ၿပီးတစ္အိမ္ ခိုးေနလည္း ဘယ္သူမွအေရးမယူၾကဘူးဗ်ာ။ ဒီလူ ေတြၾကည့္ရတာ ခိုးလို႔မရရင္ ဓားျပတိုက္မယ့္ပုံနဲ႔ အိမ္ေရွ႕ကေန ေန႔တိုင္းျဖတ္သြားျဖတ္လာလုပ္ေနၾကတာ” ဟု အထက္ပါေဒသခံက ေရးသားထားသည္။