ကော့သောင်းမြို့နယ်၊ မကြုံကလက်ကျေးရွာတွင် ဆေးကြောင်နေသူက ကျောင်းထိုင် ဆရာတော်ကို ရိုက်သတ်သော ဖြစ်စဉ် ဖြစ်ပွား

800

သုတကျော် (NP News) - ဒီဇင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်က ဆလုံတိုင်းရင်းသား အများစု နေထိုင်ရာ မကြုံကလက်ကျေးရွာတွင် ဆေးကြောင်နေသူက ကျောင်းထိုင် ဆရာတော်ကို ရိုက်သတ်သော ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ် နှင့် ပတ်သက်၍ သိရှိသူ တစ်ဦးက NP News သတင်းဌာနကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာလ ၇ ရက်၊ ညနေပိုင် ၃ နာရီ ခွဲခန့်က အဆိုပါ ကျေးရွာ ရှိ အောင်ခေမာကျောင်းတိုက် ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ဆရာတော်က စောင့်ရှောက်ထားသည့် အသက် ၂၇ နှစ်အရွယ် ကော့သောင်းမြို့ ဇာတိ အမျိုးသားက တုတ်ဖြင့် လေးချက် ရိုက်သည့် အတွက် ကျောင်းထိုင်ဆရာတော် သက်တော် ၃၆ နှစ်၊ ဝါတော် ၁၅ ဝါ ရှိ ကျောင်းထိုင်ဆရာတော် ဦးပဏ္ဏိတမှာ နေရာတွင်ပင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
“ကောင်လေးက မြုံးလှေကနေ နေခဲ့တာ ပြောတယ်။ နေခဲ့တာကလည်း ဆေးကြောင်လို့ ထားခဲ့တာတွေ။ ဆေးတအားကြောင်သွားပြီ ပြောဆိုလို့ မရတော့ရင် ကျွန်းတွေ ရောက်တဲ့ အခါ ထားခဲ့တာလေ။ အဲဒီထဲက တစ်ယောက်ပေါ့။ ကျူးလွန်သူက ရွာထဲ လျှောက်သွားနေလို့ ဆရာတော်က ကယ်ထားတာပေါ့။ ဘုန်းကြီးကျောင်းမှာနေ ဆွမ်းခံလိုက်ပြီးနေလို့ ဆုံးမတယ် ပြောတယ်။ ကြားတာက ဆရာတော် ခဏကျိန်းနေတုန်း အလှူခံပုံး မသံကြားလို့ ထကြည့်လိုက်တယ် ပြောတယ်။ ဆေးကြောင်ပြီ အလှူခံပုံး ကို ဖောက်တာ ဆရာတော်တွေ့တော့ ဆရာတော်ကို ရိုက်သတ်တဲ့ အချိန် တကာမ နှစ်ယောက်ကလည်း ကျောင်းပေါ် တက်လာတယ် ပြောတယ်။ မြင်တော့ တကာမ နှစ်ယောက်ကိုလည်း လိုက်ရိုက်တယ်ပြောတယ်” ဟု အဆိုပါ သိရှိသူ က ဆိုသည်။
ကျောင်းထိုင်ဆရာတော်မှာ ရိုက်နှက်ခဲ့ရသောကြောင့် ဦးခေါင်းကွဲ ဒဏ်ရာများ ရရှိကာ နေရာတွင်ပင် ပွဲချင်းပြီး ပျံလွန်တော် မူသွားခဲ့ကာ ကျူးလွန်သူကိုလည်း ကျေးရွာ က ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေကာ့ေသာင္းၿမိဳ႕နယ္၊ မႀကဳံကလက္ေက်း႐ြာတြင္ ေဆးေၾကာင္ေနသူက ေက်ာင္းထိုင္ ဆရာေတာ္ကို ႐ိုက္သတ္ ေသာ ျဖစ္စဥ္ ျဖစ္ပြား
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၈
တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္က ဆလုံတိုင္းရင္းသား အမ်ားစု ေနထိုင္ရာ မႀကဳံကလက္ေက်း႐ြာတြင္ ေဆးေၾကာင္ေနသူက ေက်ာင္းထိုင္ ဆရာေတာ္ကို ႐ိုက္သတ္ေသာ ျဖစ္စဥ္ ျဖစ္ပြားခဲ့ေၾကာင္း ျဖစ္စဥ္ ႏွင့္ ပတ္သက္၍ သိရွိသူ တစ္ဦးက NP News သတင္းဌာနကို ေျပာသည္။
အဆိုပါျဖစ္စဥ္မွာ ဒီဇင္ဘာလ ၇ ရက္၊ ညေနပိုင္ ၃ နာရီ ခြဲခန႔္က အဆိုပါ ေက်း႐ြာ ရွိ ေအာင္ေခမာေက်ာင္းတိုက္ ၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ကာ ဆရာေတာ္က ေစာင့္ေရွာက္ထားသည့္ အသက္ ၂၇ ႏွစ္အ႐ြယ္ ေကာ့ေသာင္းၿမိဳ႕ ဇာတိ အမ်ိဳးသားက တုတ္ျဖင့္ ေလးခ်က္ ႐ိုက္သည့္ အတြက္ ေက်ာင္းထိုင္ဆရာေတာ္ သက္ေတာ္ ၃၆ ႏွစ္၊ ဝါေတာ္ ၁၅ ဝါ ရွိ ေက်ာင္းထိုင္ဆရာေတာ္ ဦးပဏၰိတမွာ ေနရာတြင္ပင္ ပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရသည္။
“ေကာင္ေလးက ၿမဳံးေလွကေန ေနခဲ့တာ ေျပာတယ္။ ေနခဲ့တာကလည္း ေဆးေၾကာင္လို႔ ထားခဲ့တာေတြ။ ေဆးတအားေၾကာင္သြားၿပီ ေျပာဆိုလို႔ မရေတာ့ရင္ ကြၽန္းေတြ ေရာက္တဲ့ အခါ ထားခဲ့တာေလ။ အဲဒီထဲက တစ္ေယာက္ေပါ့။ က်ဴးလြန္သူက ႐ြာထဲ ေလွ်ာက္သြားေနလို႔ ဆရာေတာ္က ကယ္ထားတာေပါ့။ ဘုန္းႀကီးေက်ာင္းမွာေန ဆြမ္းခံလိုက္ၿပီးေနလို႔ ဆုံးမတယ္ ေျပာတယ္။ ၾကားတာက ဆရာေတာ္ ခဏက်ိန္းေနတုန္း အလႉခံပုံး မသံၾကားလို႔ ထၾကည့္လိုက္တယ္ ေျပာတယ္။ ေဆးေၾကာင္ၿပီ အလႉခံပုံး ကို ေဖာက္တာ ဆရာေတာ္ေတြ႕ေတာ့ ဆရာေတာ္ကို ႐ိုက္သတ္တဲ့ အခ်ိန္ တကာမ ႏွစ္ေယာက္ကလည္း ေက်ာင္းေပၚ တက္လာတယ္ ေျပာတယ္။ ျမင္ေတာ့ တကာမ ႏွစ္ေယာက္ကိုလည္း လိုက္႐ိုက္တယ္ေျပာတယ္” ဟု အဆိုပါ သိရွိသူ က ဆိုသည္။
ေက်ာင္းထိုင္ဆရာေတာ္မွာ ႐ိုက္ႏွက္ခဲ့ရေသာေၾကာင့္ ဦးေခါင္းကြဲ ဒဏ္ရာမ်ား ရရွိကာ ေနရာတြင္ပင္ ပြဲခ်င္းၿပီး ပ်ံလြန္ေတာ္ မူသြားခဲ့ကာ က်ဴးလြန္သူကိုလည္း ေက်း႐ြာ က ဝိုင္းဝန္း ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။