KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ (၅၀၀) ကျော်ကို ဖြိုချဖျက်ဆီးပြီးဖြစ်

145

စိမ့် (NP News) - ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲ့ထော်သလေးရွာ၊ KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည် လောင်းကစားမှုပြုလုပ်ခဲ့သည့် တရားမဝင်အဆောက်အအုံ (၅၀၀)ကျော် ကို ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့များက KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား ဖြိုချဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ( ဒီဇင်ဘာ(၂၆)ရက်) အထိ KK Park နယ်မြေအတွင်းရှိ အပိုင်း(၃) နယ်မြေအတွင်းရှိ တရားမဝင်လေးထပ်အဆောက်အအုံ (၃) လုံး၊ နှစ်ထပ်အဆောက်အအုံ (၂) လုံးတို့ကို ထပ်မံဖြိုချဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း (၆၃၅) လုံးအနက် (၅၀၄) လုံးကို စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းသိရသည်။
ထိုသို့ဖျက်ဆီးရာတွင် တရားမဝင်အဆောက်အအုံများကို အလုံးစုံပျက်စီးစေရန်အတွက် လေအိုးမီးအိုးဖြင့် ထပ်မံဖျက်ဆီးခြင်းများကို ပြီးခဲ့သည့် ဒီဇင်ဘာ(၁၄)မှ စတင်ဆောင်ရွက်ခဲ့ရာ နှစ်ထပ်အဆောက်အအုံ(၅)လုံးကို ထပ်မံဖျက်ဆီးနိုင်ခဲ့သဖြင့် စုစုပေါင်း အဆောက်အအုံ (၅၄)လုံးတို့ကို ရာခိုင်နှုန်းပြည့် ဖျက်ဆီးပြီး ဖြစ်ကြောင်းသိရသည်။
ထို့ပြင် KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစား မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများကို ထပ်မံအသုံးပြုမှုမရှိစေရေးအတွက် စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
KK Park နယ္ေျမအတြင္းရွိ တရားမဝင္အေဆာက္အအုံ (၅၀၀) ေက်ာ္ကို ၿဖိဳခ်ဖ်က္ဆီးၿပီးျဖစ္
စိမ့္ (NP News) - ဒီဇင္ဘာ ၂၇
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ မဲ့ေထာ္သေလး႐ြာ၊ KK Park နယ္ေျမအတြင္းရွိ အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈျပဳလုပ္ခဲ့သည့္ တရားမဝင္အေဆာက္အအုံ (၅၀၀)ေက်ာ္ ကို ၿဖိဳခ်ဖ်က္ဆီးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
လုံၿခဳံေရးတပ္ဖြဲ႕မ်ားက KK Park နယ္ေျမမ်ားရွိ တရားမဝင္အေဆာက္အအုံမ်ားအတြင္း ဝင္ေရာက္ရွင္းလင္းျခင္း၊ အြန္လိုင္းလိမ္လည္ ေလာင္းကစားမႈလုပ္ငန္းစဥ္မ်ားတြင္ အသုံးျပဳခဲ့သည့္ သိမ္းဆည္းရမိပစၥည္းမ်ားႏွင့္ တရားမဝင္ အေဆာက္အအုံမ်ားအား ၿဖိဳခ်ဖ်က္ဆီးျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိရာ ယမန္ေန႔ ( ဒီဇင္ဘာ(၂၆)ရက္) အထိ KK Park နယ္ေျမအတြင္းရွိ အပိုင္း(၃) နယ္ေျမအတြင္းရွိ တရားမဝင္ေလးထပ္အေဆာက္အအုံ (၃) လုံး၊ ႏွစ္ထပ္အေဆာက္အအုံ (၂) လုံးတို႔ကို ထပ္မံၿဖိဳခ်ဖ်က္ဆီးႏိုင္ခဲ့သျဖင့္ စုစုေပါင္း (၆၃၅) လုံးအနက္ (၅၀၄) လုံးကို စနစ္တက် ၿဖိဳခ်ဖ်က္ဆီးၿပီးျဖစ္ေၾကာင္းသိရသည္။
ထိုသို႔ဖ်က္ဆီးရာတြင္ တရားမဝင္အေဆာက္အအုံမ်ားကို အလုံးစုံပ်က္စီးေစရန္အတြက္ ေလအိုးမီးအိုးျဖင့္ ထပ္မံဖ်က္ဆီးျခင္းမ်ားကို ၿပီးခဲ့သည့္ ဒီဇင္ဘာ(၁၄)မွ စတင္ေဆာင္႐ြက္ခဲ့ရာ ႏွစ္ထပ္အေဆာက္အအုံ(၅)လုံးကို ထပ္မံဖ်က္ဆီးႏိုင္ခဲ့သျဖင့္ စုစုေပါင္း အေဆာက္အအုံ (၅၄)လုံးတို႔ကို ရာခိုင္ႏႈန္းျပည့္ ဖ်က္ဆီးၿပီး ျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ KK Park နယ္ေျမႏွင့္ ေ႐ႊကုကၠိဳလ္နယ္ေျမအတြင္းရွိ အြန္လိုင္းလိမ္လည္ေလာင္းကစား မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ပစၥည္းမ်ားကို ထပ္မံအသုံးျပဳမႈမရွိေစေရးအတြက္ စနစ္တက် မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္းလည္း သိရသည္။