Maoist သူပုန်အဖွဲ့ခေါင်းဆောင် အပါအဝင် သူပုန်အဖွဲ့ဝင်(၄)ဦးကို အောင်မြင်စွာ သတ်ပစ်နိုင်ခဲ့တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့ပြော

120

Pika (NP News) - ဒီဇင်ဘာ ၂၇
မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ဝင်ရောက်စီးနင်းမှုတစ်ခုအတွင်း အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဟာ Maoist သူပုန်အဖွဲ့ ခေါင်းဆောင်နဲ့ အမျိုးသမီးနှစ်ဦး အပါအဝင် သူပုန်အဖွဲ့ဝင်(၃)ဦးကို သတ်ဖြတ်နိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အိန္ဒိယအာဏာပိုင်တွေက Maoist သူပုန်အဖွဲ့ကို ကြီးမားတဲ့ထိုးစစ်ဆင်မှုတစ်ခုလုပ်ဆောင်နေမှုနဲ့အတူ ယခုလို သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း အိန္ဒိယအစိုးရဟာ Maoist သူပုန်အဖွဲ့ကို ပြင်းပြင်းထန်ထန်ဆန့်ကျင်တိုက်ခိုက်မယ့်စစ်ဆင်ရေးတစ်ခုကို စတင်ခဲ့ပြီး (၂ဝ၂၆)ခုနှစ် မတ်လမှာ Maoist ဝါဒီ သူပုန်ထမှုကို အဆုံးသတ်ဖို့ ကတိပြုထားတယ်လို့လည်း သိရပါတယ်။
အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဟာ Kandhamal ခရိုင်မှာ လုပ်ဆောင်ခဲ့တဲ့ဝင်ရောက်စီးနင်းမှုတစ်ခုအတွင်း Maoist သူပုန် အဖွဲ့ခေါင်းဆောင် Ganesh Uike ကို သတ်ပစ်နိုင်ခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အသက်(၆၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ Maoist သူပုန်အဖွဲ့ခေါင်းဆောင် Ganesh Uike ဟာ ၎င်းရဲ့ဦးခေါင်းအတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ(၁၂၀၀၀၀)ကျော် ရရှိမယ်ဆိုပြီး ဆုကြေးငွေထုတ်ခံထားရသူတစ်ဦးလည်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ထိပ်တန်းအရာရှိ ယိုဂတ်ရှ်က “ဒီဝင်ရောက်စီးနင်းမှုအတွင်း Maoist သူပုန်အဖွဲ့ဝင်(၄)ဦးကို အောင်မြင်စွာ သတ်ပစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီစစ်ဆင်ရေးအတွင်း အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေဘက်ကတော့ အသေအပျောက် မရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
Maoist သူပုန္အဖြဲ႕ေခါင္းေဆာင္ အပါအဝင္ သူပုန္အဖြဲ႕ဝင္(၄)ဦးကို ေအာင္ျမင္စြာ သတ္ပစ္ႏိုင္ခဲ့တယ္လို႔ အိႏၵိယ ရဲတပ္ဖြဲ႕ေျပာ
Pika (NP News) - ဒီဇင္ဘာ ၂၇
မၾကာေသးခင္က လုပ္ေဆာင္ခဲ့တဲ့ဝင္ေရာက္စီးနင္းမႈတစ္ခုအတြင္း အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ဟာ Maoist သူပုန္အဖြဲ႕ ေခါင္းေဆာင္နဲ႔ အမ်ိဳးသမီးႏွစ္ဦး အပါအဝင္ သူပုန္အဖြဲ႕ဝင္(၃)ဦးကို သတ္ျဖတ္ႏိုင္ခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
အိႏၵိယအာဏာပိုင္ေတြက Maoist သူပုန္အဖြဲ႕ကို ႀကီးမားတဲ့ထိုးစစ္ဆင္မႈတစ္ခုလုပ္ေဆာင္ေနမႈနဲ႔အတူ ယခုလို သတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ လေတြအတြင္း အိႏၵိယအစိုးရဟာ Maoist သူပုန္အဖြဲ႕ကို ျပင္းျပင္းထန္ထန္ဆန႔္က်င္တိုက္ခိုက္မယ့္စစ္ဆင္ေရးတစ္ခုကို စတင္ခဲ့ၿပီး (၂ဝ၂၆)ခုႏွစ္ မတ္လမွာ Maoist ဝါဒီ သူပုန္ထမႈကို အဆုံးသတ္ဖို႔ ကတိျပဳထားတယ္လို႔လည္း သိရပါတယ္။
အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ဟာ Kandhamal ခ႐ိုင္မွာ လုပ္ေဆာင္ခဲ့တဲ့ဝင္ေရာက္စီးနင္းမႈတစ္ခုအတြင္း Maoist သူပုန္ အဖြဲ႕ေခါင္းေဆာင္ Ganesh Uike ကို သတ္ပစ္ႏိုင္ခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အသက္(၆၉)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ Maoist သူပုန္အဖြဲ႕ေခါင္းေဆာင္ Ganesh Uike ဟာ ၎ရဲ႕ဦးေခါင္းအတြက္ ဆုေၾကးေငြ အေမရိကန္ေဒၚလာ(၁၂၀၀၀၀)ေက်ာ္ ရရွိမယ္ဆိုၿပီး ဆုေၾကးေငြထုတ္ခံထားရသူတစ္ဦးလည္း ျဖစ္ပါတယ္။
ရဲတပ္ဖြဲ႕ထိပ္တန္းအရာရွိ ယိုဂတ္ရွ္က “ဒီဝင္ေရာက္စီးနင္းမႈအတြင္း Maoist သူပုန္အဖြဲ႕ဝင္(၄)ဦးကို ေအာင္ျမင္စြာ သတ္ပစ္ႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီစစ္ဆင္ေရးအတြင္း အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ေတြဘက္ကေတာ့ အေသအေပ်ာက္ မရွိခဲ့ပါဘူး” လို႔ ေျပာခဲ့ပါတယ္။