ရွေးကောက်ပွဲကိုစောင့်ကြည်လေ့လာရန် နိုင်ငံ(၆)နိုင်ငံမှ အဖွဲ့များ ရန်ကုန်သို့ ရာက်ရှိ

399

ထိုက်စံ (NP News) - ဒီဇင်ဘာ ၂၇
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စောင့်ကြည်လေ့လာရန် နိုင်ငံ (၆) နိုင်ငံမှအဖွဲ့များက ရန်ကုန်မြို့ရောက်ရှိနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လာမည့် ဒီဇင်ဘာ(၂၈)ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များသည် ယမန်န(ဒီဇင်ဘာ ၆ ရက်) နံနက်ပိုင်းမှစ၍ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိလာကြာခြင်းဖြစ်ကြောင်း သိရသည်။
စောင့်ကြည့်လေ့လာသူများအဖြစ် ရုရှား နိုင်ငံမှ Deputy Chairman (State Duma) ဖြစ်သူ Mr.Kara-ool Sholban ဦးဆောင်သောအဖွဲ့၊ တရုတ်နိုင်ငံ Spe-cial Envoy for Asian Affairs,MFA Mr.Deng Xijun ဦးဆောင်သောအဖွဲ့ နှင့် အိန္ဒိယနိုင်ငံမှ Former Army Commander Mr.Sahni Arun Kumar ဦးဆောင်သောအဖွဲ့တို့က ရန်ကုန်မြို့သို့ရောက်ရှိလာကြခြင်းဖြစ်သည်။
အလားတူ ကာဇက်စတန်နိုင်ငံမှ Deputy Chairman of the Commission Mr.Yerman Mukhtar ဦးဆောင်သောအဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံမှ NEC Member ဖြစ်သူ H.E. Mr. YICH Samethy ဦးဆောင်သောအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံမှ Mr.Nguyen Duc Thinh ဦးဆောင်သောအဖွဲ့တို့ရောက်ရှိလာကြခြင်းဖြစ်သည်။
အဆိုပါအဖွဲ့များကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲကိုေစာင့္ၾကည္ေလ့လာရန္ ႏိုင္ငံ(၆)ႏိုင္ငံမွ အဖြဲ႕မ်ား ရန္ကုန္သို႔ ရာက္ရွိ
ထိုက္စံ (NP News) - ဒီဇင္ဘာ ၂၇
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ေစာင့္ၾကည္ေလ့လာရန္ ႏိုင္ငံ (၆) ႏိုင္ငံမွအဖြဲ႕မ်ားက ရန္ကုန္ၿမိဳ႕ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
လာမည့္ ဒီဇင္ဘာ(၂၈)ရက္တြင္ ေ႐ြးေကာက္ပြဲ က်င္းပမည္ျဖစ္ရာ ႐ုရွား၊ တ႐ုတ္၊ အိႏၵိယစသည့္ ျပည္ပႏိုင္ငံမ်ားမွ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕မ်ားသည္ ယမန္န(ဒီဇင္ဘာ ၆ ရက္) နံနက္ပိုင္းမွစ၍ ေလေၾကာင္းခရီးျဖင့္ ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိလာၾကာျခင္းျဖစ္ေၾကာင္း သိရသည္။
ေစာင့္ၾကည့္ေလ့လာသူမ်ားအျဖစ္ ႐ုရွား ႏိုင္ငံမွ Deputy Chairman (State Duma) ျဖစ္သူ Mr.Kara-ool Sholban ဦးေဆာင္ေသာအဖြဲ႕၊ တ႐ုတ္ႏိုင္ငံ Spe-cial Envoy for Asian Affairs,MFA Mr.Deng Xijun ဦးေဆာင္ေသာအဖြဲ႕ ႏွင့္ အိႏၵိယႏိုင္ငံမွ Former Army Commander Mr.Sahni Arun Kumar ဦးေဆာင္ေသာအဖြဲ႕တို႔က ရန္ကုန္ၿမိဳ႕သို႔ေရာက္ရွိလာၾကျခင္းျဖစ္သည္။
အလားတူ ကာဇက္စတန္ႏိုင္ငံမွ Deputy Chairman of the Commission Mr.Yerman Mukhtar ဦးေဆာင္ေသာအဖြဲ႕၊ ကေမာၻဒီးယားႏိုင္ငံမွ NEC Member ျဖစ္သူ H.E. Mr. YICH Samethy ဦးေဆာင္ေသာအဖြဲ႕ႏွင့္ ဗီယက္နမ္ႏိုင္ငံမွ Mr.Nguyen Duc Thinh ဦးေဆာင္ေသာအဖြဲ႕တို႔ေရာက္ရွိလာၾကျခင္းျဖစ္သည္။
အဆိုပါအဖြဲ႕မ်ားကို ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းႏွင့္ တာဝန္ရွိသူမ်ားက ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ႀကိဳဆိုႏႈတ္ဆက္ခဲ့ေၾကာင္း သိရသည္။