ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည် ဖြစ်သောကြောင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်ဆိုင်းဘုတ်နှင့်ပစ္စည်းများကို ဖြုတ်သိမ်းရမည်

477

သန့်ဇင်(NP News)-ဒီဇင်ဘာ၂၇
ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပမည်ဖြစ်သောကြောင့် သက်ဆိုင်ရာ ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်ဆိုင်း ဘုတ်နှင့်ပစ္စည်းများကို ဖြုတ်သိမ်းရမည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက် မတိုင်မီ Silence Day အဖြစ် သက်ဆိုင်ရာ မဲဆွယ်ဆိုင်းဘုတ်များကို ဖြုတ်သိမ်း ထားရမည်ဖြစ်ရာ ရွေးကောက်ပွဲ အပိုင်း (၁) ကို ဒီဇင်ဘာ (၂၈) ရက်တွင်ကျင်းပမည်ဖြစ်သောကြောင့် ယင်းအပိုင်း ရွေးကောက်ပွဲတွင် အကျုံးဝင်သည့် မဲဆန္ဒနယ်များမှ မဲဆွယ်ဆိုင်းဘုတ်များကို ဒီဇင်ဘာ (၂၆) ရက်၊ ည (၁၂) နာရီတွင် အပြီးဖျက် သိမ်းရသည်။ ထို့နောက် အပိုင်း (၂)နှင့် အပိုင်း (၃)ကို လာမည့် (၂၀၂၆) ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နှင့် (၂၅) ရက်တို့တွင် ကျင်းပမည်ဖြစ်သဖြင့် အဆိုပါ အပိုင်းတို့၏ Silent Day ရှေ့ရက်ဖြစ်သော ဇန်နဝါရီ (၉)ရက်နှင့် (၂၃) ရက်တို့တွင် အပြီးဖြုတ်သွားမည် ဖြစ်ကြောင်း ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ အထွေထွေအတွင်း ရေးမှူး ဦးစိုင်းအောင်မြင့် ခိုင်က ဆိုသည်။
“ကျွန်တော်တို့က ကော်မရှင်ရုံးမှာ ကြိုတင် မဲတွေရေနေတဲ့အတွက်ကြောင့် ဖြုတ်သိမ်းမယ့် လူကိုလည်း ကျွန်တော်တို့ပြောထားတယ်။ ညနေပိုင်းတော့ မိုးချုပ်ပြီးရင်တော့ လုပ်မယ်လို့ပြောထားပါတယ်။ အပိုင်း (၂) (၃) မှာပါတဲ့ ဆိုင်းဘုတ်တွေက ထားလို့ရပါတယ်။ စည်ပင်ကိုတော့ ကျသင့်တဲ့ အခွန်ထပ်ဆောင်ရမှာပေါ့။ ကိုယ်ဘယ်လောက် အထိဆောင် ထားလဲပေါ့နော်။ အခု (၂၆) ရက်ကနေ ဟိုဘက်က ဆောင်ထားတာဆိုတော့ အပိုင်း (၂)အတွက်က ဇန်န ဝါရီ (၉)ရက်အထိကို ထပ်ဆောင်ရာမှာပေါ့။ နောက် အခွန်ထပ်ဆောင်ပြီးတော့ နောက်ထပ် အပိုင်း (၂) ကို ဆက်သွားတာ ပေါ့။ အပိုင်း (၂)ကလည်း ဇန်နဝါ ရီ (၂၅) ဆိုတော့ ဇန်နဝါရီ (၂၃) အထိ အခွန်ထပ် ဆောင်ရမှာပေါ့။ အဲဒါက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စာထွက်ပြီးသားပါဗျ” ဟု ဦးစိုင်း အောင်မြင့်ခိုင်က ပြောသည်။
ယခင် (၂၀၁၀) ရွေးကောက်ပွဲ၊ (၂၀၁၅) ရွေးကောက်ပွဲနှင့် (၂၀၂၀) ရွေးကောက်ပွဲများသည် အပိုင်းလိုက်ကျင်းပ ခဲ့ခြင်းမရှိသည့်အတွက် မဲဆွယ်ဆိုင်းဘုတ်များကို Silent Day ၏ ရှေ့ရက်များတွင်သာ တစ်ပြိုင်တည်း ဖြုတ်သိမ်းခဲ့ ရခြင်းဖြစ်သည်။ ထို့ပြင် ဆိုင်းဘုတ်များအတွက် သက်ဆိုင်ရာ မြို့နယ်စည်ပင်သို့ ပေးဆောင်ရသည့်အခွန်များသည်လည်း အပိုင်း(၂) တွင်ပါဝင်သည့် မဲဆန္ဒရှိ မဲဆွယ်ဆိုင်း ဘုတ်များသည် အပိုင်း (၁) ထက် (၁၄) ရက်ပို၍ အခွန်ဆောင်ရမည် ဖြစ်ပြီး အပိုင်း (၃) သည် အပိုင်း (၁) ထက် ရက် (၃၀) နီးပါးပို၍ အခွန်ဆောင်ရကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ က်င္းပမည္ ျဖစ္ေသာေၾကာင့္ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲ မတိုင္မီ မဲဆြယ္ဆိုင္းဘုတ္ႏွင့္ပစၥည္းမ်ားကို ျဖဳတ္သိမ္းရမည္
သန႔္ဇင္(NP News)-ဒီဇင္ဘာ၂၇
ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ က်င္းပမည္ျဖစ္ေသာေၾကာင့္ သက္ဆိုင္ရာ ေ႐ြးေကာက္ပြဲ မတိုင္မီ မဲဆြယ္ဆိုင္း ဘုတ္ႏွင့္ပစၥည္းမ်ားကို ျဖဳတ္သိမ္းရမည္ျဖစ္ေၾကာင္း ႏိုင္ငံေရးပါတီမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
ေ႐ြးေကာက္ပြဲက်င္းပမည့္ရက္ မတိုင္မီ Silence Day အျဖစ္ သက္ဆိုင္ရာ မဲဆြယ္ဆိုင္းဘုတ္မ်ားကို ျဖဳတ္သိမ္း ထားရမည္ျဖစ္ရာ ေ႐ြးေကာက္ပြဲ အပိုင္း (၁) ကို ဒီဇင္ဘာ (၂၈) ရက္တြင္က်င္းပမည္ျဖစ္ေသာေၾကာင့္ ယင္းအပိုင္း ေ႐ြးေကာက္ပြဲတြင္ အက်ဳံးဝင္သည့္ မဲဆႏၵနယ္မ်ားမွ မဲဆြယ္ဆိုင္းဘုတ္မ်ားကို ဒီဇင္ဘာ (၂၆) ရက္၊ ည (၁၂) နာရီတြင္ အၿပီးဖ်က္ သိမ္းရသည္။ ထို႔ေနာက္ အပိုင္း (၂)ႏွင့္ အပိုင္း (၃)ကို လာမည့္ (၂၀၂၆) ခုႏွစ္၊ ဇန္နဝါရီ (၁၁) ရက္ႏွင့္ (၂၅) ရက္တို႔တြင္ က်င္းပမည္ျဖစ္သျဖင့္ အဆိုပါ အပိုင္းတို႔၏ Silent Day ေရွ႕ရက္ျဖစ္ေသာ ဇန္နဝါရီ (၉)ရက္ႏွင့္ (၂၃) ရက္တို႔တြင္ အၿပီးျဖဳတ္သြားမည္ ျဖစ္ေၾကာင္း ရွမ္းႏွင့္တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ ပါတီမွ အေထြေထြအတြင္း ေရးမႉး ဦးစိုင္းေအာင္ျမင့္ ခိုင္က ဆိုသည္။
“ကြၽန္ေတာ္တို႔က ေကာ္မရွင္႐ုံးမွာ ႀကိဳတင္ မဲေတြေရေနတဲ့အတြက္ေၾကာင့္ ျဖဳတ္သိမ္းမယ့္ လူကိုလည္း ကြၽန္ေတာ္တို႔ေျပာထားတယ္။ ညေနပိုင္းေတာ့ မိုးခ်ဳပ္ၿပီးရင္ေတာ့ လုပ္မယ္လို႔ေျပာထားပါတယ္။ အပိုင္း (၂) (၃) မွာပါတဲ့ ဆိုင္းဘုတ္ေတြက ထားလို႔ရပါတယ္။ စည္ပင္ကိုေတာ့ က်သင့္တဲ့ အခြန္ထပ္ေဆာင္ရမွာေပါ့။ ကိုယ္ဘယ္ေလာက္ အထိေဆာင္ ထားလဲေပါ့ေနာ္။ အခု (၂၆) ရက္ကေန ဟိုဘက္က ေဆာင္ထားတာဆိုေတာ့ အပိုင္း (၂)အတြက္က ဇန္န ဝါရီ (၉)ရက္အထိကို ထပ္ေဆာင္ရာမွာေပါ့။ ေနာက္ အခြန္ထပ္ေဆာင္ၿပီးေတာ့ ေနာက္ထပ္ အပိုင္း (၂) ကို ဆက္သြားတာ ေပါ့။ အပိုင္း (၂)ကလည္း ဇန္နဝါ ရီ (၂၅) ဆိုေတာ့ ဇန္နဝါရီ (၂၃) အထိ အခြန္ထပ္ ေဆာင္ရမွာေပါ့။ အဲဒါက ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က စာထြက္ၿပီးသားပါဗ်” ဟု ဦးစိုင္း ေအာင္ျမင့္ခိုင္က ေျပာသည္။
ယခင္ (၂၀၁၀) ေ႐ြးေကာက္ပြဲ၊ (၂၀၁၅) ေ႐ြးေကာက္ပြဲႏွင့္ (၂၀၂၀) ေ႐ြးေကာက္ပြဲမ်ားသည္ အပိုင္းလိုက္က်င္းပ ခဲ့ျခင္းမရွိသည့္အတြက္ မဲဆြယ္ဆိုင္းဘုတ္မ်ားကို Silent Day ၏ ေရွ႕ရက္မ်ားတြင္သာ တစ္ၿပိဳင္တည္း ျဖဳတ္သိမ္းခဲ့ ရျခင္းျဖစ္သည္။ ထို႔ျပင္ ဆိုင္းဘုတ္မ်ားအတြက္ သက္ဆိုင္ရာ ၿမိဳ႕နယ္စည္ပင္သို႔ ေပးေဆာင္ရသည့္အခြန္မ်ားသည္လည္း အပိုင္း(၂) တြင္ပါဝင္သည့္ မဲဆႏၵရွိ မဲဆြယ္ဆိုင္း ဘုတ္မ်ားသည္ အပိုင္း (၁) ထက္ (၁၄) ရက္ပို၍ အခြန္ေဆာင္ရမည္ ျဖစ္ၿပီး အပိုင္း (၃) သည္ အပိုင္း (၁) ထက္ ရက္ (၃၀) နီးပါးပို၍ အခြန္ေဆာင္ရေၾကာင္း သိရသည္။