အမျိုးသားရေးမောင်းနှင်အားဖြင့် ချီတက်ကြိုးပမ်းကြရမည့် မြန်မာတို့၏အမျိုးသားရေးပန်းတိုင်

119

အောင်နိုင်သူ(ဇွဲကပင်) (NP News) - ဖေဖော်ဝါရီ ၄
၁။ အမျိုးသားရေးဆိုသည်မှာ နိုင်ငံတော်နှင့်နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူ အားလုံး၏ အကျိုးစီးပွားဖြစ်ပါသည်။ တစ်နည်းဆိုရသော် မိမိတို့ တိုင်းပြည်ကောင်းစားရေး ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားရေးပန်းတိုင် National Goal ကိုချမှတ်ရာတွင် ၎င်းနိုင်ငံ၏ ပထဝီ အနေအထား၊ စီးပွားရေး အခြေအနေ၊ စစ်ရေးအင်အားနှင့် မျိုးချစ်စိတ်ဓာတ် စသည့် အခြေခံအရင်း အမြစ်များအား အခြေခံ၍ဆောင်ရွက်ရပါသည်။ တစ်နည်းအားဖြင့်ဆိုသော် အမျိုးသားရေးရည်မှန်းချက် သည် အမျိုးသားရေး အကျိုးစီးပွားအပေါ်အခြေခံ၍ တည်ဆောက်ထားခြင်းဖြစ်ပါသည်။ တစ်ချိန်က မိမိတို့နိုင်ငံ၏ အမျိုးသားရေး ရည်မှန်းချက်သည် အေးချမ်းသာယာပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော စီးကမ်းပြည့်ဝသည့်ဒီမိုကရေစီနိုင်ငံကြီးဖြစ်ပေါ်လာရေးပင်ဖြစ်သည်ဟု ဆိုခဲ့ပါသည်။ အမျိုးသားရေး ပန်းတိုင်သည် တစ်သက်မတ်တည်း သတ်မှတ်ခြင်းမရှိဘဲ ခေတ်စနစ်၏ တောင်းဆိုချက်အရ ပြောင်းလဲရသည်များရှိပေသည်။ ဥပမာ- မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းစဉ်အခါက မြန်မာတို့၏ (National Goal) သည် လွတ်လပ်ရေးပင် ဖြစ်ပါသည်။ အမျိုးသားရေးပန်းတိုင်ကို အမျိုးသားရေး ဝါဒ မောင်းနှင်အားဖြင့် အကောင်အထည်ဖော် မှသာ အောင်မြင်သည်ကိုတွေ့ရှိရပါသည်။
အမျိုးသားရေးဝါဒ (Nationalism)
၂။ အမျိုးသားရေးဝါဒအား အောက်စဖို့ဒ် နိုင်ငံရေးအဘိဓာန်တွင် အမျိုးရေးဝါဒသည် နိုင်ငံအပေါ် သံယောဇဉ် တွယ်တာမှုကို အခြေခံသဘောတရားများ သို့မဟုတ် လုပ်ငန်းစဉ်များအဖြစ် ပြောင်းလဲ ပစ်သည်။ ဤသို့ဖြင့်အမျိုးရေးဝါဒတွင် မျိုးချစ်ဝါဒ (Patriotism) ကွဲပြားခြားနားသောရှု့ထောင့် တစ်ရပ်ပါဝင်သည်။ မျိုးချစ်ဝါဒသည် မိမိတိုင်းပြည် သို့မဟုတ် နိုင်ငံတော်အပေါ် တွယ်တာမြတ်နိုးခြင်း ဖြစ်သော်လည်း နိုင်ငံ၏လုပ်ငန်းစဉ်အတွက် မည်သည့်အစီအမံမှ မပါဝင်သည့် သံယောဇဉ် တွယ်တာ မှု ဖြစ်သည်။ အမျိုးသားရေးဝါဒီ (Nationalists) အတော်များများတွင် ၎င်းတို့ကိုယ်တိုင်၏ သီးသန့် နိုင်ငံအတွက် အစီအစဉ်ရှိတက်သည် သို့ရာတွင် အခြားနေရာများမှ အမျိုးသားအရေး၏ အရေးပါမှု ကို အသေအချာကိုင်တွယ်ထားမှုကားမရှိပေ။ထို့ကြောင့် ဤအနက်သဘောအရ အချို့က အမျိုးသား ရေးဝါဒကို အင်အားနှင့်ပုံသဏ္ဍာန်ရှိသော်လည်း ဘာမျှပါဝင်မှုမရှိသည့် ဝါဒစနစ် ဗလာပလင်းလွတ် တစ်လုံးသာ ဖြစ်သည်ဟု ဖော်ညွှန်းထားပါသည်။
၃။ အမျိုးသားရေးဝါဒ(Nationalism) နှင့်ပတ်သတ်၍ ဦးကိုကိုလှိုင်က အမျိုးသားရေးစိတ်ဓာတ်၊
အမျိုးသားရေးဝါဒ၊ မျိုးချစ်စိတ်ဓာတ် ဝံဿာနုရက္ခိတစိတ်ဓာတ်၊ အမျိုးအနွယ်ကို စောင့်ရှောက်သည့် စိတ်ဓာတ်အားလုံးတို့သည်ကြောင်းတူသံကွဲများဖြစ်ပါသည်။ အားလုံးသည်အရင်းအမြစ်တစ်ခုတည်း ကပေါက်ဖွားလာသည့်သဘောရှိပါသည်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောမည်ဆိုလျှင် ဖြစ်တည်မှုက (Nation-States)ဟုခေါ်သည့်လွတ်လပ်သောအမျိုးသားနိုင်ငံများသည်သူ့အဖွဲ့အစည်းမှာအသေးဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည့် မိသားစုမှ ပေါက်ဖွားလာသည်ဟု အင်တာဗျူးတစ်ခုမှာ ပြောဖူးပါသည်။ အမျိုးသားရေးဝါဒကိုလေ့လာကြည့်သည့်အခါ ရှေးရိုးစဉ်လာအမျိုးသားရေးဝါဒ (Classical Nationalism) သို့မဟုတ် လူမျိုးနွယ်စုအမျိုးသားရေးဝါဒ၊ (Liberal Nationalism) လူမျိုးနွယ်စုများ ပေါင်းစုထားသည့် အမျိုးသားရေးဝါဒဟူ၍တွေ့ရှိရပါသည်။ မည်သို့ပင်ဆိုစေကာမူ အမျိုးသားရေး ဝါဒ သည် အမျိုးသားရေးပန်းတိုင်ကို အကောင်အထည်ဖော်ရာတွင် မဖြစ်မနေအရေးပါသည့် အမျိုးသားရေးတွန်းအားလည်း ဖြစ်ပေသည်။
ခေတ်အဆက်ဆက်မြန်မာတို့၏ အမျိုးသားရေးဝါဒကိုလေ့လာခြင်း
၄။ အမျိုးသားရေးဝါဒကို နိုင်ငံအသီးသီးရှိ အမျိုးသားရေး မျိုးချစ်အင်အားစုအသီးသီးက ချမှတ် ကျင့်သုံးလေ့ရှိသည်။ နှစ်ကာလထောင်ပေါင်းများစွာချီ၍ ယဉ်ကျေးမှုခိုင်မာခဲ့သော၊ အချုပ်အခြာ အာဏာ တည်မြဲခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံ၌လည်းခေတ်ခါအလျောက် အမျိုးသားရေးမျိုးချစ် အင်အားစုများကအမျိုးသားရေးဝါဒကို ချမှတ်အကောင်အထည်ဖော်ခဲ့ကြသည်။ မြန်မာတို့ဘုန်းမီး နေလ တောက်ပခဲ့ပြီးအင်ပါယာကြီးကျယ်ခဲ့ကြသောအနော်ရထာ၊ဘုရင့်နောင်၊ အလောင်းမင်းတရား ဦးအောင်ဇေယျ မင်းကောင်းမင်းမြတ်များသည် မင်းဧကရာဇ်အာဏာတည်တံ့ရေး ၊ အင်ပါယာချဲ့ထွင် ရေး ၊ လူမျိုးပေါင်းစုံ စုစည်းညီညွှတ်ရေး၊ ဆန်ရေစပါးပေါများရေးတို့ကို ပေထပ်ပေါ် တွင်မူဝါဒအဖြစ် မှတ်တမ်းမတင်ခဲ့ကြသော်လည်း ၎င်းတာဝန်များကို ရှေးရှု့ဆောင်ရွက်ခဲ့ကြသည်သာဖြစ်ပေသည်။ ထို့ကြောင့်ရှေးခေတ်မြန်မာတို့၏ အမျိုးသားရေးဝါဒသည်တစ်မျိုးသားလုံးနှင့် ဆိုင်သည့်အမျိုးသားရေး ကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
၅။ မျက်မှောက်ခေတ်မြန်မာနိုင်ငံ၏ အမျိုးသားရေးသမိုင်းကိုလေ့လာကြည့်သည့်အခါ ကိုလိုနီ ခေတ် သူ့ကျွန်ဘဝကျရောက်ချိန်က သူ့ကျွန်မခံလိုစိတ်ဖြင့် စတင်မြစ်ဖျားခံလာခဲ့သည့်ကို တွေ့ရ ပါသည်။ မြန်မာလူမျိုးတို့၏ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်မှုကို ပထမဆုံးဖော်ထုတ်နိုင်ခဲ့သည် မှာ ၁၉၂၀ ပြည့် နှစ်၊ ပထမကျောင်းသားသပိတ်က စတင်ခဲ့ပါသည်။ တက္ကသိုလ်အက်ဥပဒေသစ်သည် ကျွန်ပညာစနစ် ဖြစ်ခြင်းကြောင့် ကျောင်းသားများကဆန္ဒပြခဲ့ကြသည်။ တက္ကသိုလ်အက်ဥပဒေအရ ကောလိပ်နှင့် တက္ကလိုလ်တည်ရာသည် ရန်ကုန်၌သာရှိရမည်ဟု လည်းကောင်း၊ ကျောင်းသားများ သည်လည်း ကျောင်းအိပ်ကျောင်းစားများသာဖြစ်ရမည်ဟု လည်းကောင်း တက္ကသိုလ်ပညာသင်
စရိတ်သည် အနည်းဆုံး တစ်နှစ် ခြောက်ရာကျပ်တစ်လငါးဆယ်ကျပ်သုံးစွဲနိုင်သူမှသာတက္ကသိုလ် တက်နိုင်သည်ဟုလည်းကောင်း တင်းကြပ်သည့် ဥပဒေကို ပြဌာန်းခဲ့သဖြင့် ငွေကုန်ကြေးကျခံနိုင် သောမြေရှင်ဓနရှင်လူတန်းစားနှင့် ဗျူရိုကရက်အရာရှိကြီးများ၏ အဆက်အနွယ် သားသမီးများသာ ပညာသင်ကြားခွင့်ရပြီး ဆင်းရဲသားဆင်းရဲသားလက်လုပ် လက်စားများက တက္ကသိုလ်တက်ခွင့်မရ သည့် ဥပဒေ ဖြစ်နေခဲ့ပါသည်။
၆။ ထို့အပြင် တက္ကသိုလ်တက်မည့်လူဦးရေကိုကန့်သတ်ခြင်း မြို့အုပ်မြို့ပိုင်စသော ဗျူရိုကလက် ယန္တရားကို ဆက်ပြီးလည်ပတ်အောင် ဦးစားပေးသည့် ပညာရေးအက်ဥပဒေဖြစ်ခြင်းတို့ကြောင့် ထိုခေတ် သတင်းစာများက တက္ကသိုလ်ဥပဒေကြမ်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ ထိုကဲ့သို့ ပြင်းပြင်း ထန်ထန်ကန့်ကွက်နေသည့်ကြားကနေ ၁၉၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက် နေ့တွင် မြန်မာနိုင်ငံ၏ ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်က ယူနီဗာစတီအက်ဥပဒေကို အတည်ပြုလိုက်သည်။ ဤသို့ဖြင့် မြန်မာကျောင်းသားများနှင့် မြန်မာပြည်သူတို့သည် အင်္ဂလိပ်အစိုးရ၏ လုပ်ရပ်များကို ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲများသည် ပြင်းထန်လာပြီးအမျိုးသားလှုပ်ရှားမှုအသွင် ပြောင်းလဲလာခဲ့သဖြင့် အမျိုးသားကျောင်းများ ပေါ်ထွက်လာခဲ့သည်။ သူ့ကျွန်ဘဝမီးခဲပြာဖုံး ဖြစ်နေ သော မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်ကို နိုးဆွပေးနိုင်ခဲ့သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့၊ အမျိုးသားအောင်ပွဲနေ့ဟု သတ်မှတ်ရန် ၁၉၂၁ ခုနှစ် အောက်တိုဘာ လတွင် ပြည်မြို့၌ပြုလုပ်သည့် ဂျီစီဘီအေ အသင်းချုပ်ကြီး၏ နဝမကြိမ် ညီလာခံတွင် ဆုံးဖြတ်ခဲ့ကြ သည်။ ထိုအချိန်ကစ၍ မြန်မာတို့၏ အမျိုးသားရေးစိတ်ဓာတ်သည် နိုးကြားလာပြီး လွတ်လပ်ရေး အတွက် စဉ်ဆက်မပြတ်တိုက်ပွဲဝင်ခဲ့ကြသည်။
၇ ။ မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏အမျိုးသားရေးဝါဒ ဖြစ်ပေါ်တိုးတက်မှုကို သူ့ကျွန်ဘဝ ကျရောက်ချိန်မှစ၍ ယနေ့ကာလအထိ ဆန်းစစ်လေ့လာကြည့်ကြပါမည်။ အမျိုးသားရေးဝါဒ ဟူသည် သက်ဆိုင်ရာ နိုင်ငံ၏သမိုင်းကြောင်းနှင့်ထပ်ကြပ်မကွာလိုက်လျောညီထွေဖြစ်ပေါ်ခဲ့သည်ကို သတိပြုရမည်ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ သမိုင်းရေးဖြစ်စဉ်ကတစ်ခြား ထိုနိုင်ငံ၏ အမျိုးသားရေး ဝါဒက တစ်ခြားဟူ၍ မဖြစ်သင့်မဖြစ်ထိုက်ပါ။ စင်စစ်နိုင်ငံတစ်နိုင်ငံ၏ သမိုင်းဖြစ်စဉ်ဆိုသည်မှာ ထိုနိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများ တိုင်းရင်းသားပြည်သူများ၏ လူမှုရေးဘဝ စီးပွားရေးဘဝဆိုင်ရာ ရည်မှန်းချက်များနှင့် ကြိုးပမ်းမှုများပင်ဖြစ်ရာ အမျိုးသားရေးဝါဒ ဟူသည်မှာလည်း သက်ဆိုင်ရာ နိုင်ငံ၏ သမိုင်းကြောင်းလိုအပ်ချက်နှင့် တစ်ထပ်တည်းကျမှသာလျှင် အောင်မြင်အောင် အကောင် အထည်ဖော်နိုင်မည်ဖြစ်သဖြင့် အမျိုးသားရေးဝါဒသည်ခေတ်၏ တောင်းဆိုချက်နှင့်အညီ ပေါ်ပေါက်လာမှ သဘာဝကျမည်ဖြစ်ပါသည်။
၈ ။ မြန်မာနိုင်ငံ၏ အမျိုးသားရေးဝါဒသည် နိုင်ငံ၏သမိုင်းကြောင်းအဆင့်ဆင့် ပြောင်းလဲမှုနှင့် အညီ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုရာတွင်လည်း ကြုံကြိုက်ခဲ့သော ခေတ်ကာလ၏ အခြေအနေအရ လူသိ ရှင်ကြား ထုတ်ဖော်ကြေညာခဲ့ရသည်များရှိသလို ထုတ်ဖော်ကြေညာခြင်းမပြုနိုင်သည်များလည်း ရှိခဲ့သည်။ ဤကိစ္စနှင့်ပတ်သတ်၍ ကျွန်ုပ်တို့သည် အသွင်သဏ္ဍာန်(Phinomenon) များကို ရှုမြင် လေ့လာခြင်းဖြင့် အနှစ်သာရ (Essence) ကို သုံးသပ်ဖော်ထုတ်ရကာ အနီးစပ်ဆုံးနှင့် အမှန်ကန်ဆုံး အခြေအနေကို ရှာဖွေခြင်းပင်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း မြန်မာတို့၏ အမျိုးသားရေး ဝါဒကို အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားခဲ့သည့် ၁၈၂၄ ခုနှစ်မှသည် ယနေ့အထိ သိသာထင်ရှား သော အမျိုးသားရေးဝါဒ ရှု့ထောင့်များကို ကဏ္ဍ ၁၀ ရပ်ဖြင့် ခွဲခြားတွေ့မြင်နိုင်ပါသည်။
၉ ။ အမျိုးသားရေးဝါဒ ရှု့ထောင့်ကဏ္ဍ ၁၀ ရပ်အား သရုပ်ခွဲကြည့်ရာ ၁၈၂၄ ခုနှစ်မှ ၁၉၂၀ထိ (နယ်ချဲ့ ဆန့်ကျင်ရေးဝါဒ)၊ ၁၉၂၀ ပြည့်နှစ်မှ ၁၉၃၀ ပြည့်နှစ်အထိ ( ကိုယ်ပိုင်အုပ်ချုပ်ရေး Home Rule ဝါဒ)၊ ၁၉၃၀ ပြည့်နှစ် ဒို့ဗမာ အစည်းအရုံးကာလ( သခင်မျိုးဟေ့ ဒို့ဗမာ အမျိုးသားရေးဝါဒ)၊ ၁၉၄၂ ခုနှစ် ဗမာ့လွတ်လပ်ရေးတပ်မတော်ကာလ (လွပ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ ၊ လွတ်လပ်ရေးသည် တတိယ ဝါဒ)၊ ၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး ပြင်ဆင်ကာလ (လွပ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ ၊ ဆိုရှယ်လစ်ရေးသည် တတိယ ဝါဒ) ၊ ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်ကာလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်လပ်ရေးဝါဒ)၊ ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ် ဖဆပလ အစိုးရကာလ(ပြည်တွင်းငြိမ်ချမ်းရေးနှင့်ပြန်ထူထောင်ရေးဝါဒ)၊ ၁၉၅၈ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်ထိ အိမ်စောင့်အစိုးရ ကာလ( ရပ်ရွာအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး သည် ပထမ၊ ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ် လစ်စနစ် ထူထောင်ရေးသည် တတိယ ဝါဒ)၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကာလ(ဆိုရှယ်လစ်လူ့ဘောင်၊ ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် ဆိုရှယ်လစ်ဒီမိုကရေစီထူထောင်ရေး ဝါဒ)၊ ၁၉၈၈ ခုနှစ်မှ ယနေ့ထိ (ဒို့တာဝန်အရေးသုံးပါး အမျိုးသားရေးဝါဒ) တို့ပင်ဖြစ်သည်။
ယနေ့ခေတ်အမျိုးသားရေးဝါဒကို လေ့လာဆန်းစစ်ခြင်း
၁၀ ။ ယနေ့ကာလ မြန်မာနိုင်ငံ၏အမျိုးသားရေးဝါဒကိုပြပါဆိုလျှင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည့်တံ့ခိုင်မြဲရေး ဆိုသည့် ဒို့တာဝန်အရေးသုံးပါးဖြစ်ပါသည်။ ဒို့တာဝန်အရေးသုံးပါးကို နိုင်ငံတော်ဝါဒဟုလည်းကောင်း၊ အမျိုးသားနိုင်ငံရေး သို့မဟုတ် အမျိုးသားအကျိုးစီးပွားဟုလည်းကောင်း၊ ခေါ်ဆိုသတ်မှတ်ကြ သည်။ ဒို့တာဝန်အရေးသုံးပါးသည် ကမ္ဘာတည်သရွေ့မြန်မာပြည်တည်ရှိနေမည့် အမြဲတမ်းမှန်ကန် နေသည့် နိုင်ငံ့အကျိုးစီးပွားဖြစ်ခြင်းကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နိုင်ငံတော်အခြေခံ
မူများအခန်းတွင် ပုဒ်မ-၆(က)၊ ၆(ခ)၊ ၆(ဂ)တို့တွင်လည်းကောင်း၊ ပုဒ်မ-၂၀(င)တွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည့်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော် တွင် အဓိကတာဝန်ရှိသည်ဟုလည်းကောင်း ပြဌာန်းထားပါသည်။ထို့ကြောင့် နိုင်ငံတော်၏အမျိုးသားရေးဝါဒသည် အလွန်အရေးကြီးကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်။
၁၁။ ဒို့တာဝန်အရေးသုံးပါးပေါ်ပေါက်လာပုံကိုလေ့လာကြည့်သည့်အခါ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ လ ၁၈ ရက်တွင် တပ်မတော်ကနိုင်ငံတာဝန်ယူပြီးချိန်မှ စတင်ကြေညာခဲ့သည်ကိုတွေ့ရှိရပါသည်။ တပ်မတော်ကလည်းနိုင်ငံတော်တာဝန်ယူပြီးချိန်တွင်လွပ်လပ်ရေးရပြီးချိန်ကစ၍သမိုင်းတစ်လျှောက် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးဖြစ်စဉ်များကို ပြန်လည်သုံးသပ်ခဲ့ရာ ၁၉၄၈-၄၉ ခုနှစ် ရောင်စုံသူပုန် သောင်းကျန်းမှုအန္တရာယ်၊ ၁၉၅၈ ခုနှစ် ပါတီနိုင်ငံရေးပဋိပက္ခ၊ ၁၉၆၂ ခုနှစ် လူမျိုးရေးအမြင် ကျဉ်းမြောင်းသူများ၏ ပြည်ထောင်စုမှ ခွဲထွက်ရန်ကြိုးပမ်းလာမှုအန္တရာယ်နှင့် ၁၉၈၈ ခုနှစ် မင်းမဲ့ စရိုက် ဆူပူသောင်းကျန်းမှုများကြောင့် အချုပ်အခြာအာဏာ ဆုံးရှုံးရမည့်အရေးနှင့် ပြည်ထောင်စု ပြိုကွဲမှုအန္တရာယ်တို့ကို လေးကြိမ် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် အနာဂတ်နိုင်ငံတော်တွင် နောင်အလားတူဖြစ်စဉ်မျိုးထပ်မံမကြုံတွေ့နိုင်စေရန်အတွက်ကြိုတင်ကာကွယ်မှုအနေဖြင့် ဒို့တာဝန် အရေးသုံးပါးကို နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
အမျိုးရေးပန်းတိုင် (National Goal) ဆိုသည်မှာ အဘယ်နည်း
၁၂။ ဒို့တာဝန်အရေးသုံးပါးသည် အမျိုးသားရေးဝါဒ၊ အမျိုးသားအကျိုးစီးပွား အမျိုးသားနိုင်ငံရေး ဖြစ်ကြောင်းကိုပေါ်ပေါက်လာခဲ့သည့်သမိုင်းကိုကြည့်လျှင်တွေ့မြင်ရမည်ဖြစ်ပါသည်။ အမျိုးသားရေး သည် တစ်မျိုးသားလုံးနှင့်ဆိုင်သောအရေးဖြစ်သဖြင့် နိုင်ငံသားတိုင်း၏အရေးဖြစ်ပါသည်။ ထိုနည်း တူ အမျိုးသားရေးတာဝန်၊ အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် စသည်တို့ကို မကြာခဏကြားကြရမည်ဖြစ်သော်လည်း အမျိုးသားရေးပန်းတိုင်ကိုမူ လူသိနည်းပါး ကြပါသည်။ အမျိုးသားရေးပန်းတိုင်နှင့်ပတ်သတ်၍ ပြောဆိုသုံးနှုန်းမှုနည်းပါးသော်လည်း နိုင်ငံတော် စီမံရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က " ကမ္ဘာကြီး မျက်မှောက်အခြေအနေ အရပင်ဖြစ်စေ၊ မိမိတို့၏ ပကတိအရှိတရားအရဖြစ်စေ၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးသည် အလိုအပ်ဆုံးနှင့် အဖြစ်သင့်ဆုံး အမျိုးသားရေးရည်မှန်းချက်၊ အမျိုးသားရေးပန်းတိုင်၊ အမျိုးသားရေးတာဝန်ဖြစ်ပါ တယ်"ဟု ၂၀၂၄ ခုနှစ်ဒီဇင်ဘာလ ၁၀ ရက် ကပြုလုပ်သည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ်လူငယ်နှင့်စာပေအနုပညာပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးသည်လည်း အမျိုးသားရေး ပန်းတိုင်ဖြစ်သည်ဟု သတ်မှတ်၍ရနိုင်ပါသည်။
၁၃။ ယနေ့မြန်မာနိုင်ငံတော်သည် သမိုင်းပေးတာဝန်အရ တပ်မတော်ကနိုင်ငံတာဝန်များကို လွှဲပြောင်း ယူထားရသည့်ကာလဖြစ်ပါသည်။ ထိုကဲ့သို့ တပ်မတော်က နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရ ခြင်းမှာလည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အာဏာရပါတီ NLD သည် မဲမသမာမှု ၁၁.၃ သန်းကျော်ပြုလုပ်၍ နိုင်ငံတော်အာဏာကို မတရားသည့်နည်းဖြင့် ရယူရန် ကြိုးပမ်းလာခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်န့တွင် ယာယီသမ္မတ ဦးမြင့်ဆွေမှ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကိုခေါ်ယူ၍ နိုင်ငံတော်အာဏာကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၁၇ နှင့်အညီအပ်နှင်းခဲ့သဖြင့် တာဝန်လွှဲပြောင်းယူခဲ့ရခြင်း ဖြစ်ပါ သည်။တပ်မတော်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ နိုင်ငံတော်၏ မဏ္ဍိုင်ကြီး သုံးရပ်အား လည်ပတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်တို့ကိုချမှတ်၍ နိုင်ငံတော်အား ကာကွယ်စောင့်ရှောက် လျက်ရှိသလို နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
၁၄ ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် စစ်မှန်စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စု
တည်ဆောက်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပါရှိပါ သည်။ နိုင်ငံရေးဦးတည်ချက် ၃ ရပ်တွင်လည်း စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေ ရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက် နိုင်ရေးပါဝင်ပါသည်။ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က " စစ်မှန် စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့်နိုင်ငံရေးရည်မှန်းချက် ၂ ရပ် နှင့် တိုင်းပြည်သာယာ ဝပြောရေး၊ စားရေရိက္ခာဖူလုံရေးဆိုသည့် အမျိုးရေးရည်မှန်းချက် ၂ ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိတယ်" ဟု (၇၉)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနား မိန့်ခွန်းတွင် ထည့်သွင်းမိန့်ကြားခဲ့ပါသည်။
၁၅။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးရည်မှန်းချက် ၂ ရပ်နှင့်အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ကို အလျဉ်းသင့် သလိုမကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိပါသည်။ တပ်မတော်စည်းရုံးရေးကော်မတီ၏ ၂၀၂၅ ခုနှစ် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေးရည်မှန်းချက် ၂ ရပ် ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးနှင့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ဖြစ် သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စာရေရိက္ခာဖူလုံရေးလုပ်ငန်းစဉ်တို့တွင် အပြည့်အဝအကောင် အထည်ဖော်နိုင်ရေး တပ်မတော်ကဘက်စုံထောင့်စုံက ပါဝင်ကူညီလုပ်ဆောင်သွားရမည်ဟု ပါရှိပါ သည်။ ထို့ကြောင့် ယနေ့ကာလ အမျိုးသားရေးပန်းတိုင် National Goal ကိုပြောပါဆိုလျှင် အမျိုးသားရေးဝါဒဖြစ်သည့် ဒို့တာဝန် အရေးသုံးပါးကိုကာကွယ်စောင့်ရှောက်၍ နိုင်ငံ၏ရည်မှန်းချက် ၂ ရပ်နှင့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် ခြင်းဖြစ်မည်ဟု သုံးသပ်ယူဆမိပါသည်။
၁၆။ အမျိုးရေးရည်မှန်းချက် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး ကိုလည်း နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ သည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို လုပ်ကိုင် နေကြသည့် ကျေးလက်နေပြည်သူများမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပေရာ လယ်ယာလုပ်ငန်းကို အောင်မြင်စွာလုပ်ဆောင်နိုင်ရန်အရေးကြီးပါသည်။ စပါး အပါအဝင်သီးနှံများ ကို စိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုး မြေ ရေ နည်း ဆိုသည့် နည်းလမ်း လေးရပ်ကို စနစ်တကျ လက်တွေ့လိုက်နာဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပါ သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တောင်သူလယ်သမားများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် မိုးရာသီစိုက်ပျိုးရေးချေးငွေများထုတ်ချေးခြင်း၊ သဘာဝ မြေဩဇာများထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ပေးခြင်း ဖြင့် နိုင်ငံရေးနှင့် အမျိုးသားရေး ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သလို ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ခြင်းဖြင့်လည်း ကျွဲကူး ရေပါဆိုသလို နိုင်ငံတော်၏အမျိုးသားရေးပန်းတိုင် (National Goal) ကို ရောက်ရှိအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ယူဆမိပါသည်။
၁၇။ အနှစ်ချုပ်ဆိုရလျှင် (Nationalism) အမျိုးသားရေးဝါဒ၊ (National Goal) အမျိုးသားရေးပန်းတိုင်ဟူသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံတိုင်း၌ မဖြစ်မနေ အလေးထားအကောင်အထည် ဖော်ဆောင်ရွက်ရသည့် နိုင်ငံတော်မူဝါဒများဖြစ်ပါသည်။ အမျိုးသားရေးနှင့်ကင်းသည့်နိုင်ငံမရှိသလို အမျိုးသားရေးနှင့်ကင်းသည့် လူ့အဖွဲ့အစည်းလည်းရှိမည်မဟုတ်ပေ။ နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု ကိုလေ့လာကြည့်လျှင် မှန်ကန်သည့်အမျိုးသားရေးပန်းတိုင်ကိုထားရှိကာ အမျိုးသားရေးဝါဒ မောင်းနှင်အားဖြင့် နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ခဲ့ကြသည်ကို တွေ့ရှိရပါသည်။ သာဓကအနေဖြင့် ဂျာမနီနိုင်ငံ၏ စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် ပထမကမ္ဘာစစ်တွင် ချုပ်ဆိုခဲ့သော ဗာဆိုင်းစာချုပ်ကို မကျေနပ်ရာကတစ်ဆင့် မခံချင်စိတ်ထားကာ အမျိုးသားရေးဝါဒ ကို လက်ကိုင်ပြုကြိုးစားခဲ့ခြင်းကြောင့် တိုးတက်လာခဲ့သည်ကို တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံသည် လည်း ဒုတိယကမ္ဘာစစ်ကြောင့် ပြာပုံဘဝကနိုးထပြီး ချမ်းသာကြွဝလာရခြင်းသည် အမျိုးသားရေး စိတ်ဓာတ်ကိုအခြေခံသည့် အမျိုးသားရေး မောင်းနှင်အားကြောင့် တိုးတပ်လာခြင်းဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း အမျိုးသားရေးပန်းတိုင်ကို ဗဟိုပြု၍ အမျိုးသားရေး မောင်းနှင်အားဖြင့် စည်းလုံးညီညွတ်စွာ ချီတက်ဆောင်ရွက်ပါက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး
တိုးတက်သည့် နိုင်ငံအဖြစ်သို့ မလွဲမသွေရောက်ရှိမည်ဖြစ်ကြောင်း အကြံပြုလိုက်ရပါသည်။
ကျမ်းကိုးစာရင်း
၁။ မင်းရွှေမောင်၏ နိုင်ငံရေးအဘိဓာန်(ဘာသာပြန်)
၂။ ဦးကိုကိုလှိုင်၊ ဦးမျိုးမြတ်သူ ၏ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲနှင့် ရှု့ထောင့်စုံ(၄)
၃။ အမျိုးသားနိုင်ငံရေးနှင့်ယှဉ်သော ယုံကြည်ချက်ခံယူချက်(တိုက်/စည်း သင်ခန်းစာ)
၄။ ၂၀၀၈ ခုနှစ်အခြေခံဖဖွဲ့စည်းပုံဥပဒေ
၅။ မြဝတီသတင်းစာပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောာင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းများ

Zawgyi Version:
အမ်ိဳးသားေရးေမာင္းႏွင္အားျဖင့္ ခ်ီတက္ႀကိဳးပမ္းၾကရမည့္ ျမန္မာတို႔၏အမ်ိဳးသားေရးပန္းတိုင္
ေအာင္ႏိုင္သူ(ဇြဲကပင္) (NP News) - ေဖေဖာ္ဝါရီ ၄
၁။ အမ်ိဳးသားေရးဆိုသည္မွာ ႏိုင္ငံေတာ္ႏွင့္ႏိုင္ငံအတြင္း မွီတင္းေနထိုင္ၾကသည့္ ျပည္သူ အားလုံး၏ အက်ိဳးစီးပြားျဖစ္ပါသည္။ တစ္နည္းဆိုရေသာ္ မိမိတို႔ တိုင္းျပည္ေကာင္းစားေရး ျဖစ္ပါသည္။ ႏိုင္ငံတစ္ႏိုင္ငံ၏ အမ်ိဳးသားေရးပန္းတိုင္ National Goal ကိုခ်မွတ္ရာတြင္ ၎ႏိုင္ငံ၏ ပထဝီ အေနအထား၊ စီးပြားေရး အေျခအေန၊ စစ္ေရးအင္အားႏွင့္ မ်ိဳးခ်စ္စိတ္ဓာတ္ စသည့္ အေျခခံအရင္း အျမစ္မ်ားအား အေျခခံ၍ေဆာင္႐ြက္ရပါသည္။ တစ္နည္းအားျဖင့္ဆိုေသာ္ အမ်ိဳးသားေရးရည္မွန္းခ်က္ သည္ အမ်ိဳးသားေရး အက်ိဳးစီးပြားအေပၚအေျခခံ၍ တည္ေဆာက္ထားျခင္းျဖစ္ပါသည္။ တစ္ခ်ိန္က မိမိတို႔ႏိုင္ငံ၏ အမ်ိဳးသားေရး ရည္မွန္းခ်က္သည္ ေအးခ်မ္းသာယာၿပီး ေခတ္မွီဖြံ႕ၿဖိဳးတိုးတက္ေသာ စီးကမ္းျပည့္ဝသည့္ဒီမိုကေရစီႏိုင္ငံႀကီးျဖစ္ေပၚလာေရးပင္ျဖစ္သည္ဟု ဆိုခဲ့ပါသည္။ အမ်ိဳးသားေရး ပန္းတိုင္သည္ တစ္သက္မတ္တည္း သတ္မွတ္ျခင္းမရွိဘဲ ေခတ္စနစ္၏ ေတာင္းဆိုခ်က္အရ ေျပာင္းလဲရသည္မ်ားရွိေပသည္။ ဥပမာ- ျမန္မာျပည္လြတ္လပ္ေရးႀကိဳးပမ္းစဥ္အခါက ျမန္မာတို႔၏ (National Goal) သည္ လြတ္လပ္ေရးပင္ ျဖစ္ပါသည္။ အမ်ိဳးသားေရးပန္းတိုင္ကို အမ်ိဳးသားေရး ဝါဒ ေမာင္းႏွင္အားျဖင့္ အေကာင္အထည္ေဖာ္ မွသာ ေအာင္ျမင္သည္ကိုေတြ႕ရွိရပါသည္။
အမ်ိဳးသားေရးဝါဒ (Nationalism)
၂။ အမ်ိဳးသားေရးဝါဒအား ေအာက္စဖို႔ဒ္ ႏိုင္ငံေရးအဘိဓာန္တြင္ အမ်ိဳးေရးဝါဒသည္ ႏိုင္ငံအေပၚ သံေယာဇဥ္ တြယ္တာမႈကို အေျခခံသေဘာတရားမ်ား သို႔မဟုတ္ လုပ္ငန္းစဥ္မ်ားအျဖစ္ ေျပာင္းလဲ ပစ္သည္။ ဤသို႔ျဖင့္အမ်ိဳးေရးဝါဒတြင္ မ်ိဳးခ်စ္ဝါဒ (Patriotism) ကြဲျပားျခားနားေသာရႈ႕ေထာင့္ တစ္ရပ္ပါဝင္သည္။ မ်ိဳးခ်စ္ဝါဒသည္ မိမိတိုင္းျပည္ သို႔မဟုတ္ ႏိုင္ငံေတာ္အေပၚ တြယ္တာျမတ္ႏိုးျခင္း ျဖစ္ေသာ္လည္း ႏိုင္ငံ၏လုပ္ငန္းစဥ္အတြက္ မည္သည့္အစီအမံမွ မပါဝင္သည့္ သံေယာဇဥ္ တြယ္တာ မႈ ျဖစ္သည္။ အမ်ိဳးသားေရးဝါဒီ (Nationalists) အေတာ္မ်ားမ်ားတြင္ ၎တို႔ကိုယ္တိုင္၏ သီးသန႔္ ႏိုင္ငံအတြက္ အစီအစဥ္ရွိတက္သည္ သို႔ရာတြင္ အျခားေနရာမ်ားမွ အမ်ိဳးသားအေရး၏ အေရးပါမႈ ကို အေသအခ်ာကိုင္တြယ္ထားမႈကားမရွိေပ။ထို႔ေၾကာင့္ ဤအနက္သေဘာအရ အခ်ိဳ႕က အမ်ိဳးသား ေရးဝါဒကို အင္အားႏွင့္ပုံသ႑ာန္ရွိေသာ္လည္း ဘာမွ်ပါဝင္မႈမရွိသည့္ ဝါဒစနစ္ ဗလာပလင္းလြတ္ တစ္လုံးသာ ျဖစ္သည္ဟု ေဖာ္ၫႊန္းထားပါသည္။
၃။ အမ်ိဳးသားေရးဝါဒ(Nationalism) ႏွင့္ပတ္သတ္၍ ဦးကိုကိုလႈိင္က အမ်ိဳးသားေရးစိတ္ဓာတ္၊
အမ်ိဳးသားေရးဝါဒ၊ မ်ိဳးခ်စ္စိတ္ဓာတ္ ဝံႆာႏုရကၡိတစိတ္ဓာတ္၊ အမ်ိဳးအႏြယ္ကို ေစာင့္ေရွာက္သည့္ စိတ္ဓာတ္အားလုံးတို႔သည္ေၾကာင္းတူသံကြဲမ်ားျဖစ္ပါသည္။ အားလုံးသည္အရင္းအျမစ္တစ္ခုတည္း ကေပါက္ဖြားလာသည့္သေဘာရွိပါသည္။ ပိုၿပီး က်ယ္က်ယ္ျပန႔္ျပန႔္ေျပာမည္ဆိုလွ်င္ ျဖစ္တည္မႈက (Nation-States)ဟုေခၚသည့္လြတ္လပ္ေသာအမ်ိဳးသားႏိုင္ငံမ်ားသည္သူ႔အဖြဲ႕အစည္းမွာအေသးဆုံး အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ မိသားစုမွ ေပါက္ဖြားလာသည္ဟု အင္တာဗ်ဴးတစ္ခုမွာ ေျပာဖူးပါသည္။ အမ်ိဳးသားေရးဝါဒကိုေလ့လာၾကည့္သည့္အခါ ေရွး႐ိုးစဥ္လာအမ်ိဳးသားေရးဝါဒ (Classical Nationalism) သို႔မဟုတ္ လူမ်ိဳးႏြယ္စုအမ်ိဳးသားေရးဝါဒ၊ (Liberal Nationalism) လူမ်ိဳးႏြယ္စုမ်ား ေပါင္းစုထားသည့္ အမ်ိဳးသားေရးဝါဒဟူ၍ေတြ႕ရွိရပါသည္။ မည္သို႔ပင္ဆိုေစကာမူ အမ်ိဳးသားေရး ဝါဒ သည္ အမ်ိဳးသားေရးပန္းတိုင္ကို အေကာင္အထည္ေဖာ္ရာတြင္ မျဖစ္မေနအေရးပါသည့္ အမ်ိဳးသားေရးတြန္းအားလည္း ျဖစ္ေပသည္။
ေခတ္အဆက္ဆက္ျမန္မာတို႔၏ အမ်ိဳးသားေရးဝါဒကိုေလ့လာျခင္း
၄။ အမ်ိဳးသားေရးဝါဒကို ႏိုင္ငံအသီးသီးရွိ အမ်ိဳးသားေရး မ်ိဳးခ်စ္အင္အားစုအသီးသီးက ခ်မွတ္ က်င့္သုံးေလ့ရွိသည္။ ႏွစ္ကာလေထာင္ေပါင္းမ်ားစြာခ်ီ၍ ယဥ္ေက်းမႈခိုင္မာခဲ့ေသာ၊ အခ်ဳပ္အျခာ အာဏာ တည္ၿမဲခဲ့ေသာ ျပည္ေထာင္စုျမန္မာႏိုင္ငံ၌လည္းေခတ္ခါအေလ်ာက္ အမ်ိဳးသားေရးမ်ိဳးခ်စ္ အင္အားစုမ်ားကအမ်ိဳးသားေရးဝါဒကို ခ်မွတ္အေကာင္အထည္ေဖာ္ခဲ့ၾကသည္။ ျမန္မာတို႔ဘုန္းမီး ေနလ ေတာက္ပခဲ့ၿပီးအင္ပါယာႀကီးက်ယ္ခဲ့ၾကေသာအေနာ္ရထာ၊ဘုရင့္ေနာင္၊ အေလာင္းမင္းတရား ဦးေအာင္ေဇယ် မင္းေကာင္းမင္းျမတ္မ်ားသည္ မင္းဧကရာဇ္အာဏာတည္တံ့ေရး ၊ အင္ပါယာခ်ဲ႕ထြင္ ေရး ၊ လူမ်ိဳးေပါင္းစုံ စုစည္းညီၫႊတ္ေရး၊ ဆန္ေရစပါးေပါမ်ားေရးတို႔ကို ေပထပ္ေပၚ တြင္မူဝါဒအျဖစ္ မွတ္တမ္းမတင္ခဲ့ၾကေသာ္လည္း ၎တာဝန္မ်ားကို ေရွးရႈ႕ေဆာင္႐ြက္ခဲ့ၾကသည္သာျဖစ္ေပသည္။ ထို႔ေၾကာင့္ေရွးေခတ္ျမန္မာတို႔၏ အမ်ိဳးသားေရးဝါဒသည္တစ္မ်ိဳးသားလုံးႏွင့္ ဆိုင္သည့္အမ်ိဳးသားေရး ကိုေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါသည္။
၅။ မ်က္ေမွာက္ေခတ္ျမန္မာႏိုင္ငံ၏ အမ်ိဳးသားေရးသမိုင္းကိုေလ့လာၾကည့္သည့္အခါ ကိုလိုနီ ေခတ္ သူ႔ကြၽန္ဘဝက်ေရာက္ခ်ိန္က သူ႔ကြၽန္မခံလိုစိတ္ျဖင့္ စတင္ျမစ္ဖ်ားခံလာခဲ့သည့္ကို ေတြ႕ရ ပါသည္။ ျမန္မာလူမ်ိဳးတို႔၏ အမ်ိဳးသားေရးစိတ္ဓာတ္ျပင္းထန္မႈကို ပထမဆုံးေဖာ္ထုတ္ႏိုင္ခဲ့သည္ မွာ ၁၉၂၀ ျပည့္ ႏွစ္၊ ပထမေက်ာင္းသားသပိတ္က စတင္ခဲ့ပါသည္။ တကၠသိုလ္အက္ဥပေဒသစ္သည္ ကြၽန္ပညာစနစ္ ျဖစ္ျခင္းေၾကာင့္ ေက်ာင္းသားမ်ားကဆႏၵျပခဲ့ၾကသည္။ တကၠသိုလ္အက္ဥပေဒအရ ေကာလိပ္ႏွင့္ တကၠလိုလ္တည္ရာသည္ ရန္ကုန္၌သာရွိရမည္ဟု လည္းေကာင္း၊ ေက်ာင္းသားမ်ား သည္လည္း ေက်ာင္းအိပ္ေက်ာင္းစားမ်ားသာျဖစ္ရမည္ဟု လည္းေကာင္း တကၠသိုလ္ပညာသင္
စရိတ္သည္ အနည္းဆုံး တစ္ႏွစ္ ေျခာက္ရာက်ပ္တစ္လငါးဆယ္က်ပ္သုံးစြဲႏိုင္သူမွသာတကၠသိုလ္ တက္ႏိုင္သည္ဟုလည္းေကာင္း တင္းၾကပ္သည့္ ဥပေဒကို ျပဌာန္းခဲ့သျဖင့္ ေငြကုန္ေၾကးက်ခံႏိုင္ ေသာေျမရွင္ဓနရွင္လူတန္းစားႏွင့္ ဗ်ဴ႐ိုကရက္အရာရွိႀကီးမ်ား၏ အဆက္အႏြယ္ သားသမီးမ်ားသာ ပညာသင္ၾကားခြင့္ရၿပီး ဆင္းရဲသားဆင္းရဲသားလက္လုပ္ လက္စားမ်ားက တကၠသိုလ္တက္ခြင့္မရ သည့္ ဥပေဒ ျဖစ္ေနခဲ့ပါသည္။
၆။ ထို႔အျပင္ တကၠသိုလ္တက္မည့္လူဦးေရကိုကန႔္သတ္ျခင္း ၿမိဳ႕အုပ္ၿမိဳ႕ပိုင္စေသာ ဗ်ဴ႐ိုကလက္ ယႏၲရားကို ဆက္ၿပီးလည္ပတ္ေအာင္ ဦးစားေပးသည့္ ပညာေရးအက္ဥပေဒျဖစ္ျခင္းတို႔ေၾကာင့္ ထိုေခတ္ သတင္းစာမ်ားက တကၠသိုလ္ဥပေဒၾကမ္းကို ျပင္းျပင္းထန္ထန္ ကန႔္ကြက္ခဲ့ၾကသည္။ ထိုကဲ့သို႔ ျပင္းျပင္း ထန္ထန္ကန႔္ကြက္ေနသည့္ၾကားကေန ၁၉၂၀ ျပည့္ႏွစ္ ဩဂုတ္လ ၂၈ ရက္ ေန႔တြင္ ျမန္မာႏိုင္ငံ၏ ဒုတိယဘုရင္ခံ ဆာရယ္ဂ်ီနယ္ကရက္ေဒါက္က ယူနီဗာစတီအက္ဥပေဒကို အတည္ျပဳလိုက္သည္။ ဤသို႔ျဖင့္ ျမန္မာေက်ာင္းသားမ်ားႏွင့္ ျမန္မာျပည္သူတို႔သည္ အဂၤလိပ္အစိုးရ၏ လုပ္ရပ္မ်ားကို ဆႏၵျပခဲ့ၾကသည္။ ဆႏၵျပပြဲမ်ားသည္ ျပင္းထန္လာၿပီးအမ်ိဳးသားလႈပ္ရွားမႈအသြင္ ေျပာင္းလဲလာခဲ့သျဖင့္ အမ်ိဳးသားေက်ာင္းမ်ား ေပၚထြက္လာခဲ့သည္။ သူ႔ကြၽန္ဘဝမီးခဲျပာဖုံး ျဖစ္ေန ေသာ ျမန္မာတို႔၏ အမ်ိဳးသားေရးစိတ္ဓာတ္ကို ႏိုးဆြေပးႏိုင္ခဲ့သည့္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ ၁၀ ရက္ေန႔ကို အမ်ိဳးသားေန႔၊ အမ်ိဳးသားေအာင္ပြဲေန႔ဟု သတ္မွတ္ရန္ ၁၉၂၁ ခုႏွစ္ ေအာက္တိုဘာ လတြင္ ျပည္ၿမိဳ႕၌ျပဳလုပ္သည့္ ဂ်ီစီဘီေအ အသင္းခ်ဳပ္ႀကီး၏ နဝမႀကိမ္ ညီလာခံတြင္ ဆုံးျဖတ္ခဲ့ၾက သည္။ ထိုအခ်ိန္ကစ၍ ျမန္မာတို႔၏ အမ်ိဳးသားေရးစိတ္ဓာတ္သည္ ႏိုးၾကားလာၿပီး လြတ္လပ္ေရး အတြက္ စဥ္ဆက္မျပတ္တိုက္ပြဲဝင္ခဲ့ၾကသည္။
၇ ။ မ်က္ေမွာက္ေခတ္ ျမန္မာႏိုင္ငံ၏အမ်ိဳးသားေရးဝါဒ ျဖစ္ေပၚတိုးတက္မႈကို သူ႔ကြၽန္ဘဝ က်ေရာက္ခ်ိန္မွစ၍ ယေန႔ကာလအထိ ဆန္းစစ္ေလ့လာၾကည့္ၾကပါမည္။ အမ်ိဳးသားေရးဝါဒ ဟူသည္ သက္ဆိုင္ရာ ႏိုင္ငံ၏သမိုင္းေၾကာင္းႏွင့္ထပ္ၾကပ္မကြာလိုက္ေလ်ာညီေထြျဖစ္ေပၚခဲ့သည္ကို သတိျပဳရမည္ျဖစ္ပါသည္။ ႏိုင္ငံတစ္ႏိုင္ငံ၏ သမိုင္းေရးျဖစ္စဥ္ကတစ္ျခား ထိုႏိုင္ငံ၏ အမ်ိဳးသားေရး ဝါဒက တစ္ျခားဟူ၍ မျဖစ္သင့္မျဖစ္ထိုက္ပါ။ စင္စစ္ႏိုင္ငံတစ္ႏိုင္ငံ၏ သမိုင္းျဖစ္စဥ္ဆိုသည္မွာ ထိုႏိုင္ငံရွိ ႏိုင္ငံသူ ႏိုင္ငံသားမ်ား တိုင္းရင္းသားျပည္သူမ်ား၏ လူမႈေရးဘဝ စီးပြားေရးဘဝဆိုင္ရာ ရည္မွန္းခ်က္မ်ားႏွင့္ ႀကိဳးပမ္းမႈမ်ားပင္ျဖစ္ရာ အမ်ိဳးသားေရးဝါဒ ဟူသည္မွာလည္း သက္ဆိုင္ရာ ႏိုင္ငံ၏ သမိုင္းေၾကာင္းလိုအပ္ခ်က္ႏွင့္ တစ္ထပ္တည္းက်မွသာလွ်င္ ေအာင္ျမင္ေအာင္ အေကာင္ အထည္ေဖာ္ႏိုင္မည္ျဖစ္သျဖင့္ အမ်ိဳးသားေရးဝါဒသည္ေခတ္၏ ေတာင္းဆိုခ်က္ႏွင့္အညီ ေပၚေပါက္လာမွ သဘာဝက်မည္ျဖစ္ပါသည္။
၈ ။ ျမန္မာႏိုင္ငံ၏ အမ်ိဳးသားေရးဝါဒသည္ ႏိုင္ငံ၏သမိုင္းေၾကာင္းအဆင့္ဆင့္ ေျပာင္းလဲမႈႏွင့္ အညီ ျဖစ္ေပၚခဲ့သည္ဟု ဆိုရာတြင္လည္း ႀကဳံႀကိဳက္ခဲ့ေသာ ေခတ္ကာလ၏ အေျခအေနအရ လူသိ ရွင္ၾကား ထုတ္ေဖာ္ေၾကညာခဲ့ရသည္မ်ားရွိသလို ထုတ္ေဖာ္ေၾကညာျခင္းမျပဳႏိုင္သည္မ်ားလည္း ရွိခဲ့သည္။ ဤကိစၥႏွင့္ပတ္သတ္၍ ကြၽႏ္ုပ္တို႔သည္ အသြင္သ႑ာန္(Phinomenon) မ်ားကို ရႈျမင္ ေလ့လာျခင္းျဖင့္ အႏွစ္သာရ (Essence) ကို သုံးသပ္ေဖာ္ထုတ္ရကာ အနီးစပ္ဆုံးႏွင့္ အမွန္ကန္ဆုံး အေျခအေနကို ရွာေဖြျခင္းပင္ျဖစ္သည္။ အထက္တြင္ေဖာ္ျပခဲ့သည့္အတိုင္း ျမန္မာတို႔၏ အမ်ိဳးသားေရး ဝါဒကို အဂၤလိပ္-ျမန္မာ ပထမစစ္ပြဲျဖစ္ပြားခဲ့သည့္ ၁၈၂၄ ခုႏွစ္မွသည္ ယေန႔အထိ သိသာထင္ရွား ေသာ အမ်ိဳးသားေရးဝါဒ ရႈ႕ေထာင့္မ်ားကို က႑ ၁၀ ရပ္ျဖင့္ ခြဲျခားေတြ႕ျမင္ႏိုင္ပါသည္။
၉ ။ အမ်ိဳးသားေရးဝါဒ ရႈ႕ေထာင့္က႑ ၁၀ ရပ္အား သ႐ုပ္ခြဲၾကည့္ရာ ၁၈၂၄ ခုႏွစ္မွ ၁၉၂၀ထိ (နယ္ခ်ဲ႕ ဆန႔္က်င္ေရးဝါဒ)၊ ၁၉၂၀ ျပည့္ႏွစ္မွ ၁၉၃၀ ျပည့္ႏွစ္အထိ ( ကိုယ္ပိုင္အုပ္ခ်ဳပ္ေရး Home Rule ဝါဒ)၊ ၁၉၃၀ ျပည့္ႏွစ္ ဒို႔ဗမာ အစည္းအ႐ုံးကာလ( သခင္မ်ိဳးေဟ့ ဒို႔ဗမာ အမ်ိဳးသားေရးဝါဒ)၊ ၁၉၄၂ ခုႏွစ္ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ကာလ (လြပ္လပ္ေရးသည္ ပထမ၊ လြတ္လပ္ေရးသည္ ဒုတိယ ၊ လြတ္လပ္ေရးသည္ တတိယ ဝါဒ)၊ ၁၉၄၅ ခုႏွစ္ ဖက္ဆစ္ေတာ္လွန္ေရး ျပင္ဆင္ကာလ (လြပ္လပ္ေရးသည္ ပထမ၊ ဒီမိုကေရစီေရးသည္ ဒုတိယ ၊ ဆိုရွယ္လစ္ေရးသည္ တတိယ ဝါဒ) ၊ ၁၉၄၅ ခုႏွစ္မွ ၁၉၄၈ ခုႏွစ္ကာလ (ဖက္ဆစ္ဆန႔္က်င္ေရးႏွင့္ျပည္သူ႔လြတ္လပ္ေရးဝါဒ)၊ ၁၉၄၈ ခုႏွစ္မွ ၁၉၅၈ ခုႏွစ္ ဖဆပလ အစိုးရကာလ(ျပည္တြင္းၿငိမ္ခ်မ္းေရးႏွင့္ျပန္ထူေထာင္ေရးဝါဒ)၊ ၁၉၅၈ ခုႏွစ္မွ ၁၉၆၀ ျပည့္ႏွစ္ထိ အိမ္ေစာင့္အစိုးရ ကာလ( ရပ္႐ြာေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး သည္ ပထမ၊ ဒီမိုကေရစီေရးသည္ ဒုတိယ၊ ဆိုရွယ္ လစ္စနစ္ ထူေထာင္ေရးသည္ တတိယ ဝါဒ)၊ ၁၉၆၂ ခုႏွစ္မွ ၁၉၈၈ ခုႏွစ္ထိ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ ပါတီကာလ(ဆိုရွယ္လစ္လူ႔ေဘာင္၊ ဆိုရွယ္လစ္စီးပြားေရးစနစ္ႏွင့္ ဆိုရွယ္လစ္ဒီမိုကေရစီထူေထာင္ေရး ဝါဒ)၊ ၁၉၈၈ ခုႏွစ္မွ ယေန႔ထိ (ဒို႔တာဝန္အေရးသုံးပါး အမ်ိဳးသားေရးဝါဒ) တို႔ပင္ျဖစ္သည္။
ယေန႔ေခတ္အမ်ိဳးသားေရးဝါဒကို ေလ့လာဆန္းစစ္ျခင္း
၁၀ ။ ယေန႔ကာလ ျမန္မာႏိုင္ငံ၏အမ်ိဳးသားေရးဝါဒကိုျပပါဆိုလွ်င္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈမၿပိဳကြဲေရးႏွင့္အခ်ဳပ္အျခာအာဏာတည့္တံ့ခိုင္ၿမဲေရး ဆိုသည့္ ဒို႔တာဝန္အေရးသုံးပါးျဖစ္ပါသည္။ ဒို႔တာဝန္အေရးသုံးပါးကို ႏိုင္ငံေတာ္ဝါဒဟုလည္းေကာင္း၊ အမ်ိဳးသားႏိုင္ငံေရး သို႔မဟုတ္ အမ်ိဳးသားအက်ိဳးစီးပြားဟုလည္းေကာင္း၊ ေခၚဆိုသတ္မွတ္ၾက သည္။ ဒို႔တာဝန္အေရးသုံးပါးသည္ ကမာၻတည္သေ႐ြ႕ျမန္မာျပည္တည္ရွိေနမည့္ အၿမဲတမ္းမွန္ကန္ ေနသည့္ ႏိုင္ငံ့အက်ိဳးစီးပြားျဖစ္ျခင္းေၾကာင့္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ႏိုင္ငံေတာ္အေျခခံ
မူမ်ားအခန္းတြင္ ပုဒ္မ-၆(က)၊ ၆(ခ)၊ ၆(ဂ)တို႔တြင္လည္းေကာင္း၊ ပုဒ္မ-၂၀(င)တြင္ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရးႏွင့္အခ်ဳပ္အျခာအာဏာတည့္တံ့ခိုင္ၿမဲေရးတို႔ကို ကာကြယ္ေစာင့္ေရွာက္ရန္ တပ္မေတာ္ တြင္ အဓိကတာဝန္ရွိသည္ဟုလည္းေကာင္း ျပဌာန္းထားပါသည္။ထို႔ေၾကာင့္ ႏိုင္ငံေတာ္၏အမ်ိဳးသားေရးဝါဒသည္ အလြန္အေရးႀကီးေၾကာင္း ေတြ႕ျမင္ရမည္ျဖစ္ပါသည္။
၁၁။ ဒို႔တာဝန္အေရးသုံးပါးေပၚေပါက္လာပုံကိုေလ့လာၾကည့္သည့္အခါ ၁၉၈၈ ခုႏွစ္၊ စက္တင္ဘာ လ ၁၈ ရက္တြင္ တပ္မေတာ္ကႏိုင္ငံတာဝန္ယူၿပီးခ်ိန္မွ စတင္ေၾကညာခဲ့သည္ကိုေတြ႕ရွိရပါသည္။ တပ္မေတာ္ကလည္းႏိုင္ငံေတာ္တာဝန္ယူၿပီးခ်ိန္တြင္လြပ္လပ္ေရးရၿပီးခ်ိန္ကစ၍သမိုင္းတစ္ေလွ်ာက္ ျဖစ္ေပၚခဲ့သည့္ ႏိုင္ငံေရးျဖစ္စဥ္မ်ားကို ျပန္လည္သုံးသပ္ခဲ့ရာ ၁၉၄၈-၄၉ ခုႏွစ္ ေရာင္စုံသူပုန္ ေသာင္းက်န္းမႈအႏၲရာယ္၊ ၁၉၅၈ ခုႏွစ္ ပါတီႏိုင္ငံေရးပဋိပကၡ၊ ၁၉၆၂ ခုႏွစ္ လူမ်ိဳးေရးအျမင္ က်ဥ္းေျမာင္းသူမ်ား၏ ျပည္ေထာင္စုမွ ခြဲထြက္ရန္ႀကိဳးပမ္းလာမႈအႏၲရာယ္ႏွင့္ ၁၉၈၈ ခုႏွစ္ မင္းမဲ့ စ႐ိုက္ ဆူပူေသာင္းက်န္းမႈမ်ားေၾကာင့္ အခ်ဳပ္အျခာအာဏာ ဆုံးရႈံးရမည့္အေရးႏွင့္ ျပည္ေထာင္စု ၿပိဳကြဲမႈအႏၲရာယ္တို႔ကို ေလးႀကိမ္ ႀကဳံေတြ႕ခဲ့ရသည္။ ထို႔ေၾကာင့္ အနာဂတ္ႏိုင္ငံေတာ္တြင္ ေနာင္အလားတူျဖစ္စဥ္မ်ိဳးထပ္မံမႀကဳံေတြ႕ႏိုင္ေစရန္အတြက္ႀကိဳတင္ကာကြယ္မႈအေနျဖင့္ ဒို႔တာဝန္ အေရးသုံးပါးကို ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရးအျဖစ္ သတ္မွတ္ခဲ့ျခင္းျဖစ္ပါသည္။
အမ်ိဳးေရးပန္းတိုင္ (National Goal) ဆိုသည္မွာ အဘယ္နည္း
၁၂။ ဒို႔တာဝန္အေရးသုံးပါးသည္ အမ်ိဳးသားေရးဝါဒ၊ အမ်ိဳးသားအက်ိဳးစီးပြား အမ်ိဳးသားႏိုင္ငံေရး ျဖစ္ေၾကာင္းကိုေပၚေပါက္လာခဲ့သည့္သမိုင္းကိုၾကည့္လွ်င္ေတြ႕ျမင္ရမည္ျဖစ္ပါသည္။ အမ်ိဳးသားေရး သည္ တစ္မ်ိဳးသားလုံးႏွင့္ဆိုင္ေသာအေရးျဖစ္သျဖင့္ ႏိုင္ငံသားတိုင္း၏အေရးျဖစ္ပါသည္။ ထိုနည္း တူ အမ်ိဳးသားေရးတာဝန္၊ အမ်ိဳးသားေရးရည္မွန္းခ်က္၊ အမ်ိဳးသားေရးစိတ္ဓာတ္၊ မ်ိဳးခ်စ္စိတ္ဓာတ္ စသည္တို႔ကို မၾကာခဏၾကားၾကရမည္ျဖစ္ေသာ္လည္း အမ်ိဳးသားေရးပန္းတိုင္ကိုမူ လူသိနည္းပါး ၾကပါသည္။ အမ်ိဳးသားေရးပန္းတိုင္ႏွင့္ပတ္သတ္၍ ေျပာဆိုသုံးႏႈန္းမႈနည္းပါးေသာ္လည္း ႏိုင္ငံေတာ္ စီမံေရးေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က " ကမာၻႀကီး မ်က္ေမွာက္အေျခအေန အရပင္ျဖစ္ေစ၊ မိမိတို႔၏ ပကတိအရွိတရားအရျဖစ္ေစ၊ ျပည္ေထာင္စုမၿပိဳကြဲေရး၊ တိုင္းရင္းသား စည္းလုံးညီၫြတ္မႈမၿပိဳကြဲေရးႏွင့္ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေရးသည္ အလိုအပ္ဆုံးႏွင့္ အျဖစ္သင့္ဆုံး အမ်ိဳးသားေရးရည္မွန္းခ်က္၊ အမ်ိဳးသားေရးပန္းတိုင္၊ အမ်ိဳးသားေရးတာဝန္ျဖစ္ပါ တယ္"ဟု ၂၀၂၄ ခုႏွစ္ဒီဇင္ဘာလ ၁၀ ရက္ ကျပဳလုပ္သည့္ (၇၆)ႏွစ္ေျမာက္လြတ္လပ္ေရးေန႔အထိမ္း အမွတ္လူငယ္ႏွင့္စာေပအႏုပညာပြဲေတာ္ဖြင့္ပြဲ အခမ္းအနားတြင္ ထည့္သြင္းေျပာၾကားခဲ့ပါသည္။ထို႔ေၾကာင့္ ဒို႔တာဝန္အေရးသုံးပါးသည္လည္း အမ်ိဳးသားေရး ပန္းတိုင္ျဖစ္သည္ဟု သတ္မွတ္၍ရႏိုင္ပါသည္။
၁၃။ ယေန႔ျမန္မာႏိုင္ငံေတာ္သည္ သမိုင္းေပးတာဝန္အရ တပ္မေတာ္ကႏိုင္ငံတာဝန္မ်ားကို လႊဲေျပာင္း ယူထားရသည့္ကာလျဖစ္ပါသည္။ ထိုကဲ့သို႔ တပ္မေတာ္က ႏိုင္ငံေတာ္တာဝန္မ်ားကို ထမ္းေဆာင္ေနရ ျခင္းမွာလည္း ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ အာဏာရပါတီ NLD သည္ မဲမသမာမႈ ၁၁.၃ သန္းေက်ာ္ျပဳလုပ္၍ ႏိုင္ငံေတာ္အာဏာကို မတရားသည့္နည္းျဖင့္ ရယူရန္ ႀကိဳးပမ္းလာခဲ့ျခင္းေၾကာင့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္န႔တြင္ ယာယီသမၼတ ဦးျမင့္ေဆြမွ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ ကိုေခၚယူ၍ ႏိုင္ငံေတာ္အာဏာကို ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ-၄၁၇ ႏွင့္အညီအပ္ႏွင္းခဲ့သျဖင့္ တာဝန္လႊဲေျပာင္းယူခဲ့ရျခင္း ျဖစ္ပါ သည္။တပ္မေတာ္သည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဖြဲ႕စည္း၍ ႏိုင္ငံေတာ္၏ မ႑ိဳင္ႀကီး သုံးရပ္အား လည္ပတ္ႏိုင္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါသည္။ ထို႔အျပင္ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီသည္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္ႏွင့္ ဦးတည္ခ်က္ ၉ ရပ္တို႔ကိုခ်မွတ္၍ ႏိုင္ငံေတာ္အား ကာကြယ္ေစာင့္ေရွာက္ လ်က္ရွိသလို ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိပါသည္။
၁၄ ။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္တြင္ စစ္မွန္စည္းကမ္းျပည့္ဝ သည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေရးႏွင့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ျပည္ေထာင္စု
တည္ေဆာက္ေရး လုပ္ငန္းစဥ္မ်ားကို အရွိန္အဟုန္ျဖင့္ ဆက္လက္ေဆာင္႐ြက္သြားမည္ဟု ပါရွိပါ သည္။ ႏိုင္ငံေရးဦးတည္ခ်က္ ၃ ရပ္တြင္လည္း စစ္မွန္၍ စည္းကမ္းျပည့္ဝေသာ ပါတီစုံဒီမိုကေရစီ စနစ္ခိုင္မာေစ ေရးႏွင့္ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ ျပည္ေထာင္စုကိုတည္ေဆာက္ ႏိုင္ေရးပါဝင္ပါသည္။ ထို႔အျပင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က " စစ္မွန္ စည္းကမ္းျပည့္ဝသည့္ ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေရး၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးဆိုသည့္ႏိုင္ငံေရးရည္မွန္းခ်က္ ၂ ရပ္ ႏွင့္ တိုင္းျပည္သာယာ ဝေျပာေရး၊ စားေရရိကၡာဖူလုံေရးဆိုသည့္ အမ်ိဳးေရးရည္မွန္းခ်က္ ၂ ရပ္ကို ခ်မွတ္အေကာင္အထည္ေဖာ္လ်က္ရွိတယ္" ဟု (၇၉)ႏွစ္ေျမာက္တပ္မေတာ္ေန႔ စစ္ေရးျပ အခမ္း အနား မိန႔္ခြန္းတြင္ ထည့္သြင္းမိန႔္ၾကားခဲ့ပါသည္။
၁၅။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌ၊တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႏိုင္ငံေရးရည္မွန္းခ်က္ ၂ ရပ္ႏွင့္အမ်ိဳးသားေရးရည္မွန္းခ်က္ ၂ ရပ္ကို အလ်ဥ္းသင့္ သလိုမၾကာခဏ ထုတ္ေဖာ္ေျပာၾကားေလ့ရွိပါသည္။ တပ္မေတာ္စည္း႐ုံးေရးေကာ္မတီ၏ ၂၀၂၅ ခုႏွစ္ ေရွ႕လုပ္ငန္းစဥ္ ၅ ရပ္တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ႏိုင္ငံေရးရည္မွန္းခ်က္ ၂ ရပ္ ျဖစ္သည့္ စစ္မွန္စည္းကမ္းျပည့္ဝသည့္ပါတီစုံဒီမိုကေရစီစနစ္ခိုင္မာေစေရး၊ဒီမိုကေရစီႏွင့္ဖက္ဒရယ္ စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးႏွင့္ အမ်ိဳးသားေရးရည္မွန္းခ်က္ ၂ ရပ္ျဖစ္ သည့္ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စာေရရိကၡာဖူလုံေရးလုပ္ငန္းစဥ္တို႔တြင္ အျပည့္အဝအေကာင္ အထည္ေဖာ္ႏိုင္ေရး တပ္မေတာ္ကဘက္စုံေထာင့္စုံက ပါဝင္ကူညီလုပ္ေဆာင္သြားရမည္ဟု ပါရွိပါ သည္။ ထို႔ေၾကာင့္ ယေန႔ကာလ အမ်ိဳးသားေရးပန္းတိုင္ National Goal ကိုေျပာပါဆိုလွ်င္ အမ်ိဳးသားေရးဝါဒျဖစ္သည့္ ဒို႔တာဝန္ အေရးသုံးပါးကိုကာကြယ္ေစာင့္ေရွာက္၍ ႏိုင္ငံ၏ရည္မွန္းခ်က္ ၂ ရပ္ႏွင့္ အမ်ိဳးသားေရးရည္မွန္းခ်က္ ၂ ရပ္ကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ ျခင္းျဖစ္မည္ဟု သုံးသပ္ယူဆမိပါသည္။
၁၆။ အမ်ိဳးေရးရည္မွန္းခ်က္ ၂ ရပ္ျဖစ္သည့္ တိုင္းျပည္သာယာဝေျပာေရးႏွင့္ စားေရရိကၡာဖူလုံေရး ကိုလည္း ႏိုင္ငံေတာ္အစိုးရ၏ဦးေဆာင္မႈျဖင့္ အေလးထားေဆာင္႐ြက္လ်က္ရွိပါသည္။ ျမန္မာႏိုင္ငံ သည္ စိုက္ပ်ိဳးေရးကို အေျခခံသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သည္ႏွင့္အညီ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးကို လုပ္ကိုင္ ေနၾကသည့္ ေက်းလက္ေနျပည္သူမ်ားမွာ ႏိုင္ငံ့လူဦးေရ၏ ၇၀ ရာခိုင္ႏႈန္းေက်ာ္ရွိေပရာ လယ္ယာလုပ္ငန္းကို ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ရန္အေရးႀကီးပါသည္။ စပါး အပါအဝင္သီးႏွံမ်ား ကို စိုက္ပ်ိဳးရာတြင္ ပန္းတိုင္အထြက္ႏႈန္းရရွိေစေရးအတြက္ မ်ိဳး ေျမ ေရ နည္း ဆိုသည့္ နည္းလမ္း ေလးရပ္ကို စနစ္တက် လက္ေတြ႕လိုက္နာေဆာင္႐ြက္ႏိုင္ေရး တြန္းအားေပးေဆာင္႐ြက္လ်က္ရွိပါ သည္။ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ေတာင္သူလယ္သမားမ်ား လယ္ယာစိုက္ပ်ိဳးေရးလုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ မိုးရာသီစိုက္ပ်ိဳးေရးေခ်းေငြမ်ားထုတ္ေခ်းျခင္း၊ သဘာဝ ေျမဩဇာမ်ားေထာက္ပံ့ေပးျခင္းတို႔ကို ေဆာင္႐ြက္ေပးလ်က္ရွိပါသည္။ ထိုသို႔ေဆာင္႐ြက္ေပးျခင္း ျဖင့္ ႏိုင္ငံေရးႏွင့္ အမ်ိဳးသားေရး ရည္မွန္းခ်က္မ်ားကို ေအာင္ျမင္ေအာင္ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္သလို ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္ျခင္းျဖင့္လည္း ကြၽဲကူး ေရပါဆိုသလို ႏိုင္ငံေတာ္၏အမ်ိဳးသားေရးပန္းတိုင္ (National Goal) ကို ေရာက္ရွိေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း သုံးသပ္ယူဆမိပါသည္။
၁၇။ အႏွစ္ခ်ဳပ္ဆိုရလွ်င္ (Nationalism) အမ်ိဳးသားေရးဝါဒ၊ (National Goal) အမ်ိဳးသားေရးပန္းတိုင္ဟူသည္ လြတ္လပ္သည့္ အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံတိုင္း၌ မျဖစ္မေန အေလးထားအေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရသည့္ ႏိုင္ငံေတာ္မူဝါဒမ်ားျဖစ္ပါသည္။ အမ်ိဳးသားေရးႏွင့္ကင္းသည့္ႏိုင္ငံမရွိသလို အမ်ိဳးသားေရးႏွင့္ကင္းသည့္ လူ႔အဖြဲ႕အစည္းလည္းရွိမည္မဟုတ္ေပ။ ႏိုင္ငံမ်ား၏ ဖြံ႕ၿဖိဳးတိုးတက္မႈ ကိုေလ့လာၾကည့္လွ်င္ မွန္ကန္သည့္အမ်ိဳးသားေရးပန္းတိုင္ကိုထားရွိကာ အမ်ိဳးသားေရးဝါဒ ေမာင္းႏွင္အားျဖင့္ ႏိုင္ငံေတာ္ကို ဖြံ႕ၿဖိဳးတိုးတက္ေအာင္တည္ေဆာက္ခဲ့ၾကသည္ကို ေတြ႕ရွိရပါသည္။ သာဓကအေနျဖင့္ ဂ်ာမနီႏိုင္ငံ၏ စက္မႈနည္းပညာဖြံ႕ၿဖိဳးတိုးတက္မႈသည္ ပထမကမာၻစစ္တြင္ ခ်ဳပ္ဆိုခဲ့ေသာ ဗာဆိုင္းစာခ်ဳပ္ကို မေက်နပ္ရာကတစ္ဆင့္ မခံခ်င္စိတ္ထားကာ အမ်ိဳးသားေရးဝါဒ ကို လက္ကိုင္ျပဳႀကိဳးစားခဲ့ျခင္းေၾကာင့္ တိုးတက္လာခဲ့သည္ကို ေတြ႕ရွိရပါသည္။ ဂ်ပန္ႏိုင္ငံသည္ လည္း ဒုတိယကမာၻစစ္ေၾကာင့္ ျပာပုံဘဝကႏိုးထၿပီး ခ်မ္းသာႂကြဝလာရျခင္းသည္ အမ်ိဳးသားေရး စိတ္ဓာတ္ကိုအေျခခံသည့္ အမ်ိဳးသားေရး ေမာင္းႏွင္အားေၾကာင့္ တိုးတပ္လာျခင္းျဖစ္ပါသည္။ ထို႔ေၾကာင့္ မိမိတို႔ျမန္မာႏိုင္ငံအေနျဖင့္လည္း အမ်ိဳးသားေရးပန္းတိုင္ကို ဗဟိုျပဳ၍ အမ်ိဳးသားေရး ေမာင္းႏွင္အားျဖင့္ စည္းလုံးညီၫြတ္စြာ ခ်ီတက္ေဆာင္႐ြက္ပါက ေအးခ်မ္းသာယာၿပီး ေခတ္မီဖြံ႕ၿဖိဳး
တိုးတက္သည့္ ႏိုင္ငံအျဖစ္သို႔ မလြဲမေသြေရာက္ရွိမည္ျဖစ္ေၾကာင္း အႀကံျပဳလိုက္ရပါသည္။
က်မ္းကိုးစာရင္း
၁။ မင္းေ႐ႊေမာင္၏ ႏိုင္ငံေရးအဘိဓာန္(ဘာသာျပန္)
၂။ ဦးကိုကိုလႈိင္၊ ဦးမ်ိဳးျမတ္သူ ၏ ကမာၻ႔ႏိုင္ငံေရးအေျပာင္းအလဲႏွင့္ ရႈ႕ေထာင့္စုံ(၄)
၃။ အမ်ိဳးသားႏိုင္ငံေရးႏွင့္ယွဥ္ေသာ ယုံၾကည္ခ်က္ခံယူခ်က္(တိုက္/စည္း သင္ခန္းစာ)
၄။ ၂၀၀၈ ခုႏွစ္အေျခခံဖဖြဲ႕စည္းပုံဥပေဒ
၅။ ျမဝတီသတင္းစာပါ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာာင္စီဥကၠဌ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ မိန႔္ခြန္းမ်ား