ရုရှားနဲ့မြောက်ကိုရီးယားတို့က အသက်၊သွေး၊ချွေးတွေ မျှဝေထားတဲ့နိုင်ငံတွေဖြစ်တယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ပြော

 79

Pika (NP News) - ဒီဇင်ဘာ ၂၈

ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့မြောက်ကိုရီးယားတို့စာ အသက်၊သွေး၊ချွေးတွေကို အကောင်းဆုံးမျှဝေခဲ့ကြတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားသမ္မတပူတင်က နှစ်သစ်ဆုမွန်တောင်းစာတစ်စောင်ကို ကင်ဂျုံအန်းကို ပေးပို့ခဲ့ပြီးနောက် ယခုလိုပြောဆိုချက် တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက် ပေးဖို့အတွက် မြောက်ကိုရီးယားက ၎င်းရဲ့စစ်သားထောင်ပေါင်းများစွာကို စေလွှတ်ပေးခဲ့တယ်လို့ တောင်ကိုရီးယား နဲ့ အနောက်အုပ်စုနိုင်ငံအများအပြားက ယခင်ကတည်းက စွပ်စွဲပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ကင်ဂျုံအန်းက “(၂၀၂၅) ခုနှစ်ဟာ အသက်၊သွေး၊ချွေးတွေကို အတူတကွမျှဝေခဲ့ပြီး ဆက်ဆံရေးတွေကို ပိုမိုခိုင်မာ စေခဲ့ပါတယ်။ (၂၀၂၅) ခုနှစ်က ကျွန်တော်တို့နှစ်နိုင်ငံကြားအတွက် အလွန်အဓိပ္ပါယ်ပြည့်ဝတဲ့ နှစ်တစ်နှစ်ပဲဖြစ်ပါ တယ်” လို့ ပြောခဲ့ပါတယ်။ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးဖို့ မြောက်ကိုရီးယားစစ်သားတွေ စေလွှတ်ပေးပို့ ခဲ့ကြောင်းနဲ့ ၎င်းရဲ့စစ်သားတွေဟာ ရုရှား-ယူကရိန်းစစ်ပွဲအတွင်းမှာ ကျဆုံးခဲ့တယ်ဆိုတာကို မြောက်ကိုရီးယား အစိုးရက ပြီးခဲ့တဲ့ဧပြီလမှာ အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ရုရှားနိုင်ငံ ကာ့စ်ဒေသမှာ မိုင်းရှင်းလင်းဖို့အတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးခဲ့တယ်ဆိုတာကို မြောက်ကိုရီးယားက ယခုလအစောပိုင်းမှာ ဝန်ခံပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version
႐ုရွားနဲ႔ေျမာက္ကိုရီးယားတို႔က အသက္၊ေသြး၊ေခြၽးေတြ မွ်ေဝထားတဲ့ႏိုင္ငံေတြျဖစ္တယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ေျပာ
Pika (NP News) - ဒီဇင္ဘာ ၂၈
ယူကရိန္းစစ္ပြဲမွာ ႐ုရွားနဲ႔ေျမာက္ကိုရီးယားတို႔စာ အသက္၊ေသြး၊ေခြၽးေတြကို အေကာင္းဆုံးမွ်ေဝခဲ့ၾကတယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
႐ုရွားသမၼတပူတင္က ႏွစ္သစ္ဆုမြန္ေတာင္းစာတစ္ေစာင္ကို ကင္ဂ်ဳံအန္းကို ေပးပို႔ခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားေနတဲ့စစ္ပြဲမွာ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ ေပးဖို႔အတြက္ ေျမာက္ကိုရီးယားက ၎ရဲ႕စစ္သားေထာင္ေပါင္းမ်ားစြာကို ေစလႊတ္ေပးခဲ့တယ္လို႔ ေတာင္ကိုရီးယား နဲ႔ အေနာက္အုပ္စုႏိုင္ငံအမ်ားအျပားက ယခင္ကတည္းက စြပ္စြဲေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ကင္ဂ်ဳံအန္းက “(၂၀၂၅) ခုႏွစ္ဟာ အသက္၊ေသြး၊ေခြၽးေတြကို အတူတကြမွ်ေဝခဲ့ၿပီး ဆက္ဆံေရးေတြကို ပိုမိုခိုင္မာ ေစခဲ့ပါတယ္။ (၂၀၂၅) ခုႏွစ္က ကြၽန္ေတာ္တို႔ႏွစ္ႏိုင္ငံၾကားအတြက္ အလြန္အဓိပၸါယ္ျပည့္ဝတဲ့ ႏွစ္တစ္ႏွစ္ပဲျဖစ္ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။ ႐ုရွားဘက္ကေန ပါဝင္တိုက္ခိုက္ေပးဖို႔ ေျမာက္ကိုရီးယားစစ္သားေတြ ေစလႊတ္ေပးပို႔ ခဲ့ေၾကာင္းနဲ႔ ၎ရဲ႕စစ္သားေတြဟာ ႐ုရွား-ယူကရိန္းစစ္ပြဲအတြင္းမွာ က်ဆုံးခဲ့တယ္ဆိုတာကို ေျမာက္ကိုရီးယား အစိုးရက ၿပီးခဲ့တဲ့ဧၿပီလမွာ အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႐ုရွားႏိုင္ငံ ကာ့စ္ေဒသမွာ မိုင္းရွင္းလင္းဖို႔အတြက္ တပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ေပးခဲ့တယ္ဆိုတာကို ေျမာက္ကိုရီးယားက ယခုလအေစာပိုင္းမွာ ဝန္ခံေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.