ကယားပြည်နယ် ဝန်ကြီးချုပ် ကို စစ်ဘက်မူလ တာဝန်များ ပြန်လည် ထမ်းဆောင်စေပြီး ဝန်ကြီးချုပ် အသစ် ခန့်အပ်

688
ပီယ (NP News) – ဒီဇင်ဘာလ ၃ဝ
ကယားပြည်နယ် ဝန်ကြီးချုပ် ကို စစ်ဘက်မူလ တာဝန်များ ပြန်လည် ထမ်းဆောင်စေပြီး ဝန်ကြီးချုပ် အသစ် ခန့်အပ် ခဲ့ကြောင်း အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီ ရုံး ၏ ထုတ်ပြန်ချက်အရ သိရသည်။
ကယားပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဦးစိန်ဦး ကို ခန့်အပ်လိုက်ခြင်း ဖြစ်ပြီး ယခင် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်ကို စစ်ဘက် မူလ တာဝန်များ ပြန်လည် ထမ်းဆေင်စေခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဦးဇော်မျိုးတင်သည် ၂၀၂၂ ခုနှစ်မှ စတင်ကာ ကယားပြည်နယ် ဝန်ကြီးချုပ် အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
zawgyi version
ပီယ (NP News) – ဒီဇင်ဘာလ ၃ဝ