မင်းဘူးတွင် ရခိုင်သို့ပို့ဆောင်မည့် ငွေကျပ် (၃၇) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

386

စိမ့် (NP News) - ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကန်ရေကျေးရွာအနီး၌ ပြီးခဲ့သည့် ဒီဇင်ဘာ (၂၄) ရက်က ရခိုင်သို့ပို့ဆောင်မည့် ငွေကျပ် (၃၇) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
သတင်းများအရ အောင်ဇင်ဝင်း(ခ)ဖိုးခွားနှင့် မောင်မောင်သန့် မောင်းနှင်လာသည့် CANTER (၆) ဘီးကားအာ စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ ငွေကျပ် (၃၇ ဒသမ ၄၆၅၅) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉၈၆၂ သန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများကို သယ်ဆောင်ခိုင်းသူမှာ စစ်ကိုင်းမြို့နယ်၊ ဆည်လေးကျေးရွာနေ မင်းမင်း(ဖမ်းဆီးရန်ကျန်)ဖြစ်ပြီး စစ်ကိုင်းမြို့နယ်မှ မင်းတုန်းမြို့သို့ လည်းကောင်း၊ မင်းတုန်းမြို့မှတစ်ဆင့် ရခိုင်ပြည်နယ်သို့လည်းကောင်း ဆက်လက် သယ်ဆောင်ရောင်း ဝယ် မည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် စစ်ကိုင်းမြို့မှ မန္တလေးမြိုသို့သယ်ဆောင်၍ နေအိမ်၌ သိုဝှက်ထိန်းသိမ်းထားရှိပြီး မန္တလေးမြို့မှ မင်းတုန်းမြို့သို့ တာဝန်ခံသယ် ဆောင်သည့် နေမျိုးအောင်နှင့် ၎င်း၏ဇနီး မညိုညိုသက်တို့ (၂) ဦးအား မကွေးမြို့ နတ်မောက်လမ်းရှိ မကွေးဟိုတယ်တွင် SUPER CUSTOM ယာဉ် (၁) စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်ရှိ ၎င်းတို့၏နေအိမ်မှ မူးယစ်ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသည့် HYUNDAI STAREX ကား (၁) စီးအား ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
လက်ရှိတွင် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
မင္းဘူးတြင္ ရခိုင္သို႔ပို႔ေဆာင္မည့္ ေငြက်ပ္ (၃၇) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
စိမ့္ (NP News) - ဒီဇင္ဘာ ၃၁
မေကြးတိုင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕နယ္၊ ကန္ေရေက်း႐ြာအနီး၌ ၿပီးခဲ့သည့္ ဒီဇင္ဘာ (၂၄) ရက္က ရခိုင္သို႔ပို႔ေဆာင္မည့္ ေငြက်ပ္ (၃၇) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
သတင္းမ်ားအရ ေအာင္ဇင္ဝင္း(ခ)ဖိုးခြားႏွင့္ ေမာင္ေမာင္သန႔္ ေမာင္းႏွင္လာသည့္ CANTER (၆) ဘီးကားအာ စစ္ေဆးရွာေဖြခဲ့ရာ ကားေပၚမွ ေငြက်ပ္ (၃၇ ဒသမ ၄၆၅၅) ဘီလီယံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၄ ဒသမ ၉၈၆၂ သန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အဆိုပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို သယ္ေဆာင္ခိုင္းသူမွာ စစ္ကိုင္းၿမိဳ႕နယ္၊ ဆည္ေလးေက်း႐ြာေန မင္းမင္း(ဖမ္းဆီးရန္က်န္)ျဖစ္ၿပီး စစ္ကိုင္းၿမိဳ႕နယ္မွ မင္းတုန္းၿမိဳ႕သို႔ လည္းေကာင္း၊ မင္းတုန္းၿမိဳ႕မွတစ္ဆင့္ ရခိုင္ျပည္နယ္သို႔လည္းေကာင္း ဆက္လက္ သယ္ေဆာင္ေရာင္း ဝယ္ မည္ျဖစ္ေၾကာင္း သိရသည္။
ထိုျပင္ စစ္ကိုင္းၿမိဳ႕မွ မႏၲေလးၿမိဳသို႔သယ္ေဆာင္၍ ေနအိမ္၌ သိုဝွက္ထိန္းသိမ္းထားရွိၿပီး မႏၲေလးၿမိဳ႕မွ မင္းတုန္းၿမိဳ႕သို႔ တာဝန္ခံသယ္ ေဆာင္သည့္ ေနမ်ိဳးေအာင္ႏွင့္ ၎၏ဇနီး မညိဳညိဳသက္တို႔ (၂) ဦးအား မေကြးၿမိဳ႕ နတ္ေမာက္လမ္းရွိ မေကြးဟိုတယ္တြင္ SUPER CUSTOM ယာဥ္ (၁) စီးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ျပည္ႀကီးရန္လုံရပ္ကြက္ရွိ ၎တို႔၏ေနအိမ္မွ မူးယစ္ေဆးဝါးသယ္ေဆာင္ရာတြင္ အသုံးျပဳသည့္ HYUNDAI STAREX ကား (၁) စီးအား ထပ္မံသိမ္းဆည္းရမိခဲ့ေၾကာင္းသိရသည္။
လက္ရွိတြင္ ၎တို႔အား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈ က်ဴးလြန္သူမ်ားအား ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္းသိရသည္။