မိုင်းရယ်မြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၃ဝဝ)ကျော် ကို လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနဲ့အတူ ဖမ်းဆီးရမိ

120

ထိုက်စံ (NP News) - ဖေဖော်ဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃၀၀)ကျော်ကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့််ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ အခြေပြုလုပ်ကိုင်နေသည်ဖြစ်ကြောင်း တာဝန်သိပြည်သူများမှ သတင်းပေးပို့ခဲ့ရာလုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက လိုအပ်သည့် လေကြောင်းကင်းထောက်ခြင်း၊ မြေပြင်သတင်းစုံစမ်းဖော်ထုတ်ခြင်းနှင့် နယ်မြေရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ ယမန်နေ့ (ဖေဖော်ဝါရီ ၃ ရက်)၊ နံနက်ပိုင်း (၇) နာရီ ခန့်က မိုင်းရယ်မြို့၏ အရှေ့တောင်ဘက် (၃၅) ကီလိုမီတာခန့်အကွာ ဟိုက်ပုကျေးရွာအနီးသို့အရောက်၌ မသင်္ကာဖွယ်ရာအဆောက်အအုံများကို တွေ့ရှိရသဖြင့် ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ဆောင်နေသည့်နေရာကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက်ဆက်လက်စစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသား အမျိုးသား (၃၂၁) ဦး နှင့် အမျိုးသမီး( ၉) ဦး၊ စုစုပေါင်း (၃၃၀)ဦးကိုဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။
ဆက်လက်၍ မိုးကာအစိမ်းစများဖြင့် ဆောက်လုပ်ထားသည့်အဆောက်အအုံ (၁၅) လုံး၊ ဆောက်လုပ်ဆဲ အဆောက်အအုံ (၁၀) လုံး၊ အွန်လိုင်းလိမ်လည်မှုများ လုပ်ဆောင်ရာတွင်အသုံးပြုသည့် မီးစက်( ၂) လုံး၊ ဖုန်းမျိုးစုံ( ၂၀၈) လုံး၊ ALL-IN-ONE ကွန်ပျူတာ( ၈၆) လုံး၊ LAPTOP (၇ )လုံး၊ STAR LINK( ၂၃) လုံး နှင့် မော်တော်ယာဉ်မျိုးစုံ (၁၀) စီးတို့ကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိသော ဆက်စပ်ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ပါဝင်သူများအားစစ်ဆေးဖော်ထုတ်ကာ တရားဉပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
မိုင္းရယ္ၿမိဳ႕တြင္ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းလုပ္ကိုင္သူ တ႐ုတ္ႏိုင္ငံသား(၃ဝဝ)ေက်ာ္ ကို လုပ္ငန္းသုံး ဆက္စပ္ပစၥည္းမ်ားနဲ႔အတူ ဖမ္းဆီးရမိ
ထိုက္စံ (NP News) - ေဖေဖာ္ဝါရီ ၄
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕တြင္ အြန္လိုင္းလိမ္လည္မႈလုပ္ငန္းလုပ္ကိုင္သူ တ႐ုတ္ႏိုင္ငံသား (၃၀၀)ေက်ာ္ကို လုပ္ငန္းသုံးဆက္စပ္ပစၥည္းမ်ားႏွင့္္ဖမ္းဆီးရမိေၾကာင္း ထုတ္ျပန္ခ်က္အရသိရသည္။
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မိုင္းရယ္ၿမိဳ႕နယ္အတြင္း အြန္လိုင္းလိမ္လည္ေလာင္းကစားမႈလုပ္ငန္းမ်ား အေျချပဳလုပ္ကိုင္ေနသည္ျဖစ္ေၾကာင္း တာဝန္သိျပည္သူမ်ားမွ သတင္းေပးပို႔ခဲ့ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕မ်ားက လိုအပ္သည့္ ေလေၾကာင္းကင္းေထာက္ျခင္း၊ ေျမျပင္သတင္းစုံစမ္းေဖာ္ထုတ္ျခင္းႏွင့္ နယ္ေျမရွင္းလင္းျခင္းမ်ားကို ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ခဲ့ရာ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၃ ရက္)၊ နံနက္ပိုင္း (၇) နာရီ ခန႔္က မိုင္းရယ္ၿမိဳ႕၏ အေရွ႕ေတာင္ဘက္ (၃၅) ကီလိုမီတာခန႔္အကြာ ဟိုက္ပုေက်း႐ြာအနီးသို႔အေရာက္၌ မသကၤာဖြယ္ရာအေဆာက္အအုံမ်ားကို ေတြ႕ရွိရသျဖင့္ ဝင္ေရာက္ရွာေဖြစစ္ေဆးခဲ့ရာ အြန္လိုင္းေငြေၾကးလိမ္လည္မႈႏွင့္ ေလာင္းကစားမႈမ်ား လုပ္ေဆာင္ေနသည့္ေနရာကိုေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ဆက္လက္စစ္ေဆးခဲ့ရာ အြန္လိုင္းလိမ္လည္ေလာင္းကစားမႈမ်ား လုပ္ကိုင္ေနၾကသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား (၃၂၁) ဦး ႏွင့္ အမ်ိဳးသမီး( ၉) ဦး၊ စုစုေပါင္း (၃၃၀)ဦးကိုဖမ္းဆီးရမိခဲ့ ေၾကာင္းသိရသည္။
ဆက္လက္၍ မိုးကာအစိမ္းစမ်ားျဖင့္ ေဆာက္လုပ္ထားသည့္အေဆာက္အအုံ (၁၅) လုံး၊ ေဆာက္လုပ္ဆဲ အေဆာက္အအုံ (၁၀) လုံး၊ အြန္လိုင္းလိမ္လည္မႈမ်ား လုပ္ေဆာင္ရာတြင္အသုံးျပဳသည့္ မီးစက္( ၂) လုံး၊ ဖုန္းမ်ိဳးစုံ( ၂၀၈) လုံး၊ ALL-IN-ONE ကြန္ပ်ဴတာ( ၈၆) လုံး၊ LAPTOP (၇ )လုံး၊ STAR LINK( ၂၃) လုံး ႏွင့္ ေမာ္ေတာ္ယာဥ္မ်ိဳးစုံ (၁၀) စီးတို႔ကို ေတြ႕ရွိဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ သိမ္းဆည္းရမိေသာ ဆက္စပ္ပစၥည္းမ်ားအား လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ႏွင့္ ပါဝင္သူမ်ားအားစစ္ေဆးေဖာ္ထုတ္ကာ တရားဉပေဒႏွင့္အညီ ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။