ဗင်နီဇွဲလားကို အမေရိကန်ရဲ့ထိန်းချုပ်မှုအောက်မှာ ထားရှိထားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

1444

Pika (NP News) - ဇန်နဝါရီ ၅
လိုအပ်လာမယ်ဆိုရင် ဗင်နီဇွဲလားနိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ ဖြန့်ကျက်ချထားတာအပါအဝင် လက်ရှိအချိန်မှာ ဗင်နီဇွဲလားကို အမေရိကန်ရဲ့ထိန်းချုပ်မှုအောက်မှာထားရှိမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကတိပြု ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ဘေးကင်းလုံခြုံ သင့်လျော်ပြီး တရားမျှတတတဲ့အသွင်ကူးပြောင်းမှုကို လုပ်ဆောင်နိုင်တဲ့အချိန် အထိ ဗင်နီဇွဲလားကို အမေရိကန်က အုပ်ချုပ်သွားမှာပဲဖြစ်ပါတယ်။ ဗင်နီဇွဲလားပြည်သူတွေရဲ့အကျိုးစီးပွားတွေကို မစဉ်းစားတဲ့လူတွေက ထိန်းချုပ်မှုတွေလုပ်ဆောင်သွားနိုင်မယ့်အခွင့်အရေးတွေကို ကျွန်တော်တို့ပေးမှာ မဟုတ်ပါ ဘူး” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ဗင်နီဇွဲလားကို ဘယ်လိုကြီးကြပ်စောင့်ကြည့်ဖို့ ဒေါ်နယ်ထရမ့်က စီစဉ်ထားသလဲဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ အမေရိကန်တပ်ဖွဲ့တွေက ဗင်နီဇွဲလားကို ကြီးမားတဲ့ တိုက်ခိုက်မှုတစ်ခုလုပ်ဆောင်ခဲ့ပြီး သမ္မတနီကိုလက်စ်မာဒူရိုနဲ့ဇနီးတို့ကို နိုင်ငံပြင်ပကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ပြန်ပြောဆိုခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နီကိုလက်စ်မာဒူရို နဲ့ဇနီးတို့ကို နယူးယောက်မြို့က ဘရွတ်ကလင်းထိန်းသိမ်းရေးစင်တာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Zawgyi Version:
ဗင္နီဇြဲလားကို အေမရိကန္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာ ထားရွိထားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇန္နဝါရီ ၅
လိုအပ္လာမယ္ဆိုရင္ ဗင္နီဇြဲလားႏိုင္ငံမွာ အေမရိကန္တပ္ဖြဲ႕ေတြ ျဖန႔္က်က္ခ်ထားတာအပါအဝင္ လက္ရွိအခ်ိန္မွာ ဗင္နီဇြဲလားကို အေမရိကန္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာထားရွိမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ကတိျပဳ ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ေဘးကင္းလုံၿခဳံ သင့္ေလ်ာ္ၿပီး တရားမွ်တတတဲ့အသြင္ကူးေျပာင္းမႈကို လုပ္ေဆာင္ႏိုင္တဲ့အခ်ိန္ အထိ ဗင္နီဇြဲလားကို အေမရိကန္က အုပ္ခ်ဳပ္သြားမွာပဲျဖစ္ပါတယ္။ ဗင္နီဇြဲလားျပည္သူေတြရဲ႕အက်ိဳးစီးပြားေတြကို မစဥ္းစားတဲ့လူေတြက ထိန္းခ်ဳပ္မႈေတြလုပ္ေဆာင္သြားႏိုင္မယ့္အခြင့္အေရးေတြကို ကြၽန္ေတာ္တို႔ေပးမွာ မဟုတ္ပါ ဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ဗင္နီဇြဲလားကို ဘယ္လိုႀကီးၾကပ္ေစာင့္ၾကည့္ဖို႔ ေဒၚနယ္ထရမ့္က စီစဥ္ထားသလဲဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါဘူး။ အေမရိကန္တပ္ဖြဲ႕ေတြက ဗင္နီဇြဲလားကို ႀကီးမားတဲ့ တိုက္ခိုက္မႈတစ္ခုလုပ္ေဆာင္ခဲ့ၿပီး သမၼတနီကိုလက္စ္မာဒူ႐ိုနဲ႔ဇနီးတို႔ကို ႏိုင္ငံျပင္ပကို ဖမ္းဆီးေခၚေဆာင္သြားၿပီး ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ျပန္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ နီကိုလက္စ္မာဒူ႐ို နဲ႔ဇနီးတို႔ကို နယူးေယာက္ၿမိဳ႕က ဘ႐ြတ္ကလင္းထိန္းသိမ္းေရးစင္တာမွာ ဖမ္းဆီးထိန္းသိမ္းထားတယ္လို႔ သိရပါတယ္။