ရွေးကောက်ပွဲ အပိုင်း(၁)တွင် USDP က (၈၈) ရာခိုင်နှုန်း အနိုင်ရထားပြီး အပိုင်း (၂)တွင် အဖြေအချို့ ထွက်မည်

 789

သန့်ဇင် (NP News)ဇန်နဝါရီ ၅
ပြီးခဲ့သည့် ဒီဇင်ဘာ (၂၈) ရက်က ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို (၁၀၂) မြို့နယ်တွင် ကျင်းပခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၈၈)ရာခိုင်နှုန်း အနိုင်ရ ထားပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံ အပါအဝင် သက်ဆိုင်ရာဌာနများသို့ စာတင်ထားသည့် နိုင်ငံရေးပါတီအချို့ရှိနေကြောင်း နိုင်ငံရေး ပါတီများထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ရွေးကောက်ပွဲ ပထမပိုင်းတွင် ရှမ်းပြည်နယ် မိုးနဲနှင့် လင်းခေး ပြည်သူ့လွှတ်တော်၌ အနိုင်ရရှိခဲ့ ပြီး ဆက်လက်ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၂) နှင့် အပိုင်း (၃) အတွက် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် အာမခံထားသည့်အတိုင်း လွတ်လပ်၍ တရားမျှတသည့် ‌ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး အတွက်လမ်းညွှန်ပေးရန် မေတ္တာရပ်ခံထားကာ ရွေး ကောက်ပွဲကော်မရှင်ထံကိုလည်း စာတင်ထား ကြောင်း ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက NP News သို့ပြောသည်။
“အပိုင်း (၁)ကတော့ ကြိုတင်မဲတွေနဲ့ ရှုံးသွားတာပေါ့။ တော်တော်လေး မမျှမတလို့ ပြောရမ လား၊ ပထမက လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောလို့မရဘူး။ အခုက ပြည်ခိုင်ဖြိုးက အစိုးရဖြစ်နေ ပြီလေ။ အပိုင်း (၂) နဲ့ (၃) က မျှမျှတတ လုပ်ပေးဖို့သင့်တာပေါ့။ အားကိုမရှိတော့ဘူး။ အပိုင်း (၂) နဲ့ အပိုင်း (၃)တော့ မျှော်လင့်ရတာပေါ့။ တပ်ချုပ်ဆီ စာရေးထားတယ်။ တပ်ချုပ်ပြောတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်ဆိုပြီး အပိုင်း (၂) နဲ့ (၃) ကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲ ပုံစံဖြစ်အောင် လမ်းညွှန်ပေးပါလို့ မေတ္တာရပ်ခံ ပန်ကြားတာပေါ့နော်။ UEC ဥက္ကဋ္ဌ ရော ၊ တိုင်း UEC ဥက္ကဋ္ဌတွေရော”ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
ဒီဇင်ဘာ (၂၈) ရက်က ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် အနိုင်ရ ကိုယ်စားလှယ်မရှိသေးကြောင်းလည်း သိရသည်။ “တစ်နေရာမှ အနိုင်မရဘူး။ မင်းဘူးက ချင်း ကိုယ် စားလှယ်က မကွေးတိုင်းတစ်ခုလုံးပြီးမှ သိမှာ။ သူက တိုင်းတစ်ခုလုံးအတွက် ပြိုင်တော့လေ။ အဲဒီကျမှပဲ သိမှာ။ လတ်တလောတော့ တစ်ယောက်မှ မနိုင်ဘူး” ဟု ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်က NP News သို့ပြောသည်။
အလားတူ ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့်လည်း ရွေးကောက်ပွဲပထမပိုင်း၏ အားနည်းချက် များကို UEC ထံ တင်ပြထားကာ ရွေးကောက်ပွဲ အပိုင်း (၂) နှင့် အပိုင်း (၃)အတွက် သက်ဆိုင်ရာ မြို့နယ် များအလိုက် ကမ်ပိန်းများ၊ စည်းရုံးရေးများဆောင်ရွက်နေပြီဖြစ်ကြောင်း ပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးစော ဟန်အေးက ပြောသည်။
“အဓိကကတော့ ပွင့်လင်းမြင်သာဖို့ လိုတယ်။ တရားမျှတဖို့လိုတယ်။ မှန်မှန်ကန်ကန်လေးဖြစ်ဖို့၊ မှန်မှန်ကန်ကန် ရွေးကောက်ပွဲဖြစ်စေချင်တာပါ။ အနိုင်အရှုံးက ပြည်သူတွေ ဆုံးဖြတ်မှာပဲ။ ကြိုတင်မဲ တွေကလည်း အချိန်မီ မဲရုံဖွင့်တဲ့နေ့မှာ မဲပုံးတွေ မရောက်လာတာတွေလည်းရှိတယ်။ စာရင်းတွေ မပါ လာတာတွေ၊ အရေအတွက်မပြောနိုင်တာတွေ ရှိတယ်။ အဲဒီအားနည်းချက်လေးတွေ စုစည်းပြီးတော့ အကြံပြုတင်ပြမှာပါ။ နိုင်ငံတော် အကြီးအကဲရဲ့ အာမခံချက်ကို ကြိုဆိုပါတယ်။ အပိုင်း (၂) နဲ့ အပိုင်း (၃) မှာ ဒီထက်ပိုပြီးတော့ ကောင်းမွန်တဲ့ မှန်မှန်ကန်ကန်နဲ့ ပွင့်လင်းမြင်သာတဲ့ မျှမျှတတဖြစ်တဲ့ ရွေးကောက် ပွဲတစ်ခု နိုင်ငံတော်အကြီးအကဲရဲ့ ဆန္ဒဖြစ်ဖို့ အားနည်းချက်တွေကို ပြုပြင်လိုက်ရင် ဒီထက်ပိုကောင်း မယ်လို့ အကြံပြုချင်တာ ။ အပိုင်း (၂) နဲ့ (၃) ကိုလည်းဆက်ပြီး ယှဉ်ပြိုင်မှာပါ” ဟု ဦးစောဟန် အေးက ပြောသည်။
ထို့ပြင် ကြိုတင်မဲများ ရေတွက်ရာတွင် ပါတီကိုယ်စားလှယ်များရှေ့၌ ရေတွက်ရန်အပါအဝင် ရွေး ကောက်ပွဲအပိုင်း (၁) ၏ အားနည်းချက်များကို UEC ထံတင်ပြသွားမည်ဖြစ်ကြောင်းလည်း မွန် ညီညွတ် ရေးပါတီ ဥက္ကဋ္ဌ နိုင်လဝီအောင်က NP News သို့ပြောသည်။
“အပိုင်း(၁) က ရလဒ်ပေါ်မူတည်ပြီးတော့ အဲဒီမှာ ကိုယ့်မှာဘာအားသာချက်ရှိလဲ။ ဘာအားနည်း ချက်ရှိလဲ အဲဒါပြန်စိစစ်တယ်။ ပြီးတော့ အပိုင်း(၂) မှာ အားနည်းချက်ကို ပြန်ပြီးတော့ ပိုအားပြည့်အောင် ပြင်ဆင်ပြီးလုပ်နေတယ်။ ကြိုတင်မဲတို့ဘာတို့က အ ဆင်မပြေတာတို့ ရှိတာကိုး။ နောက်တစ်ခါ ကျွန် တော် တပါတီငယ်တွေကျတော့ သိတဲ့အတိုင်းပဲလေ။ မဲရုံကျတော့ ကိုယ်စားလှယ်တွေကိုအပြည့် မထား ပေးနိုင်ဘူး။ သို့သော်လည်း ဒီဟာတွေက ကျော်လွှားခဲ့ပြီး ပြီလေ အပိုင်း (၁) က။ အပိုင်း(၁)ကဟာတွေကို သက်ဆိုင်ရာကော်မရှင်ကိုတင်ပြပြီးတော့ ဒါတွေ ဒါတွေကို ဆောင်ရွက်ပေးပါလို့ ပြောတာကိုး။ ကြိုတင် မဲနဲ့ပတ်သက်လို့ အကယ်၍ လုပ်မယ်ဆိုရင် ရေတွက်မယ်ဆိုရင်လည်း ကျွန်တော်တို့ ပါတီကိုယ်စား လှယ်တွေပါမှလည်း ပိုပြီးကောင်းတယ်လို့ အဲဒါတော့တင်ပြတာထားတာရှိတယ်” ဟု ပြောသည်။
‌ရွေးကောက်ပွဲပထမပိုင်းတွင် ကနဦး မဲရလဒ်များအရ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တွင် လွှတ်တော် (၃) ရပ်လုံး၌ အနိုင်ရရှိနေ သော်လည်း မဲစာရင်းစစ်‌ဆေးသူမှ ပြည်သူ့ပါတီသို့ မဲပေးရန် ညွှန်ကြားနေကြောင်း တိုင်ကြားခံခဲ့ရပြီး နောက်ပိုင်းတွင် တိုင်းဒေသကြီးလွှတ်တော်၌သာ အနိုင်ရရှိခဲ့ ကြောင်း၊ လာမည့် အပိုင်း (၂) နှင့် အပိုင်း (၃) တို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ တော်အကြီးအကဲ၏ လမ်းညွှန်ချက်များကို အလေအနက်အထားဆောင်ရွက်မှသာ လွတ်လပ်၍ တရား မျှတသည့် ရွေးကောက်ပွဲဖြစ်နိုင်မည်ဖြစ်ကြောင်းလည်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။
“ သက်ဆိုင်နေတဲ့လူတွေက တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်အောင် နိုင်ငံတော် အကြီးအကဲရဲ့လမ်းညွှန်ချက်တွေကို အလေးအနက် ထားပြီးဆောင်ရွက်ပါ့မယ်ဆိုတဲ့ စိတ်နေစိတ်ထား အမူအကျင့်ကိုပြင်မှ ဒုတိယအသုတ်နဲ့ တတိယအ သုတ်က တရားမျှတပြီး လွတ်လပ်တဲ့‌ရွေးကောက်ပွဲ ကို ဦးတည်နိုင်မယ်။ ပါတီတွေက ဘယ်လောက်ပဲ ပြင်ဆင်ပြင်ဆင်။ အဲဒီအုပ်ချုပ်ရေး ယန္တရားရဲ့ ဩဇာ လွှမ်းမိုးမှုကြီးကို မပြင်ရင် ဒီရလဒ်ကပြောင်းလာဖို့ သိပ်မမြင်ဘူး။‌ ရွေးကောက်ပွဲမှာ (၁၀ဝ) ရာခိုင်နှုန်း နီးပါး တစ်ယောက်တည်းကိုပဲ လူတွေက ဝိုင်းကြိုက်ပြီးတော့ ဝိုင်းထောက်ခံနေတယ်ဆိုတာမျိုးက ယုတ္တိ သဘောအရမျိုးကလည်း မဖြစ်နိုင်ဘူး။ လွဲချော်နေတယ်။ တစ်ဖက်ကလည်း မဲမပေးကြနဲ့ ဗုံးခွဲမယ်၊ အ ကြမ်းဖက်မယ် Social Punishment လုပ်မယ်ဆိုပြီးတော့ ခြိမ်းခြောက်နေတဲ့အချိန်မှာ မျှမျှတတနဲ့ ကြည့်ကောင်းတဲ့ ရလဒ်ဖြစ်အောင်တော့ ကြိုးစားဖို့လိုတယ်လို့မြင်ပါတယ်” ဟု ဦးကိုကိုကြီးက ပြော သည်။
လာမည့် ရွေးကောက်ပွဲအပိုင်း (၂) အတွက် စည်းရုံးမှုများကို ဆက်လက်ဆောင်ရွက်နေပြီး အပိုင်း (၁) ကဲ့သို့ ရလဒ်များထွက်ပေါ်စေရန် မျှော်လင့်ထားကြောင်းလည်း ရွေးကောက်ပွဲ ပထမပိုင်းတွင် (၈၈) ရာခိုင်နှုန်း အနိုင်ရထားသည့် USDP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။
“ကျွန်တော်တို့ပါတီအနေနဲ့ အဲဒီအတိုင်းပဲ ဆက်ရလိမ့်မယ်လို့ အများကြီးမျှော်လင့်ထားတာပေါ့။ ကျွန်တော်တို့ပါတီက အရေးအခင်းကာလမှာ အများ ကြီးစတေးလိုက်ရတယ်။ အခု ရွေးကောက်ပွဲ အပိုင်း (၂) အတွက် မြို့နယ်ပေါင်း (၁၀ဝ)အတွက်လည်း အရင်တိုင်းပါပဲ လှုပ်ရှားနေတယ်။ သူ့ဟာနဲ့သူ မြို့နယ် ပေါင်း (၁၀ဝ) နဲ့သက်ဆိုင်တဲ့လူတွေက ဥပဒေနဲ့ အညီပေါ့နော်။ အဲဒီအတိုင်းကိုလှုပ်ရှားနေပါတယ်။ စည်း ရုံးနေပါတယ်” ဟု ပြောသည်။ လာမည့် ဇန်နဝါရီလ (၁၁)ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၂)ကို မြို့နယ် (၁၀ဝ)တွင်လည်းကောင်း၊ ဇန်နဝါရီလ (၂၅) ရက်တွင် ရွေးကောက်ပွဲ အပိုင်း (၃)ကို (၆၃) မြို့နယ်တွင် လည်းကောင်း ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေ႐ြးေကာက္ပြဲ အပိုင္း(၁)တြင္ USDP က (၈၈) ရာခိုင္ႏႈန္း အႏိုင္ရထားၿပီး အပိုင္း (၂)တြင္ အေျဖအခ်ိဳ႕ ထြက္မည္
သန႔္ဇင္ (NP News)ဇန္နဝါရီ ၅
ၿပီးခဲ့သည့္ ဒီဇင္ဘာ (၂၈) ရက္က ပါတီစုံ ဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း (၁) ကို (၁၀၂) ၿမိဳ႕နယ္တြင္ က်င္းပခဲ့ရာ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီက (၈၈)ရာခိုင္ႏႈန္း အႏိုင္ရ ထားၿပီး ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္ထံ အပါအဝင္ သက္ဆိုင္ရာဌာနမ်ားသို႔ စာတင္ထားသည့္ ႏိုင္ငံေရးပါတီအခ်ိဳ႕ရွိေနေၾကာင္း ႏိုင္ငံေရး ပါတီမ်ားထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ေ႐ြးေကာက္ပြဲ ပထမပိုင္းတြင္ ရွမ္းျပည္နယ္ မိုးနဲႏွင့္ လင္းေခး ျပည္သူ႔လႊတ္ေတာ္၌ အႏိုင္ရရွိခဲ့ ၿပီး ဆက္လက္က်င္းပမည့္ ေ႐ြးေကာက္ပြဲအပိုင္း (၂) ႏွင့္ အပိုင္း (၃) အတြက္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္း ေအာင္လႈိင္ အာမခံထားသည့္အတိုင္း လြတ္လပ္၍ တရားမွ်တသည့္ ‌ေ႐ြးေကာက္ပြဲတစ္ရပ္ျဖစ္ေစေရး အတြက္လမ္းၫႊန္ေပးရန္ ေမတၱာရပ္ခံထားကာ ေ႐ြး ေကာက္ပြဲေကာ္မရွင္ထံကိုလည္း စာတင္ထား ေၾကာင္း ရွမ္းႏွင့္ တိုင္းရင္းသားမ်ား ဒီမိုကရက္တစ္ပါတီ (က်ားျဖဴပါတီ) ဥကၠ႒ ဦးစိုင္းအိုက္ေပါင္းက NP News သို႔ေျပာသည္။
“အပိုင္း (၁)ကေတာ့ ႀကိဳတင္မဲေတြနဲ႔ ရႈံးသြားတာေပါ့။ ေတာ္ေတာ္ေလး မမွ်မတလို႔ ေျပာရမ လား၊ ပထမက လြတ္လပ္ၿပီး တရားမွ်တတယ္လို႔ ေျပာလို႔မရဘူး။ အခုက ျပည္ခိုင္ၿဖိဳးက အစိုးရျဖစ္ေန ၿပီေလ။ အပိုင္း (၂) နဲ႔ (၃) က မွ်မွ်တတ လုပ္ေပးဖို႔သင့္တာေပါ့။ အားကိုမရွိေတာ့ဘူး။ အပိုင္း (၂) နဲ႔ အပိုင္း (၃)ေတာ့ ေမွ်ာ္လင့္ရတာေပါ့။ တပ္ခ်ဳပ္ဆီ စာေရးထားတယ္။ တပ္ခ်ဳပ္ေျပာတဲ့ လြတ္လပ္ၿပီး တရားမွ်တတဲ့ေ႐ြးေကာက္ပြဲျဖစ္ဖို႔အတြက္ဆိုၿပီး အပိုင္း (၂) နဲ႔ (၃) ကို လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြး ေကာက္ပြဲ ပုံစံျဖစ္ေအာင္ လမ္းၫႊန္ေပးပါလို႔ ေမတၱာရပ္ခံ ပန္ၾကားတာေပါ့ေနာ္။ UEC ဥကၠ႒ ေရာ ၊ တိုင္း UEC ဥကၠ႒ေတြေရာ”ဟု ဦးစိုင္းအိုက္ေပါင္းက ေျပာသည္။
ဒီဇင္ဘာ (၂၈) ရက္က က်င္းပၿပီးစီးခဲ့သည့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲ အပိုင္း (၁) တြင္ ျပည္သူ႔ေရွ႕ေဆာင္ပါတီအေနျဖင့္ အႏိုင္ရ ကိုယ္စားလွယ္မရွိေသးေၾကာင္းလည္း သိရသည္။ “တစ္ေနရာမွ အႏိုင္မရဘူး။ မင္းဘူးက ခ်င္း ကိုယ္ စားလွယ္က မေကြးတိုင္းတစ္ခုလုံးၿပီးမွ သိမွာ။ သူက တိုင္းတစ္ခုလုံးအတြက္ ၿပိဳင္ေတာ့ေလ။ အဲဒီက်မွပဲ သိမွာ။ လတ္တေလာေတာ့ တစ္ေယာက္မွ မႏိုင္ဘူး” ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီဥကၠ႒ ေဒါက္တာ သက္သက္ခိုင္က NP News သို႔ေျပာသည္။
အလားတူ ျပည္သူ႔ေရွ႕ေဆာင္ပါတီအေနျဖင့္လည္း ေ႐ြးေကာက္ပြဲပထမပိုင္း၏ အားနည္းခ်က္ မ်ားကို UEC ထံ တင္ျပထားကာ ေ႐ြးေကာက္ပြဲ အပိုင္း (၂) ႏွင့္ အပိုင္း (၃)အတြက္ သက္ဆိုင္ရာ ၿမိဳ႕နယ္ မ်ားအလိုက္ ကမ္ပိန္းမ်ား၊ စည္း႐ုံးေရးမ်ားေဆာင္႐ြက္ေနၿပီျဖစ္ေၾကာင္း ပါတီ၏ ဒုတိယ ဥကၠ႒ ဦးေစာ ဟန္ေအးက ေျပာသည္။
“အဓိကကေတာ့ ပြင့္လင္းျမင္သာဖို႔ လိုတယ္။ တရားမွ်တဖို႔လိုတယ္။ မွန္မွန္ကန္ကန္ေလးျဖစ္ဖို႔၊ မွန္မွန္ကန္ကန္ ေ႐ြးေကာက္ပြဲျဖစ္ေစခ်င္တာပါ။ အႏိုင္အရႈံးက ျပည္သူေတြ ဆုံးျဖတ္မွာပဲ။ ႀကိဳတင္မဲ ေတြကလည္း အခ်ိန္မီ မဲ႐ုံဖြင့္တဲ့ေန႔မွာ မဲပုံးေတြ မေရာက္လာတာေတြလည္းရွိတယ္။ စာရင္းေတြ မပါ လာတာေတြ၊ အေရအတြက္မေျပာႏိုင္တာေတြ ရွိတယ္။ အဲဒီအားနည္းခ်က္ေလးေတြ စုစည္းၿပီးေတာ့ အႀကံျပဳတင္ျပမွာပါ။ ႏိုင္ငံေတာ္ အႀကီးအကဲရဲ႕ အာမခံခ်က္ကို ႀကိဳဆိုပါတယ္။ အပိုင္း (၂) နဲ႔ အပိုင္း (၃) မွာ ဒီထက္ပိုၿပီးေတာ့ ေကာင္းမြန္တဲ့ မွန္မွန္ကန္ကန္နဲ႔ ပြင့္လင္းျမင္သာတဲ့ မွ်မွ်တတျဖစ္တဲ့ ေ႐ြးေကာက္ ပြဲတစ္ခု ႏိုင္ငံေတာ္အႀကီးအကဲရဲ႕ ဆႏၵျဖစ္ဖို႔ အားနည္းခ်က္ေတြကို ျပဳျပင္လိုက္ရင္ ဒီထက္ပိုေကာင္း မယ္လို႔ အႀကံျပဳခ်င္တာ ။ အပိုင္း (၂) နဲ႔ (၃) ကိုလည္းဆက္ၿပီး ယွဥ္ၿပိဳင္မွာပါ” ဟု ဦးေစာဟန္ ေအးက ေျပာသည္။
ထို႔ျပင္ ႀကိဳတင္မဲမ်ား ေရတြက္ရာတြင္ ပါတီကိုယ္စားလွယ္မ်ားေရွ႕၌ ေရတြက္ရန္အပါအဝင္ ေ႐ြး ေကာက္ပြဲအပိုင္း (၁) ၏ အားနည္းခ်က္မ်ားကို UEC ထံတင္ျပသြားမည္ျဖစ္ေၾကာင္းလည္း မြန္ ညီၫြတ္ ေရးပါတီ ဥကၠ႒ ႏိုင္လဝီေအာင္က NP News သို႔ေျပာသည္။
“အပိုင္း(၁) က ရလဒ္ေပၚမူတည္ၿပီးေတာ့ အဲဒီမွာ ကိုယ့္မွာဘာအားသာခ်က္ရွိလဲ။ ဘာအားနည္း ခ်က္ရွိလဲ အဲဒါျပန္စိစစ္တယ္။ ၿပီးေတာ့ အပိုင္း(၂) မွာ အားနည္းခ်က္ကို ျပန္ၿပီးေတာ့ ပိုအားျပည့္ေအာင္ ျပင္ဆင္ၿပီးလုပ္ေနတယ္။ ႀကိဳတင္မဲတို႔ဘာတို႔က အ ဆင္မေျပတာတို႔ ရွိတာကိုး။ ေနာက္တစ္ခါ ကြၽန္ ေတာ္ တပါတီငယ္ေတြက်ေတာ့ သိတဲ့အတိုင္းပဲေလ။ မဲ႐ုံက်ေတာ့ ကိုယ္စားလွယ္ေတြကိုအျပည့္ မထား ေပးႏိုင္ဘူး။ သို႔ေသာ္လည္း ဒီဟာေတြက ေက်ာ္လႊားခဲ့ၿပီး ၿပီေလ အပိုင္း (၁) က။ အပိုင္း(၁)ကဟာေတြကို သက္ဆိုင္ရာေကာ္မရွင္ကိုတင္ျပၿပီးေတာ့ ဒါေတြ ဒါေတြကို ေဆာင္႐ြက္ေပးပါလို႔ ေျပာတာကိုး။ ႀကိဳတင္ မဲနဲ႔ပတ္သက္လို႔ အကယ္၍ လုပ္မယ္ဆိုရင္ ေရတြက္မယ္ဆိုရင္လည္း ကြၽန္ေတာ္တို႔ ပါတီကိုယ္စား လွယ္ေတြပါမွလည္း ပိုၿပီးေကာင္းတယ္လို႔ အဲဒါေတာ့တင္ျပတာထားတာရွိတယ္” ဟု ေျပာသည္။
‌ေ႐ြးေကာက္ပြဲပထမပိုင္းတြင္ ကနဦး မဲရလဒ္မ်ားအရ တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ၿမိဳ႕နယ္ တြင္ လႊတ္ေတာ္ (၃) ရပ္လုံး၌ အႏိုင္ရရွိေန ေသာ္လည္း မဲစာရင္းစစ္‌ေဆးသူမွ ျပည္သူ႔ပါတီသို႔ မဲေပးရန္ ၫႊန္ၾကားေနေၾကာင္း တိုင္ၾကားခံခဲ့ရၿပီး ေနာက္ပိုင္းတြင္ တိုင္းေဒသႀကီးလႊတ္ေတာ္၌သာ အႏိုင္ရရွိခဲ့ ေၾကာင္း၊ လာမည့္ အပိုင္း (၂) ႏွင့္ အပိုင္း (၃) တို႔အတြက္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားအေနျဖင့္ ႏိုင္ငံ ေတာ္အႀကီးအကဲ၏ လမ္းၫႊန္ခ်က္မ်ားကို အေလအနက္အထားေဆာင္႐ြက္မွသာ လြတ္လပ္၍ တရား မွ်တသည့္ ေ႐ြးေကာက္ပြဲျဖစ္ႏိုင္မည္ျဖစ္ေၾကာင္းလည္း ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီးက ေျပာသည္။
“ သက္ဆိုင္ေနတဲ့လူေတြက တရားမွ်တၿပီး လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲျဖစ္ေအာင္ ႏိုင္ငံေတာ္ အႀကီးအကဲရဲ႕လမ္းၫႊန္ခ်က္ေတြကို အေလးအနက္ ထားၿပီးေဆာင္႐ြက္ပါ့မယ္ဆိုတဲ့ စိတ္ေနစိတ္ထား အမူအက်င့္ကိုျပင္မွ ဒုတိယအသုတ္နဲ႔ တတိယအ သုတ္က တရားမွ်တၿပီး လြတ္လပ္တဲ့‌ေ႐ြးေကာက္ပြဲ ကို ဦးတည္ႏိုင္မယ္။ ပါတီေတြက ဘယ္ေလာက္ပဲ ျပင္ဆင္ျပင္ဆင္။ အဲဒီအုပ္ခ်ဳပ္ေရး ယႏၲရားရဲ႕ ဩဇာ လႊမ္းမိုးမႈႀကီးကို မျပင္ရင္ ဒီရလဒ္ကေျပာင္းလာဖို႔ သိပ္မျမင္ဘူး။‌ ေ႐ြးေကာက္ပြဲမွာ (၁၀ဝ) ရာခိုင္ႏႈန္း နီးပါး တစ္ေယာက္တည္းကိုပဲ လူေတြက ဝိုင္းႀကိဳက္ၿပီးေတာ့ ဝိုင္းေထာက္ခံေနတယ္ဆိုတာမ်ိဳးက ယုတၱိ သေဘာအရမ်ိဳးကလည္း မျဖစ္ႏိုင္ဘူး။ လြဲေခ်ာ္ေနတယ္။ တစ္ဖက္ကလည္း မဲမေပးၾကနဲ႔ ဗုံးခြဲမယ္၊ အ ၾကမ္းဖက္မယ္ Social Punishment လုပ္မယ္ဆိုၿပီးေတာ့ ၿခိမ္းေျခာက္ေနတဲ့အခ်ိန္မွာ မွ်မွ်တတနဲ႔ ၾကည့္ေကာင္းတဲ့ ရလဒ္ျဖစ္ေအာင္ေတာ့ ႀကိဳးစားဖို႔လိုတယ္လို႔ျမင္ပါတယ္” ဟု ဦးကိုကိုႀကီးက ေျပာ သည္။
လာမည့္ ေ႐ြးေကာက္ပြဲအပိုင္း (၂) အတြက္ စည္း႐ုံးမႈမ်ားကို ဆက္လက္ေဆာင္႐ြက္ေနၿပီး အပိုင္း (၁) ကဲ့သို႔ ရလဒ္မ်ားထြက္ေပၚေစရန္ ေမွ်ာ္လင့္ထားေၾကာင္းလည္း ေ႐ြးေကာက္ပြဲ ပထမပိုင္းတြင္ (၈၈) ရာခိုင္ႏႈန္း အႏိုင္ရထားသည့္ USDP ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးလွသိန္းက ေျပာသည္။
“ကြၽန္ေတာ္တို႔ပါတီအေနနဲ႔ အဲဒီအတိုင္းပဲ ဆက္ရလိမ့္မယ္လို႔ အမ်ားႀကီးေမွ်ာ္လင့္ထားတာေပါ့။ ကြၽန္ေတာ္တို႔ပါတီက အေရးအခင္းကာလမွာ အမ်ား ႀကီးစေတးလိုက္ရတယ္။ အခု ေ႐ြးေကာက္ပြဲ အပိုင္း (၂) အတြက္ ၿမိဳ႕နယ္ေပါင္း (၁၀ဝ)အတြက္လည္း အရင္တိုင္းပါပဲ လႈပ္ရွားေနတယ္။ သူ႔ဟာနဲ႔သူ ၿမိဳ႕နယ္ ေပါင္း (၁၀ဝ) နဲ႔သက္ဆိုင္တဲ့လူေတြက ဥပေဒနဲ႔ အညီေပါ့ေနာ္။ အဲဒီအတိုင္းကိုလႈပ္ရွားေနပါတယ္။ စည္း ႐ုံးေနပါတယ္” ဟု ေျပာသည္။ လာမည့္ ဇန္နဝါရီလ (၁၁)ရက္တြင္ ေ႐ြးေကာက္ပြဲ အပိုင္း (၂)ကို ၿမိဳ႕နယ္ (၁၀ဝ)တြင္လည္းေကာင္း၊ ဇန္နဝါရီလ (၂၅) ရက္တြင္ ေ႐ြးေကာက္ပြဲ အပိုင္း (၃)ကို (၆၃) ၿမိဳ႕နယ္တြင္ လည္းေကာင္း ဆက္လက္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.