ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

849

ပီယ (NP News) - ဇန်နဝါရီ ၇
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး H.E. Ms. Maria Theresa Parreno Lazaro ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ (ဇန်နဝါရီလ ၆ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်း ဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေ အနေများနှင့် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား သံတမန်ဆက်ဆံမှုများ ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ကြီးမားစွာဖြစ်ပွားခဲ့ပြီး နိုင်ငံတော်၏အာဏာကို မတရားသောနည်းဖြင့် ရယူရန် ကြိုးပမ်းခဲ့မှုကြောင့် နိုင်ငံတော်၏ တာဝန်ကိုမလွဲမရှောင်သာရယူခဲ့ရသည့်အခြေအနေ များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနှင့် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်စေရေးနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရွေးကောက်ပွဲ ပထမပိုင်းအား အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ကျန်ရှိသည့်မြို့နယ်များ၌ ရွေးကောက်ပွဲ အပိုင်း ၂ နှင့် အပိုင်း ၃ ကို ဆက်လက်ကျင်းပ ပြုလုပ်သွားမည့်အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပပြုလုပ်ချိန်တွင် နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့မှု နှင့် ဖိလစ်ပိုင်နိုင်ငံမှလည်း ပါဝင်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကောင်းမွန်သော သုံးသပ်မှုများကိုရရှိခဲ့မှုအခြေအနေများ၊ မြန်မာ နိုင်ငံ၌ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေခြင်းသည် မြန်မာနိုင်ငံသားများအားလုံး၏ ဒီမိုကရေစီအခွင့် အရေး များဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်ပေးသည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့အကြား နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်း စွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ နှင့် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စား လှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ထံ အာဆီယံဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္ ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕က လာေရာက္ဂါရဝျပဳေတြ႕ဆုံ
ပီယ (NP News) - ဇန္နဝါရီ ၇
ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ထံ အာဆီယံဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္၊ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီး H.E. Ms. Maria Theresa Parreno Lazaro ဦးေဆာင္သည့္ ကိုယ္စားလွယ္အဖြဲ႕က ယေန႔ (ဇန္နဝါရီလ ၆ ရက္) မြန္းလြဲပိုင္းတြင္ ေနျပည္ေတာ္ရွိ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ႐ုံး ဧည့္ခန္းမ၌ လာေရာက္ဂါရဝျပဳေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံအဖြဲ႕အတြင္း ပူးေပါင္း ေဆာင္႐ြက္မႈမ်ားကို အေကာင္းဆုံးျဖစ္ေအာင္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိမႈအေျခ အေနမ်ားႏွင့္ ျမန္မာႏိုင္ငံႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔အၾကား သံတမန္ဆက္ဆံမႈမ်ား ေကာင္းမြန္လ်က္ရွိမႈအေျခအေနမ်ား၊ ၂၀၂၀ ျပည့္ႏွစ္ေ႐ြးေကာက္ပြဲတြင္ မဲမသမာမႈမ်ား ႀကီးမားစြာျဖစ္ပြားခဲ့ၿပီး ႏိုင္ငံေတာ္၏အာဏာကို မတရားေသာနည္းျဖင့္ ရယူရန္ ႀကိဳးပမ္းခဲ့မႈေၾကာင့္ ႏိုင္ငံေတာ္၏ တာဝန္ကိုမလြဲမေရွာင္သာရယူခဲ့ရသည့္အေျခအေန မ်ား၊ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျဖစ္ေပၚတိုးတက္ေျပာင္းလဲမႈမ်ားႏွင့္ လြတ္လပ္ၿပီး တရားမွ်တသည့္ေ႐ြးေကာက္ပြဲျဖစ္ေစေရးႏွင့္ မဲစာရင္းမ်ား မွန္ကန္မႈရွိေစေရးႀကိဳတင္ ျပင္ဆင္ေဆာင္႐ြက္ခဲ့မႈ၊ ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္တြင္ ေ႐ြးေကာက္ပြဲ ပထမပိုင္းအား ေအာင္ျမင္စြာက်င္းပႏိုင္ခဲ့မႈႏွင့္ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ရန္ က်န္ရွိသည့္ၿမိဳ႕နယ္မ်ား၌ ေ႐ြးေကာက္ပြဲ အပိုင္း ၂ ႏွင့္ အပိုင္း ၃ ကို ဆက္လက္က်င္းပ ျပဳလုပ္သြားမည့္အေျခအေနမ်ားကို အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့သည္။
ထို႔ျပင္ ေ႐ြးေကာက္ပြဲအပိုင္း ၁ က်င္းပျပဳလုပ္ခ်ိန္တြင္ ႏိုင္ငံတကာမွ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕မ်ား လာေရာက္ေလ့လာခဲ့မႈ ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံမွလည္း ပါဝင္ေဆာင္႐ြက္ခဲ့ၿပီး ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္သည့္ ေကာင္းမြန္ေသာ သုံးသပ္မႈမ်ားကိုရရွိခဲ့မႈအေျခအေနမ်ား၊ ျမန္မာ ႏိုင္ငံ၌ေ႐ြးေကာက္ပြဲ က်င္းပျပဳလုပ္ေနျခင္းသည္ ျမန္မာႏိုင္ငံသားမ်ားအားလုံး၏ ဒီမိုကေရစီအခြင့္ အေရး မ်ားဆုံးရႈံးမႈမရွိေစေရး ေဆာင္႐ြက္ေပးသည့္အေျခအေနမ်ား၊ ျမန္မာႏိုင္ငံႏွင့္ ဖိလစ္ပိုင္ ႏိုင္ငံတို႔အၾကား ႏိုင္ငံေရးက႑၊ စီးပြားေရးက႑ႏွင့္ ကုန္သြယ္မႈက႑တို႔တြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားျမႇင့္တင္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ ျမန္မာႏိုင္ငံအေနျဖင့္ အာဆီယံအဖြဲ႕အတြင္း ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အေကာင္းဆုံးျဖစ္ေအာင္ ဆက္လက္ျမႇင့္တင္ေဆာင္႐ြက္သြားမည့္အေျခအေနမ်ားႏွင့္ပတ္သက္၍ ရင္းႏွီးပြင့္လင္း စြာအျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ေတြ႕ဆုံပြဲအၿပီးတြင္ ႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္း သာယာေရးေကာ္မရွင္ဥကၠ႒ ႏွင့္ အာဆီယံဥကၠ႒၏ ျမန္မာႏိုင္ငံဆိုင္ရာအထူး ကိုယ္စား လွယ္ ဖိလစ္ပိုင္ႏိုင္ငံျခားေရးဝန္ႀကီးတို႔သည္ အမွတ္တရလက္ေဆာင္ ပစၥည္းမ်ား အျပန္အလွန္ေပးအပ္ၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ မွတ္တမ္းတင္စုေပါင္း ဓာတ္ပုံ႐ိုက္ခဲ့ၾကေၾကာင္း သိရသည္။