အမေရိကန်က တိုက်ခိုက်ခဲ့မယ်ဆိုရင် လက်နက်ကိုင်စွဲပြီး တော်လှန်တိုက်ခိုက်သွားမယ်လို့ ကိုလံဘီယာသမ္မတ ပြော

 1238

Pika (NP News) - ဇန်နဝါရီ ၇

အမေရိကန်က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် ကိုလံဘီယာကလည်း လက်နက်ကိုင်စွဲပြီး တိုက်ခိုက်သွား မယ်လို့ ကိုလံဘီယာသမ္မတဂူစတာဗိုပက်ထရိုက ကတိပြုပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကိုလံဘီယာအတွက် သတိပေးချက်တစ်ခုကိုထုတ်ပြန်ခဲ့ပြီးနောက် ဂူစတာဗိုပက်ထရိုရဲ့ကတိပြုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်က ဂူစတာဗိုပက်ထရိုကို ကိုကင်းကုန်သွယ်မှုကို စီစဉ်သူအဖြစ် စွပ်စွဲပြောဆိုခဲ့ပြီး မကြာခင်အချိန်အတွင်း ဖယ်ရှားပစ်ခံရနိုင်တယ်လို့ အရိပ်အမြွက်ပြ ပြောကြားခဲ့ပါတယ်။ အမေရိကန်က ကိုလံဘီယာမှာ စစ်ဘက်ဆိုင်ရာစစ်ဆင်ရေးတစ်ခုကို စတင်နိုင်သလားဆိုတဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ကျွန်တော်အမြင်တော့ အဲဒါက ကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။ ဂူစတာဗိုပက်ထရိုက” ကျွန်တော်က စစ်သားတစ်ယောက်မဟုတ်ပေမယ့် စစ်ပွဲအကြောင်းနဲ့လျှို့ဝှက်ချက်တွေကိုတော့ သိပါတယ်။ (၁၉၈၉) ခုနှစ် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုချိန်တည်းက လက်နက်ကို ထပ်မထိတော့ဘူးလို့ ကျွန်တော်ကျိန်ဆိုခဲ့ ပေမယ့် အမိမြေအတွက်ဆိုရင်တော့ ကျွန်တော်လက်နက်ပြန်ပြီး ကိုင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္က တိုက္ခိုက္ခဲ့မယ္ဆိုရင္ လက္နက္ကိုင္စြဲၿပီး ေတာ္လွန္တိုက္ခိုက္သြားမယ္လို႔ ကိုလံဘီယာသမၼတ ေျပာ
Pika (NP News) - ဇန္နဝါရီ ၇
အေမရိကန္က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့မယ္ဆိုရင္ ကိုလံဘီယာကလည္း လက္နက္ကိုင္စြဲၿပီး တိုက္ခိုက္သြား မယ္လို႔ ကိုလံဘီယာသမၼတဂူစတာဗိုပက္ထ႐ိုက ကတိျပဳေျပာဆိုခဲ့ပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ကိုလံဘီယာအတြက္ သတိေပးခ်က္တစ္ခုကိုထုတ္ျပန္ခဲ့ၿပီးေနာက္ ဂူစတာဗိုပက္ထ႐ိုရဲ႕ကတိျပဳေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္က ဂူစတာဗိုပက္ထ႐ိုကို ကိုကင္းကုန္သြယ္မႈကို စီစဥ္သူအျဖစ္ စြပ္စြဲေျပာဆိုခဲ့ၿပီး မၾကာခင္အခ်ိန္အတြင္း ဖယ္ရွားပစ္ခံရႏိုင္တယ္လို႔ အရိပ္အႁမြက္ျပ ေျပာၾကားခဲ့ပါတယ္။ အေမရိကန္က ကိုလံဘီယာမွာ စစ္ဘက္ဆိုင္ရာစစ္ဆင္ေရးတစ္ခုကို စတင္ႏိုင္သလားဆိုတဲ့ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္အျမင္ေတာ့ အဲဒါက ေကာင္းပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ဂူစတာဗိုပက္ထ႐ိုက” ကြၽန္ေတာ္က စစ္သားတစ္ေယာက္မဟုတ္ေပမယ့္ စစ္ပြဲအေၾကာင္းနဲ႔လွ်ိဳ႕ဝွက္ခ်က္ေတြကိုေတာ့ သိပါတယ္။ (၁၉၈၉) ခုႏွစ္ ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ဆိုခ်ိန္တည္းက လက္နက္ကို ထပ္မထိေတာ့ဘူးလို႔ ကြၽန္ေတာ္က်ိန္ဆိုခဲ့ ေပမယ့္ အမိေျမအတြက္ဆိုရင္ေတာ့ ကြၽန္ေတာ္လက္နက္ျပန္ၿပီး ကိုင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.