တစ်နှစ်အတွင်း ငွေကျပ်(၁၇၆ဝ) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့

 77

ထိုက်စံ (NP News)- ဇန်နဝါရီ ၁၃

တစ်နှစ်အတွင်း ငွေကျပ်( ၁၇၆၀) ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများအား တာဝန်ရှိသူများက ပူးပေါင်း၍ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် မူးယစ်ဆေးဝါးသတင်း ဖော်ထုတ်ဖမ်းဆီးရမိရေးစီမံချက် ချမှတ်ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာ ၂ဝ၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း (၅၃၇ဝ) မှုမှ ကျူးလွန်သူ (၇၅၆၂) ဦးတို့အား ငွေကျပ်( ၁၇၆၁ ဒသမ ၃၂၄ )ဘီလျံတန်ဖိုးရှိသော ဘိန်း(၁)တန်ကျော်၊ ဘိန်းဖြူ (၂ ဒသမ ၁) တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၃၇၇) သန်းကျော်၊ အိုက်စ် (၃၇ ဒသမ ၈) တန်ကျော်၊ ဘိန်းစာရွက် (၁ ဒသမ ၅) တန်ကျော်၊ HAPPY WATER (၂ဝ၄) ကီလိုကျော်၊ ကက်တမင်း (၁၅) တန်ကျော် အပါအဝင် အခြားမူးယစ်ဆေးဝါးများနှင့်အတူ မောင်းပြန်ရိုင်ဖယ်နှစ်လက်၊ ပစ္စတိုသေနတ် အလက်(၄၀)၊ လုပ်သေနတ် နှစ်လက်၊ ကျည်မျိုးစုံ(၂၇၆၄)တောင့်၊ လက်ပစ်ဗုံး ငါးလုံးနှင့် ဒီတိုနေတာမျိုးစုံ အချောင်း(၁၈၇၄၀၀) တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

ထို့ပြင် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရန် တရားမဝင်တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်း Caffeine (၂၂ ဒသမ ၇ )တန်ကျော်၊ Acetone ( ၉၆၀) လီတာ၊ Toluene( ၅၀၄၀) လီတာကျော်၊ Ammonium Chloride (၅) တန်၊ Sodium Cyanide (၂) တန်ကျော်၊ အခြားဓာတုပစ္စည်းများဖြစ်သည့် Sodium Carbonate (၅) တန်၊ Acetic Acid (၂၅၆၀၀) လီတာကျော်၊ Nitric Acid (၃၈၂၀) လီတာ အပါအဝင် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

အလားတူ ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပုံတတ်ကျေးရွာအနီး၌ ဘိန်းချက်စခန်းတစ်ခုတွင် ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဟဲ (အောက်) ကျေးရွာအနီး၌ စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်သည့် စခန်းနှစ်ခုအား ဆက်စပ်ပစ္စည်းများနှင့်လည်းကောင်း၊ တာချီလိတ်မြို့နယ် ဝမ်ကောင်းမွန်ကျေးရွာရှိ နေအိမ်မှ ဆေးပြားရိုက်စက် နှင့် ဆက်စပ်ပစ္စည်းများကိုလည်းကောင်း ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် (၂၀၂၅-၂၀၂၆) ဘိန်းစိုက်ရာသီတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့၌ ဘိန်းစိုက်ခင်းများကို အကြမ်းဖက်နှိမ်နင်း ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဘိန်းစိုက်ခင်းစုစုပေါင်း( ၅၀၈၄ ဒသမ ၅) ဧက (၂၀၅၇ ဒသမ ၆၆ ဟက်တာ) ကို ဖျက်ဆီးနိုင်ခဲ့ပြီး ဆက်လက် ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
တစ္ႏွစ္အတြင္း ေငြက်ပ္(၁၇၆ဝ) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ႏွင့္ ဓာတုပစၥည္းမ်ား ဖမ္းဆီးရမိခဲ့
ထိုက္စံ (NP News)- ဇန္နဝါရီ ၁၃

တစ္ႏွစ္အတြင္း ေငြက်ပ္( ၁၇၆၀) ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ႏွင့္ ဓာတုပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ထားခ်က္အရ သိရသည္။

ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားအား တာဝန္ရွိသူမ်ားက ပူးေပါင္း၍ တစ္ႏိုင္ငံလုံးလႊမ္းၿခဳံသည့္ မူးယစ္ေဆးဝါးသတင္း ေဖာ္ထုတ္ဖမ္းဆီးရမိေရးစီမံခ်က္ ခ်မွတ္ၿပီး တားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားအား ေဆာင္႐ြက္ခဲ့ရာ ၂ဝ၂၅ ခုႏွစ္အတြင္း မူးယစ္ေဆးဝါးအမႈေပါင္း (၅၃၇ဝ) မႈမွ က်ဴးလြန္သူ (၇၅၆၂) ဦးတို႔အား ေငြက်ပ္( ၁၇၆၁ ဒသမ ၃၂၄ )ဘီလ်ံတန္ဖိုးရွိေသာ ဘိန္း(၁)တန္ေက်ာ္၊ ဘိန္းျဖဴ (၂ ဒသမ ၁) တန္ေက်ာ္၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၇၇) သန္းေက်ာ္၊ အိုက္စ္ (၃၇ ဒသမ ၈) တန္ေက်ာ္၊ ဘိန္းစာ႐ြက္ (၁ ဒသမ ၅) တန္ေက်ာ္၊ HAPPY WATER (၂ဝ၄) ကီလိုေက်ာ္၊ ကက္တမင္း (၁၅) တန္ေက်ာ္ အပါအဝင္ အျခားမူးယစ္ေဆးဝါးမ်ားႏွင့္အတူ ေမာင္းျပန္႐ိုင္ဖယ္ႏွစ္လက္၊ ပစၥတိုေသနတ္ အလက္(၄၀)၊ လုပ္ေသနတ္ ႏွစ္လက္၊ က်ည္မ်ိဳးစုံ(၂၇၆၄)ေတာင့္၊ လက္ပစ္ဗုံး ငါးလုံးႏွင့္ ဒီတိုေနတာမ်ိဳးစုံ အေခ်ာင္း(၁၈၇၄၀၀) တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရ သည္။

ထို႔ျပင္ မူးယစ္ေဆးဝါးထုတ္လုပ္ရာတြင္ အသုံးျပဳရန္ တရားမဝင္တင္သြင္းလာသည့္ ထိန္းခ်ဳပ္ဓာတုပစၥည္း Caffeine (၂၂ ဒသမ ၇ )တန္ေက်ာ္၊ Acetone ( ၉၆၀) လီတာ၊ Toluene( ၅၀၄၀) လီတာေက်ာ္၊ Ammonium Chloride (၅) တန္၊ Sodium Cyanide (၂) တန္ေက်ာ္၊ အျခားဓာတုပစၥည္းမ်ားျဖစ္သည့္ Sodium Carbonate (၅) တန္၊ Acetic Acid (၂၅၆၀၀) လီတာေက်ာ္၊ Nitric Acid (၃၈၂၀) လီတာ အပါအဝင္ ထိန္းခ်ဳပ္ဓာတုပစၥည္းမ်ားႏွင့္ အျခားဓာတုပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ ေၾကာင္းသိရသည္။

အလားတူ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) မိုင္းရယ္ၿမိဳ႕နယ္ ပုံတတ္ေက်း႐ြာအနီး၌ ဘိန္းခ်က္စခန္းတစ္ခုတြင္ ဆက္စပ္ပစၥည္းမ်ားႏွင့္လည္းေကာင္း၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဟဲ (ေအာက္) ေက်း႐ြာအနီး၌ စိတ္ႂကြ႐ူးသြပ္ေဆးျပား ထုတ္လုပ္သည့္ စခန္းႏွစ္ခုအား ဆက္စပ္ပစၥည္းမ်ားႏွင့္လည္းေကာင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ ဝမ္ေကာင္းမြန္ေက်း႐ြာရွိ ေနအိမ္မွ ေဆးျပား႐ိုက္စက္ ႏွင့္ ဆက္စပ္ပစၥည္းမ်ားကိုလည္းေကာင္း ဖမ္းဆီးအေရးယူႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ (၂၀၂၅-၂၀၂၆) ဘိန္းစိုက္ရာသီတြင္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ႏွင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တို႔၌ ဘိန္းစိုက္ခင္းမ်ားကို အၾကမ္းဖက္ႏွိမ္နင္း ေရးအဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕ျဖင့္ ဘိန္းစိုက္ခင္းစုစုေပါင္း( ၅၀၈၄ ဒသမ ၅) ဧက (၂၀၅၇ ဒသမ ၆၆ ဟက္တာ) ကို ဖ်က္ဆီးႏိုင္ခဲ့ၿပီး ဆက္လက္ ဖ်က္ဆီးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.