“ဘယ်သူမှ လိုင်ဇာသွားမနေဘူး မြစ်ကြီးနားပဲ လာကြတာ”

 130

သုတကျော် (NP News) - မတ် ၄

ပြီးခဲ့သည့်ရက်ပိုင်းက မြစ်ကြီးနားမြို့လေဆိပ်တွင် KIA က အသေခံဒရုန်းဖြင့်တိုက်ခိုက်သော ကြောင့် MNA လေယာဉ်တစ်စင်းထိခိုက်ခဲ့ရသည်။ ယင်းအပေါ် အများအပြားကကန့်ကွက်ခဲ့ကြသည်။ ထို့ ပြင် KIA အနေဖြင့် မြစ်ကြီးနားမြို့သို့ အဖျက်အမှောင့်လုပ်ငန်းများကိုဆောင်ရွက်ခြင်းများရှိနေရာ အဆို ပါအခြေအနေများနှင့် ပတ်သက်၍ ကချင်ဒေသခံတစ်ဦးနှင့်မးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြ အပ်ပါသည်။

မေး - လက်ရှိ မြစ်ကြီးနားမြို့မှာ လူတွေရဲ့ စိုးရိမ်ပူပန်မှုက ဘယ်လိုရှိနေပါသလဲ။
ဖြေ - လက်ရှိက ဘယ်လိုဖြစ်နေသလဲဆိုတော့ ဟိုနေ့က လေယာဉ်ကွင်းထိတယ်။ အဲဒီ မတိုင်ခင်က လည်း ဒရုန်းနဲ့ လာလုပ်တာရှိတယ်။ နှစ်ခါ၊ သုံးခါ လေယာဉ်ပိတ်တယ်။ အဲဒီအပေါ်မှာ KIA ဘက်က အင်အားတိုးတာလည်း ရှိလာတော့ ဝိုင်းမော်က မြစ်ကြီးနား တစ်ဖက်ကမ်းလေ။ ဝိုင်းမော်ပါရင်မြစ်ကြီး နား ပါသလောက်ဖြစ်သွားပြီကော။ စိုးရိမ်စိတ်ကတော့ များတယ်ပေါ့။ ကားလမ်းလည်း သွားလို့မရ၊ ရေ လမ်းလည်းသွားလို့ မရ၊ လေယာဉ်လည်း မရှိဆိုတော့ ခက်ခဲတယ်။ ပြီးလို့ ရှိရင် ဝိုင်းမော်ဘက်က ကုန် တွေက နယ်စပ်ကနေ ဝင်တာတွေ ရှိတယ်။ အရင်ကတော့ KIA ဘက်ကဖွင့်ထားတဲ့ နယ်စပ် ဂိတ်တွေ က နေ ဝင်တာတွေ ရှိတယ်။ ဒါပေမဲ့ အခုက အဲဒါတွေအကုန်ပိတ်ထားတယ်။ အဲဒီတော့ ကုန်စည်စီးဆင်းမှု ခက်ခဲတော့ ဘိလပ်မြေဆိုရင် (၁၆၀ဝဝဝ-၁၇၀ဝဝဝ) အထိ တက်တယ်။

မေး - တစ်အိတ်ကိုလား။
ဖြေ - ဟုတ်တယ်။ အဲဒီလိုမျိုးတွေရှိတော့ ခက်ခဲတာပေါ့။

မေး - မြစ်ကြီးနားမြို့ အနေအထားက ပိတ်ဆို့သလိုဖြစ်သွားတာပေါ့။
ဖြေ - ကုန်းလမ်းကနေကတော့ ကားတော့ ရှိပါတယ်။ အဘက်ဘက်ကတော့ ပိတ်ထားတာပဲ။

မေး - မြစ်ကြီးနားကနေ လက်ရှိမှာ စိုးရိမ်တကြီး စွန့်ခွာချင်တယ် ဆိုတဲ့သူတွေကော မြင်နေရလား။
ဖြေ - ရှိတာပေါ့။ ပိုက်ဆံချမ်းသာတဲ့သူတွေကတော့ အောက်ပိုင်းပြေးမှာပေါ့။ မရှိတဲ့သူတွေကတော့ နေခဲ့ ရမှာပဲလေ။

မေး - နောက်တစ်ခုမေးစရာက ဒီကာလကျမှ စွန့်ခွာ တာလား။
ဖြေ - ဒီကာလမှတော့ မဟုတ်ပါဘူး မြစ်ကြီးနားက လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေတာကတော့ ကြာပါပြီ။ မနှစ်၊ တစ်နှစ်က ဝိုင်းမော် (၃၂၁) တပ်ရင်းကျပြီးတော့ မြစ်ကြီးနားက လှုပ်လှုပ်ရွရွဖြစ်တယ်။

မေး - မြစ်ကြီးနားမြို့ကိုရောက်ပြီဆိုရင် ထွက်ပေါက် မရှိတဲ့ ခံစားချက်ရလား။
ဖြေ - ရတာပေါ့။

မေး - မြစ်ကြီးနားမှာ လက်ရှိ သူဌေးတော်တော်များများ မရှိတော့ဘူးလို့ပြောလို့ရမလား။
ဖြေ - အဲဒီလိုပြောလို့တော့ မရလောက်ဘူး။ ပိုက်ဆံ အရမ်းရှိတဲ့သူတွေကတော့ မနေလောက်တော့ဘူး ထင်တာပဲ။

မေး - ကချင်ပြည်နယ်သားတစ်ယောက်အနေနဲ့ မြစ်ကြီးနားဟာ ဒုတိယလွိုင်ကော် ဖြစ်နိုင်လား။
ဖြေ - မဖြစ်နိုင်ဘူးဗျ။ မြစ်ကြီးနားမြို့ကလည်း တပ်မတော်က အားတော်တော်ပုံထားတယ်။ တစ်ဖက် KIA ကျတော့လည်း ဗန်းမော်မရဘူး။ ပြီးရင် ကသာ ကိုလည်း စမ်းတာ မရဘူး။ ဗန်မောက်ကို သွားသိမ်း တာလည်း ပြန်ဆုတ်ရပြီ။ ဒီကောင်တွေ မြစ်ကြီးနားကို မရနိုင်ဘူး။

မေး - မြစ်ကြီးနားကို လာလာ သွေးတိုးစမ်းတာကော ဘာကြောင့် ဖြစ်မလဲ။
ဖြေ - စစ်ရေးအရလာလာ ဖိအားပေးတာပေါ့။ ဟို ဘက်ကအရမ်းဖိလာပြီဆိုရင် မြစ်ကြီးနားကို လာလာ ဖိတာထုံးစံပဲ။ နမ့်ပေါင်လေတပ်ဆို မြစ်ကမ်းဘေး။ ဟိုဘက်ကလည်း၊ မြစ်တစ်ဖက်ကမ်းကလည်း တပ်က ထိုင်ပေမယ့် ကမ်းနားလောက်ပဲစိုးမိုးတာ။ ဟိုဘက်ရောက်သွားရင် ဒီကောင်တွေပဲ။ ဘယ်လို ခေါ်မလဲ ဗန်းမော်ဘက်တွေခံရတာများပြီဆိုရင် ဒီဘက်ကို စစ်မျက်နှာလာဖွင့်တဲ့သဘောပါပဲ။

မေး - လာလာ ဖိအားပေးရုံပေါ့။
ဖြေ - ဟုတ်တယ် သိမ်းဖို့တော့ မလွယ်ဘူး။ သိမ်းရင် လည်း မြစ်ကြီးနားမြို့ သိမ်းရင် ပြဿနာ တော်တော် ကြီးမယ်။ ကချင်တွေ ကုန်မှာပဲလေ။ မြစ်ကြီးနားမှာ စစ်ပြေးတွေဘာတွေက ဒီမှာပဲလာပုံနေတာ။ ကချင် ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ မငြိမ်သက်တဲ့ ပန်ဝါ၊ ချီဖွေ၊ ဗန်းမော် ပတ်ပတ်လည်အကုန်လုံးက မြစ် ကြီး နားလာပုံနေတာ။ ကချင်ရွာတွေတော်တော်များများကလည်း ဒီမှာလာပုံနေတာ။

မေး - အဲဒါဆိုရင် မြစ်ကြီးနားက နောက်ဆုံး နားခိုရာ လို ဖြစ်နေတာလား။
ဖြေ - အဆိုးဆုံးနေရာ ဖြစ်နိုင်တယ်။ နောက်ဆုံးတော့ မဟုတ်ဘူး ပူတာအိုတို့တော့ ကျန်ပါသေးတယ်။

မေး - မြစ်ကြီးနား တစ်ဖက်ကမ်း ဝိုင်းမော်မှာကော ဘာတွေ ဖြစ်နေလဲ။
ဖြေ - မြစ်ကြီးနားမှာတော့ သူတို့ တိုးနေတယ်။ အရင် တုန်းက တပ်မတော်ဘက်ကထိုင်နေတဲ့ တောင်ကုန်း တစ်ကုန်းကို သူတို့ယူသွားပြီး ဝိုင်းမော်ကို ခြိမ်း ခြောက်နေတာ။

မေး - အခုကကျတော့ ဝိုင်းမော်ကို ခြိမ်းခြောက်တာ ကနေ သိမ်းလာနိုင်တယ် မြင်ရလား။
ဖြေ - သိမ်းတော့ မသိမ်းနိုင်ဘူး ထင်တာပဲ။ အဲဒီ လောက် မမိုက်တော့ဘူး ထင်တယ်။ ဒါပေမဲ့ ပြောမ ရဘူး လစ်ရင်တော့ဆော်မှာပဲ။

မေး - ကျွန်တော်တို့ကြားသလောက် KIA က ပေါ်တာဆွဲ တပ်သားသစ်စုတယ်။ တစ်ဖက်မှာ ဗန်းမော် ဘက်လည်း တော်တော်လေး အသေအပျောက်များတယ် ကြားတယ်။ ဝိုင်းမော်လို မြစ်ကြီး နားလိုနေရာ တိုက်ပွဲထပ်ဖော်ရလောက်အောင် သူတို့ မိုက်ရူးရဲပါ့မလား။
ဖြေ - လစ်ရင်တော့လုပ်နိုင်တယ်။ ဟိုကောင်တွေက လစ်ရင် ဆော်မှာပဲ။ နေပြည်တော်လည်း ဆော်မှာပဲ။ ဒါပေမဲ့ မရလို့။ မလုပ်ဘူး၊ လုပ်မယ်ဆိုတာလည်း မူဝါဒနဲ့မဆိုင်ဘူး။ တပ်ဘက်က ဘယ်လိုအနေအထား လဲဆိုတာပဲ ဆိုင်မှာ။

မေး - သူတို့ဘက်မှာ သေတာများတယ် ဆိုတာကကော ဘာလို့ ကျယ်ကျယ်ပြန့်ပြန့် မဖြစ်တာလဲ။
ဖြေ - သေတာက များတာပေါ့။ သေတာမှ သောက် သောက်လဲပဲ။ သတင်းထိန်းချုပ်နိုင်တော့ ဘယ် လောက် သေသေ လူက မသိကြဘူး။

မေး - သူတို့ မြစ်ကြီးနားမြို့ကို တိုက်ခိုက်နေတဲ့ ပုံစံက ဘယ်လို ပုံစံမျိုးတိုက်ခိုက်တယ် ထင်လဲ။ တိုက် ခိုက်တယ်လို့ကော ပြောနိုင်လား။ အဖျက်အမှောင့် သက်သက်ပဲလား။
ဖြေ - ရှင်းရှင်းပြောရရင်တော့ သူတို့ ထိန်းချုပ်ထားနိုင်တယ်လို့တောင် ပြောနိုင်တယ်။ မြစ်ကြီးနားမြို့ ပေါ်မှာ ဖွင့်တဲ့ဆိုင် KIA ကို ဆက်ကြေးပေးရတယ်။ မြို့ထဲ လူဝင်ဆွဲတယ်။ ဟိုတစ်ခါက ရှမ်းနီတစ် ယောက် အမျိုးသမီးကို ဝင်ဖမ်းတယ်ဆိုတာတောင် ရှိတယ်။ စီတာပူဆို မြို့လယ်ကောင်လေ။ မြို့လယ် ကောင်တောင် ကားနဲ့ဝင်ဆွဲတယ်။ ဆက်ကြေးလည်း ကြိုက်သလို ကောက်နိုင်တယ်။ ဝင်ဖမ်းနိုင်စွမ်း လည်းရှိနေတယ် ဆိုတော့ ဒီမြို့အခြေအနေက သူတို့ထိန်းချုပ်မှု မရှိ ဘူးလို့လည်း ပြောလို့မရဘူး။ နှစ်ဖက်စလုံး ကိုယ်စီ ထိန်းချုပ်မှုရှိကြတဲ့နေရာ ဖြစ်တယ်ပေါ့။

မေး - မြစ်ကြီးနားမြို့အခြေအနေက အရင်တည်းက နှစ်ဖက်မျှထိန်းထားတဲ့ အခြေအနေမျိုးလား။
ဖြေ - မဟုတ်ဘူး။ အရင်တုန်းကတော့ သူတို့ အာ ဏာမရှိဘူး။ ဒီ (၂၀၂၁)နောက်ပိုင်းမှာ အဲဒီလိုဖြစ် လာတာ။ လုံခြုံရေးလစ်ဟာတဲ့အချိန်မျိုးဆို အရှည် (သေနတ်အရှည်)နဲ့ ဆင်းတာမျိုးရှိတယ်။ မြို့ထဲမှာဆို KTV ကို ကား သုံးလေးစီးနဲ့လာတာတွေရှိတယ်။ ကျွန်တော်တို့ကို လှမ်းပြောတယ်လေ လာသွားတယ်ဆိုတာ။

မေး - မြစ်ကြီးနား မြို့ခံတွေ စစ်ကို လိုလားသလား။
ဖြေ - မလိုဘူး မလိုဘူး။ မြစ်ကြီးနားသားတွေ ဘယ်သူမှ KIA မကြိုက်ဘူး။ ပြောရရင်တော့ အစတည်းက မေးခွန်းထုတ်ထားပြီးသားပဲ။ ဘာလို့ အစတည်းက စစ်ဖြစ်ရင် လိုင်ဇာမပြေးတာလဲ၊ မိုင်ဂျာယန် မပြေး တာလဲ။ ကချင်ပြည်နယ်၊ မြစ်ကြီးနား စစ်တပ်ထိန်းချုပ်တဲ့အောက် ပြေးလာတာလဲပေါ့။ လူတိုင်းက အနည်း ဆုံးတော့ တပ်မတော်အောက်မှာနေတာကတော့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေး သင့်တင့်တဲ့ စံနှုန်းတစ်ခုနဲ့နေကြရတယ်ဗျာ၊ အဆင်ပြေတယ်ဗျာ။ KIA သာဝင်ကြည့် ဗန်းမော်မြို့လို ဖြစ်သွားမယ်။ တပ်ကလည်းခံချမှာပဲ၊ ဟိုကောင်က လည်း တိုက်မှာပဲဆိုရင် အလုံးစုံပျက်သုဉ်းရေးကို ဘယ်သူမှမလိုချင်ဘူး။ KIA အုပ်ချုပ်မှုအောက်မှာ နေချင်ရင်လည်း အလွယ်လေးဗျာ။ လိုင်ဇာသွားဖို့ လမ်းစရိတ်က တစ်သိန်းလောက်ကုန်ရင် ရောက်နေတာကို။ သွားကြပါလား ဘယ်သူမှ မသွားကြဘူးလေ။ စစ်တပ်ကလည်း မပိတ်ထားဘူးသွားနေလို့ ရတယ်။ လိုင်ဇာမဟုတ်ဘူး ကံပိုင်တည်၊ ပန်ဝါ၊ ချီဖွေ ဘယ် ကောင်မှမသွားပါဘူး။

မေး - MNA လေယာဉ်ထိတာဆိုရင် အတော်လေး ဖြစ်ခေါင့်ဖြစ်ခဲပေါ့။ ဒီလိုတိုက်ခိုက်တဲ့ အပေါ် မြစ်ကြီး နား မြို့ခံတွေရဲ့ သဘောထားက ဘယ်လို ရှိပါသလဲ။
ဖြေ - အကုန်ဝိုင်းဆဲတာပေါ့။ တင်ထားတဲ့ ဖေ့စ်ဘွတ်ခ် ပို့စ်တွေ မြင်နေတာပဲ။ ဒီကောင်တွေ က ဘူးခံ ပြီး ငြင်းနေတာ ရှက်လည်း မရှက်ဘူး။ ဘာပဲပြောပြော အရင်တုန်းက အမြင်မတူဘူးဆိုရင် လေးစားမှုက ရှိသေးတယ်။ အခုကတော့ ပိုဆိုးတာပေါ့။ ပေါက် လွှတ်ပဲစား ဆန်လာတာ။ လုပ်ရင်လည်း လုပ်တယ် မဟုတ်ဘူး။ အဲဒါကို မြစ်ကြီးနား မြို့သား ဘယ်သူမှ မကြိုက်ဘူး။ ကချင်တွေတောင် လက်မခံဘူး။

မေး - မြစ်ကြီးနားလေဆိပ်မှာ ခရီးသည်တင် လေယာဉ် တိုက်ခိုက်ခံရတာက ဘယ်လောက်အထိ ထိခိုက်သွားတယ်လို့ ပြောနိုင်မလဲ။
ဖြေ - အခုက မြစ်ကြီးနားမှာ လိုအပ်တဲ့ ဆေးဝါး တွေပေါ့။ လမ်းကြောင်းက လေယာဉ်ပဲ အားကိုးနေ တာ။ အရေးပေါ် လိုအပ်တာမှန်သမျှ ဒီလေယာဉ်နဲ့ပဲ သယ်နေရတာ။ ကုန်ကားတစ်စီးက လမ်းမှာ အနည်းဆုံး သိန်း(၈၀ဝ)ကျော်လောက်ကုန်တယ်။ လချီပြီး ကြာတယ်။ အရေးပေါ် ဆေးဝါးပစ္စည်းလည်း လေယာဉ်ကိုပဲ အားကိုးနေရတာ။ ကားလမ်းလည်း ဖြတ်ထားတယ်။ ကျန်းမာရေးအကုန် အားကိုးနေ တာကို လုပ်တယ်ဆိုတော့ ဒါကတော့ လူမဆန်ရာကျတာပေါ့။

မေး - သူတို့ လုပ်တယ် မပြောဘူးဆိုတော့ သူတို့က တပ်ကလုပ်တယ် ထင်စေချင်တာလား။ ဒေသခံတစ် ယောက်အနေနဲ့ကော ဒါက ဖြစ်နိုင်မယ်ထင်လား။
ဖြေ - မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့သိတာပေါ့။ ဘယ်လိုခေါ်မလဲ တပ်က ပြန်ပစ်ပြီဆိုပါတော့ ပြည်သူ က KIA မုန်းအောင်လို့ ကိုယ့်လေယာဉ်ကိုယ်ပြန်ပစ်မယ်ဆိုရင် ဒီလေယာဉ်တော့ လုပ်နေမှာမဟုတ်ဘူး ဗျာ။ ဒီလေယာဉ်ကလည်း ဝန်ကြီးတွေဘာတွေကအစ စီးနေတဲ့ဟာဗျာ။ မဖြစ်နိုင်ဘူး။ ုှုဗ က ဒရုန်းနဲ့ လုပ်နေတဲ့ လမ်းကြောင်းတွေလည်း ကျွန်တော်တို့ သိနေတာပဲ။ မဟုတ်ပါဘူး။

မေး - မြစ်ကြီးနားမြို့ခံတွေရဲ့ အခြေခံစိတ်ထားက ဘယ်လိုမျိုးရှိမလဲ။
ဖြေ - မြစ်ကြီးနားမှာက (၂၀၂၁) မှာ ပြဿနာတွေစတော့ အကုန် သွေးပူကြတဲ့ဟာတွေတော့ ရှိတာပေါ့။ နောက်ပိုင်း ကြာလာတဲ့အခါကျတော့ မြင်လာကြတာ ပေါ့။ KIA ကလည်း သိတယ်မဟုတ်လား ဆက် ကြေးကောက်၊ လူဖမ်း ဒါပဲလုပ်နေတဲ့ကောင်တွေကွာ။ မြို့ ဖွံ့ဖြိုးမှု၊ တိုးတက်မှုလုပ်ပေးတဲ့ ထုံးစံရှိတဲ့ ကောင်တွေမဟုတ်ဘူး။ အဲဒီတော့ လူတွေကလည်း နားလည်လာပြီ။ အခုဆို သိတယ်မလား မြို့သူ၊ မြို့ သားတွေကတော့ အေးအေးဆေးဆေးနေချင်ကြတယ်။ ဒီဥစ္စာကိုတော့ သူတို့ မပတ်သက်လေ ကောင်းလေပါပဲ။ မပြောရဲကြလို့ မပြောရဲတာပဲရှိတယ်။

မေး - ထူးထူးခြားခြားမြင်ရတာက လေဆိပ်မှာ လေယာဉ်ကိုတိုက်ခိုက်လို့ အင်တာနက်လူမှုကွန်ရက်တွေ မှာ KIA ကို ကချင်ပြည်နယ်သား လူအစုအဝေးကြီးက ဝေဖန်ကြတာလေ။
ဖြေ - ဒါက ပထမဦးဆုံးတော့ မဟုတ်ဘူး။ ရှေ့မှာလည်း အလားတူဖြစ်စဉ်တွေတော့ရှိတယ်။ တစ်ခုခုဆို KIA (၆၅) နှစ်ပြည့် မိန့်ခွန်းအောက် သွားဖတ်ကြည့် အကုန်လုံးဆဲနေတာ။ ဆဲကုန်ပြီလေ။ ဘယ်သူမှ မခံ နိုင်ဘူးလေ။ အခုက သူတို့လုပ်သမျှ ဆဲမှာ။ ဆဲဖို့ ပြင်နေကြပြီ။

မေး - KIO/KIA က အစိုးရ တစ်ခုလို အုပ်ချုပ်နိုင်တဲ့ စွမ်းရည်ရှိလား။
ဖြေ - ဘယ်ရှိမလဲ မရှိဘူး။ ဘာလို့လဲဆိုတော့ ဝမ်ပေါင် အစိုးရပြောတယ်။ ဝမ်ပေါင်နိုင်ငံရဲ့ အစိုးရလို့ သူတို့ ကိုယ် သူတို့သတ်မှတ်တယ်။ ကျွန်တော်က ပြောတယ် အစိုးရ တစ်ရပ်ဟာ Constitution ရှိရတယ်။ KIA မှာ မရှိဘူး။ KIA မှာ ဥပဒေလည်း မရှိဘူး။ တရားစီရင်မှု ဥပဒေပြုရေး ဘာရှိလဲ ဘာမှ မရှိဘူး။ အစိုးရတစ်ရပ်လို့ဆိုရင် Constitution မှ မရှိပဲ လူတွေကို ဘယ်လိုအုပ်ချုပ်မှာလဲ မဟုတ် ဘူးလား။ ဘာမှ မရှိဘူး။ စိတ်က ထင်ရာပဲလျှောက်ပြောပြီးမှ ပြည်သူကို ဝန်ဆောင်မှုပေးနိုင်တဲ့၊ အုပ်ချုပ်မှုပေးနိုင်တဲ့ အစိုးရယန္တရားလည်း ဘာမှမရှိဘူး။ သိတယ် မဟုတ်လား ပညာရေး၊ ကျန်းမာရေး ကချင်လူထု အကုန်လုံးကို ဝန်ဆောင်မှုပေးနိုင်တာ မရှိဘူး။ ပညာရေး၊ ကျန်းမာရေး ဘာမှမရှိဘူး။ အဲဒါ မရှိဘဲ ကချင်ပြည်ကို ဘယ်လိုအုပ်ချုပ်မှာလဲ။ လိုင်ဇာ တောင်မှ တိုးတက်အောင် အုပ်ချုပ်တတ်ဘူး။ သူတို့ပြီးရင် KIA မြို့တွေရှိသေးတယ်။ မေခ၊ မလိခ ဆိုတာ တပ်က ခြေမချတဲ့ဒေသ။ သူတို့ တပ်မဟာ (၁) ဒေသ။ အဲဒီမှာ ကတ္တရာလမ်းတစ်လမ်း အခုထိ မပေါက်သေးဘူး။ အဲဒါကို ဘယ်လိုလုပ်မှာလဲ။ ဒီကောင်တွေရထားတဲ့နယ်မြေက အရင်က စင်ကာပူထက် နှစ်ဆလောက်ကျယ်တယ်။ ကချင် အားလုံး လာနေရင် မင်းတို့လွတ်မြောက်သွားလိမ့်မယ်။ သူတို့ဘာမှမလုပ်နိုင်ပါဘူး။ ဘယ်လိုလုပ်ပြီး မြစ်ကြီးနား အုပ်ချုပ်မှာလဲ၊ ကချင်ပြည်အုပ်ချုပ်မှာလည်း မဖြစ်နိုင်ဘူး။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version;
“ဘယ္သူမွ လိုင္ဇာသြားမေနဘူး ျမစ္ႀကီးနားပဲ လာၾကတာ”
သုတေက်ာ္ (NP News) - မတ္ ၄

ၿပီးခဲ့သည့္ရက္ပိုင္းက ျမစ္ႀကီးနားၿမိဳ႕ေလဆိပ္တြင္ KIA က အေသခံဒ႐ုန္းျဖင့္တိုက္ခိုက္ေသာ ေၾကာင့္ MNA ေလယာဥ္တစ္စင္းထိခိုက္ခဲ့ရသည္။ ယင္းအေပၚ အမ်ားအျပားကကန႔္ကြက္ခဲ့ၾကသည္။ ထို႔ ျပင္ KIA အေနျဖင့္ ျမစ္ႀကီးနားၿမိဳ႕သို႔ အဖ်က္အေမွာင့္လုပ္ငန္းမ်ားကိုေဆာင္႐ြက္ျခင္းမ်ားရွိေနရာ အဆို ပါအေျခအေနမ်ားႏွင့္ ပတ္သက္၍ ကခ်င္ေဒသခံတစ္ဦးႏွင့္မးျမန္းထားခ်က္မ်ားကို ေကာက္ႏုတ္ေဖာ္ျပ အပ္ပါသည္။

ေမး - လက္ရွိ ျမစ္ႀကီးနားၿမိဳ႕မွာ လူေတြရဲ႕ စိုးရိမ္ပူပန္မႈက ဘယ္လိုရွိေနပါသလဲ။
ေျဖ - လက္ရွိက ဘယ္လိုျဖစ္ေနသလဲဆိုေတာ့ ဟိုေန႔က ေလယာဥ္ကြင္းထိတယ္။ အဲဒီ မတိုင္ခင္က လည္း ဒ႐ုန္းနဲ႔ လာလုပ္တာရွိတယ္။ ႏွစ္ခါ၊ သုံးခါ ေလယာဥ္ပိတ္တယ္။ အဲဒီအေပၚမွာ KIA ဘက္က အင္အားတိုးတာလည္း ရွိလာေတာ့ ဝိုင္းေမာ္က ျမစ္ႀကီးနား တစ္ဖက္ကမ္းေလ။ ဝိုင္းေမာ္ပါရင္ျမစ္ႀကီး နား ပါသေလာက္ျဖစ္သြားၿပီေကာ။ စိုးရိမ္စိတ္ကေတာ့ မ်ားတယ္ေပါ့။ ကားလမ္းလည္း သြားလို႔မရ၊ ေရ လမ္းလည္းသြားလို႔ မရ၊ ေလယာဥ္လည္း မရွိဆိုေတာ့ ခက္ခဲတယ္။ ၿပီးလို႔ ရွိရင္ ဝိုင္းေမာ္ဘက္က ကုန္ ေတြက နယ္စပ္ကေန ဝင္တာေတြ ရွိတယ္။ အရင္ကေတာ့ KIA ဘက္ကဖြင့္ထားတဲ့ နယ္စပ္ ဂိတ္ေတြ က ေန ဝင္တာေတြ ရွိတယ္။ ဒါေပမဲ့ အခုက အဲဒါေတြအကုန္ပိတ္ထားတယ္။ အဲဒီေတာ့ ကုန္စည္စီးဆင္းမႈ ခက္ခဲေတာ့ ဘိလပ္ေျမဆိုရင္ (၁၆၀ဝဝဝ-၁၇၀ဝဝဝ) အထိ တက္တယ္။

ေမး - တစ္အိတ္ကိုလား။
ေျဖ - ဟုတ္တယ္။ အဲဒီလိုမ်ိဳးေတြရွိေတာ့ ခက္ခဲတာေပါ့။

ေမး - ျမစ္ႀကီးနားၿမိဳ႕ အေနအထားက ပိတ္ဆို႔သလိုျဖစ္သြားတာေပါ့။
ေျဖ - ကုန္းလမ္းကေနကေတာ့ ကားေတာ့ ရွိပါတယ္။ အဘက္ဘက္ကေတာ့ ပိတ္ထားတာပဲ။

ေမး - ျမစ္ႀကီးနားကေန လက္ရွိမွာ စိုးရိမ္တႀကီး စြန႔္ခြာခ်င္တယ္ ဆိုတဲ့သူေတြေကာ ျမင္ေနရလား။
ေျဖ - ရွိတာေပါ့။ ပိုက္ဆံခ်မ္းသာတဲ့သူေတြကေတာ့ ေအာက္ပိုင္းေျပးမွာေပါ့။ မရွိတဲ့သူေတြကေတာ့ ေနခဲ့ ရမွာပဲေလ။

ေမး - ေနာက္တစ္ခုေမးစရာက ဒီကာလက်မွ စြန႔္ခြာ တာလား။
ေျဖ - ဒီကာလမွေတာ့ မဟုတ္ပါဘူး ျမစ္ႀကီးနားက လႈပ္လႈပ္ လႈပ္လႈပ္ ျဖစ္ေနတာကေတာ့ ၾကာပါၿပီ။ မႏွစ္၊ တစ္ႏွစ္က ဝိုင္းေမာ္ (၃၂၁) တပ္ရင္းက်ၿပီးေတာ့ ျမစ္ႀကီးနားက လႈပ္လႈပ္႐ြ႐ြျဖစ္တယ္။

ေမး - ျမစ္ႀကီးနားၿမိဳ႕ကိုေရာက္ၿပီဆိုရင္ ထြက္ေပါက္ မရွိတဲ့ ခံစားခ်က္ရလား။
ေျဖ - ရတာေပါ့။

ေမး - ျမစ္ႀကီးနားမွာ လက္ရွိ သူေဌးေတာ္ေတာ္မ်ားမ်ား မရွိေတာ့ဘူးလို႔ေျပာလို႔ရမလား။
ေျဖ - အဲဒီလိုေျပာလို႔ေတာ့ မရေလာက္ဘူး။ ပိုက္ဆံ အရမ္းရွိတဲ့သူေတြကေတာ့ မေနေလာက္ေတာ့ဘူး ထင္တာပဲ။

ေမး - ကခ်င္ျပည္နယ္သားတစ္ေယာက္အေနနဲ႔ ျမစ္ႀကီးနားဟာ ဒုတိယလြိဳင္ေကာ္ ျဖစ္ႏိုင္လား။
ေျဖ - မျဖစ္ႏိုင္ဘူးဗ်။ ျမစ္ႀကီးနားၿမိဳ႕ကလည္း တပ္မေတာ္က အားေတာ္ေတာ္ပုံထားတယ္။ တစ္ဖက္ KIA က်ေတာ့လည္း ဗန္းေမာ္မရဘူး။ ၿပီးရင္ ကသာ ကိုလည္း စမ္းတာ မရဘူး။ ဗန္ေမာက္ကို သြားသိမ္း တာလည္း ျပန္ဆုတ္ရၿပီ။ ဒီေကာင္ေတြ ျမစ္ႀကီးနားကို မရႏိုင္ဘူး။

ေမး - ျမစ္ႀကီးနားကို လာလာ ေသြးတိုးစမ္းတာေကာ ဘာေၾကာင့္ ျဖစ္မလဲ။
ေျဖ - စစ္ေရးအရလာလာ ဖိအားေပးတာေပါ့။ ဟို ဘက္ကအရမ္းဖိလာၿပီဆိုရင္ ျမစ္ႀကီးနားကို လာလာ ဖိတာထုံးစံပဲ။ နမ့္ေပါင္ေလတပ္ဆို ျမစ္ကမ္းေဘး။ ဟိုဘက္ကလည္း၊ ျမစ္တစ္ဖက္ကမ္းကလည္း တပ္က ထိုင္ေပမယ့္ ကမ္းနားေလာက္ပဲစိုးမိုးတာ။ ဟိုဘက္ေရာက္သြားရင္ ဒီေကာင္ေတြပဲ။ ဘယ္လို ေခၚမလဲ ဗန္းေမာ္ဘက္ေတြခံရတာမ်ားၿပီဆိုရင္ ဒီဘက္ကို စစ္မ်က္ႏွာလာဖြင့္တဲ့သေဘာပါပဲ။

ေမး - လာလာ ဖိအားေပး႐ုံေပါ့။
ေျဖ - ဟုတ္တယ္ သိမ္းဖို႔ေတာ့ မလြယ္ဘူး။ သိမ္းရင္ လည္း ျမစ္ႀကီးနားၿမိဳ႕ သိမ္းရင္ ျပႆနာ ေတာ္ေတာ္ ႀကီးမယ္။ ကခ်င္ေတြ ကုန္မွာပဲေလ။ ျမစ္ႀကီးနားမွာ စစ္ေျပးေတြဘာေတြက ဒီမွာပဲလာပုံေနတာ။ ကခ်င္ ျပည္နယ္တစ္ခုလုံးမွာရွိတဲ့ မၿငိမ္သက္တဲ့ ပန္ဝါ၊ ခ်ီေဖြ၊ ဗန္းေမာ္ ပတ္ပတ္လည္အကုန္လုံးက ျမစ္ ႀကီး နားလာပုံေနတာ။ ကခ်င္႐ြာေတြေတာ္ေတာ္မ်ားမ်ားကလည္း ဒီမွာလာပုံေနတာ။

ေမး - အဲဒါဆိုရင္ ျမစ္ႀကီးနားက ေနာက္ဆုံး နားခိုရာ လို ျဖစ္ေနတာလား။
ေျဖ - အဆိုးဆုံးေနရာ ျဖစ္ႏိုင္တယ္။ ေနာက္ဆုံးေတာ့ မဟုတ္ဘူး ပူတာအိုတို႔ေတာ့ က်န္ပါေသးတယ္။

ေမး - ျမစ္ႀကီးနား တစ္ဖက္ကမ္း ဝိုင္းေမာ္မွာေကာ ဘာေတြ ျဖစ္ေနလဲ။
ေျဖ - ျမစ္ႀကီးနားမွာေတာ့ သူတို႔ တိုးေနတယ္။ အရင္ တုန္းက တပ္မေတာ္ဘက္ကထိုင္ေနတဲ့ ေတာင္ကုန္း တစ္ကုန္းကို သူတို႔ယူသြားၿပီး ဝိုင္းေမာ္ကို ၿခိမ္း ေျခာက္ေနတာ။

ေမး - အခုကက်ေတာ့ ဝိုင္းေမာ္ကို ၿခိမ္းေျခာက္တာ ကေန သိမ္းလာႏိုင္တယ္ ျမင္ရလား။
ေျဖ - သိမ္းေတာ့ မသိမ္းႏိုင္ဘူး ထင္တာပဲ။ အဲဒီ ေလာက္ မမိုက္ေတာ့ဘူး ထင္တယ္။ ဒါေပမဲ့ ေျပာမ ရဘူး လစ္ရင္ေတာ့ေဆာ္မွာပဲ။

ေမး - ကြၽန္ေတာ္တို႔ၾကားသေလာက္ KIA က ေပၚတာဆြဲ တပ္သားသစ္စုတယ္။ တစ္ဖက္မွာ ဗန္းေမာ္ ဘက္လည္း ေတာ္ေတာ္ေလး အေသအေပ်ာက္မ်ားတယ္ ၾကားတယ္။ ဝိုင္းေမာ္လို ျမစ္ႀကီး နားလိုေနရာ တိုက္ပြဲထပ္ေဖာ္ရေလာက္ေအာင္ သူတို႔ မိုက္႐ူးရဲပါ့မလား။
ေျဖ - လစ္ရင္ေတာ့လုပ္ႏိုင္တယ္။ ဟိုေကာင္ေတြက လစ္ရင္ ေဆာ္မွာပဲ။ ေနျပည္ေတာ္လည္း ေဆာ္မွာပဲ။ ဒါေပမဲ့ မရလို႔။ မလုပ္ဘူး၊ လုပ္မယ္ဆိုတာလည္း မူဝါဒနဲ႔မဆိုင္ဘူး။ တပ္ဘက္က ဘယ္လိုအေနအထား လဲဆိုတာပဲ ဆိုင္မွာ။

ေမး - သူတို႔ဘက္မွာ ေသတာမ်ားတယ္ ဆိုတာကေကာ ဘာလို႔ က်ယ္က်ယ္ျပန႔္ျပန႔္ မျဖစ္တာလဲ။
ေျဖ - ေသတာက မ်ားတာေပါ့။ ေသတာမွ ေသာက္ ေသာက္လဲပဲ။ သတင္းထိန္းခ်ဳပ္ႏိုင္ေတာ့ ဘယ္ ေလာက္ ေသေသ လူက မသိၾကဘူး။

ေမး - သူတို႔ ျမစ္ႀကီးနားၿမိဳ႕ကို တိုက္ခိုက္ေနတဲ့ ပုံစံက ဘယ္လို ပုံစံမ်ိဳးတိုက္ခိုက္တယ္ ထင္လဲ။ တိုက္ ခိုက္တယ္လို႔ေကာ ေျပာႏိုင္လား။ အဖ်က္အေမွာင့္ သက္သက္ပဲလား။
ေျဖ - ရွင္းရွင္းေျပာရရင္ေတာ့ သူတို႔ ထိန္းခ်ဳပ္ထားႏိုင္တယ္လို႔ေတာင္ ေျပာႏိုင္တယ္။ ျမစ္ႀကီးနားၿမိဳ႕ ေပၚမွာ ဖြင့္တဲ့ဆိုင္ KIA ကို ဆက္ေၾကးေပးရတယ္။ ၿမိဳ႕ထဲ လူဝင္ဆြဲတယ္။ ဟိုတစ္ခါက ရွမ္းနီတစ္ ေယာက္ အမ်ိဳးသမီးကို ဝင္ဖမ္းတယ္ဆိုတာေတာင္ ရွိတယ္။ စီတာပူဆို ၿမိဳ႕လယ္ေကာင္ေလ။ ၿမိဳ႕လယ္ ေကာင္ေတာင္ ကားနဲ႔ဝင္ဆြဲတယ္။ ဆက္ေၾကးလည္း ႀကိဳက္သလို ေကာက္ႏိုင္တယ္။ ဝင္ဖမ္းႏိုင္စြမ္း လည္းရွိေနတယ္ ဆိုေတာ့ ဒီၿမိဳ႕အေျခအေနက သူတို႔ထိန္းခ်ဳပ္မႈ မရွိ ဘူးလို႔လည္း ေျပာလို႔မရဘူး။ ႏွစ္ဖက္စလုံး ကိုယ္စီ ထိန္းခ်ဳပ္မႈရွိၾကတဲ့ေနရာ ျဖစ္တယ္ေပါ့။

ေမး - ျမစ္ႀကီးနားၿမိဳ႕အေျခအေနက အရင္တည္းက ႏွစ္ဖက္မွ်ထိန္းထားတဲ့ အေျခအေနမ်ိဳးလား။
ေျဖ - မဟုတ္ဘူး။ အရင္တုန္းကေတာ့ သူတို႔ အာ ဏာမရွိဘူး။ ဒီ (၂၀၂၁)ေနာက္ပိုင္းမွာ အဲဒီလိုျဖစ္ လာတာ။ လုံၿခဳံေရးလစ္ဟာတဲ့အခ်ိန္မ်ိဳးဆို အရွည္ (ေသနတ္အရွည္)နဲ႔ ဆင္းတာမ်ိဳးရွိတယ္။ ၿမိဳ႕ထဲမွာဆို KTV ကို ကား သုံးေလးစီးနဲ႔လာတာေတြရွိတယ္။ ကြၽန္ေတာ္တို႔ကို လွမ္းေျပာတယ္ေလ လာသြားတယ္ဆိုတာ။

ေမး - ျမစ္ႀကီးနား ၿမိဳ႕ခံေတြ စစ္ကို လိုလားသလား။
ေျဖ - မလိုဘူး မလိုဘူး။ ျမစ္ႀကီးနားသားေတြ ဘယ္သူမွ KIA မႀကိဳက္ဘူး။ ေျပာရရင္ေတာ့ အစတည္းက ေမးခြန္းထုတ္ထားၿပီးသားပဲ။ ဘာလို႔ အစတည္းက စစ္ျဖစ္ရင္ လိုင္ဇာမေျပးတာလဲ၊ မိုင္ဂ်ာယန္ မေျပး တာလဲ။ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနား စစ္တပ္ထိန္းခ်ဳပ္တဲ့ေအာက္ ေျပးလာတာလဲေပါ့။ လူတိုင္းက အနည္း ဆုံးေတာ့ တပ္မေတာ္ေအာက္မွာေနတာကေတာ့ ပညာေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ ေရး သင့္တင့္တဲ့ စံႏႈန္းတစ္ခုနဲ႔ေနၾကရတယ္ဗ်ာ၊ အဆင္ေျပတယ္ဗ်ာ။ KIA သာဝင္ၾကည့္ ဗန္းေမာ္ၿမိဳ႕လို ျဖစ္သြားမယ္။ တပ္ကလည္းခံခ်မွာပဲ၊ ဟိုေကာင္က လည္း တိုက္မွာပဲဆိုရင္ အလုံးစုံပ်က္သုဥ္းေရးကို ဘယ္သူမွမလိုခ်င္ဘူး။ KIA အုပ္ခ်ဳပ္မႈေအာက္မွာ ေနခ်င္ရင္လည္း အလြယ္ေလးဗ်ာ။ လိုင္ဇာသြားဖို႔ လမ္းစရိတ္က တစ္သိန္းေလာက္ကုန္ရင္ ေရာက္ေနတာကို။ သြားၾကပါလား ဘယ္သူမွ မသြားၾကဘူးေလ။ စစ္တပ္ကလည္း မပိတ္ထားဘူးသြားေနလို႔ ရတယ္။ လိုင္ဇာမဟုတ္ဘူး ကံပိုင္တည္၊ ပန္ဝါ၊ ခ်ီေဖြ ဘယ္ ေကာင္မွမသြားပါဘူး။

ေမး - MNA ေလယာဥ္ထိတာဆိုရင္ အေတာ္ေလး ျဖစ္ေခါင့္ျဖစ္ခဲေပါ့။ ဒီလိုတိုက္ခိုက္တဲ့ အေပၚ ျမစ္ႀကီး နား ၿမိဳ႕ခံေတြရဲ႕ သေဘာထားက ဘယ္လို ရွိပါသလဲ။
ေျဖ - အကုန္ဝိုင္းဆဲတာေပါ့။ တင္ထားတဲ့ ေဖ့စ္ဘြတ္ခ္ ပို႔စ္ေတြ ျမင္ေနတာပဲ။ ဒီေကာင္ေတြ က ဘူးခံ ၿပီး ျငင္းေနတာ ရွက္လည္း မရွက္ဘူး။ ဘာပဲေျပာေျပာ အရင္တုန္းက အျမင္မတူဘူးဆိုရင္ ေလးစားမႈက ရွိေသးတယ္။ အခုကေတာ့ ပိုဆိုးတာေပါ့။ ေပါက္ လႊတ္ပဲစား ဆန္လာတာ။ လုပ္ရင္လည္း လုပ္တယ္ မဟုတ္ဘူး။ အဲဒါကို ျမစ္ႀကီးနား ၿမိဳ႕သား ဘယ္သူမွ မႀကိဳက္ဘူး။ ကခ်င္ေတြေတာင္ လက္မခံဘူး။

ေမး - ျမစ္ႀကီးနားေလဆိပ္မွာ ခရီးသည္တင္ ေလယာဥ္ တိုက္ခိုက္ခံရတာက ဘယ္ေလာက္အထိ ထိခိုက္သြားတယ္လို႔ ေျပာႏိုင္မလဲ။
ေျဖ - အခုက ျမစ္ႀကီးနားမွာ လိုအပ္တဲ့ ေဆးဝါး ေတြေပါ့။ လမ္းေၾကာင္းက ေလယာဥ္ပဲ အားကိုးေန တာ။ အေရးေပၚ လိုအပ္တာမွန္သမွ် ဒီေလယာဥ္နဲ႔ပဲ သယ္ေနရတာ။ ကုန္ကားတစ္စီးက လမ္းမွာ အနည္းဆုံး သိန္း(၈၀ဝ)ေက်ာ္ေလာက္ကုန္တယ္။ လခ်ီၿပီး ၾကာတယ္။ အေရးေပၚ ေဆးဝါးပစၥည္းလည္း ေလယာဥ္ကိုပဲ အားကိုးေနရတာ။ ကားလမ္းလည္း ျဖတ္ထားတယ္။ က်န္းမာေရးအကုန္ အားကိုးေန တာကို လုပ္တယ္ဆိုေတာ့ ဒါကေတာ့ လူမဆန္ရာက်တာေပါ့။

ေမး - သူတို႔ လုပ္တယ္ မေျပာဘူးဆိုေတာ့ သူတို႔က တပ္ကလုပ္တယ္ ထင္ေစခ်င္တာလား။ ေဒသခံတစ္ ေယာက္အေနနဲ႔ေကာ ဒါက ျဖစ္ႏိုင္မယ္ထင္လား။
ေျဖ - မျဖစ္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔သိတာေပါ့။ ဘယ္လိုေခၚမလဲ တပ္က ျပန္ပစ္ၿပီဆိုပါေတာ့ ျပည္သူ က KIA မုန္းေအာင္လို႔ ကိုယ့္ေလယာဥ္ကိုယ္ျပန္ပစ္မယ္ဆိုရင္ ဒီေလယာဥ္ေတာ့ လုပ္ေနမွာမဟုတ္ဘူး ဗ်ာ။ ဒီေလယာဥ္ကလည္း ဝန္ႀကီးေတြဘာေတြကအစ စီးေနတဲ့ဟာဗ်ာ။ မျဖစ္ႏိုင္ဘူး။ ုႈဗ က ဒ႐ုန္းနဲ႔ လုပ္ေနတဲ့ လမ္းေၾကာင္းေတြလည္း ကြၽန္ေတာ္တို႔ သိေနတာပဲ။ မဟုတ္ပါဘူး။

ေမး - ျမစ္ႀကီးနားၿမိဳ႕ခံေတြရဲ႕ အေျခခံစိတ္ထားက ဘယ္လိုမ်ိဳးရွိမလဲ။
ေျဖ - ျမစ္ႀကီးနားမွာက (၂၀၂၁) မွာ ျပႆနာေတြစေတာ့ အကုန္ ေသြးပူၾကတဲ့ဟာေတြေတာ့ ရွိတာေပါ့။ ေနာက္ပိုင္း ၾကာလာတဲ့အခါက်ေတာ့ ျမင္လာၾကတာ ေပါ့။ KIA ကလည္း သိတယ္မဟုတ္လား ဆက္ ေၾကးေကာက္၊ လူဖမ္း ဒါပဲလုပ္ေနတဲ့ေကာင္ေတြကြာ။ ၿမိဳ႕ ဖြံ႕ၿဖိဳးမႈ၊ တိုးတက္မႈလုပ္ေပးတဲ့ ထုံးစံရွိတဲ့ ေကာင္ေတြမဟုတ္ဘူး။ အဲဒီေတာ့ လူေတြကလည္း နားလည္လာၿပီ။ အခုဆို သိတယ္မလား ၿမိဳ႕သူ၊ ၿမိဳ႕ သားေတြကေတာ့ ေအးေအးေဆးေဆးေနခ်င္ၾကတယ္။ ဒီဥစၥာကိုေတာ့ သူတို႔ မပတ္သက္ေလ ေကာင္းေလပါပဲ။ မေျပာရဲၾကလို႔ မေျပာရဲတာပဲရွိတယ္။

ေမး - ထူးထူးျခားျခားျမင္ရတာက ေလဆိပ္မွာ ေလယာဥ္ကိုတိုက္ခိုက္လို႔ အင္တာနက္လူမႈကြန္ရက္ေတြ မွာ KIA ကို ကခ်င္ျပည္နယ္သား လူအစုအေဝးႀကီးက ေဝဖန္ၾကတာေလ။
ေျဖ - ဒါက ပထမဦးဆုံးေတာ့ မဟုတ္ဘူး။ ေရွ႕မွာလည္း အလားတူျဖစ္စဥ္ေတြေတာ့ရွိတယ္။ တစ္ခုခုဆို KIA (၆၅) ႏွစ္ျပည့္ မိန႔္ခြန္းေအာက္ သြားဖတ္ၾကည့္ အကုန္လုံးဆဲေနတာ။ ဆဲကုန္ၿပီေလ။ ဘယ္သူမွ မခံ ႏိုင္ဘူးေလ။ အခုက သူတို႔လုပ္သမွ် ဆဲမွာ။ ဆဲဖို႔ ျပင္ေနၾကၿပီ။

ေမး - KIO/KIA က အစိုးရ တစ္ခုလို အုပ္ခ်ဳပ္ႏိုင္တဲ့ စြမ္းရည္ရွိလား။
ေျဖ - ဘယ္ရွိမလဲ မရွိဘူး။ ဘာလို႔လဲဆိုေတာ့ ဝမ္ေပါင္ အစိုးရေျပာတယ္။ ဝမ္ေပါင္ႏိုင္ငံရဲ႕ အစိုးရလို႔ သူတို႔ ကိုယ္ သူတို႔သတ္မွတ္တယ္။ ကြၽန္ေတာ္က ေျပာတယ္ အစိုးရ တစ္ရပ္ဟာ Constitution ရွိရတယ္။ KIA မွာ မရွိဘူး။ KIA မွာ ဥပေဒလည္း မရွိဘူး။ တရားစီရင္မႈ ဥပေဒျပဳေရး ဘာရွိလဲ ဘာမွ မရွိဘူး။ အစိုးရတစ္ရပ္လို႔ဆိုရင္ Constitution မွ မရွိပဲ လူေတြကို ဘယ္လိုအုပ္ခ်ဳပ္မွာလဲ မဟုတ္ ဘူးလား။ ဘာမွ မရွိဘူး။ စိတ္က ထင္ရာပဲေလွ်ာက္ေျပာၿပီးမွ ျပည္သူကို ဝန္ေဆာင္မႈေပးႏိုင္တဲ့၊ အုပ္ခ်ဳပ္မႈေပးႏိုင္တဲ့ အစိုးရယႏၲရားလည္း ဘာမွမရွိဘူး။ သိတယ္ မဟုတ္လား ပညာေရး၊ က်န္းမာေရး ကခ်င္လူထု အကုန္လုံးကို ဝန္ေဆာင္မႈေပးႏိုင္တာ မရွိဘူး။ ပညာေရး၊ က်န္းမာေရး ဘာမွမရွိဘူး။ အဲဒါ မရွိဘဲ ကခ်င္ျပည္ကို ဘယ္လိုအုပ္ခ်ဳပ္မွာလဲ။ လိုင္ဇာ ေတာင္မွ တိုးတက္ေအာင္ အုပ္ခ်ဳပ္တတ္ဘူး။ သူတို႔ၿပီးရင္ KIA ၿမိဳ႕ေတြရွိေသးတယ္။ ေမခ၊ မလိခ ဆိုတာ တပ္က ေျခမခ်တဲ့ေဒသ။ သူတို႔ တပ္မဟာ (၁) ေဒသ။ အဲဒီမွာ ကတၱရာလမ္းတစ္လမ္း အခုထိ မေပါက္ေသးဘူး။ အဲဒါကို ဘယ္လိုလုပ္မွာလဲ။ ဒီေကာင္ေတြရထားတဲ့နယ္ေျမက အရင္က စင္ကာပူထက္ ႏွစ္ဆေလာက္က်ယ္တယ္။ ကခ်င္ အားလုံး လာေနရင္ မင္းတို႔လြတ္ေျမာက္သြားလိမ့္မယ္။ သူတို႔ဘာမွမလုပ္ႏိုင္ပါဘူး။ ဘယ္လိုလုပ္ၿပီး ျမစ္ႀကီးနား အုပ္ခ်ဳပ္မွာလဲ၊ ကခ်င္ျပည္အုပ္ခ်ဳပ္မွာလည္း မျဖစ္ႏိုင္ဘူး။

ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

© 2021. All rights reserved.