ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်တစ်စီးကို အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ ရုရှားစစ်ဘက် သတင်းထုတ်ပြန်

105

Pika (NP News) - ဇန်နဝါရီ ၁၃
ရုရှားရဲ့ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်က ယူကရိန်းကအသုံးပြုနေတဲ့ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်တစ်စင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်လို့ ရုရှားစစ်ဘက်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်က ယူကရိန်းကို ထောက်ပံ့ပေးခဲ့တဲ့ F-16 တိုက်လေယာဉ်ဟာ ၎င်းရဲ့တပ်ဖွဲ့ရင်ဆိုင်ခဲ့ရတဲ့ စိတ်ဝင်စားဖွယ်အကောင်းဆုံးပစ်မှတ်တစ်ခုဖြစ်တယ်လို့ ရုရှားတပ်မှူး ဗလာဒီမာဆိုလိုဗိုရိုက ထုတ်ဖော်ပြောဆိုခဲ့ ပါတယ်။
ရုရှားရဲ့ S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်က ဒုံးကျည်နှစ်စင်းကို ပစ်လွှတ်ခဲ့ပြီး ပထမတစ်စီးက F-16တိုက်လေယာဉ်ကို ထိမှန်သွားခဲ့ပြီး နောက်ထပ်ဒုံးကျည်တစ်စင်းက တိုက်လေယာဉ်ကို ဖောက်ခွဲပစ်ခဲ့တယ်လို့ ဗလာဒီမာဆိုလိုဗိုရိုက ပြောကြားခဲ့ပါတယ်။
၎င်းက “ဒီစစ်ဆင်ရေးအတွက် ပြင်ဆင်ဖို့ ကျွန်တော်တို့အချိန်အများကြီးယူခဲ့ရပါတယ်။ ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်ကို ကျွန်တော်တို့ခြေရာခံခဲ့ပြီး အောင်မြင်စွာဖျက်ဆီးပစ်နိုင်ခဲ့တာပါ။ ရလဒ်အနေနဲ့ကတော့ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်လည်း အခြားတိုက်လေယာဉ်တွေလိုပဲ ကောင်းကင်ပေါ်ကနေ ပြုတ်ကျ လာခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံဟာ (၂၀၂၄)ခုနှစ် ဩဂုတ်လမှာ F-16 တိုက်လေယာဉ်တွေကို စတင်လက်ခံရရှိခဲ့ပြီး တိုက်ပွဲတွေ အတွင်း (၄)စီး ဆုံးရှုံးခဲ့ရပြီးပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းရဲ႕ F-16 တိုက္ေလယာဥ္တစ္စီးကို ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔ ႐ုရွားစစ္ဘက္ သတင္းထုတ္ျပန္
Pika (NP News) - ဇန္နဝါရီ ၁၃
႐ုရွားရဲ႕ S-300 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္က ယူကရိန္းကအသုံးျပဳေနတဲ့ အေမရိကန္ထုတ္ F-16 တိုက္ေလယာဥ္တစ္စင္းကို ေအာင္ျမင္စြာပစ္ခ်ႏိုင္ခဲ့တယ္လို႔ ႐ုရွားစစ္ဘက္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္က ယူကရိန္းကို ေထာက္ပံ့ေပးခဲ့တဲ့ F-16 တိုက္ေလယာဥ္ဟာ ၎ရဲ႕တပ္ဖြဲ႕ရင္ဆိုင္ခဲ့ရတဲ့ စိတ္ဝင္စားဖြယ္အေကာင္းဆုံးပစ္မွတ္တစ္ခုျဖစ္တယ္လို႔ ႐ုရွားတပ္မႉး ဗလာဒီမာဆိုလိုဗို႐ိုက ထုတ္ေဖာ္ေျပာဆိုခဲ့ ပါတယ္။
႐ုရွားရဲ႕ S-300 ေလေၾကာင္းရန္ကာကြယ္ေရးစနစ္က ဒုံးက်ည္ႏွစ္စင္းကို ပစ္လႊတ္ခဲ့ၿပီး ပထမတစ္စီးက F-16တိုက္ေလယာဥ္ကို ထိမွန္သြားခဲ့ၿပီး ေနာက္ထပ္ဒုံးက်ည္တစ္စင္းက တိုက္ေလယာဥ္ကို ေဖာက္ခြဲပစ္ခဲ့တယ္လို႔ ဗလာဒီမာဆိုလိုဗို႐ိုက ေျပာၾကားခဲ့ပါတယ္။
၎က “ဒီစစ္ဆင္ေရးအတြက္ ျပင္ဆင္ဖို႔ ကြၽန္ေတာ္တို႔အခ်ိန္အမ်ားႀကီးယူခဲ့ရပါတယ္။ ယူကရိန္းရဲ႕ F-16 တိုက္ေလယာဥ္ကို ကြၽန္ေတာ္တို႔ေျခရာခံခဲ့ၿပီး ေအာင္ျမင္စြာဖ်က္ဆီးပစ္ႏိုင္ခဲ့တာပါ။ ရလဒ္အေနနဲ႔ကေတာ့ အေမရိကန္ထုတ္ F-16 တိုက္ေလယာဥ္လည္း အျခားတိုက္ေလယာဥ္ေတြလိုပဲ ေကာင္းကင္ေပၚကေန ျပဳတ္က် လာခဲ့ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ယူကရိန္းႏိုင္ငံဟာ (၂၀၂၄)ခုႏွစ္ ဩဂုတ္လမွာ F-16 တိုက္ေလယာဥ္ေတြကို စတင္လက္ခံရရွိခဲ့ၿပီး တိုက္ပြဲေတြ အတြင္း (၄)စီး ဆုံးရႈံးခဲ့ရၿပီးၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။