အီရန်အပေါ် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတွေအားလုံးကို ဆန့်ကျင်တယ်လို့ တရုတ်အစိုးရပြော

82
Pika (NP News) - ဇန်နဝါရီ ၁၃
အခြားနိုင်ငံတွေအပေါ် နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတွေအားလုံးကို ဆန့်ကျင်တယ်လို့ တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အီရန်နိုင်ငံအတွင်းမှာဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေမှာ နောက်ထပ်ဆန္ဒပြသူတွေကို အီရန် က သတ်ဖြတ်ခဲ့မယ်ဆိုရင် စစ်ရေးအရဝင်ရောက်စွက်ဖက်မှုတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် တရုတ်အစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါ တယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က “တစ်ခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကို နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုတွေအားလုံးကို ကျွန်မတို့ အမြဲတမ်းဆန့်ကျင်ပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေမယ့်အရာတွေကို ပိုမိုလုပ်ဆောင်ဖို့ အဖွဲ့အစည်းအား လုံးကို ကျွန်မတို့ တိုက်တွန်းပါတယ်” လို့ ပြောခဲ့ပါတယ်။
နေထိုင်မှုစရိတ်အကျပ်အတည်းကြောင့်ဖြစ်ပေါ်လာတဲ့ဆန္ဒပြပွဲတွေဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်တုန်းက အီရန်နိုင်ငံ တီဟီရန်မြို့မှာ ဆိုင်ရှင်တစ်ဦးက သပိတ်မှောက်ဆန္ဒပြရာကနေ စတင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အီရန္အေပၚ ႏိုင္ငံျခားဝင္ေရာက္စြက္ဖက္မႈေတြအားလုံးကို ဆန႔္က်င္တယ္လို႔ တ႐ုတ္အစိုးရေျပာ
Pika (NP News) - ဇန္နဝါရီ ၁၃
အျခားႏိုင္ငံေတြအေပၚ ႏိုင္ငံျခားဝင္ေရာက္စြက္ဖက္မႈေတြအားလုံးကို ဆန႔္က်င္တယ္လို႔ တ႐ုတ္အစိုးရက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အီရန္ႏိုင္ငံအတြင္းမွာျဖစ္ပြားေနတဲ့ ဆႏၵျပပြဲေတြမွာ ေနာက္ထပ္ဆႏၵျပသူေတြကို အီရန္ က သတ္ျဖတ္ခဲ့မယ္ဆိုရင္ စစ္ေရးအရဝင္ေရာက္စြက္ဖက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္အစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါ တယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က “တစ္ျခားႏိုင္ငံေတြရဲ႕ျပည္တြင္းေရးကို ႏိုင္ငံျခား ဝင္ေရာက္စြက္ဖက္မႈေတြအားလုံးကို ကြၽန္မတို႔ အၿမဲတမ္းဆန႔္က်င္ပါတယ္။ အေရွ႕အလယ္ပိုင္းေဒသမွာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးအတြက္ အေထာက္အကူျဖစ္ေစမယ့္အရာေတြကို ပိုမိုလုပ္ေဆာင္ဖို႔ အဖြဲ႕အစည္းအား လုံးကို ကြၽန္မတို႔ တိုက္တြန္းပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေနထိုင္မႈစရိတ္အက်ပ္အတည္းေၾကာင့္ျဖစ္ေပၚလာတဲ့ဆႏၵျပပြဲေတြဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္တုန္းက အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕မွာ ဆိုင္ရွင္တစ္ဦးက သပိတ္ေမွာက္ဆႏၵျပရာကေန စတင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။