PR သည် တစ်ခါတစ်ရံ ထိုသို့ ရှိတတ်၏ (သတင်းဓာတ်ပုံကဏ္ဍ)

 824

NP News - ဇန်နဝါရီ ၁၆

ရွေးကောက်ပွဲ အပိုင်း ၂ ၏ အနိုင်ရသူစာရင်းများကို UEC က ဇန်နဝါရီ ၁၅ ရက် ညပိုင်း၌ ထုတ်ပြန်ကြေညာခဲ့ သော်လည်း အပိုင်း ၂ ပြီးသည်အထိ အနိုင်အရှုံး အဖြေမထွက်သေးသည့် ကိုယ်စားလှယ်အချို့ ရှိနေကြောင်း ကြားသိရသည်။ ဥပမာအားဖြင့် လက်ရှိ စီးပွားကူးသန်းဝန်ကြီး ဦးချစ်ဆွေ ဝင်ရောက်ယှဥ်ပြိုင်သော အမျိုးသား လွှတ်တော် PR အမှတ် ၂ နေရာအတွက် ရွေးကောက်ပွဲ အပိုင်း ၁ နှင့် ၂ ပြီးသွားသည့်တိုင် အနိုင်အရှုံး အဖြေ မထွက်သေးခြင်းပင်ဖြစ်သည်။ ဦးချစ်ဆွေအနေဖြင့် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲ အပိုင်း ၃ ပြီးမှသာလျင် အနိုင်အရှုံးကို သိရှိနိင်မည်ဖြစ်သည်။ ဦးချစ်ဆွေ သွားရောက်မဲဆွယ်ခဲ့သော နေရာနှင့် အခြေအနေ မြင်ကွင်းအချို့ကို NP News သတင်းထောက်က မှတ်တမ်းရယူထားသည်များအား ဖော်ပြအပ်သည်။ ဦးချစ်ဆွေကဲ့သို့ အမျိုးသားလွှတ်တော် PR သမားအချို့လည်း အနိုင်အရှုံး အဖြေမပြတ်သေးသည်များ ရှိနေကြောင်း ကြားသိရသည်။ PR သည် တစ်ခါတစ်ရံတွင် ထိုသို့ ရှိတတ်၏။

Zawgyi Version:
PR သည္ တစ္ခါတစ္ရံ ထိုသို႔ ရွိတတ္၏ (သတင္းဓာတ္ပုံက႑)
NP News - ဇန္နဝါရီ ၁၆
ေ႐ြးေကာက္ပြဲ အပိုင္း ၂ ၏ အႏိုင္ရသူစာရင္းမ်ားကို UEC က ဇန္နဝါရီ ၁၅ ရက္ ညပိုင္း၌ ထုတ္ျပန္ေၾကညာခဲ့ ေသာ္လည္း အပိုင္း ၂ ၿပီးသည္အထိ အႏိုင္အရႈံး အေျဖမထြက္ေသးသည့္ ကိုယ္စားလွယ္အခ်ိဳ႕ ရွိေနေၾကာင္း ၾကားသိရသည္။ ဥပမာအားျဖင့္ လက္ရွိ စီးပြားကူးသန္းဝန္ႀကီး ဦးခ်စ္ေဆြ ဝင္ေရာက္ယွဥ္ၿပိဳင္ေသာ အမ်ိဳးသား လႊတ္ေတာ္ PR အမွတ္ ၂ ေနရာအတြက္ ေ႐ြးေကာက္ပြဲ အပိုင္း ၁ ႏွင့္ ၂ ၿပီးသြားသည့္တိုင္ အႏိုင္အရႈံး အေျဖ မထြက္ေသးျခင္းပင္ျဖစ္သည္။ ဦးခ်စ္ေဆြအေနျဖင့္ ဇန္နဝါရီ ၂၅ ရက္တြင္ က်င္းပမည္ျဖစ္ေသာ ေ႐ြးေကာက္ပြဲ အပိုင္း ၃ ၿပီးမွသာလ်င္ အႏိုင္အရႈံးကို သိရွိနိင္မည္ျဖစ္သည္။ ဦးခ်စ္ေဆြ သြားေရာက္မဲဆြယ္ခဲ့ေသာ ေနရာႏွင့္ အေျခအေန ျမင္ကြင္းအခ်ိဳ႕ကို NP News သတင္းေထာက္က မွတ္တမ္းရယူထားသည္မ်ားအား ေဖာ္ျပအပ္သည္။ ဦးခ်စ္ေဆြကဲ့သို႔ အမ်ိဳးသားလႊတ္ေတာ္ PR သမားအခ်ိဳ႕လည္း အႏိုင္အရႈံး အေျဖမျပတ္ေသးသည္မ်ား ရွိေနေၾကာင္း ၾကားသိရသည္။ PR သည္ တစ္ခါတစ္ရံတြင္ ထိုသို႔ ရွိတတ္၏။

Picture

Aung Aung

16/01/2026 11:34

လုပ်ပွဲ ဆိုတာ 😆

Related news

© 2021. All rights reserved.