ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်း၌ ဆင်ပြတိုက် ဖွင့်လှစ်ပြသမည်

145

Pearl (NP News) - ဇန်နဝါရီ ၂၁
(၈၆) ရက်ကြာ ကျင်းပမည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားပွဲတွင် ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်း၌ ဆင်ပြတိုက် (Elephant Museum) ဖွင့်လှစ် ပြသမည်ဖြစ်ကြောင်း သိရသည်။
မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိကျင်းပမည်ဖြစ်ပြီး ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ ဖွင့်လှစ်မည်ဖြစ်ကာ ဗဟုသုတရရှိနိုင်မည့် ဆင်နှင့်ပတ်သက်သည့် အချက်အလက်များ ရုပ်လုံးသွင်း ဆင်ရုပ်ထုနှင့် ဆင်အသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဆင်ပြတိုက်(Elephant Museum)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ခဲ့ပြီး ဆင်ပြတိုက်ထဲတွင် ဆင်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ဆင်စွယ်တပ်ဆင်ထားသော ဆင်အမျိုးအစားခွဲခြားသည့် ဆင်ခေါင်းရုပ်ထုများ၊ ဆင်များတပ်ဆင်အသုံးပြုသည့် အသုံးဆောင်ပစ္စည်များ၊ ဆင်ဖမ်းနည်းသရုပ်ပြကွက်၊ တရားမဝင်ရောင်းဝယ်ခွင့်မပြုသည့် ဆင်စွယ်တို့ဖြင့် ပြုလုပ်ထားသော မြန်မာ့အနုပညာလက်ရာပစ္စည်းများ၊ တောဆင်များတွင် တပ်ဆင်သည့် ခြေရာခံလည်ပတ် (Radio Collar) နှင့် ကင်မရာထောင်ချောက်၊ ဆင်ရုပ်လုံးသွင်းရုပ်ထုစသည့် ဆင်နှင့်ပတ်သက်သောပစ္စည်းများကို ခင်းကျင်းပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဆင်စခန်းကို နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ ဖွင့်လှစ်မည်ထားကာ ဆင်စခန်းရှိ တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေနိုင်ကြောင်း၊ ဆင်စခန်းတွင် ဆင်ထီး ငါးကောင်၊ ဆင်မ ရှစ်ကောင်၊ စုစုပေါင်းဆင် ၁၃ ကောင်ရှိပြီး ပြည်တွင်းခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်နှင့် ခရီးတို ဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပနိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ်နှုန်းဖြစ်ကြောင်း သိရသည်။
တည်းခိုဆောင်အနေဖြင့် VIP တည်းခိုဆောင် လေးလုံးနှင့် ဘန်ဂလို ၁၁ လုံးရှိပြီး ဘန်ဂလိုတည်းခိုဆောင်တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၄၀၀၀၀ ကျပ်နှုန်းနှင့် VIP တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၇၀၀၀၀ ကျပ်နှုန်းတို့ဖြင့် အသီးသီးသတ်မှတ်ထားကြောင်းသိရသည်။
ထို့အပြင် ဆင်စာဘူဖေးကို တတ်နိုင်သောနှုန်းထားဖြင့် ဆင်စာများ ဝယ်ယူကျွေးမွေးလှူုဒါန်းနိုင်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း ၂၄ ခုကို ဖွင့်လှစ်ထားရှိပြီး အဆိုပါဆင်စခန်းများအနက် ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ပဉ္စမမြောက်အဖြစ် ဆင်ပြတိုက်(Elephant Museum)ကို ထည့်သွင်းခင်းကျင်းပြနိုင်သည့် အပန်းဖြေဆင်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ေ႐ႊစက္ေတာ္မန္းေခ်ာင္းအပန္းေျဖဆင္စခန္း၌ ဆင္ျပတိုက္ ဖြင့္လွစ္ျပသမည္
Pearl (NP News) - ဇန္နဝါရီ ၂၁
(၈၆) ရက္ၾကာ က်င္းပမည့္ မေကြးတိုင္းေဒသႀကီး၊ မင္းဘူး (စကု) ၿမိဳ႕နယ္ရွိ မန္းေ႐ႊစက္ေတာ္ဘုရားပြဲတြင္ ေ႐ႊစက္ေတာ္မန္းေခ်ာင္းအပန္းေျဖဆင္စခန္း၌ ဆင္ျပတိုက္ (Elephant Museum) ဖြင့္လွစ္ ျပသမည္ျဖစ္ေၾကာင္း သိရသည္။
မန္းေ႐ႊစက္ေတာ္ဘုရား ဗုဒၶပူဇနိယပြဲေတာ္ႀကီးကို ဇန္နဝါရီ ၂၂ ရက္မွ ဧၿပီ ၁၇ ရက္အထိက်င္းပမည္ျဖစ္ၿပီး ေ႐ႊစက္ေတာ္မန္းေခ်ာင္း အပန္းေျဖဆင္စခန္းကို မန္းေ႐ႊစက္ေတာ္ဘုရားႀကီးအနီး ပေဒါင္း-ေပ်ာ္ဘြယ္ ႀကိဳးျပင္ကာကြယ္ေတာအတြင္း၌ ဖြင့္လွစ္မည္ျဖစ္ကာ ဗဟုသုတရရွိႏိုင္မည့္ ဆင္ႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ား ႐ုပ္လုံးသြင္း ဆင္႐ုပ္ထုႏွင့္ ဆင္အသုံးအေဆာင္ပစၥည္းမ်ားကို ခင္းက်င္းျပသေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
အဆိုပါဆင္ျပတိုက္(Elephant Museum)ကို ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္တြင္ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ခြင့္ျပဳရန္ပုံေငြျဖင့္ ေဆာက္လုပ္ခဲ့ၿပီး ဆင္ျပတိုက္ထဲတြင္ ဆင္ေက်ာက္ျဖစ္႐ုပ္ႂကြင္းမ်ား၊ ဆင္စြယ္တပ္ဆင္ထားေသာ ဆင္အမ်ိဳးအစားခြဲျခားသည့္ ဆင္ေခါင္း႐ုပ္ထုမ်ား၊ ဆင္မ်ားတပ္ဆင္အသုံးျပဳသည့္ အသုံးေဆာင္ပစၥည္မ်ား၊ ဆင္ဖမ္းနည္းသ႐ုပ္ျပကြက္၊ တရားမဝင္ေရာင္းဝယ္ခြင့္မျပဳသည့္ ဆင္စြယ္တို႔ျဖင့္ ျပဳလုပ္ထားေသာ ျမန္မာ့အႏုပညာလက္ရာပစၥည္းမ်ား၊ ေတာဆင္မ်ားတြင္ တပ္ဆင္သည့္ ေျခရာခံလည္ပတ္ (Radio Collar) ႏွင့္ ကင္မရာေထာင္ေခ်ာက္၊ ဆင္႐ုပ္လုံးသြင္း႐ုပ္ထုစသည့္ ဆင္ႏွင့္ပတ္သက္ေသာပစၥည္းမ်ားကို ခင္းက်င္းျပသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဆင္စခန္းကို ေန႔စဥ္ နံနက္ ၇ နာရီမွ ညေန ၆ နာခ်ိန္ထိ ဖြင့္လွစ္မည္ထားကာ ဆင္စခန္းရွိ တည္းခိုေဆာင္မ်ား၌ ညအိပ္တည္းခိုနားေနႏိုင္ေၾကာင္း၊ ဆင္စခန္းတြင္ ဆင္ထီး ငါးေကာင္၊ ဆင္မ ရွစ္ေကာင္၊ စုစုေပါင္းဆင္ ၁၃ ေကာင္ရွိၿပီး ျပည္တြင္းခရီးသြားတစ္ဦးလွ်င္ ဆင္စခန္းဝင္ေၾကး ၁၀၀၀ က်ပ္ႏွင့္ ခရီးတို ဆင္စီးခ ၅၀၀၀ က်ပ္ႏႈန္း၊ ျပည္ပႏိုင္ငံျခားသားတစ္ဦးလွ်င္ ဝင္ေၾကး ၁၀၀၀၀ က်ပ္ႏွင့္ ခရီးတိုဆင္စီးခ ၁၀၀၀၀ က်ပ္ႏႈန္းျဖစ္ေၾကာင္း သိရသည္။
တည္းခိုေဆာင္အေနျဖင့္ VIP တည္းခိုေဆာင္ ေလးလုံးႏွင့္ ဘန္ဂလို ၁၁ လုံးရွိၿပီး ဘန္ဂလိုတည္းခိုေဆာင္တစ္လုံးအတြက္ တစ္ရက္လွ်င္ ငွားရမ္းခ ၄၀၀၀၀ က်ပ္ႏႈန္းႏွင့္ VIP တည္းခိုေဆာင္ တစ္လုံးအတြက္ တစ္ရက္လွ်င္ ငွားရမ္းခ ၇၀၀၀၀ က်ပ္ႏႈန္းတို႔ျဖင့္ အသီးသီးသတ္မွတ္ထားေၾကာင္းသိရသည္။
ထို႔အျပင္ ဆင္စာဘူေဖးကို တတ္ႏိုင္ေသာႏႈန္းထားျဖင့္ ဆင္စာမ်ား ဝယ္ယူေကြၽးေမြးလႉုဒါန္းႏိုင္ေၾကာင္း သိရသည္။
ျမန္မာတစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ျမန္မာ့သစ္လုပ္ငန္း၊ သစ္ထုတ္ေရးဌာန၊ ဆင္ထိန္းသိမ္းေစာင့္ေရွာက္ေရးအေျချပဳ ခရီးသြားလုပ္ငန္း Elephant Conservation Based Tourism (ECBT) စခန္း ၂၄ ခုကို ဖြင့္လွစ္ထားရွိၿပီး အဆိုပါဆင္စခန္းမ်ားအနက္ ေ႐ႊစက္ေတာ္မန္းေခ်ာင္း အပန္းေျဖဆင္စခန္းတြင္ ပၪၥမေျမာက္အျဖစ္ ဆင္ျပတိုက္(Elephant Museum)ကို ထည့္သြင္းခင္းက်င္းျပႏိုင္သည့္ အပန္းေျဖဆင္စခန္းတစ္ခုျဖစ္ေၾကာင္း သိရသည္။