ကနေဒါကို တရုတ်က ဝါးမျိုသွားလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်သတိပေး

192

Pika(NP News) - ဇန်နဝါရီ ၂၆
ကနေဒါနိုင်ငံက အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် တရုတ်က ကနေဒါကို ဝါးမျိုသွားလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့ Iron Domeဒုံးကျည်ကာကွယ်ရေးစနစ်ကို အတုယူထားတဲ့ ၎င်းရဲ့အစီအစဉ် Golden Domeဒုံးကျည်ကာကွယ်ရေးစနစ်ကို ကနေဒါကန့်ကွက်ခဲ့တယ်လို့လည်း ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က” Golden Domeဒုံးကျည်ကာကွယ်ရေးစနစ်က ကနေဒါကို ကာကွယ်ပေးမှာဖြစ်ပေမယ့်လည်း ဂရင်းလန်းကျွန်းပေါ်မှာ Golden Domeဒုံးကျည်ကာကွယ်ရေးစနစ်တည်ဆောက်ဖို့ကို ကနေဒါက ဆန့်ကျင်ကန့်ကွက်ခဲ့ပါတယ်။ကနေဒါက သူတို့ကိုတစ်နှစ်အတွင်း ဝါးမျိုသွားမယ့် တရုတ်နဲ့စီးပွားရေးလုပ်ဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ဂရင်းလန်းကျွန်းကို Golden Domeဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ လွှမ်းခြုံထားစေလိုတယ်လို့ ဒေါ်နယ်ထရမ့်ကပြောကြားခဲ့ပြီး ဂရင်းလန်းကျွန်းကို ထိန်းချုပ်တာက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။အမေရိကန်က ဂရင်းလန်းကျွန်းကို မသိမ်းယူဘူးဆိုရင် ရုရှားနဲ့တရုတ်တို့က ဂရင်းလန်းကျွန်းကို သိမ်းယူသွားလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ကေနဒါကို တ႐ုတ္က ဝါးမ်ိဳသြားလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္သတိေပး
Pika(NP News) - ဇန္နဝါရီ ၂၆
ကေနဒါႏိုင္ငံက အေမရိကန္နဲ႔ပူးေပါင္းေဆာင္႐ြက္ဖို႔ ျငင္းဆန္ခဲ့မယ္ဆိုရင္ တ႐ုတ္က ကေနဒါကို ဝါးမ်ိဳသြားလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။အစၥေရးရဲ႕ Iron Domeဒုံးက်ည္ကာကြယ္ေရးစနစ္ကို အတုယူထားတဲ့ ၎ရဲ႕အစီအစဥ္ Golden Domeဒုံးက်ည္ကာကြယ္ေရးစနစ္ကို ကေနဒါကန႔္ကြက္ခဲ့တယ္လို႔လည္း ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က” Golden Domeဒုံးက်ည္ကာကြယ္ေရးစနစ္က ကေနဒါကို ကာကြယ္ေပးမွာျဖစ္ေပမယ့္လည္း ဂရင္းလန္းကြၽန္းေပၚမွာ Golden Domeဒုံးက်ည္ကာကြယ္ေရးစနစ္တည္ေဆာက္ဖို႔ကို ကေနဒါက ဆန႔္က်င္ကန႔္ကြက္ခဲ့ပါတယ္။ကေနဒါက သူတို႔ကိုတစ္ႏွစ္အတြင္း ဝါးမ်ိဳသြားမယ့္ တ႐ုတ္နဲ႔စီးပြားေရးလုပ္ဖို႔ကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ဂရင္းလန္းကြၽန္းကို Golden Domeဒုံးက်ည္ကာကြယ္ေရးစနစ္နဲ႔ လႊမ္းၿခဳံထားေစလိုတယ္လို႔ ေဒၚနယ္ထရမ့္ကေျပာၾကားခဲ့ၿပီး ဂရင္းလန္းကြၽန္းကို ထိန္းခ်ဳပ္တာက အေမရိကန္ရဲ႕အမ်ိဳးသားလုံၿခဳံေရးအတြက္ အေရးႀကီးတဲ့အရာတစ္ခုျဖစ္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။အေမရိကန္က ဂရင္းလန္းကြၽန္းကို မသိမ္းယူဘူးဆိုရင္ ႐ုရွားနဲ႔တ႐ုတ္တို႔က ဂရင္းလန္းကြၽန္းကို သိမ္းယူသြားလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အႀကိမ္ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။