ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ အမေရိကန်နိုင်ငံ တရားဝင်နုတ်ထွက်

 108

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၈

အမေရိကန်နိုင်ငံသည် ကမ္ဘာကျန်းမာရေးအဖွဲ့မှ ဇန်နဝါရီ ၂၃ရက်တွင် တရားဝင်နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သော ကမ္ဘာကျန်းမာရေးအဖွဲ့သည် ကမ္ဘာအကြီးမားဆုံး အလှူရှင် နိုင်ငံမရှိဘဲ အဖွဲ့ကို ဆက်လက်ရပ်တည်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနုတ်ထွက်မှုသည် သမ္မတထရမ့် ၏ဒုတိယသက်တမ်း စတင်တာဝန်ယူခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်က ပထမဆုံး လက်မှတ်ရေးထိုးခဲ့သော Executive Order 14155 ၏ ရလဒ်ဖြစ်ပြီး၊ အမေရိကန်ဥပဒေအရ သတ်မှတ်ထားသော တစ်နှစ်ပြည့် ကြိုတင်အသိပေးကာလ က ဒီဇင်ဘာ ၂၃ ရက်တွင် ပြည့်မြောက်သွားခဲ့ကြောင်း သိရသည်။
၁၉၄၈ ခုနှစ်က အမေရိကန်ကွန်ဂရက်မှ အတည်ပြုခဲ့သော ပူးတွဲဆုံးဖြတ်ချက် (Joint Resolution) အရ အမေရိကန်အနေဖြင့် WHO မှ ထွက်ခွာလိုပါက တစ်နှစ်ကြိုတင် အသိပေးရမည်ဖြစ်ပြီးလက်ကျန်ကြွေးမြီများကို အပြေအကျေ ပေးချေရမည်ဖြစ်သည်။ သို့သော် လက်တွေ့တွင် အမေရိကန်သည် WHO သို့ပေးသွင်းရန် ကျန်ရှိနေ သော ကြွေးမြီ ဒေါ်လာသန်း ၂၆၀ (ခန့်မှန်းခြေ) ကို ပေးချေခြင်းမရှိသေးကြောင်း သတင်းများ ထွက်ပေါ်နေသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို နှင့် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာတို့၏ ပူးတွဲကြေညာချက်တွင် "အမေရိကန်၏ အခွန်ဘဏ္ဍာငွေများကို ပြုပြင်ပြောင်းလဲရန် ပျက်ကွက်သော အဖွဲ့အစည်းတစ်ခုအတွက် ဆက်လက်ဖြုန်းတီးနေမည် မဟုတ်ဘဲ၊ နိုင်ငံအလိုက် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ ကမ္ဘာ့ကျန်းမာရေးကို ဦးဆောင်သွားမည်" ဟု ဖော်ပြထားသည်။
WHO ဌာနချုပ်သည် အကြီးမားဆုံး အလှူရှင်နိုင်ငံကို လက်လွတ်လိုက်ရသဖြင့် ဘဏ္ဍာရေး အကျပ်အတည်း ဆိုက်ရောက်နေပြီးWHO သည် ဝန်ထမ်းအင်အား ၂၅ ရာခိုင်နှုန်းခန့်ကို လျှော့ချရန် ပြင်ဆင်နေရကာ ဖွံ့ဖြိုးဆဲနိုင်ငံ များရှိ ကာကွယ်ဆေးထိုးနှံရေး စီမံချက်များ ရပ်တန့်သွားနိုင်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်လိုက်သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ ကူညီထောက်ပံ့ပေးနေသော ကူညီထောက်ပံ့ပေးမှု အားလုံးဖျက်သိမ်းမည်ဖြစ်ကြောင်း သိရသည်။ ဆွတ်ဇာလန် နိုင်ငံရှိ ကမ္ဘာကျန်းမာရေးအဖွဲ့ ရုံးချုပ်နှင့် ကမ္ဘာတဝှမ်းရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရုံးများမှ အမေရိကန်နိုင်ငံသား များကို ပြန်လည်ခေါ်ယူမည်ဖြစ်သလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နှင့် အမေရိကန်နိုင်ငံကြား စေ့စပ်ဆွေးနွေးခဲ့သည့် စာချုပ်များကို ဆိုင်းငံခြင်းများ၊ ဖျက်သိမ်းခြင်းများ လုပ်ဆောင်ဖွယ်ရှိနေကြောင်း သိရသည်။

Zawgyi Version;
ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO မွ အေမရိကန္ႏိုင္ငံ တရားဝင္ႏုတ္ထြက္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၈
အေမရိကန္ႏိုင္ငံသည္ ကမာၻက်န္းမာေရးအဖြဲ႕မွ ဇန္နဝါရီ ၂၃ရက္တြင္ တရားဝင္ႏုတ္ထြက္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။ ကုလသမဂၢအဖြဲ႕အစည္းတစ္ခုျဖစ္ေသာ ကမာၻက်န္းမာေရးအဖြဲ႕သည္ ကမာၻအႀကီးမားဆုံး အလႉရွင္ ႏိုင္ငံမရွိဘဲ အဖြဲ႕ကို ဆက္လက္ရပ္တည္ရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါႏုတ္ထြက္မႈသည္ သမၼတထရမ့္ ၏ဒုတိယသက္တမ္း စတင္တာဝန္ယူခဲ့သည့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလ ၂၀ ရက္က ပထမဆုံး လက္မွတ္ေရးထိုးခဲ့ေသာ Executive Order 14155 ၏ ရလဒ္ျဖစ္ၿပီး၊ အေမရိကန္ဥပေဒအရ သတ္မွတ္ထားေသာ တစ္ႏွစ္ျပည့္ ႀကိဳတင္အသိေပးကာလ က ဒီဇင္ဘာ ၂၃ ရက္တြင္ ျပည့္ေျမာက္သြားခဲ့ေၾကာင္း သိရသည္။
၁၉၄၈ ခုႏွစ္က အေမရိကန္ကြန္ဂရက္မွ အတည္ျပဳခဲ့ေသာ ပူးတြဲဆုံးျဖတ္ခ်က္ (Joint Resolution) အရ အေမရိကန္အေနျဖင့္ WHO မွ ထြက္ခြာလိုပါက တစ္ႏွစ္ႀကိဳတင္ အသိေပးရမည္ျဖစ္ၿပီးလက္က်န္ေႂကြးၿမီမ်ားကို အေျပအေက် ေပးေခ်ရမည္ျဖစ္သည္။ သို႔ေသာ္ လက္ေတြ႕တြင္ အေမရိကန္သည္ WHO သို႔ေပးသြင္းရန္ က်န္ရွိေန ေသာ ေႂကြးၿမီ ေဒၚလာသန္း ၂၆၀ (ခန႔္မွန္းေျခ) ကို ေပးေခ်ျခင္းမရွိေသးေၾကာင္း သတင္းမ်ား ထြက္ေပၚေနသည္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို ႐ူဘီယို ႏွင့္ က်န္းမာေရးဝန္ႀကီး ေရာဘတ္ အက္ဖ္ ကေနဒီ ဂ်ဴနီယာတို႔၏ ပူးတြဲေၾကညာခ်က္တြင္ "အေမရိကန္၏ အခြန္ဘ႑ာေငြမ်ားကို ျပဳျပင္ေျပာင္းလဲရန္ ပ်က္ကြက္ေသာ အဖြဲ႕အစည္းတစ္ခုအတြက္ ဆက္လက္ျဖဳန္းတီးေနမည္ မဟုတ္ဘဲ၊ ႏိုင္ငံအလိုက္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားျဖင့္သာ ကမာၻ႔က်န္းမာေရးကို ဦးေဆာင္သြားမည္" ဟု ေဖာ္ျပထားသည္။
WHO ဌာနခ်ဳပ္သည္ အႀကီးမားဆုံး အလႉရွင္ႏိုင္ငံကို လက္လြတ္လိုက္ရသျဖင့္ ဘ႑ာေရး အက်ပ္အတည္း ဆိုက္ေရာက္ေနၿပီးWHO သည္ ဝန္ထမ္းအင္အား ၂၅ ရာခိုင္ႏႈန္းခန႔္ကို ေလွ်ာ့ခ်ရန္ ျပင္ဆင္ေနရကာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံ မ်ားရွိ ကာကြယ္ေဆးထိုးႏွံေရး စီမံခ်က္မ်ား ရပ္တန႔္သြားႏိုင္မည့္အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။
အေမရိကန္ႏိုင္ငံသည္ ကမာၻ႔က်န္းမာေရးအဖြဲ႕မွ ႏုတ္ထြက္လိုက္သည့္အတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႕သို႔ ကူညီေထာက္ပံ့ေပးေနေသာ ကူညီေထာက္ပံ့ေပးမႈ အားလုံးဖ်က္သိမ္းမည္ျဖစ္ေၾကာင္း သိရသည္။ ဆြတ္ဇာလန္ ႏိုင္ငံရွိ ကမာၻက်န္းမာေရးအဖြဲ႕ ႐ုံးခ်ဳပ္ႏွင့္ ကမာၻတဝွမ္းရွိ ကမာၻ႔က်န္းမာေရးအဖြဲ႕႐ုံးမ်ားမွ အေမရိကန္ႏိုင္ငံသား မ်ားကို ျပန္လည္ေခၚယူမည္ျဖစ္သလို ကမာၻ႔က်န္းမာေရးအဖြဲ႕ ႏွင့္ အေမရိကန္ႏိုင္ငံၾကား ေစ့စပ္ေဆြးေႏြးခဲ့သည့္ စာခ်ဳပ္မ်ားကို ဆိုင္းငံျခင္းမ်ား၊ ဖ်က္သိမ္းျခင္းမ်ား လုပ္ေဆာင္ဖြယ္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.