ဗြိတိန်မှာ AI ကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုနှုန်း နိုင်ငံတကာထက် နှစ်ဆပိုများနေ

142

ရောင်နီ (NP News) - ဇန်နဝါရီ ၃ဝ
ဗြိတိန်နိုင်ငံဟာ ဉာဏ်ရည်တု (AI) နည်းပညာကြောင့် အလုပ်အကိုင်သစ်ဖန်တီးနိုင်မှုထက် အလုပ်အကိုင် ဆုံးရှုံးရမှု ပိုမိုများပြားနေပြီး နိုင်ငံတကာရှိ အခြားဖွံ့ဖြိုးပြီးနိုင်ငံတွေထက် ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ အလုပ်အကိုင် အခွင့်အလမ်း လျော့နည်းလာနေတယ်လို့ Morgan Stanley မှ နောက်ဆုံးရ သုတေသနအရ သိရပါတယ်။
ဗြိတိန်ကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း AI ကြောင့် အသားတင်အလုပ်အကိုင် (၈) ရာခိုင်နှုန်း ဆုံးရှုံးခဲ့ရပြီး ဒီပမာဏဟာ ဂျာမနီ၊ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျနိုင်ငံတို့ထက် ပိုမိုမြင့်မားနေကာ နိုင်ငံတကာ ပျမ်းမျှအဆင့်ထက် နှစ်ဆပိုများနေတယ်လို့ ဆိုပါတယ်။ အစီရင်ခံစာအရ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါး နေပေမယ့် ယူကေကုမ္ပဏီတွေဟာ AI ကြောင့် ထုတ်လုပ်မှုစွမ်းအား (၁၁.၅) ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အမေရိကန်နဲ့ မတူတာကတော့ အမေရိကန်ကုမ္ပဏီတွေမှာဆိုရင် ထုတ်လုပ်မှုစွမ်းအား တိုးတက်မှုနဲ့အတူ AI ကြောင့် ဆုံးရှုံးသွားတဲ့ အလုပ်နေရာတွေထက် ပိုမိုများပြားတဲ့ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဗြိတိန်မှာ လစာနဲ့ အာမခံစရိတ်မြင့်မားခြင်း၊ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခလစာ မြင့်တက်လာခြင်းနဲ့ အမျိုးသားအာမခံ (National Insurance) ထည့်ဝင်ငွေတွေ တိုးလာခြင်းကြောင့် လုပ်ငန်းရှင် တွေက ဝန်ထမ်းခန့်အပ်မှုထက် AI နဲ့ Outsourcing Solution တွေကို ပိုမိုအားကိုးလာကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Software Developer တွေနဲ့၊ Consultant လို AI နဲ့ တိုက်ရိုက်လုပ်ဆောင်နိုင်တဲ့ အလုပ်အကိုင်အတွက် ခေါ်ယူမှုနှုန်းဟာ ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
ဗြိတိန်မှာ စီးပွားရေး တိုးတက်မှု နှေးကွေးလာခြင်းနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကုမ္ပဏီတွေဟာ ၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်း အမြန်ဆုံးနှုန်းနဲ့ ဝန်ထမ်းအင်အား လျှော့ချလာကြပါတယ်။ ၂၀၂၂ ခုနှစ်မှစ စီးပွားရေး ကဏ္ဍ အသီးသီးမှာ အလုပ်အကိုင်လစ်လပ်နေရာ (၅) သိန်းခန့် (သို့မဟုတ်) သုံးပုံတစ်ပုံခန့် ကျဆင်းသွားခဲ့ပြီး လူငယ်အလုပ်လက်မဲ့နှုန်းဟာ (၁၃.၇) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
ၿဗိတိန္မွာ AI ေၾကာင့္ အလုပ္အကိုင္ဆုံးရႈံးမႈႏႈန္း ႏိုင္ငံတကာထက္ ႏွစ္ဆပိုမ်ားေန
ေရာင္နီ (NP News) - ဇန္နဝါရီ ၃ဝ
ၿဗိတိန္ႏိုင္ငံဟာ ဉာဏ္ရည္တု (AI) နည္းပညာေၾကာင့္ အလုပ္အကိုင္သစ္ဖန္တီးႏိုင္မႈထက္ အလုပ္အကိုင္ ဆုံးရႈံးရမႈ ပိုမိုမ်ားျပားေနၿပီး ႏိုင္ငံတကာရွိ အျခားဖြံ႕ၿဖိဳးၿပီးႏိုင္ငံေတြထက္ ပိုမိုျမန္ဆန္တဲ့ႏႈန္းနဲ႔ အလုပ္အကိုင္ အခြင့္အလမ္း ေလ်ာ့နည္းလာေနတယ္လို႔ Morgan Stanley မွ ေနာက္ဆုံးရ သုေတသနအရ သိရပါတယ္။
ၿဗိတိန္ကုမၸဏီေတြဟာ ၿပီးခဲ့တဲ့ ၁၂ လအတြင္း AI ေၾကာင့္ အသားတင္အလုပ္အကိုင္ (၈) ရာခိုင္ႏႈန္း ဆုံးရႈံးခဲ့ရၿပီး ဒီပမာဏဟာ ဂ်ာမနီ၊ အေမရိကန္၊ ဂ်ပန္နဲ႔ ၾသစေၾတးလ်ႏိုင္ငံတို႔ထက္ ပိုမိုျမင့္မားေနကာ ႏိုင္ငံတကာ ပ်မ္းမွ်အဆင့္ထက္ ႏွစ္ဆပိုမ်ားေနတယ္လို႔ ဆိုပါတယ္။ အစီရင္ခံစာအရ အလုပ္အကိုင္ အခြင့္အလမ္းေတြ နည္းပါး ေနေပမယ့္ ယူေကကုမၸဏီေတြဟာ AI ေၾကာင့္ ထုတ္လုပ္မႈစြမ္းအား (၁၁.၅) ရာခိုင္ႏႈန္း တိုးတက္လာခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အေမရိကန္နဲ႔ မတူတာကေတာ့ အေမရိကန္ကုမၸဏီေတြမွာဆိုရင္ ထုတ္လုပ္မႈစြမ္းအား တိုးတက္မႈနဲ႔အတူ AI ေၾကာင့္ ဆုံးရႈံးသြားတဲ့ အလုပ္ေနရာေတြထက္ ပိုမိုမ်ားျပားတဲ့ အလုပ္အကိုင္သစ္ေတြကို ဖန္တီးေပးႏိုင္ခဲ့ပါတယ္။ ၿဗိတိန္မွာ လစာနဲ႔ အာမခံစရိတ္ျမင့္မားျခင္း၊ သတ္မွတ္ထားတဲ့ အနိမ့္ဆုံးလုပ္ခလစာ ျမင့္တက္လာျခင္းနဲ႔ အမ်ိဳးသားအာမခံ (National Insurance) ထည့္ဝင္ေငြေတြ တိုးလာျခင္းေၾကာင့္ လုပ္ငန္းရွင္ ေတြက ဝန္ထမ္းခန႔္အပ္မႈထက္ AI နဲ႔ Outsourcing Solution ေတြကို ပိုမိုအားကိုးလာၾကတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ Software Developer ေတြနဲ႔၊ Consultant လို AI နဲ႔ တိုက္႐ိုက္လုပ္ေဆာင္ႏိုင္တဲ့ အလုပ္အကိုင္အတြက္ ေခၚယူမႈႏႈန္းဟာ ၃၇ ရာခိုင္ႏႈန္းအထိ က်ဆင္းသြားခဲ့တယ္လို႔ သိရပါတယ္။
ၿဗိတိန္မွာ စီးပြားေရး တိုးတက္မႈ ေႏွးေကြးလာျခင္းနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ ကုမၸဏီေတြဟာ ၂ဝ၂ဝ ျပည့္ႏွစ္ေနာက္ပိုင္း အျမန္ဆုံးႏႈန္းနဲ႔ ဝန္ထမ္းအင္အား ေလွ်ာ့ခ်လာၾကပါတယ္။ ၂၀၂၂ ခုႏွစ္မွစ စီးပြားေရး က႑ အသီးသီးမွာ အလုပ္အကိုင္လစ္လပ္ေနရာ (၅) သိန္းခန႔္ (သို႔မဟုတ္) သုံးပုံတစ္ပုံခန႔္ က်ဆင္းသြားခဲ့ၿပီး လူငယ္အလုပ္လက္မဲ့ႏႈန္းဟာ (၁၃.၇) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့တယ္လို႔ သိရပါတယ္။