စစ်ဘက်ဆိုင်ရာမြှင့်တင်မှုတွေ လုပ်ဆောင်ဖို့အတွက် အခွန်တိုးမြှင့်ကောက်ခံဖို့ ဆွစ်ဇာလန် စီစဉ်နေ

112

Pika (NP News) - ဇန်နဝါရီ ၃၁
လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုတွေ မြင့်တက်လာတာတွေကြောင့် အဓိကစစ်ဘက်ဆိုင်ရာတိုးချဲ့မှုနဲ့ ခေတ်မီအောင်
လုပ်ဆောင်ဖို့အတွက် ရန်ပုံငွေအဖြစ် အခွန်တိုးမြှင့်ကောက်ခံဖို့စီစဉ်နေတယ်လို့ ဆွစ်ဇာလန်အစိုးရက ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
အဲဒီငွေကြေးတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒုံးကျည်ကာကွယ်ရေး၊ ဆိုက်ဘာလုံခြုံရေး နဲ့ နယ်စပ် ကာကွယ်ရေးတို့ကို အဆင့်မြှင့်တင်ဖို့အတွက် အသုံးပြုသွားမယ်လို့လည်း ဆွစ်ဇာလန်အစိုးရ က ပြောကြားခဲ့ပါ တယ်။
ဥရောပရဲ့တစ်ခုတည်းသော တရားဝင်ကြားနေနိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံဟာ နိုင်ငံခြားစစ်ပွဲတွေကို အမြဲတမ်း ရှောင်ရှားခဲ့ပြီး စစ်ဘက်ဆိုင်ရာအုပ်စုတွေနဲ့ ဝေးဝေးနေခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ဆွစ်ဇာလန်ဟာ ကြားနေမှုကို စွန့်လွှတ်ခဲ့ပြီး နေတိုးအဖွဲ့နဲ့ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက် မှုကို ချဲ့ထွင်ခဲ့ကာ ဥရောပသမဂ္ဂနဲ့နီးကပ်တဲ့ကာကွယ်ရေးဆိုင်ရာဆက်ဆံရေးတွေကို တည်ဆောက်ခဲ့တယ်လို့ လည်း သိရပါတယ်။
ဒါ့ပြင် ဆွစ်ဇာလန်ဟာ ရုရှား-ယူကရိန်းပဋိပက္ခမှာ ယူကရိန်းကို ထောက်ခံခဲ့ပြီး ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု တွေမှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဆွစ်ဇာလန်အစိုးရ က “ယိုယွင်းလာတဲ့ ပထဝီဝင် နိုင်ငံရေးအခြေအနေတွေအရ လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာစွမ်းရည်တွေကို သိသိသာသာမြှင့်တင်ဖို့ လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
စစ္ဘက္ဆိုင္ရာျမႇင့္တင္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ အခြန္တိုးျမႇင့္ေကာက္ခံဖို႔ ဆြစ္ဇာလန္ စီစဥ္ေန
Pika (NP News) - ဇန္နဝါရီ ၃၁
လုံၿခဳံေရးဆိုင္ရာၿခိမ္းေျခာက္မႈေတြ ျမင့္တက္လာတာေတြေၾကာင့္ အဓိကစစ္ဘက္ဆိုင္ရာတိုးခ်ဲ႕မႈနဲ႔ ေခတ္မီေအာင္
လုပ္ေဆာင္ဖို႔အတြက္ ရန္ပုံေငြအျဖစ္ အခြန္တိုးျမႇင့္ေကာက္ခံဖို႔စီစဥ္ေနတယ္လို႔ ဆြစ္ဇာလန္အစိုးရက ထုတ္ျပန္ ေျပာၾကားခဲ့ပါတယ္။
အဲဒီေငြေၾကးေတြကို လက္နက္ကိုင္တပ္ဖြဲ႕ေတြ၊ ဒုံးက်ည္ကာကြယ္ေရး၊ ဆိုက္ဘာလုံၿခဳံေရး နဲ႔ နယ္စပ္ ကာကြယ္ေရးတို႔ကို အဆင့္ျမႇင့္တင္ဖို႔အတြက္ အသုံးျပဳသြားမယ္လို႔လည္း ဆြစ္ဇာလန္အစိုးရ က ေျပာၾကားခဲ့ပါ တယ္။
ဥေရာပရဲ႕တစ္ခုတည္းေသာ တရားဝင္ၾကားေနႏိုင္ငံျဖစ္တဲ့ ဆြစ္ဇာလန္ႏိုင္ငံဟာ ႏိုင္ငံျခားစစ္ပြဲေတြကို အၿမဲတမ္း ေရွာင္ရွားခဲ့ၿပီး စစ္ဘက္ဆိုင္ရာအုပ္စုေတြနဲ႔ ေဝးေဝးေနခဲ့တဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့ ႏွစ္ေတြအတြင္းမွာ ဆြစ္ဇာလန္ဟာ ၾကားေနမႈကို စြန႔္လႊတ္ခဲ့ၿပီး ေနတိုးအဖြဲ႕နဲ႔ လုံၿခဳံေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္ မႈကို ခ်ဲ႕ထြင္ခဲ့ကာ ဥေရာပသမဂၢနဲ႔နီးကပ္တဲ့ကာကြယ္ေရးဆိုင္ရာဆက္ဆံေရးေတြကို တည္ေဆာက္ခဲ့တယ္လို႔ လည္း သိရပါတယ္။
ဒါ့ျပင္ ဆြစ္ဇာလန္ဟာ ႐ုရွား-ယူကရိန္းပဋိပကၡမွာ ယူကရိန္းကို ေထာက္ခံခဲ့ၿပီး ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈ ေတြမွာ တစ္စိတ္တစ္ပိုင္းပါဝင္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဆြစ္ဇာလန္အစိုးရ က “ယိုယြင္းလာတဲ့ ပထဝီဝင္ ႏိုင္ငံေရးအေျခအေနေတြအရ လုံၿခဳံေရးနဲ႔ကာကြယ္ေရးဆိုင္ရာစြမ္းရည္ေတြကို သိသိသာသာျမႇင့္တင္ဖို႔ လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။