စာရေးဆရာမကြီး ယုဝတီခင်ဦး အသက် (၉၇) နှစ်အရွယ်တွင် စင်္ကာပူနိုင်ငံ၌ ကွယ်လွန်

 187

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၂

စာရေးဆရာမကြီး ယုဝတီခင်ဦးသည် အသက် (၉၇) နှစ်အရွယ်တွင် စင်္ကာပူနိုင်ငံ၌ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုများထံက သိရသည်။
ဆရာမကြီး ၏ အမည်အရင်မှာ ဒေါက်တာရီရီလှဖြစ်ကာ နိုင်ငံတော်မှ ပေးအပ်သော သီဟသုဓမ္မသိင်္ဂီဘွဲ့ကို ရရှိခဲ့သူဖြစ်ကာ ပြီးခဲ့သည် ဇန်နဝါရီလ ၂၆ ရက်၊ ညပိုင်း ၁၁ နာရီကျော် အချိန်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ပြီး ဇန်နဝါရီလ ၂၈ ရက်တွင် စင်ကာပူနိုင်ငံ Mandai Crematorium and Columbarium Complex တွင် မီးသင်္ဂြိုဟ် ပြီးစီးခဲ့ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်စာတွင် နာရေးကြော်ငြာထည့်ကာ ကျန်ရစ်သူမိသားစုက အသိပေးထားသည်။
ကွယ်လွန်သူအားရည်စူး၍ ဖေဖော်ဝါရီလ ၁ ရက်တွင် စင်ကာပူနိုင်ငံ၌ ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအစရှိသောလှူဖွယ်အစုစုတို့ဖြင့် ဆပ်ကပ်လှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေပြီးစီးပြီးဖြစ်ကြောင်းလည်း အသိပေးထားသည်။
ဆရာမကြီးကို ကို ၁၉၃ဝ ပြည့်နှစ်၊ ဇူလိုင်လ ၂ ရက်တွင် ဆရာဝန်ကြီး ဦးလှမောင် နှင့် အမိဒေါ်ခင်ရီတို့က ရန်ကုန်မြို့၌မွေးဖွား ခဲ့ပြီး ၁၉၄၄ ခုနှစ်မှ စ၍ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများကို 'ခင်ဦး' ကလောင်အမည်ဖြင့် ယုဝတီဂျာနယ်၊ တိုင်းရင်းမေ ဂျာနယ်တို့တွင် စတင်ရေးသားခဲ့ကာ မြဝတီ၊ ရှုမဝ၊ သွေးသောက်၊ ကလောင်စုံ၊ မိုးဝေ၊ စုံထောက် မဂ္ဂဇင်း၊ ဆန်းညွန့်ဦး မဂ္ဂဇင်းတို့တွင် ရွှေစင်ဦး၊ ညီမလေး၊ ပါးမို့နီနီ၊ ဆုထူးငယ် ပန်ရွယ်သွန်း၊ ချစ်သမျှကို၊ ရွှေကြက်သံချို၊ ကျော့လှပဟန်၊ ချစ်ကြသည် ဆိုရာဝယ်၊ သီတာသောင်ခြေဦး၊ မောင့်အသက်လို ချစ်တဲ့ထား စသည့် ဝတ္ထုတို၊ ဝတ္ထုရှည်များ အပြင် အကျိုးပြု စာပေများစွာကို ရေးသားခဲ့သည်။
M.B.B.S., D.C.H., F.N.C.P. (UNU) ဘွဲ့များ ရရှိခဲ့ပြီး ကလေးအထူးကု ဆရာဝန်ကြီး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မိခင်နှင့် ကလေးကျောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန (ငြိမ်း)၊ အကြံပေး ပုဂ္ဂိုလ်၊ ကျန်းမာရေး ဝန်ကြီးဌာန(ငြိမ်း)၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း (ဗဟို) ဂုဏ်ထူးဆောင် နာယက၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အမျိုးသမီး ဆရာဝန်များ အဖွဲ့ ဥက္ကဋ္ဌ စသည်ဖြင့် တာဝန်များလည်း ထမ်းဆောင်ခဲ့သူဖြစ်သည်။

Zawgyi Version;
စာေရးဆရာမႀကီး ယုဝတီခင္ဦး အသက္ (၉၇) ႏွစ္အ႐ြယ္တြင္ စကၤာပူႏိုင္ငံ၌ ကြယ္လြန္
သန႔္မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၂
စာေရးဆရာမႀကီး ယုဝတီခင္ဦးသည္ အသက္ (၉၇) ႏွစ္အ႐ြယ္တြင္ စကၤာပူႏိုင္ငံ၌ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ေၾကာင္း က်န္ရစ္သူမိသားစုမ်ားထံက သိရသည္။
ဆရာမႀကီး ၏ အမည္အရင္မွာ ေဒါက္တာရီရီလွျဖစ္ကာ ႏိုင္ငံေတာ္မွ ေပးအပ္ေသာ သီဟသုဓမၼသိဂႌဘြဲ႕ကို ရရွိခဲ့သူျဖစ္ကာ ၿပီးခဲ့သည္ ဇန္နဝါရီလ ၂၆ ရက္၊ ညပိုင္း ၁၁ နာရီေက်ာ္ အခ်ိန္တြင္ ကြယ္လြန္ခဲ့ျခင္း ျဖစ္ၿပီး ဇန္နဝါရီလ ၂၈ ရက္တြင္ စင္ကာပူႏိုင္ငံ Mandai Crematorium and Columbarium Complex တြင္ မီးသၿဂႋဳဟ္ ၿပီးစီးခဲ့ေၾကာင္း ယေန႔ထုတ္ ႏိုင္ငံပိုင္သတင္စာတြင္ နာေရးေၾကာ္ျငာထည့္ကာ က်န္ရစ္သူမိသားစုက အသိေပးထားသည္။
ကြယ္လြန္သူအားရည္စူး၍ ေဖေဖာ္ဝါရီလ ၁ ရက္တြင္ စင္ကာပူႏိုင္ငံ၌ ဘုရားအမႉးရွိေသာ သံဃာေတာ္ အရွင္သူျမတ္တို႔အား ဆြမ္းအစရွိေသာလႉဖြယ္အစုစုတို႔ျဖင့္ ဆပ္ကပ္လႉဒါန္း၍ ေရစက္သြန္းခ် အမွ်ေပးေဝၿပီးစီးၿပီးျဖစ္ေၾကာင္းလည္း အသိေပးထားသည္။
ဆရာမႀကီးကို ကို ၁၉၃ဝ ျပည့္ႏွစ္၊ ဇူလိုင္လ ၂ ရက္တြင္ ဆရာဝန္ႀကီး ဦးလွေမာင္ ႏွင့္ အမိေဒၚခင္ရီတို႔က ရန္ကုန္ၿမိဳ႕၌ေမြးဖြား ခဲ့ၿပီး ၁၉၄၄ ခုႏွစ္မွ စ၍ ကဗ်ာ၊ ဝတၳဳ၊ ေဆာင္းပါးမ်ားကို 'ခင္ဦး' ကေလာင္အမည္ျဖင့္ ယုဝတီဂ်ာနယ္၊ တိုင္းရင္းေမ ဂ်ာနယ္တို႔တြင္ စတင္ေရးသားခဲ့ကာ ျမဝတီ၊ ရႈမဝ၊ ေသြးေသာက္၊ ကေလာင္စုံ၊ မိုးေဝ၊ စုံေထာက္ မဂၢဇင္း၊ ဆန္းၫြန႔္ဦး မဂၢဇင္းတို႔တြင္ ေ႐ႊစင္ဦး၊ ညီမေလး၊ ပါးမို႔နီနီ၊ ဆုထူးငယ္ ပန္႐ြယ္သြန္း၊ ခ်စ္သမွ်ကို၊ ေ႐ႊၾကက္သံခ်ိဳ၊ ေက်ာ့လွပဟန္၊ ခ်စ္ၾကသည္ ဆိုရာဝယ္၊ သီတာေသာင္ေျခဦး၊ ေမာင့္အသက္လို ခ်စ္တဲ့ထား စသည့္ ဝတၳဳတို၊ ဝတၳဳရွည္မ်ား အျပင္ အက်ိဳးျပဳ စာေပမ်ားစြာကို ေရးသားခဲ့သည္။
M.B.B.S., D.C.H., F.N.C.P. (UNU) ဘြဲ႕မ်ား ရရွိခဲ့ၿပီး ကေလးအထူးကု ဆရာဝန္ႀကီး၊ လက္ေထာက္ၫႊန္ၾကားေရးမႉး၊ မိခင္ႏွင့္ ကေလးေက်ာင္း၊ က်န္းမာေရး ဝန္ႀကီးဌာန (ၿငိမ္း)၊ အႀကံေပး ပုဂၢိဳလ္၊ က်န္းမာေရး ဝန္ႀကီးဌာန(ၿငိမ္း)၊ ျမန္မာႏိုင္ငံ မိခင္ႏွင့္ ကေလး ေစာင့္ေရွာက္ေရး အသင္း (ဗဟို) ဂုဏ္ထူးေဆာင္ နာယက၊ ျမန္မာႏိုင္ငံ ဆရာဝန္အသင္း၊ အမ်ိဳးသမီး ဆရာဝန္မ်ား အဖြဲ႕ ဥကၠ႒ စသည္ျဖင့္ တာဝန္မ်ားလည္း ထမ္းေဆာင္ခဲ့သူျဖစ္သည္။

Related news

© 2021. All rights reserved.