အမိမြေနှင့် နှစ်နှစ်ကျော် ဝေးကွာခဲ့ရသည့် ထီးချိုင့်ဒေသခံတို့၏ အိမ်လွမ်းဝေဒနာ

 243

သုတကျော် (NP News) - ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်မှ ထီးချိုင့်မြို့သည် စစ်ကြောင့်ကြေခဲ့ရသောမြို့တို့အနက် တစ်မြို့ဖြစ်သည်။ ယခင်က အေးချမ်းသာယာပြီး နေချင်စဖွယ်ဖြစ်ခဲ့သည့် ဧရာဝတီမြစ်ကမ်းနံဘေးမှ မြို့ ငယ်တွင် ယမ်းငွေ့တို့ဝေခဲ့သည့်အပြင် မြို့ခံတို့မှာလည်း ကစဉ့်ကလျား ထွက်ပြေးတိမ်းရှောင်ခဲကြရ သည်။ ယခုအခါ ထီးချိုင့်သားတို့ အိမ်မပြန်နိုင်သေးသည်မှာ နှစ်နှစ်ကျော်လေပြီ။ အဆိုပါ အခြေအနေ များနှင့်ပတ်သက်၍ စစ်ဘေးရှောင် ထီးချိုင့်မြို့ခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည် များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - လက်ရှိ ထီးချိုင့်ကို ပြန်ရောက်ပြီလား။
ဖြေ - မရောက်သေးဘူးဗျ။
မေး-ထီးချိုင့်က အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ - အခြေအနေကောင်းပါတယ်။ ဘယ်လို ပြောရမလဲ စဉ့်ကူး-မတ္တရာ ဟိုဘက် ဖော့တော အထိ တပ်က ရထားပြီလေ။
မေး - မြို့ကို ပြန်ဝင်ရပြီလား။
ဖြေ - ပြန်မဝင်ရသေးဘူး။ အခု (၃)လပိုင်း၊ (၄)လ ပိုင်းလောက်တောင် ပြန်ဝင်ရမယ် ပြောနေတယ်။
မေး - PDF တွေကကော။
ဖြေ - အခု အဲဒီလူတွေ အခြေအနေမကောင်းဘူးလေ။ မကောင်းဘူးဆိုတာက ပထမတော့ တိုက်ပွဲပြန် ဖော်မယ်ဆိုပြီး ဒီဇင်ဘာလတုန်းက ကြားတယ်။ မဟုတ်ပါဘူးဗျာ။ မြို့ခံတွေပြန်ဝင်မယ် အသံကြား တော့မဝင်နဲ့ တိုက်ပွဲပြန်ဖော်မယ်ဆိုပြီး သူတို့က အဝင်မခံတာပေါ့ ဒါပါပဲ။ ခေါင်းကြီးပိုင်း အကြီးကြီးတွေ ဆိုရင် ပြင်ဦးလွင်တို့၊ ရွှေဘိုတို့မှာ အိုးပိုင်အိမ်ပိုင် ရွှေတွေနဲ့ တအားချမ်းသာသွားပြီ။
မေး - ထီးချိုင့်ဆို သူပုန်လက်တော့မကျဘူး။ မြို့တော့ ထိသွားတယ်။ ပြန်မဝင်အောင်လည်း သူပုန် ခြိမ်း ခြောက်တာခံနေရတယ်ဆိုတော့ မြို့ပတ်ချာလည် ရွာတွေကကော အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ - ထီးချိုင့်ပတ်ချာလည် ရွာတွေကတော့ နယ်မြေခံရှိတာပေါ့။ သူတို့ကို မကြည်ကြတော့ဘူးဗျ။ စစ်တပ်လာရင်တော့နေရာ အတိအကျပြောမယ့် သူတွေချည်းပဲ။ PDF ကို အကြီးအကျယ် ထောက်ခံခဲ့ တဲ့ အလယ်တောတို့၊ ကုန်းဘောင်တို့၊ လေသာတို့ အဲဒီလိုမျိုးနေရာတွေပေါ့ ခင်ဗျာ။ မန္တလေး - ထီးချိုင့် - မြစ်ကြီးနား လမ်းဘက်ကလေ။ ရွှေဘိုဘက်က မဟုတ်ဘူး ထီးချိုင့် ဖြတ်လမ်းက ရွာတွေပေါ့။ ပေါက်ကုန်းတို့၊ လေသာတို့ ဆိုတာတွေလေ။ အခုကတော့ လာပါစေဦး။ မင်းတို့နေရာ အတိအကျကို ပြောဦးမယ် ဖြစ်ကုန်တာ။ ရွာကို မစောင့်ရှောက်ဘဲနဲ့ ပိုက်ဆံတွေကောက်ပြီးတော့ သူတို့က ရနေကြ တာ။ လူတွေကလည်း အာရုံမရှိတော့ဘူး။ PDF တွေဝင်ရင် လေယာဉ်နဲ့ ဗုံးကြဲလို့ဆိုပြီး အဝင်မခံတာ လည်း ရှိတယ်။
မေး - PDF က သူ့အဝင်မခံတော့ ရန်ရှာတာ ရှိလား။
ဖြေ - လေသာရွာဆိုရင် အဲဒီလိုပဲ။ ပြောမရဘူး။ တချို့ရွာတွေက လူညီတယ်ဗျ။ ကုန်းဘောင်း ဆိုရင် ရွာနားမှာ သူတို့ PDF ရဲစခန်းပေါ့။
မေး - ပလဖ ပေါ့။
ဖြေ - ဟုတ်တယ် ဟုတ်တယ်။ ရွာထိပ်မှာ ဆောက်တာပေါ့ခင်ဗျာ။ ရွာက နွားနှစ်ကောင်ဆိုလား သေ တော့ အဲဒီကောင်တွေနဲ့ ရွာနဲ့ ပြဿနာတက်ကြတယ် ကြားတယ်။ သူတို့ ရွာထိပ်မှာ လာမဆောက်နဲ့ပေါ့ ဖြစ်ကြတယ်တဲ့။
မေး - ကိုယ့်ရပ်ရွာကို စွန့်ခွာပြီးပြေးရတာဆို ဘယ်လောက်ကြာပြီလေ။
ဖြေ - နှစ်နှစ်ကျော်ပြီ။ တိတိပပဆိုရင် နှစ်နှစ်နဲ့ တစ်လလောက်ရှိပြီ။
မေး - အခုကျတော့ မြို့ထဲကိုပြန်ဝင်တဲ့ လူကောရှိလား။
ဖြေ - ရှိတယ်ဗျ။ ကျွန်တော်တို့ မြို့စွန်က နဝရတ်ဆိုတဲ့ရပ်ကွက်မှာ ဝင်နေတာ ရှိတယ်။ ကျွန်တော်တို့ ကြားတာတော့ ဈေးဆိုင်ကြီး နှစ်ဆိုင်လည်းရှိတယ်တဲ့။ လူကလည်း လေးငါးရှစ်ရာလောက် ရှိတယ်လို့ ပြောတယ်။
မေး - ကျွန်တော်နားလည်သလောက်ဆိုရင် မြို့ကတော်တော်လေး ထိခိုက်သွားတယ်။ ဒေသခံတွေက မြို့အနား ဒါမှမဟုတ် အရပ်တစ်ပါးကို ပြောင်းရွှေ့ နေကြရတယ်။ မြို့က ခွာခဲ့ကြရတဲ့သူတွေမှာ မြို့ကို ပြန်ဝင်ချင်ကြလား။ ဘယ်လိုရှိလဲ။
ဖြေ - သူတို့ကတော့ ဝင်ချင်တာပေါ့ ခင်ဗျာ။ ဘယ်လိုတောင်ဖြစ်နေလဲဆိုတော့ အရင်တုန်းက ရေများ ရေနိုင်၊ မီးများ မီးနိုင်ပေါ့။ အခု လူတွေက သိသွားပြီလေ။ သိသွားတဲ့အခါကျတော့ ပြန်ဝင်လို့မှ PDF တွေက ပြဿနာရှာမယ်ဆိုရင် လာရှာလှည့် ဒီတစ်ခါတော့ မင်းတို့အလှည့်ပဲ။ တို့က တို့မိသားစုနဲ့ စည်း စည်းလုံးလုံးနေကြမှာ။ အဲဒီလိုမျိုးပေါ့။ပြန်ချဖို့ အစီစဉ်အထိကို တော်တော်များများက စဉ်းစားထားကြ ပြီ။ အကုန်လုံးကလည်း ပြန်ဝင်ချင်တာပေါ့ ခင်ဗျာ။ ဘယ်နေ့ဝင်ရမလဲဆိုတာပဲ စောင့်နေကြတာပေါ့။
မေး - ထီးချိုင့်က လူတွေက PDF ကို ဘာလို့ အဲဒီလောက် အမြင်ပြောင်းသွားတာလဲ။
ဖြေ - အစ်ကိုရ သူတို့ပြောတဲ့စကားနဲ့ အလုပ်နဲ့မှ မညီတော့ဘူးလေ။ မညီဘူး ဆိုတာဗျာ ပထမတော့ တော်တော်များများက အာဏာထိန်းတာ မကြိုက်ကြ ဘူးလေ။ မကြိုက်တဲ့အချိန် ဝါဒမှိုင်းထည့်ပေးတဲ့ အချိန် အတွေးအမြင်လေးတွေ နည်းနည်းအားနည်းတဲ့အပိုင်းကျတော့ ဝိုင်းပြီးတော့ ဒီဘက် ထောက်ခံ ကြတာပေါ့။ ချက်ချင်း ပြုတ်ကျသွားမယ်ထင်တာပေါ့။ ဒီမြို့ကို သိမ်းလိုက်ရင်လည်း ချက်ချင်းရမယ် ထင် တာပေါ့။ မကြာပါဘူးဗျာ ခဏပဲပေါ့။ ကျွန်တော်တို့တောင် မကြာဘူး ခဏပဲဆိုပြီး ပြေးခဲ့တာ။ အခု တစ် ရက်နှစ်ရက်ဆိုပြီး အိမ်နေရင်း အဝတ်အစားနဲ့ လူပဲပြေးခဲ့တာ ဘာမှမပါခဲ့ဘူး။ အခုကျတော့ သူတို့ပြော သလို မဟုတ်တော့ဘူးလေ။ သူတို့က မြို့သိမ်းတိုက်ပွဲလုပ်တယ်၊ ထွက်ပြေးတဲ့ အိမ်တိုင်းကို ဝင်ဖောက် ပြီး ပစ္စည်းတွေယူ၊ ပြီးလည်းပြီးရော မြို့ပျက်တော့ ရွာဘက်တွေ ပြေးရတာပေါ့။ မြို့ပေါ်ကလူတွေကိုပဲ ဒလန်တို့၊ သူလျှိုတို့ ယိုးစွပ်တာလေ။ ပြီးရင် သူတို့ဆီမှာ ထောင်သွင်းအကျဉ်းချ အဲဒါမျိုးတွေနဲ့။ တော် လှန်ရေးဆိုတာလည်း မဟုတ်တောဘဲနဲ့။ ကိုယ်ကျိုးအတွက်ပဲ သူတို့ခေါင်းဆောင်တွေက လယ်တွေ ဝယ်၊ ယာတွေဝယ်၊ ရွှေတွေလုပ်ပေါ့ခင်ဗျာ။ သူတို့ အဲဒီလိုခေါင်းကြီးပိုင်းကတော့ ကောင်းစားနေတာပေါ့။ ထီး ချိုင့်က နဝရတ်ရပ်ကွက်ဆိုတာ မြို့ပတ်လမ်းနားမှာလေ။ အဲဒီမှာက ဆန်စက်တွေ များသောအားဖြင့် ရှိ တယ်။ လူချည်းပြေးခဲ့ရရင် ဆန်စက်မှာ စပါးတို့။ ဆန်တို့ဆိုတာ အကုန်ထားခဲ့ရတာလေ။ အဲဒါတွေကို PDF ခေါင်းဆောင်တွေက ယူတယ်။ ကိုယ်ကျိုးအတွက် သုံးပြီး ရောင်းစားတာပေါ့ခင်ဗျာ။ အဲဒါတွေကို ဘယ်လိုစီစဉ်ပေးမယ်နဲ့ ပိုင်ရှင်တွေက တစ်ယောက်တစ်ဝက်ဖြစ်ဖြစ် မဟုတ်ရင်လည်း ပိုက်ဆံ ပေးပါ့ မယ် သယ်ပါရစေဆိုတာ လက်ခံဘူးဗျာ။ ကြည့်ပါဦး။
မေး - သူတို့ပဲယူမယ် ဖြစ်သွားတာပေါ့။
ဖြေ - ဟုတ်တယ်။ အဲဒီလိုတော့ မပြောဘူးပေါ့။ အဝင်မခံပဲ ကားကြီးကားငယ် အသွယ်သွယ်နဲ့ ထုတ် ရောင်းတာပေါ့။ ဆိုလာပြားတွေကအစ ယူပါ တယ်ဆို။ တချို့အိမ်တွေဆို အဲဒီလိုယူပြီး ပြောင်သလင်း ခါမှ မီးရှို့ခဲ့တာ။ အဲဒီလို မီးရှို့ပြီးတော့ ဘာ လုပ်လဲဆိုတော့ စစ်တပ်လုပ်တယ်ပြောတာ။ အဲဒါကလည်း ဘယ်သူတွေ ပြောတာလဲဆိုတော့ ဒါကြီးက သိပ်မကြာပါဘူး ပြီးသွားမှာပါဆိုတဲ့သူတွေ ရဲရဲ တောက် တွေပေါ့ခင်ဗျာ။ အရင်တုန်းက သူတို့ကိုထောက်ခံခဲ့တဲ့သူတွေပါ။
မေး - ရဲရဲတောက်ခဲ့တယ်ဆိုတဲ့သူတွေကကော ကျောချမှ ဓားပြမှန်း သိသွားတယ်လို့ ပြောနိုင်လား။
ဖြေ - သူတို့ထောက်ခံတယ်ဆိုတာလည်း ထီးချိုင့်က ရွာဘက်တွေပါ။ အဲဒီမှာ အခုကျတော့ သိသွားပြီ လေ အစ်ကို။ ထီးချိုင့်အရှေ့ဘက်က ကမ်းက အောင်သာယာတို့ ရွာတွေဆိုရင် ရွာထဲက လူငယ်တွေစုပြီး ရွာထဲဝင်ကြတာပေါ့။ မိဘတွေကသိသွားတဲ့အခါ တို့သားသမီးဘဝတွေက ပေးဆပ်ရတာ သူတို့ကျတော့ မယားငယ်တွေ ယူ၊ သုံးစွဲနေတော့ မဖြစ်ချင်ဘူးဆိုပြီး တစ်ရွာလုံး အကုန်လုံးလက်နက်အပ်ပြီး ကိုယ့်သား သမီးကို ယာထဲ၊ ကိုင်းထဲ ခိုင်းနေကြတာ။
မေး - မိဘတွေကိုယ်တိုင်က လက်နက်ကိုင်နွံထဲ မနစ်စေချင်တော့တဲ့ အနေအထား ဖြစ်သွားတာပေါ့။
ဖြေ - ဟုတ်တယ် အစ်ကို။ သူတို့ကဗျာ အဓိကဘယ်လိုဖြစ်သွားလဲဆိုတော့ ကြာလည်း ကြာတယ်။ ဘာမှအရာလည်း မရောက်တဲ့အပြင် ပျက်စီးဆုံးရှုံးသထက် ဆုံးရှုံးလာတာကိုး။ ဒီလမ်းက အမှားနဲ့ အမှန် လား ပြည်သူကတော့ တွေးမိတယ်ဗျာ။ လက်နက်ကိုင် တဲ့သူတွေကတော့ ဒီအရသာကို သိပြီးတော့ မှန်မှန်မှားမှား သူတို့ကတော့ မှန်တယ်ပေါ့။ ဘယ်နေ့တိုက်မယ် ညာနေ့တိုက်မယ်ဆိုတာက ထီးချိုင့် မြို့ ထဲကို ပြည်သူဝင်မှာ အရမ်းကြောက်တာ။ ဘာလို့လဲ ဆိုတော့ သူတို့က လွှတ်တော်ကိုယ်စားလှယ်တို့ ဘာတို့ကလည်း ဒီထဲမှာ ခေါင်းကြီးပိုင်း ယူထားတာလေ။ ပြည်သူတွေ ပြန်ဝင်ပြီးတော့ ခေတ်ပြန် ကောင်းသွားမှာကို ကြောက်နေကြပြီ။
မေး - မြို့ပြန်စည်မှာ ကြောက်နေတာပေါ့။
ဖြေ - ဟုတ်တယ်။ မန္တလေးတို့ဘက်တောင် ကားတွေ၊ လုံးချင်းတိုက်တွေ ဝယ်ထားပြီတဲ့။ အခုက သူတို့ ကလေးတွေကလည်း မန္တလေးမှာ ကျောင်းတွေထား။ မင်းတို့ ပထမပြောတော့ CDM လုပ်ပါ ကျောင်းမ တက်နဲ့ဆိုပြီး သူတို့သားသမီးတွေကျတော့ စစ်ဘေးရှောင်ရင်းကနေ အသက်သာကြီးသွားတယ် ကျောင်း မထားရဘူး။ အဲဒီလိုတွေ ဖြစ်ပြီးတော့ တော်တော်တော့ မထောက်ခံဘူး။ တချို့ကလည်း လက်နက်ကိုင် ကြားနေရတော့ လက်နက်ကိုင်ဆိုတာ ဥပဒေမှ မရှိတာခင်ဗျာ။ ကြောက်လို့သာ ငြိမ်နေရတာ ကြိုက်တာ တော့ မကြိုက်ဘူး။ ငါ့များ ဘယ်လိုလုပ်မလဲဆိုတဲ့အတွေးနဲ့ မပြောရဲကြတာ ကြိုက်တော့ မကြိုက်ကြဘူး ပေါ့။
မေး - မြို့ရဲ့ ဘယ်လောက် ပမာဏလောက်ပျက်လဲ။
ဖြေ - ကိုးဆယ်ရာခိုင်နှုန်းလောက် ပျက်သွားတာပါ။ ဘာရှိတော့မှာလဲ။ Tiktok မှာတက်လာတာတွေ ဆေ့ပြီး ပို့ပေးဦးမယ်။ ဘာကျန်တော့မှာလဲ။ နှစ်နှစ် ဆိုတဲ့ကာလက အစ်ကိုရယ် စဉ်းစားကြည့်ပါတော့ ခြုံနွယ် ပိတ်ပေါင်းကို ထူလို့။
မေး - ထီးချိုင့် ပြန်ချင်လား။
ဖြေ - ပြန်ချင်တာပေါ့ ဗျာ။
မေး - အရပ်တစ်ပါးမှာ စီးပွားရှာ ရပ်တည်နေရတာ အဆင်ပြေလား။ တစ်ကနေ ပြန်စရတာလား။
ဖြေ - မှန်တာပေါ့ အစ်ကိုရာ။ ဘယ်အဆင်ပြေမှာလည်း မပြေပါဘူး။ မပြေလည်း ကြိတ်မှိတ်နေရ တာပေါ့။
မေး - လူတွေမှာ အပူတွေအမျိုးမျိုးတွေ ရှိတယ်။ စစ်ဘေးရှောင်တစ်ယောက်ရဲ့ အပူက ဘာနဲ့ တူတယ် ပြောချင်လဲ။
ဖြေ - သူများရွာမှာ စစ်ဘေးရှောင်နေရတာ သိတဲ့အတိုင်းပေါ့။ ပိုက်ဆံက ပြည့်စုံနေလို့ အရင်းအနှီး ပြည့်စုံရင်တော့ တော်သေးတာပေါ့။ အရင်းအနှီးလည်း မရှိဘူး၊ နောက်မှာလည်း မိသားစုတွေဆိုတဲ့အခါ ကျတာ့ တွက်သာကြည့်ပါတော့။ ကိုယ့်အိမ်နဲ့ ကိုယ်ဆိုရင် ပိုက်ဆံပဲထွက်ရှာရတာ။ အခုက နေစရာ ကော၊ စားစရာ အတွက်ကော အပူလုံးကြီးတာပေါ့။
မေး - ထီးချိုင့်တုန်းက အခြေအနေနဲ့ အခုဘာကွာလဲ။
ဖြေ - ကွာတာပေါ့။ အရင်တုန်းက ပွင့်ပွင့်လင်းလင်းပြောရရင် အမြဲတမ်းဟင်းကောင်းနဲ့ စားနေတာအခု တော့ ဖြစ်သလိုပေါ့။
မေး - လက်ရှိပေါ့လေ ထီးချိုင့်ကလည်း နှစ်နှစ်နဲ့ တစ်လအိမ်နဲ့ ဝေးကွာခဲ့ကြပြီးတဲ့နောက် ဘယ်လို အခြေအနေဖြစ်ဖြစ် ထီးချိုင့်ကို ပြန်ဝင်ချင်လား။ ဒါမှမဟုတ် လုံခြုံမှလား။
ဖြေ - ဘယ်လိုအခြေအနေဖြစ်ဖြစ် ဝင်မှာ။
မေး - ဘာကြောင့်လဲ။
ဖြေ - ကျွန်တော်တို့လို မြို့သူမြို့သားကတော့ ဘယ်လိုအခြေအနေဖြစ်ဖြစ် ဝင်မယ်။ ဝင်ပြီးရင် မြို့ သန့်ရှင်ရေး၊ မြို့ထူထောင်ရေးမှာ တတပ်တအား စွမ်းစွမ်းတမံ ပါပြီးတော့မှ ရင်းပြီးရင် အရင်အတိုင်း ပြန်တည်ထောင်ချင်တဲ့ ဆန္ဒရှိတယ်ဗျာ။ နောက်ဆုံးအထိ ဘယ်လောက်စဉ်းစားထားလဲဆိုတော့ ကိုယ့် လုံခြုံရေး ကိုယ်နီးစပ်တဲ့ မိသားစုတွေ စည်းစည်းလုံးလုံးနေပြီးတော့ ကိုယ့်ကိုလာပြီး အနိုင်ကျင့်တာမျိုး ဆို ခံတွယ်ဖို့အတွက် စဉ်းစားထားတယ်။
မေး - နောက်ဆုံးမေးခွန်းပါ။ ထီးချိုင့်မြို့ ပြန်ထူထောင်ရေး ခက်ခဲမယ်ထင်လား။ မြို့ပြန်ထူထောင်ဖို့ မြို့ သူ မြို့သားတွေက စိတ်အား၊ ကိုယ်အားဘယ်လောက်အထိ စိုက်ထုတ်ပေးနိုင်မယ်ထင်လဲ။
ဖြေ - ရာခိုင်နှုန်းအပြည့်ပေါ့ဗျာ။ ထီးချိုင့်မြို့ကို မြို့ သူ၊ မြို့သားတိုင်း ချစ်ကြတယ်။ ဒါတွေ လမ်းကြောင်း တွေ ရှင်းသွားလို့ တပ်က ဝင်ရပြီဆိုရင် အယူတွေ လွဲခဲ့တာ မှားခဲ့တာသိတယ်။ ဒါဆိုရင်လည်း ငါတို့က စည်းစည်းလုံးလုံးနဲ့ မြို့ကို ပြန် ထူထောင်ဖို့ စိတ်အားထက်သန်ပြီး အဲဒီလိုပဲ မျှော်နေကြတာပေါ့ခင်ဗျာ။ ညီညီညွတ်ညွတ်နဲ့ ဝိုင်းဝန်းလုပ်ကြမယ့် သဘော ရှိတယ်။ ထီးချိုင့်က လူညီတယ် ခင်ဗျ။ မကြာပါဘူး ရဟန်းသံဃာတွေကအစ ပြည်သူတွေကအစ ဝိုင်းဝန်းပြီး ကျွန်တော်တို့ က ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသရွှေ့ ကြိုးစားမှာပါ။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version;
အမိေျမႏွင့္ ႏွစ္ႏွစ္ေက်ာ္ ေဝးကြာခဲ့ရသည့္ ထီးခ်ိဳင့္ေဒသခံတို႔၏ အိမ္လြမ္းေဝဒနာ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၃
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာခ႐ိုင္မွ ထီးခ်ိဳင့္ၿမိဳ႕သည္ စစ္ေၾကာင့္ေၾကခဲ့ရေသာၿမိဳ႕တို႔အနက္ တစ္ၿမိဳ႕ျဖစ္သည္။ ယခင္က ေအးခ်မ္းသာယာၿပီး ေနခ်င္စဖြယ္ျဖစ္ခဲ့သည့္ ဧရာဝတီျမစ္ကမ္းနံေဘးမွ ၿမိဳ႕ ငယ္တြင္ ယမ္းေငြ႕တို႔ေဝခဲ့သည့္အျပင္ ၿမိဳ႕ခံတို႔မွာလည္း ကစဥ့္ကလ်ား ထြက္ေျပးတိမ္းေရွာင္ခဲၾကရ သည္။ ယခုအခါ ထီးခ်ိဳင့္သားတို႔ အိမ္မျပန္ႏိုင္ေသးသည္မွာ ႏွစ္ႏွစ္ေက်ာ္ေလၿပီ။ အဆိုပါ အေျခအေန မ်ားႏွင့္ပတ္သက္၍ စစ္ေဘးေရွာင္ ထီးခ်ိဳင့္ၿမိဳ႕ခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည္ မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - လက္ရွိ ထီးခ်ိဳင့္ကို ျပန္ေရာက္ၿပီလား။
ေျဖ - မေရာက္ေသးဘူးဗ်။
ေမး-ထီးခ်ိဳင့္က အေျခအေန ဘယ္လိုရွိလဲ။
ေျဖ - အေျခအေနေကာင္းပါတယ္။ ဘယ္လို ေျပာရမလဲ စဥ့္ကူး-မတၱရာ ဟိုဘက္ ေဖာ့ေတာ အထိ တပ္က ရထားၿပီေလ။
ေမး - ၿမိဳ႕ကို ျပန္ဝင္ရၿပီလား။
ေျဖ - ျပန္မဝင္ရေသးဘူး။ အခု (၃)လပိုင္း၊ (၄)လ ပိုင္းေလာက္ေတာင္ ျပန္ဝင္ရမယ္ ေျပာေနတယ္။
ေမး - PDF ေတြကေကာ။
ေျဖ - အခု အဲဒီလူေတြ အေျခအေနမေကာင္းဘူးေလ။ မေကာင္းဘူးဆိုတာက ပထမေတာ့ တိုက္ပြဲျပန္ ေဖာ္မယ္ဆိုၿပီး ဒီဇင္ဘာလတုန္းက ၾကားတယ္။ မဟုတ္ပါဘူးဗ်ာ။ ၿမိဳ႕ခံေတြျပန္ဝင္မယ္ အသံၾကား ေတာ့မဝင္နဲ႔ တိုက္ပြဲျပန္ေဖာ္မယ္ဆိုၿပီး သူတို႔က အဝင္မခံတာေပါ့ ဒါပါပဲ။ ေခါင္းႀကီးပိုင္း အႀကီးႀကီးေတြ ဆိုရင္ ျပင္ဦးလြင္တို႔၊ ေ႐ႊဘိုတို႔မွာ အိုးပိုင္အိမ္ပိုင္ ေ႐ႊေတြနဲ႔ တအားခ်မ္းသာသြားၿပီ။
ေမး - ထီးခ်ိဳင့္ဆို သူပုန္လက္ေတာ့မက်ဘူး။ ၿမိဳ႕ေတာ့ ထိသြားတယ္။ ျပန္မဝင္ေအာင္လည္း သူပုန္ ၿခိမ္း ေျခာက္တာခံေနရတယ္ဆိုေတာ့ ၿမိဳ႕ပတ္ခ်ာလည္ ႐ြာေတြကေကာ အေျခအေန ဘယ္လိုရွိလဲ။
ေျဖ - ထီးခ်ိဳင့္ပတ္ခ်ာလည္ ႐ြာေတြကေတာ့ နယ္ေျမခံရွိတာေပါ့။ သူတို႔ကို မၾကည္ၾကေတာ့ဘူးဗ်။ စစ္တပ္လာရင္ေတာ့ေနရာ အတိအက်ေျပာမယ့္ သူေတြခ်ည္းပဲ။ PDF ကို အႀကီးအက်ယ္ ေထာက္ခံခဲ့ တဲ့ အလယ္ေတာတို႔၊ ကုန္းေဘာင္တို႔၊ ေလသာတို႔ အဲဒီလိုမ်ိဳးေနရာေတြေပါ့ ခင္ဗ်ာ။ မႏၲေလး - ထီးခ်ိဳင့္ - ျမစ္ႀကီးနား လမ္းဘက္ကေလ။ ေ႐ႊဘိုဘက္က မဟုတ္ဘူး ထီးခ်ိဳင့္ ျဖတ္လမ္းက ႐ြာေတြေပါ့။ ေပါက္ကုန္းတို႔၊ ေလသာတို႔ ဆိုတာေတြေလ။ အခုကေတာ့ လာပါေစဦး။ မင္းတို႔ေနရာ အတိအက်ကို ေျပာဦးမယ္ ျဖစ္ကုန္တာ။ ႐ြာကို မေစာင့္ေရွာက္ဘဲနဲ႔ ပိုက္ဆံေတြေကာက္ၿပီးေတာ့ သူတို႔က ရေနၾက တာ။ လူေတြကလည္း အာ႐ုံမရွိေတာ့ဘူး။ PDF ေတြဝင္ရင္ ေလယာဥ္နဲ႔ ဗုံးႀကဲလို႔ဆိုၿပီး အဝင္မခံတာ လည္း ရွိတယ္။
ေမး - PDF က သူ႔အဝင္မခံေတာ့ ရန္ရွာတာ ရွိလား။
ေျဖ - ေလသာ႐ြာဆိုရင္ အဲဒီလိုပဲ။ ေျပာမရဘူး။ တခ်ိဳ႕႐ြာေတြက လူညီတယ္ဗ်။ ကုန္းေဘာင္း ဆိုရင္ ႐ြာနားမွာ သူတို႔ PDF ရဲစခန္းေပါ့။
ေမး - ပလဖ ေပါ့။
ေျဖ - ဟုတ္တယ္ ဟုတ္တယ္။ ႐ြာထိပ္မွာ ေဆာက္တာေပါ့ခင္ဗ်ာ။ ႐ြာက ႏြားႏွစ္ေကာင္ဆိုလား ေသ ေတာ့ အဲဒီေကာင္ေတြနဲ႔ ႐ြာနဲ႔ ျပႆနာတက္ၾကတယ္ ၾကားတယ္။ သူတို႔ ႐ြာထိပ္မွာ လာမေဆာက္နဲ႔ေပါ့ ျဖစ္ၾကတယ္တဲ့။
ေမး - ကိုယ့္ရပ္႐ြာကို စြန႔္ခြာၿပီးေျပးရတာဆို ဘယ္ေလာက္ၾကာၿပီေလ။
ေျဖ - ႏွစ္ႏွစ္ေက်ာ္ၿပီ။ တိတိပပဆိုရင္ ႏွစ္ႏွစ္နဲ႔ တစ္လေလာက္ရွိၿပီ။
ေမး - အခုက်ေတာ့ ၿမိဳ႕ထဲကိုျပန္ဝင္တဲ့ လူေကာရွိလား။
ေျဖ - ရွိတယ္ဗ်။ ကြၽန္ေတာ္တို႔ ၿမိဳ႕စြန္က နဝရတ္ဆိုတဲ့ရပ္ကြက္မွာ ဝင္ေနတာ ရွိတယ္။ ကြၽန္ေတာ္တို႔ ၾကားတာေတာ့ ေဈးဆိုင္ႀကီး ႏွစ္ဆိုင္လည္းရွိတယ္တဲ့။ လူကလည္း ေလးငါးရွစ္ရာေလာက္ ရွိတယ္လို႔ ေျပာတယ္။
ေမး - ကြၽန္ေတာ္နားလည္သေလာက္ဆိုရင္ ၿမိဳ႕ကေတာ္ေတာ္ေလး ထိခိုက္သြားတယ္။ ေဒသခံေတြက ၿမိဳ႕အနား ဒါမွမဟုတ္ အရပ္တစ္ပါးကို ေျပာင္းေ႐ႊ႕ ေနၾကရတယ္။ ၿမိဳ႕က ခြာခဲ့ၾကရတဲ့သူေတြမွာ ၿမိဳ႕ကို ျပန္ဝင္ခ်င္ၾကလား။ ဘယ္လိုရွိလဲ။
ေျဖ - သူတို႔ကေတာ့ ဝင္ခ်င္တာေပါ့ ခင္ဗ်ာ။ ဘယ္လိုေတာင္ျဖစ္ေနလဲဆိုေတာ့ အရင္တုန္းက ေရမ်ား ေရႏိုင္၊ မီးမ်ား မီးႏိုင္ေပါ့။ အခု လူေတြက သိသြားၿပီေလ။ သိသြားတဲ့အခါက်ေတာ့ ျပန္ဝင္လို႔မွ PDF ေတြက ျပႆနာရွာမယ္ဆိုရင္ လာရွာလွည့္ ဒီတစ္ခါေတာ့ မင္းတို႔အလွည့္ပဲ။ တို႔က တို႔မိသားစုနဲ႔ စည္း စည္းလုံးလုံးေနၾကမွာ။ အဲဒီလိုမ်ိဳးေပါ့။ျပန္ခ်ဖို႔ အစီစဥ္အထိကို ေတာ္ေတာ္မ်ားမ်ားက စဥ္းစားထားၾက ၿပီ။ အကုန္လုံးကလည္း ျပန္ဝင္ခ်င္တာေပါ့ ခင္ဗ်ာ။ ဘယ္ေန႔ဝင္ရမလဲဆိုတာပဲ ေစာင့္ေနၾကတာေပါ့။
ေမး - ထီးခ်ိဳင့္က လူေတြက PDF ကို ဘာလို႔ အဲဒီေလာက္ အျမင္ေျပာင္းသြားတာလဲ။
ေျဖ - အစ္ကိုရ သူတို႔ေျပာတဲ့စကားနဲ႔ အလုပ္နဲ႔မွ မညီေတာ့ဘူးေလ။ မညီဘူး ဆိုတာဗ်ာ ပထမေတာ့ ေတာ္ေတာ္မ်ားမ်ားက အာဏာထိန္းတာ မႀကိဳက္ၾက ဘူးေလ။ မႀကိဳက္တဲ့အခ်ိန္ ဝါဒမႈိင္းထည့္ေပးတဲ့ အခ်ိန္ အေတြးအျမင္ေလးေတြ နည္းနည္းအားနည္းတဲ့အပိုင္းက်ေတာ့ ဝိုင္းၿပီးေတာ့ ဒီဘက္ ေထာက္ခံ ၾကတာေပါ့။ ခ်က္ခ်င္း ျပဳတ္က်သြားမယ္ထင္တာေပါ့။ ဒီၿမိဳ႕ကို သိမ္းလိုက္ရင္လည္း ခ်က္ခ်င္းရမယ္ ထင္ တာေပါ့။ မၾကာပါဘူးဗ်ာ ခဏပဲေပါ့။ ကြၽန္ေတာ္တို႔ေတာင္ မၾကာဘူး ခဏပဲဆိုၿပီး ေျပးခဲ့တာ။ အခု တစ္ ရက္ႏွစ္ရက္ဆိုၿပီး အိမ္ေနရင္း အဝတ္အစားနဲ႔ လူပဲေျပးခဲ့တာ ဘာမွမပါခဲ့ဘူး။ အခုက်ေတာ့ သူတို႔ေျပာ သလို မဟုတ္ေတာ့ဘူးေလ။ သူတို႔က ၿမိဳ႕သိမ္းတိုက္ပြဲလုပ္တယ္၊ ထြက္ေျပးတဲ့ အိမ္တိုင္းကို ဝင္ေဖာက္ ၿပီး ပစၥည္းေတြယူ၊ ၿပီးလည္းၿပီးေရာ ၿမိဳ႕ပ်က္ေတာ့ ႐ြာဘက္ေတြ ေျပးရတာေပါ့။ ၿမိဳ႕ေပၚကလူေတြကိုပဲ ဒလန္တို႔၊ သူလွ်ိဳတို႔ ယိုးစြပ္တာေလ။ ၿပီးရင္ သူတို႔ဆီမွာ ေထာင္သြင္းအက်ဥ္းခ် အဲဒါမ်ိဳးေတြနဲ႔။ ေတာ္ လွန္ေရးဆိုတာလည္း မဟုတ္ေတာဘဲနဲ႔။ ကိုယ္က်ိဳးအတြက္ပဲ သူတို႔ေခါင္းေဆာင္ေတြက လယ္ေတြ ဝယ္၊ ယာေတြဝယ္၊ ေ႐ႊေတြလုပ္ေပါ့ခင္ဗ်ာ။ သူတို႔ အဲဒီလိုေခါင္းႀကီးပိုင္းကေတာ့ ေကာင္းစားေနတာေပါ့။ ထီး ခ်ိဳင့္က နဝရတ္ရပ္ကြက္ဆိုတာ ၿမိဳ႕ပတ္လမ္းနားမွာေလ။ အဲဒီမွာက ဆန္စက္ေတြ မ်ားေသာအားျဖင့္ ရွိ တယ္။ လူခ်ည္းေျပးခဲ့ရရင္ ဆန္စက္မွာ စပါးတို႔။ ဆန္တို႔ဆိုတာ အကုန္ထားခဲ့ရတာေလ။ အဲဒါေတြကို PDF ေခါင္းေဆာင္ေတြက ယူတယ္။ ကိုယ္က်ိဳးအတြက္ သုံးၿပီး ေရာင္းစားတာေပါ့ခင္ဗ်ာ။ အဲဒါေတြကို ဘယ္လိုစီစဥ္ေပးမယ္နဲ႔ ပိုင္ရွင္ေတြက တစ္ေယာက္တစ္ဝက္ျဖစ္ျဖစ္ မဟုတ္ရင္လည္း ပိုက္ဆံ ေပးပါ့ မယ္ သယ္ပါရေစဆိုတာ လက္ခံဘူးဗ်ာ။ ၾကည့္ပါဦး။
ေမး - သူတို႔ပဲယူမယ္ ျဖစ္သြားတာေပါ့။
ေျဖ - ဟုတ္တယ္။ အဲဒီလိုေတာ့ မေျပာဘူးေပါ့။ အဝင္မခံပဲ ကားႀကီးကားငယ္ အသြယ္သြယ္နဲ႔ ထုတ္ ေရာင္းတာေပါ့။ ဆိုလာျပားေတြကအစ ယူပါ တယ္ဆို။ တခ်ိဳ႕အိမ္ေတြဆို အဲဒီလိုယူၿပီး ေျပာင္သလင္း ခါမွ မီးရႈိ႕ခဲ့တာ။ အဲဒီလို မီးရႈိ႕ၿပီးေတာ့ ဘာ လုပ္လဲဆိုေတာ့ စစ္တပ္လုပ္တယ္ေျပာတာ။ အဲဒါကလည္း ဘယ္သူေတြ ေျပာတာလဲဆိုေတာ့ ဒါႀကီးက သိပ္မၾကာပါဘူး ၿပီးသြားမွာပါဆိုတဲ့သူေတြ ရဲရဲ ေတာက္ ေတြေပါ့ခင္ဗ်ာ။ အရင္တုန္းက သူတို႔ကိုေထာက္ခံခဲ့တဲ့သူေတြပါ။
ေမး - ရဲရဲေတာက္ခဲ့တယ္ဆိုတဲ့သူေတြကေကာ ေက်ာခ်မွ ဓားျပမွန္း သိသြားတယ္လို႔ ေျပာႏိုင္လား။
ေျဖ - သူတို႔ေထာက္ခံတယ္ဆိုတာလည္း ထီးခ်ိဳင့္က ႐ြာဘက္ေတြပါ။ အဲဒီမွာ အခုက်ေတာ့ သိသြားၿပီ ေလ အစ္ကို။ ထီးခ်ိဳင့္အေရွ႕ဘက္က ကမ္းက ေအာင္သာယာတို႔ ႐ြာေတြဆိုရင္ ႐ြာထဲက လူငယ္ေတြစုၿပီး ႐ြာထဲဝင္ၾကတာေပါ့။ မိဘေတြကသိသြားတဲ့အခါ တို႔သားသမီးဘဝေတြက ေပးဆပ္ရတာ သူတို႔က်ေတာ့ မယားငယ္ေတြ ယူ၊ သုံးစြဲေနေတာ့ မျဖစ္ခ်င္ဘူးဆိုၿပီး တစ္႐ြာလုံး အကုန္လုံးလက္နက္အပ္ၿပီး ကိုယ့္သား သမီးကို ယာထဲ၊ ကိုင္းထဲ ခိုင္းေနၾကတာ။
ေမး - မိဘေတြကိုယ္တိုင္က လက္နက္ကိုင္ႏြံထဲ မနစ္ေစခ်င္ေတာ့တဲ့ အေနအထား ျဖစ္သြားတာေပါ့။
ေျဖ - ဟုတ္တယ္ အစ္ကို။ သူတို႔ကဗ်ာ အဓိကဘယ္လိုျဖစ္သြားလဲဆိုေတာ့ ၾကာလည္း ၾကာတယ္။ ဘာမွအရာလည္း မေရာက္တဲ့အျပင္ ပ်က္စီးဆုံးရႈံးသထက္ ဆုံးရႈံးလာတာကိုး။ ဒီလမ္းက အမွားနဲ႔ အမွန္ လား ျပည္သူကေတာ့ ေတြးမိတယ္ဗ်ာ။ လက္နက္ကိုင္ တဲ့သူေတြကေတာ့ ဒီအရသာကို သိၿပီးေတာ့ မွန္မွန္မွားမွား သူတို႔ကေတာ့ မွန္တယ္ေပါ့။ ဘယ္ေန႔တိုက္မယ္ ညာေန႔တိုက္မယ္ဆိုတာက ထီးခ်ိဳင့္ ၿမိဳ႕ ထဲကို ျပည္သူဝင္မွာ အရမ္းေၾကာက္တာ။ ဘာလို႔လဲ ဆိုေတာ့ သူတို႔က လႊတ္ေတာ္ကိုယ္စားလွယ္တို႔ ဘာတို႔ကလည္း ဒီထဲမွာ ေခါင္းႀကီးပိုင္း ယူထားတာေလ။ ျပည္သူေတြ ျပန္ဝင္ၿပီးေတာ့ ေခတ္ျပန္ ေကာင္းသြားမွာကို ေၾကာက္ေနၾကၿပီ။
ေမး - ၿမိဳ႕ျပန္စည္မွာ ေၾကာက္ေနတာေပါ့။
ေျဖ - ဟုတ္တယ္။ မႏၲေလးတို႔ဘက္ေတာင္ ကားေတြ၊ လုံးခ်င္းတိုက္ေတြ ဝယ္ထားၿပီတဲ့။ အခုက သူတို႔ ကေလးေတြကလည္း မႏၲေလးမွာ ေက်ာင္းေတြထား။ မင္းတို႔ ပထမေျပာေတာ့ CDM လုပ္ပါ ေက်ာင္းမ တက္နဲ႔ဆိုၿပီး သူတို႔သားသမီးေတြက်ေတာ့ စစ္ေဘးေရွာင္ရင္းကေန အသက္သာႀကီးသြားတယ္ ေက်ာင္း မထားရဘူး။ အဲဒီလိုေတြ ျဖစ္ၿပီးေတာ့ ေတာ္ေတာ္ေတာ့ မေထာက္ခံဘူး။ တခ်ိဳ႕ကလည္း လက္နက္ကိုင္ ၾကားေနရေတာ့ လက္နက္ကိုင္ဆိုတာ ဥပေဒမွ မရွိတာခင္ဗ်ာ။ ေၾကာက္လို႔သာ ၿငိမ္ေနရတာ ႀကိဳက္တာ ေတာ့ မႀကိဳက္ဘူး။ ငါ့မ်ား ဘယ္လိုလုပ္မလဲဆိုတဲ့အေတြးနဲ႔ မေျပာရဲၾကတာ ႀကိဳက္ေတာ့ မႀကိဳက္ၾကဘူး ေပါ့။
ေမး - ၿမိဳ႕ရဲ႕ ဘယ္ေလာက္ ပမာဏေလာက္ပ်က္လဲ။
ေျဖ - ကိုးဆယ္ရာခိုင္ႏႈန္းေလာက္ ပ်က္သြားတာပါ။ ဘာရွိေတာ့မွာလဲ။ Tiktok မွာတက္လာတာေတြ ေဆ့ၿပီး ပို႔ေပးဦးမယ္။ ဘာက်န္ေတာ့မွာလဲ။ ႏွစ္ႏွစ္ ဆိုတဲ့ကာလက အစ္ကိုရယ္ စဥ္းစားၾကည့္ပါေတာ့ ၿခဳံႏြယ္ ပိတ္ေပါင္းကို ထူလို႔။
ေမး - ထီးခ်ိဳင့္ ျပန္ခ်င္လား။
ေျဖ - ျပန္ခ်င္တာေပါ့ ဗ်ာ။
ေမး - အရပ္တစ္ပါးမွာ စီးပြားရွာ ရပ္တည္ေနရတာ အဆင္ေျပလား။ တစ္ကေန ျပန္စရတာလား။
ေျဖ - မွန္တာေပါ့ အစ္ကိုရာ။ ဘယ္အဆင္ေျပမွာလည္း မေျပပါဘူး။ မေျပလည္း ႀကိတ္မွိတ္ေနရ တာေပါ့။
ေမး - လူေတြမွာ အပူေတြအမ်ိဳးမ်ိဳးေတြ ရွိတယ္။ စစ္ေဘးေရွာင္တစ္ေယာက္ရဲ႕ အပူက ဘာနဲ႔ တူတယ္ ေျပာခ်င္လဲ။
ေျဖ - သူမ်ား႐ြာမွာ စစ္ေဘးေရွာင္ေနရတာ သိတဲ့အတိုင္းေပါ့။ ပိုက္ဆံက ျပည့္စုံေနလို႔ အရင္းအႏွီး ျပည့္စုံရင္ေတာ့ ေတာ္ေသးတာေပါ့။ အရင္းအႏွီးလည္း မရွိဘူး၊ ေနာက္မွာလည္း မိသားစုေတြဆိုတဲ့အခါ က်တာ့ တြက္သာၾကည့္ပါေတာ့။ ကိုယ့္အိမ္နဲ႔ ကိုယ္ဆိုရင္ ပိုက္ဆံပဲထြက္ရွာရတာ။ အခုက ေနစရာ ေကာ၊ စားစရာ အတြက္ေကာ အပူလုံးႀကီးတာေပါ့။
ေမး - ထီးခ်ိဳင့္တုန္းက အေျခအေနနဲ႔ အခုဘာကြာလဲ။
ေျဖ - ကြာတာေပါ့။ အရင္တုန္းက ပြင့္ပြင့္လင္းလင္းေျပာရရင္ အၿမဲတမ္းဟင္းေကာင္းနဲ႔ စားေနတာအခု ေတာ့ ျဖစ္သလိုေပါ့။
ေမး - လက္ရွိေပါ့ေလ ထီးခ်ိဳင့္ကလည္း ႏွစ္ႏွစ္နဲ႔ တစ္လအိမ္နဲ႔ ေဝးကြာခဲ့ၾကၿပီးတဲ့ေနာက္ ဘယ္လို အေျခအေနျဖစ္ျဖစ္ ထီးခ်ိဳင့္ကို ျပန္ဝင္ခ်င္လား။ ဒါမွမဟုတ္ လုံၿခဳံမွလား။
ေျဖ - ဘယ္လိုအေျခအေနျဖစ္ျဖစ္ ဝင္မွာ။
ေမး - ဘာေၾကာင့္လဲ။
ေျဖ - ကြၽန္ေတာ္တို႔လို ၿမိဳ႕သူၿမိဳ႕သားကေတာ့ ဘယ္လိုအေျခအေနျဖစ္ျဖစ္ ဝင္မယ္။ ဝင္ၿပီးရင္ ၿမိဳ႕ သန႔္ရွင္ေရး၊ ၿမိဳ႕ထူေထာင္ေရးမွာ တတပ္တအား စြမ္းစြမ္းတမံ ပါၿပီးေတာ့မွ ရင္းၿပီးရင္ အရင္အတိုင္း ျပန္တည္ေထာင္ခ်င္တဲ့ ဆႏၵရွိတယ္ဗ်ာ။ ေနာက္ဆုံးအထိ ဘယ္ေလာက္စဥ္းစားထားလဲဆိုေတာ့ ကိုယ့္ လုံၿခဳံေရး ကိုယ္နီးစပ္တဲ့ မိသားစုေတြ စည္းစည္းလုံးလုံးေနၿပီးေတာ့ ကိုယ့္ကိုလာၿပီး အႏိုင္က်င့္တာမ်ိဳး ဆို ခံတြယ္ဖို႔အတြက္ စဥ္းစားထားတယ္။
ေမး - ေနာက္ဆုံးေမးခြန္းပါ။ ထီးခ်ိဳင့္ၿမိဳ႕ ျပန္ထူေထာင္ေရး ခက္ခဲမယ္ထင္လား။ ၿမိဳ႕ျပန္ထူေထာင္ဖို႔ ၿမိဳ႕ သူ ၿမိဳ႕သားေတြက စိတ္အား၊ ကိုယ္အားဘယ္ေလာက္အထိ စိုက္ထုတ္ေပးႏိုင္မယ္ထင္လဲ။
ေျဖ - ရာခိုင္ႏႈန္းအျပည့္ေပါ့ဗ်ာ။ ထီးခ်ိဳင့္ၿမိဳ႕ကို ၿမိဳ႕ သူ၊ ၿမိဳ႕သားတိုင္း ခ်စ္ၾကတယ္။ ဒါေတြ လမ္းေၾကာင္း ေတြ ရွင္းသြားလို႔ တပ္က ဝင္ရၿပီဆိုရင္ အယူေတြ လြဲခဲ့တာ မွားခဲ့တာသိတယ္။ ဒါဆိုရင္လည္း ငါတို႔က စည္းစည္းလုံးလုံးနဲ႔ ၿမိဳ႕ကို ျပန္ ထူေထာင္ဖို႔ စိတ္အားထက္သန္ၿပီး အဲဒီလိုပဲ ေမွ်ာ္ေနၾကတာေပါ့ခင္ဗ်ာ။ ညီညီၫြတ္ၫြတ္နဲ႔ ဝိုင္းဝန္းလုပ္ၾကမယ့္ သေဘာ ရွိတယ္။ ထီးခ်ိဳင့္က လူညီတယ္ ခင္ဗ်။ မၾကာပါဘူး ရဟန္းသံဃာေတြကအစ ျပည္သူေတြကအစ ဝိုင္းဝန္းၿပီး ကြၽန္ေတာ္တို႔ က ကိုယ္စြမ္း ဉာဏ္စြမ္း ရွိသေ႐ႊ႕ ႀကိဳးစားမွာပါ။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.