နယ်စပ်မြို့မူဆယ်တွင် မှုခင်း ဖြစ်ပါက အမြန်ဆုံး ဖော်ထုတ်နိုင်ရန် ကြိုးစားနေသော်လည်း အခက်အခဲ အချို့ရှိ

197

သန့်ဇင် (NP News)-ဇန်နဝါရီ-၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ် မြို့ကြီးဖြစ်သည့် မူဆယ်မြို့တွင် ရွှေ့ပြောင်းနေထိုင်သူဦးရေ များပြားလာမှုနှင့်အတူ မှုခင်းဖြစ်လျှင် အမြန်ဆုံး ဖော်ထုတ်နိုင်ရန် အတွက် လုံခြုံရေး တပ်ဖွဲ့ က ကြိုးစား နေပြီး အခက်အခဲ အချို့ ရှိနေကြောင်း သိရသည်။
မူဆယ်မြို့သည် နယ်စပ် စီးပွားရေး မြို့တော် ဖြစ်သောကြောင့် ရေကြည်ရာ မြက်နုရာ လာရောက် အခြေချသူ များပြားရာ ရိုးသားစွာ လုပ်ကိုင်စားသောက်သူများ ရှိသကဲ့သို့ ပြစ်မှု အမျိုးမျိုး ကျူးလွန်ကာ လာရောက် တိမ်းရှောင်နေသူများလည်း ရှိနေကြောင်း သိရသည်။
"မူဆယ်က နယ်စပ်မြို့ဆိုတော့ လူစုံတာပေါ့။ ကောင်းကောင်းလုပ်စားသူတွေရှိသလို ပြစ်မှုမျိုးစုံနဲ့ လာတိမ်းရှောင်နေသူတွေလည်း များ တယ်။ လက်ရှိမှာတော့ မြို့ပေါ် (၉) ရပ်ကွက်အတွင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ လှုပ်ရှားဆောင်ရွက်နေပါတယ်။ တစ်ခုခုဖြစ်ရင်တောင် အမြန်ဖော်ထုတ်နိုင်ဖို့ ရဲ၊ တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ပူးပေါင်းပြီး နေ့ညမပျက် ကင်းလှည့်တာတွေ၊ စစ်ဆေးတာတွေ လုပ်နေပါတယ်" ဟု လုံခြုံရေးတပ်ဖွဲနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
သို့သော် မှုခင်းဖော်ထုတ်ရေးအပိုင်းတွင် ရွေ့ပြောင်းအခြေအချသူများပြားရာဒေသဖြစ်သည့်အတွက် အချက်အလက်စုဆောင်း ဖော်ထုတ် ရာတွင် အခက်အခဲအချို့ ရှိနေကြောင်းလည်း ၎င်းက ဆိုသည်။
"စုံစမ်းဖော်ထုတ်တဲ့နေရာမှာ ဒီမြို့က မြေခံလူတွေမဟုတ်တဲ့အခါ ဘယ်နေ့ကရောက်တယ်၊ ဘယ်သူဘယ်ဝါဆိုတာ တိတိကျကျ သိဖို့ခက် တယ်။ အဲဒီလို အချက်အလက်မခိုင်လုံတဲ့အခါ တချို့အမှုတွေမှာ စုံစမ်းဖော်ထုတ်ရခက်တဲ့ အပိုင်းတွေရှိပါတယ်" ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ပေါင်း (၃၀)ကျော်ရှိပြီး အချို့သော အဖွဲ့များမှာ ဥပဒေနှင့်မကင်းလွတ်သည့် အလုပ်အကိုင်များ လုပ်ဆောင်နေခြင်းများရှိကြောင်း ၎င်းကဆိုသည်။
"လူဆိုတာ လက်ချောင်းလေးတွေလိုပဲ အတိုအရှည်ရှိကြတာပဲ။ လိမ္မာသူရှိသလို မလိမ္မာသူလည်း ရှိနိုင်တယ်။ ဒါကတော့ သူတို့ရဲ့ ကျင်လည်ရာ ဘဝနောက်ခံတွေပေါ် မူတည်တာပေါ့။ အဓိကကတော့ အုပ်ချုပ်သူတွေရဲ့ စည်းကမ်းချက်တွေနဲ့အညီ ထိန်းသိမ်းဖို့ပါပဲ" ဟု ၎င်းကပြောသည်။
ထို့ပြင် မြို့အတွင်း မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်၍လည်း နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မသိကျိုးကျွံမပြုဘဲ ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးရမိမှုများ ရှိနေသော်လည်း အချို့မှာ မီဒီယာများထံသို့ သတင်းရောက်ရှိမှု အားနည်းနေကြောင်းလည်း ၎င်းကဆိုသည်။
မူဆယ်မြို့တွင် မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့အနေအဖြင့် ယင်းရပ်ကွက် (၉) ခုတွင်သာ ဥပဒေစိုးမိုး မှုလုပ်ရှား နိုင်ကြောင်း သိရသည်။

Zawgyi Version:
နယ္စပ္ၿမိဳ႕မူဆယ္တြင္ မႈခင္း ျဖစ္ပါက အျမန္ဆုံး ေဖာ္ထုတ္ႏိုင္ရန္ ႀကိဳးစားေနေသာ္လည္း အခက္အခဲ အခ်ိဳ႕ရွိ
သန႔္ဇင္ (NP News)-ဇန္နဝါရီ-၇
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ျမန္မာ-တ႐ုတ္နယ္စပ္ ၿမိဳ႕ႀကီးျဖစ္သည့္ မူဆယ္ၿမိဳ႕တြင္ ေ႐ႊ႕ေျပာင္းေနထိုင္သူဦးေရ မ်ားျပားလာမႈႏွင့္အတူ မႈခင္းျဖစ္လွ်င္ အျမန္ဆုံး ေဖာ္ထုတ္ႏိုင္ရန္ အတြက္ လုံၿခဳံေရး တပ္ဖြဲ႕ က ႀကိဳးစား ေနၿပီး အခက္အခဲ အခ်ိဳ႕ ရွိေနေၾကာင္း သိရသည္။
မူဆယ္ၿမိဳ႕သည္ နယ္စပ္ စီးပြားေရး ၿမိဳ႕ေတာ္ ျဖစ္ေသာေၾကာင့္ ေရၾကည္ရာ ျမက္ႏုရာ လာေရာက္ အေျခခ်သူ မ်ားျပားရာ ႐ိုးသားစြာ လုပ္ကိုင္စားေသာက္သူမ်ား ရွိသကဲ့သို႔ ျပစ္မႈ အမ်ိဳးမ်ိဳး က်ဴးလြန္ကာ လာေရာက္ တိမ္းေရွာင္ေနသူမ်ားလည္း ရွိေနေၾကာင္း သိရသည္။
"မူဆယ္က နယ္စပ္ၿမိဳ႕ဆိုေတာ့ လူစုံတာေပါ့။ ေကာင္းေကာင္းလုပ္စားသူေတြရွိသလို ျပစ္မႈမ်ိဳးစုံနဲ႔ လာတိမ္းေရွာင္ေနသူေတြလည္း မ်ား တယ္။ လက္ရွိမွာေတာ့ ၿမိဳ႕ေပၚ (၉) ရပ္ကြက္အတြင္းမွာ လုံၿခဳံေရးတပ္ဖြဲ႕ေတြ လႈပ္ရွားေဆာင္႐ြက္ေနပါတယ္။ တစ္ခုခုျဖစ္ရင္ေတာင္ အျမန္ေဖာ္ထုတ္ႏိုင္ဖို႔ ရဲ၊ တပ္နဲ႔ ျပည္သူ႔စစ္အဖြဲ႕ေတြ ပူးေပါင္းၿပီး ေန႔ညမပ်က္ ကင္းလွည့္တာေတြ၊ စစ္ေဆးတာေတြ လုပ္ေနပါတယ္" ဟု လုံၿခဳံေရးတပ္ဖြဲႏွင့္ နီးစပ္သူတစ္ဦးက ေျပာၾကားသည္။
သို႔ေသာ္ မႈခင္းေဖာ္ထုတ္ေရးအပိုင္းတြင္ ေ႐ြ႕ေျပာင္းအေျခအခ်သူမ်ားျပားရာေဒသျဖစ္သည့္အတြက္ အခ်က္အလက္စုေဆာင္း ေဖာ္ထုတ္ ရာတြင္ အခက္အခဲအခ်ိဳ႕ ရွိေနေၾကာင္းလည္း ၎က ဆိုသည္။
"စုံစမ္းေဖာ္ထုတ္တဲ့ေနရာမွာ ဒီၿမိဳ႕က ေျမခံလူေတြမဟုတ္တဲ့အခါ ဘယ္ေန႔ကေရာက္တယ္၊ ဘယ္သူဘယ္ဝါဆိုတာ တိတိက်က် သိဖို႔ခက္ တယ္။ အဲဒီလို အခ်က္အလက္မခိုင္လုံတဲ့အခါ တခ်ိဳ႕အမႈေတြမွာ စုံစမ္းေဖာ္ထုတ္ရခက္တဲ့ အပိုင္းေတြရွိပါတယ္" ဟု အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။
ထို႔ျပင္ မူဆယ္ၿမိဳ႕တြင္ ျပည္သူ႔စစ္အဖြဲ႕ေပါင္း (၃၀)ေက်ာ္ရွိၿပီး အခ်ိဳ႕ေသာ အဖြဲ႕မ်ားမွာ ဥပေဒႏွင့္မကင္းလြတ္သည့္ အလုပ္အကိုင္မ်ား လုပ္ေဆာင္ေနျခင္းမ်ားရွိေၾကာင္း ၎ကဆိုသည္။
"လူဆိုတာ လက္ေခ်ာင္းေလးေတြလိုပဲ အတိုအရွည္ရွိၾကတာပဲ။ လိမၼာသူရွိသလို မလိမၼာသူလည္း ရွိႏိုင္တယ္။ ဒါကေတာ့ သူတို႔ရဲ႕ က်င္လည္ရာ ဘဝေနာက္ခံေတြေပၚ မူတည္တာေပါ့။ အဓိကကေတာ့ အုပ္ခ်ဳပ္သူေတြရဲ႕ စည္းကမ္းခ်က္ေတြနဲ႔အညီ ထိန္းသိမ္းဖို႔ပါပဲ" ဟု ၎ကေျပာသည္။
ထို႔ျပင္ ၿမိဳ႕အတြင္း မူးယစ္ေဆးဝါးျပႆနာႏွင့္ ပတ္သက္၍လည္း နည္းသည္ျဖစ္ေစ၊ မ်ားသည္ျဖစ္ေစ မသိက်ိဳးကြၽံမျပဳဘဲ ထိေရာက္စြာ ေဖာ္ထုတ္ဖမ္းဆီးရမိမႈမ်ား ရွိေနေသာ္လည္း အခ်ိဳ႕မွာ မီဒီယာမ်ားထံသို႔ သတင္းေရာက္ရွိမႈ အားနည္းေနေၾကာင္းလည္း ၎ကဆိုသည္။
မူဆယ္ၿမိဳ႕တြင္ ၿမိဳ႕ေပၚရပ္ကြက္ (၉) ရပ္ကြက္ရွိၿပီး လုံၿခဳံေရးတပ္ဖြဲ႕အေနအျဖင့္ ယင္းရပ္ကြက္ (၉) ခုတြင္သာ ဥပေဒစိုးမိုး မႈလုပ္ရွား ႏိုင္ေၾကာင္း သိရသည္။