အိန္ဒိယနိုင်ငံက တရားမဝင်ကျောက်မီးသွေးတွင်းတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၈)ဦး သေဆုံး

126
Pika (NP News) - ဖေဖော်ဝါရီ ၇
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မီဂါလာယာပြည်နယ်မှာရှိတဲ့ တရားမဝင်ကျောက်မီးသွေးတွင်းတစ်ခုမှာ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၈)ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က “ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်းလုပ်ဆောင်ခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားတဲ့အခင်းနေရာကနေ ရုပ်အလောင်း(၁၈)လောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပေါက်ကွဲမှုအတွင်း အခြားလူ(၈)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း ကျောက်မီးသွေးတွင်းထဲမှာ ပိတ်မိနေတဲ့လူတွေရှိ/မရှိဆိုတာကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီတရားမဝင် ကျောက်မီးသွေး တွင်းက ကျောက်မီးသွေးနဲ့ အခြားသတ္တုတွေကိုရှာဖွေဖို့ တူးဖော်ထားတာဖြစ်ပြီး ဒေါင်လိုက်ပုံစံတူးဖော်ထားတဲ့ တွင်းနက်တွေလည်း ရှိတာကြောင့် ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဖို့က အရမ်းကိုခက်ခဲတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အိႏၵိယႏိုင္ငံက တရားမဝင္ေက်ာက္မီးေသြးတြင္းတစ္ခုမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံးလူ(၁၈)ဦး ေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၇
အိႏၵိယႏိုင္ငံ အေရွ႕ေျမာက္ပိုင္း မီဂါလာယာျပည္နယ္မွာရွိတဲ့ တရားမဝင္ေက်ာက္မီးေသြးတြင္းတစ္ခုမွာ ေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၁၈)ဦးေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕က “ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးေနာက္ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ခ်က္ခ်င္းလုပ္ေဆာင္ခဲ့ပါတယ္။ ေပါက္ကြဲမႈျဖစ္ပြားတဲ့အခင္းေနရာကေန ႐ုပ္အေလာင္း(၁၈)ေလာင္းကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေပါက္ကြဲမႈအတြင္း အျခားလူ(၈)ဦးလည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း ေက်ာက္မီးေသြးတြင္းထဲမွာ ပိတ္မိေနတဲ့လူေတြရွိ/မရွိဆိုတာကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးဘူးလို႔လည္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အဲဒီတရားမဝင္ ေက်ာက္မီးေသြး တြင္းက ေက်ာက္မီးေသြးနဲ႔ အျခားသတၱဳေတြကိုရွာေဖြဖို႔ တူးေဖာ္ထားတာျဖစ္ၿပီး ေဒါင္လိုက္ပုံစံတူးေဖာ္ထားတဲ့ တြင္းနက္ေတြလည္း ရွိတာေၾကာင့္ ရွာေဖြကယ္ဆယ္ေရးေတြလုပ္ဖို႔က အရမ္းကိုခက္ခဲတယ္လို႔လည္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။