ဖားကန့်တွင် KIA က အမျိုးသမီးများအား ပစ်မှတ်ထားဖမ်းဆီးခြင်းကို ပိုမိုလုပ်ဆောင်လာ

193

သန့်မင်းအိမ် (NP News) - ဖေဖော်ဝါရီ ၈
ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် KIA အဖွဲ့မှ ဒေသခံအမျိုးသမီးငယ်များအား အကြောင်းပြချက်မရှိ ပစ်မှတ် ထားဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်၊ စိမ့်စိမ့်မြေဇာပုံအနီးတွင် ရှမ်းအမျိုးသမီးငယ် များအား KIA အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။
ယခင်က ကချင်အမျိုးသမီးများကိုသာ အဓိကထားဖမ်းဆီးလေ့ရှိသော်လည်း ယခုနောက်ပိုင်းတွင် ဗမာ၊ ရှမ်း စသည့် တိုင်းရင်းသူများကိုပါ လူမျိုးမရွေး ဖမ်းဆီးလာနေခြင်းဖြစ်သည်။
ဒေသခံတစ်ဦး၏ ပြောပြချက်အရ KIA အဖွဲ့သည် အမျိုးသမီးငယ်များကို ဖမ်းဆီးရာတွင် "တရားခံမေးမြန်းရန် ရှိသည်" ဟု အကြောင်းပြလေ့ရှိသော်လည်း လက်တွေ့တွင်မူ မရိုးသားသည့် ရည်ရွယ်ချက်များရှိနေကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေကြောင်း သိရသည်။
"သူတို့က တရားခံမေးဖို့ဘာညာဆိုပြီး အကြောင်းပြခေါ်သွားတာ။ ရှင်းရှင်းပြောရရင် မရိုးသားတဲ့ အကြံဉာဏ်တွေ ရှိလို့ပဲ။ သူများသားသမီးကို အဲလိုလုပ်လို့မရဘူးလေ။ ပေါက်လွတ်ပဲစားတွေ လုပ်နေကြတာ" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဖမ်းဆီးခံရသူများထဲမှ ဗမာအမျိုးသမီးငယ်အချို့ကို ဖြစ်စဉ်ဖြစ်ပွားသည့်ည သန်းခေါင်ယံအချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း အချို့မှာမူ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။
KIA အနေဖြင့် မည်သည့်ခိုင်လုံသည့်အကြောင်းပြချက်မှမရှိဘဲ မိမိတို့သဘောကျသည့် အမျိုးသမီးငယ်များကို ပစ္စည်းစုသကဲ့သို့ ဖမ်းဆီးနေခြင်းမှာ ဒေသခံလူထုကြားတွင် များစွာထိတ်လန့်မှုရှိနေသည်။
လက်ရှိတွင် ဖားကန့်ဒေသရှိ အမျိုးသမီးငယ်များမှာ အပြင်ထွက်ရန်ပင် မလုံခြုံတော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီး လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် ဒေသခံများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချနေ ကြောင်း သိရသည်။

Zawgyi Version;
ဖားကန႔္တြင္ KIA က အမ်ိဳးသမီးမ်ားအား ပစ္မွတ္ထားဖမ္းဆီးျခင္းကို ပိုမိုလုပ္ေဆာင္လာ
သန္႔မင္းအိမ္ (NP News) - ေဖေဖာ္ဝါရီ ၈
ကခ်င္ျပည္နယ္၊ ဖားကန႔္ေဒသတြင္ KIA အဖြဲ႕မွ ေဒသခံအမ်ိဳးသမီးငယ္မ်ားအား အေၾကာင္းျပခ်က္မရွိ ပစ္မွတ္ ထားဖမ္းဆီးမႈမ်ား ပိုမိုလုပ္ေဆာင္လာေနေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။
လြန္ခဲ့သည့္ရက္ပိုင္းအတြင္း ဖားကန႔္ၿမိဳ႕နယ္၊ စိမ့္စိမ့္ေျမဇာပုံအနီးတြင္ ရွမ္းအမ်ိဳးသမီးငယ္ မ်ားအား KIA အဖြဲ႕မွ ဖမ္းဆီးေခၚေဆာင္သြားခဲ့သည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့သည္။
ယခင္က ကခ်င္အမ်ိဳးသမီးမ်ားကိုသာ အဓိကထားဖမ္းဆီးေလ့ရွိေသာ္လည္း ယခုေနာက္ပိုင္းတြင္ ဗမာ၊ ရွမ္း စသည့္ တိုင္းရင္းသူမ်ားကိုပါ လူမ်ိဳးမေ႐ြး ဖမ္းဆီးလာေနျခင္းျဖစ္သည္။
ေဒသခံတစ္ဦး၏ ေျပာျပခ်က္အရ KIA အဖြဲ႕သည္ အမ်ိဳးသမီးငယ္မ်ားကို ဖမ္းဆီးရာတြင္ "တရားခံေမးျမန္းရန္ ရွိသည္" ဟု အေၾကာင္းျပေလ့ရွိေသာ္လည္း လက္ေတြ႕တြင္မူ မ႐ိုးသားသည့္ ရည္႐ြယ္ခ်က္မ်ားရွိေနေၾကာင္း ေဝဖန္မႈမ်ား ထြက္ေပၚေနေၾကာင္း သိရသည္။
"သူတို႔က တရားခံေမးဖို႔ဘာညာဆိုၿပီး အေၾကာင္းျပေခၚသြားတာ။ ရွင္းရွင္းေျပာရရင္ မ႐ိုးသားတဲ့ အႀကံဉာဏ္ေတြ ရွိလို႔ပဲ။ သူမ်ားသားသမီးကို အဲလိုလုပ္လို႔မရဘူးေလ။ ေပါက္လြတ္ပဲစားေတြ လုပ္ေနၾကတာ" ဟု ေဒသခံတစ္ဦးက ေျပာၾကားသည္။
ဖမ္းဆီးခံရသူမ်ားထဲမွ ဗမာအမ်ိဳးသမီးငယ္အခ်ိဳ႕ကို ျဖစ္စဥ္ျဖစ္ပြားသည့္ည သန္းေခါင္ယံအခ်ိန္တြင္ ျပန္လည္ လႊတ္ေပးခဲ့ေသာ္လည္း အခ်ိဳ႕မွာမူ ဆက္လက္ဖမ္းဆီးခံထားရဆဲျဖစ္ေၾကာင္း သိရသည္။
KIA အေနျဖင့္ မည္သည့္ခိုင္လုံသည့္အေၾကာင္းျပခ်က္မွမရွိဘဲ မိမိတို႔သေဘာက်သည့္ အမ်ိဳးသမီးငယ္မ်ားကို ပစၥည္းစုသကဲ့သို႔ ဖမ္းဆီးေနျခင္းမွာ ေဒသခံလူထုၾကားတြင္ မ်ားစြာထိတ္လန႔္မႈရွိေနသည္။
လက္ရွိတြင္ ဖားကန႔္ေဒသရွိ အမ်ိဳးသမီးငယ္မ်ားမွာ အျပင္ထြက္ရန္ပင္ မလုံၿခဳံေတာ့သည့္ အေျခအေနႏွင့္ ရင္ဆိုင္ေနရၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအေပၚ ေဒသခံမ်ားက ျပင္းျပင္းထန္ထန္ ကန႔္ကြက္ရႈတ္ခ်ေန ေၾကာင္း သိရသည္။