အကြမ်းဖက်အဖွဲ့များသည် ကိုယ်ကျိုးအတ္တအတွက် မူးယစ်ဆေးဝါးနှင့် သယံဇာတပစ္စည်းများ ထုတ်ယူကာ အဓမ္မကိုယ်ကျိုးစီးပွားရှာနေ

218

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၁ဝ
တည်ငြိမ်မှုမရှိသည့်ဒေသများတွင် လက်နက်ကိုင်၍ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့်အဖွဲ့အစည်းများသည် ၎င်းတို့၏ ကိုယ်ကျိုးအတ္တအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်းများ၊ ဒေသအလိုက်ထွက်ရှိသည့် သယံဇာတပစ္စည်းများကို တရားမဝင် ထုတ်ယူခြင်းများဖြင့် အဓမ္မကိုယ်ကျိုးစီးပွားရှာခြင်းများကို လုပ်ဆောင်နေကြောင်း ယာယီသမ္မတ၊ နိုင်တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၉ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
ဒေသအလိုက် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်နေထိုင်သည့် တည်ငြိမ်အေးချမ်းမှု ကိုလိုလားသော ပြည်သူများ၏အားဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
တည်ငြိမ်မှုမရှိသည့်ဒေသများတွင် လက်နက်ကိုင်၍ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသည် ၎င်းတို့၏ ကိုယ်ကျိုးအတ္တအတွက် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်းများ၊ ဒေသအလိုက်ထွက်ရှိသည့် သယံဇာတပစ္စည်းများကို တရားမဝင် ထုတ်ယူခြင်းများဖြင့် အဓမ္မကိုယ်ကျိုးစီးပွားရှာခြင်းများကို လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
ဒေသမတည်ငြိမ်မှုများဖြစ်ပေါ်ပြီး အဆိုပါအကြမ်းဖက်သမားများကြောင့် အခြေခံပညာကျောင်းများ ပိတ်ထားရခြင်းကြောင့် ကျောင်းနေအရွယ်ကလေးငယ်များ၏ အခွင့်အရေးများစွာ ဆုံးရှုံးလျက်ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ပြည်သူလူထုတည်ငြိမ်အေးချမ်းမှုကို အပြည့်အဝခံစားနိုင်ရေး တပ်မတော်၏အင်အား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အင်အား၊ ပြည်သူလူထု၏ အင်အားများစုစည်း၍ အကြမ်းဖက်သမားများကို နှိမ်နင်းရမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို အုပ်ချုပ်မှုနည်းလမ်း၊ စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုကြောင်း နှင့် နောင်တက်လာမည့်အစိုးရအတွက် အထောက်အကူပြုစေမည့်လုပ်ငန်းများအားလုံးကို ဆောင်ရွက်ပေးသွာကြရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

Zawgyi Version;
အၾကမ္းဖက္အဖြဲ႕မ်ားသည္ ကိုယ္က်ိဳးအတၱအတြက္ မူးယစ္ေဆးဝါးႏွင့္ သယံဇာတပစၥည္းမ်ား ထုတ္ယူကာ အဓမၼကိုယ္က်ိဳးစီးပြားရွာေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၁ဝ
တည္ၿငိမ္မႈမရွိသည့္ေဒသမ်ားတြင္ လက္နက္ကိုင္၍ အၾကမ္းဖက္လုပ္ရပ္မ်ား ေဆာင္႐ြက္ေနသည့္အဖြဲ႕အစည္းမ်ားသည္ ၎တို႔၏ ကိုယ္က်ိဳးအတၱအတြက္ မူးယစ္ေဆးဝါးထုတ္လုပ္ေရာင္းခ်ျခင္းမ်ား၊ ေဒသအလိုက္ထြက္ရွိသည့္ သယံဇာတပစၥည္းမ်ားကို တရားမဝင္ ထုတ္ယူျခင္းမ်ားျဖင့္ အဓမၼကိုယ္က်ိဳးစီးပြားရွာျခင္းမ်ားကို လုပ္ေဆာင္ေနေၾကာင္း ယာယီသမၼတ၊ ႏိုင္ေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေဖေဖာ္ဝါရီ ၉ ရက္၊ မြန္းလြဲပိုင္းက ေနျပည္ေတာ္ရွိ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ႐ုံး အစည္းအေဝးခန္းမ၌ ေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအား ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ေဒသအလိုက္ လုံၿခဳံေရးႏွင့္ တည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းမ်ားကို တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ တာဝန္ရွိသူမ်ားအားလုံး ဝိုင္းဝန္း ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ ေဒသတြင္ေနထိုင္သည့္ တည္ၿငိမ္ေအးခ်မ္းမႈ ကိုလိုလားေသာ ျပည္သူမ်ား၏အားျဖင့္ ပူးေပါင္းေဆာင္႐ြက္သြားၾကရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။
တည္ၿငိမ္မႈမရွိသည့္ေဒသမ်ားတြင္ လက္နက္ကိုင္၍ အၾကမ္းဖက္လုပ္ရပ္မ်ား ေဆာင္႐ြက္ေနသည့္ အဖြဲ႕အစည္းမ်ားသည္ ၎တို႔၏ ကိုယ္က်ိဳးအတၱအတြက္ မူးယစ္ေဆးဝါးထုတ္လုပ္ေရာင္းခ်ျခင္းမ်ား၊ ေဒသအလိုက္ထြက္ရွိသည့္ သယံဇာတပစၥည္းမ်ားကို တရားမဝင္ ထုတ္ယူျခင္းမ်ားျဖင့္ အဓမၼကိုယ္က်ိဳးစီးပြားရွာျခင္းမ်ားကို လုပ္ေဆာင္ေနၾကျခင္းျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ဆိုသည္။
ေဒသမတည္ၿငိမ္မႈမ်ားျဖစ္ေပၚၿပီး အဆိုပါအၾကမ္းဖက္သမားမ်ားေၾကာင့္ အေျခခံပညာေက်ာင္းမ်ား ပိတ္ထားရျခင္းေၾကာင့္ ေက်ာင္းေနအ႐ြယ္ကေလးငယ္မ်ား၏ အခြင့္အေရးမ်ားစြာ ဆုံးရႈံးလ်က္ရွိေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ျပည္သူလူထုတည္ၿငိမ္ေအးခ်မ္းမႈကို အျပည့္အဝခံစားႏိုင္ေရး တပ္မေတာ္၏အင္အား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ အင္အား၊ ျပည္သူလူထု၏ အင္အားမ်ားစုစည္း၍ အၾကမ္းဖက္သမားမ်ားကို ႏွိမ္နင္းရမည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ မိမိတို႔ေဒသအလိုက္ တည္ၿငိမ္ေအးခ်မ္းေရးလုပ္ငန္းမ်ားကို အုပ္ခ်ဳပ္မႈနည္းလမ္း၊ စီမံခန႔္ခြဲမႈနည္းလမ္းမ်ားျဖင့္ ေပါင္းစပ္ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း ႏွင့္ ေနာင္တက္လာမည့္အစိုးရအတြက္ အေထာက္အကူျပဳေစမည့္လုပ္ငန္းမ်ားအားလုံးကို ေဆာင္႐ြက္ေပးသြာၾကရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာၾကားခဲ့သည္။