နျူကလီးယားလက်နက်များ လျှို့ဝှက်စမ်းသပ်နေတဲ့ဆိုတဲ့အမေရိကန်နိုင်ငံရဲ့ စွပ်စွဲချက်များကို တရုတ်အစိုးရ ငြင်းဆန်ပယ်ချ

 256

ဂျန်ဇက်(NP News )ဖေဖော်ဝါရီ ၁၀
တရုတ်အစိုးရက နျူကလီးယားလက်နက်များ လျှို့ဝှက်စမ်းသပ်နေတဲ့ဆိုတဲ့အမေရိကန်နိုင်ငံရဲ့ စွပ်စွဲချက်များကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။တရုတ်အစိုးရက အမေရိကန်နိုင်ငံဟာ နျူကလီးယားလက်နက်နဲ့ပတ်သက်ပြီး ၎င်းတို့ရဲ့ကိုယ်ပိုင်အစီအစဉ်များကို စတင်နိုင်ဖို့ အခြားနိုင်ငံများအပေါ် စွပ်စွဲနေတာမျိုးဖြစ်တယ်လို့တုံ့ပြန်ထားပါတယ်။ ဂျနီဗာမြို့မှာကျင်းပတဲ့ကုလသမဂ္ဂအစည်းအဝေးအတွင်း အမေရိကန်အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ သောမတ်ဒီနန်နိုကတရုတ်နိုင်ငံဟာ ၂၀၂၀ခုနှစ် ဇွန် ၂၂ရက်နေ့က လက်နက်စမ်းသပ်မှုအပါအဝင် နျူကလီးယားလက်နက်များစမ်းသပ်မှုများကိုလုပ်ဆောင်နေသလို ထပ်မံပြီး နျူကလီးယားလက်နက်စမ်းသပ်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ '' အမေရိကန်နိုင်ငံရဲ့စွပ်စွဲချက်များဟာအခြေမြစ်မရှိဘူး။ လိမ်ညာမှုတွေသာဖြစ်တယ်။အမေရိကန်နိုင်ငံဟာ ၎င်းတို့ရဲ့နျူကလီးယားစမ်းသပ်မှုများကို ပြန်လည်စတင်နိုင်အောင် ဆင်ခြေပေးစွပ်စွဲနေတာဖြစ်တယ်။ အမေရိကန်နိုင်ငံဟာ တာဝန်မဲ့တဲ့လုပ်ရပ်များကိုချက်ချင်းရပ်တန့်သင့်တယ်။'' လို့ပြောပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုယ်တိုင်က အမေရိကန်ဟာရုရှားနဲ့ တရုတ်နိုင်ငံ နည်းတူ နျူကလီးယားလက်နက်များ စမ်းသပ်ခြင်းကို ပြန်လည်စတင်မယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။အမေရိကန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ နျူကလီးယားလက်နက်လျော့ချရေးသဘောတူ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တယ်လို့သိရပါတယ်။တရုတ်အစိုးရဟာ လက်ရှိအချိန်မှာ နျူကလီးယားလက်နက်လျော့ချရေး အစီစဉ်များထဲမှာ ပူးပေါင်းပါဝင်ဖို့ ငြင်းဆန်ထားတယ်လို့သိရပါတယ်။

Zawgyi Version:
န်ဴကလီးယားလက္နက္မ်ား လွ်ိဳ႕ဝွက္စမ္းသပ္ေနတဲ့ဆိုတဲ့အေမရိကန္ႏိုင္ငံရဲ႕ စြပ္စြဲခ်က္မ်ားကို တ႐ုတ္အစိုးရ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္(NP News )ေဖေဖာ္ဝါရီ ၁၀
တ႐ုတ္အစိုးရက န်ဴကလီးယားလက္နက္မ်ား လ်ိဳဝွက္စမ္းသပ္ေနတဲ့ဆိုတဲ့အေမရိကန္ႏိုင္ငံရဲ႕ စြပ္စြဲခ်က္မ်ားကို ျငင္းဆန္ပယ္ခ်လိုက္ပါတယ္။တ႐ုတ္အစိုးရက အေမရိကန္ႏိုင္ငံဟာ န်ဴကလီးယားလက္နက္နဲ႔ပတ္သက္ၿပီး ၎တို႔ရဲ႕ကိုယ္ပိုင္အစီအစဥ္မ်ားကို စတင္ႏိုင္ဖို႔ အျခားႏိုင္ငံမ်ားအေပၚ စြပ္စြဲေနတာမ်ိဳးျဖစ္တယ္လို႔တုံ႔ျပန္ထားပါတယ္။ ဂ်နီဗာၿမိဳ႕မွာက်င္းပတဲ့ကုလသမဂၢအစည္းအေဝးအတြင္း အေမရိကန္အစိုးရအဖြဲ႕တာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ေသာမတ္ဒီနန္ႏိုကတ႐ုတ္ႏိုင္ငံဟာ ၂၀၂၀ခုႏွစ္ ဇြန္ ၂၂ရက္ေန႔က လက္နက္စမ္းသပ္မႈအပါအဝင္ န်ဴကလီးယားလက္နက္မ်ားစမ္းသပ္မႈမ်ားကိုလုပ္ေဆာင္ေနသလို ထပ္မံၿပီး န်ဴကလီးယားလက္နက္စမ္းသပ္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကေတာ့ '' အေမရိကန္ႏိုင္ငံရဲ႕စြပ္စြဲခ်က္မ်ားဟာအေျချမစ္မရွိဘူး။ လိမ္ညာမႈေတြသာျဖစ္တယ္။အေမရိကန္ႏိုင္ငံဟာ ၎တို႔ရဲ႕န်ဴကလီးယားစမ္းသပ္မႈမ်ားကို ျပန္လည္စတင္ႏိုင္ေအာင္ ဆင္ေျခေပးစြပ္စြဲေနတာျဖစ္တယ္။ အေမရိကန္ႏိုင္ငံဟာ တာဝန္မဲ့တဲ့လုပ္ရပ္မ်ားကိုခ်က္ခ်င္းရပ္တန႔္သင့္တယ္။'' လို႔ေျပာပါတယ္။အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကိုယ္တိုင္က အေမရိကန္ဟာ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံ နည္းတူ န်ဴကလီးယားလက္နက္မ်ား စမ္းသပ္ျခင္းကို ျပန္လည္စတင္မယ္လို႔ ၿပီးခဲ့တဲ့ေအာက္တိုဘာလတုန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။အေမရိကန္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ႐ုရွားႏိုင္ငံနဲ႔ခ်ဳပ္ဆိုထားတဲ့ န်ဴကလီးယားလက္နက္ေလ်ာ့ခ်ေရးသေဘာတူ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့တယ္လို႔သိရပါတယ္။တ႐ုတ္အစိုးရဟာ လက္ရွိအခ်ိန္မွာ န်ဴကလီးယားလက္နက္ေလ်ာ့ခ်ေရး အစီစဥ္မ်ားထဲမွာ ပူးေပါင္းပါဝင္ဖို႔ ျငင္းဆန္ထားတယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.