တရုတ်နိုင်ငံမှာ နှစ်သစ်ကူး လူထုအသုံးစရိတ်မြှင့်တင်ဖို့အတွက် ကံစမ်းမဲအစီအစဉ်နဲ့ လျှော့စျေး package တွေမှာ ဒေါ်လာ ၃၇၄ သန်းထိ ထုတ်သုံး

265

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၃
တရုတ်နိုင်ငံက တရုတ်နှစ်ကူးကာလမှာ ပြည်တွင်းသုံးစွဲမှု ဝယ်လိုအားမြှင့်တင်ဖို့အတွက် လာမယ့် ကိုးရက်ကြာ တရုတ်နှစ်သစ်ကူး အားလပ်ရက်အတွင်း စားသုံးသူတွေ ဆွဲဆောင်နိုင်မယ့်ဘအဓိကလှုပ်ရှားမှုတစ်ခု စတင်လိုက်ပါတယ်။
တရုတ်နိုင်ငံမှာ နွေဦးပွဲတော် (Spring Festival) လို့ လူသိများတဲ့ ယခုအားလပ်ရက်ရာသီအတွင်း လူထုရဲ့ ဝယ်လိုအား အသုံးစရိတ်မြှင့်တက်လာစေဖို့ တွန်းအားပေးတဲ့အနေနဲ့ ဒေသန္တရအစိုးရတွေက ယွမ် ၂.၀၅ ဘီလီယံ (စင်ကာပူဒေါ်လာ ၃၇၄ သန်း) ထိ ဘတ်ဂျက်ချထားပေးပါတယ်။ စီးပွားရေး ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ရှန်ချင်ပင်ရဲ့ ပြောကြားချက်အရ ယခုအစီအစဉ်မှာ ဈေးဝယ်ဘောင်ချာတွေ၊ ထောက်ပံ့ကြေးတွေနဲ့ အန်ပေါင်း ပုံစံ ငွေသားလက်ဆောင်တွေ ပါဝင်မယ်လို့ ဆိုပါတယ်။ ငွေတောင်းခံလွှာထီ (Invoice Lottery) ကို မြို့ပေါင်း ၅ဝ မှာ စတင်ပေးမှာဖြစ်ပြီး ဈေးဝယ်ခြင်း၊ စားသောက်ခြင်း၊ ခရီးသွားခြင်း (သို့) တည်းခိုခြင်းတို့အတွက် ယွမ် ၁ဝဝ နဲ့အထက်ရှိတဲ့ ငွေတောင်းခံလွှာ (Invoice) ရှိသူတိုင်း ပါဝင်နိုင်မှာဖြစ်ပါတယ်။ ကိုးရက်တာ အားလပ်ရက်အတွင်း ဆုကြေးငွေကတော့ ယွမ် ၁ ဘီလီယံကျော် အသုံးပြုထားပြီး၊ အမြင့်ဆုံး ထီဆုကြေးကတော့ ယွမ် ၈၀၀ ထိ ရှိမှာ ဖြစ်ပါတယ်။ အိမ်သုံးလျှပ်စစ်ပစ္စည်း အကြီးစားနဲ့ ကား အသစ်လဲလှယ်ဝယ်ယူသူတွေအတွက်လည်း အမျိုးသားအဆင့် ထောက်ပံ့ကြေး ယွမ် ၆၂.၅ ဘီလီယံထိ ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒါအပြင် ဓာတ်ဆီဆိုင်သောင်းနဲ့ချီမှာ ရေနွေး အခမဲ့ပေးခြင်း၊ အရေးပေါ်ဆေးဝါးနဲ့ ကားရေဆေးခ လျှော့စျေးတွေ ပေးခြင်း၊ ပြတိုက်နဲ့ ယဉ်ကျေးမှုနေရာ ဖွင့်လှစ်ချိန်ကို တိုးမြှင့်ပေးခြင်းတို့ ပြုလုပ်ပေးမယ်လို့ ဆိုပါတယ်။ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်မှာလညိး ပိုမိုလွယ်ကူအောင် လုပ်ဆောင်ပေးမှာဖြစ်ပြီး၊ အခွန်ပြန်အမ်းပေးခြင်းအပြင် ဆိုင်ပေါင်း ၁၃,၀၀၀ မှာ ၁၀ ရာခိုင်နှုန်း လျှော့စျေးနဲ့ ညီမျှတဲ့ ခံစားခွင့်တွေ ရရှိမယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ် တရုတ်နှစ်ကူး၊ နွေဦးပွဲတော်ဟာ အချိန် ကိုးရက်ကြာမြင့်မှာ ဖြစ်ပြီး တစ်နှစ်တာရဲ့ စံချိန်တင် အရှည်ကြာဆုံး အားလပ်ရက်ဖြစ်တာကြောင့် အာဏာပိုင်တွေက ဒီအားလက်ရက်နဲ့ ဆက်နွယ်ပြီး ရက် ၄၀ တာ ကာလအတွင်း ခရီးသွားလာမှု အကြိမ်ရေ ၉.၅ ဘီလီယံအထိ ရှိလာနိုင်ဖို့ ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ၂ဝ၂၅ ခုနှစ် နောက်ဆုံး သုံးလပတ်မှာ ၄.၅ ရာခိုင်နှုန်းသာတိုးတက်ခဲ့ပြီး ၎င်းဟာ ၂၀၂၃ ခုနှစ်နောက်ပိုင်း အနှေးကွေးဆုံး အရှိန်ဖြစ်နေပါတယ်။ အိမ်ခြံမြေဈေးကွက် ကျဆင်းမှုနဲ့ သုံးစွဲသူတွေရဲ့စိတ်အားထက်သန်မှုနည်းပါးနေခြင်းက စီးပွားရေးအတွက် အဟန့်အတားဖြစ်နေတာကြောင့် အစိုးရက ယခုလို ပြည်တွင်းဝယ်လိုအားကို အားပေးမြှင့်တင်နေတာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ ႏွစ္သစ္ကူး လူထုအသုံးစရိတ္ျမႇင့္တင္ဖို႔အတြက္ ကံစမ္းမဲအစီအစဥ္နဲ႔ ေလွ်ာ့ေစ်း package ေတြမွာ ေဒၚလာ ၃၇၄ သန္းထိ ထုတ္သုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၃
တ႐ုတ္ႏိုင္ငံက တ႐ုတ္ႏွစ္ကူးကာလမွာ ျပည္တြင္းသုံးစြဲမႈ ဝယ္လိုအားျမႇင့္တင္ဖို႔အတြက္ လာမယ့္ ကိုးရက္ၾကာ တ႐ုတ္ႏွစ္သစ္ကူး အားလပ္ရက္အတြင္း စားသုံးသူေတြ ဆြဲေဆာင္ႏိုင္မယ့္ဘအဓိကလႈပ္ရွားမႈတစ္ခု စတင္လိုက္ပါတယ္။
တ႐ုတ္ႏိုင္ငံမွာ ေႏြဦးပြဲေတာ္ (Spring Festival) လို႔ လူသိမ်ားတဲ့ ယခုအားလပ္ရက္ရာသီအတြင္း လူထုရဲ႕ ဝယ္လိုအား အသုံးစရိတ္ျမႇင့္တက္လာေစဖို႔ တြန္းအားေပးတဲ့အေနနဲ႔ ေဒသႏၲရအစိုးရေတြက ယြမ္ ၂.၀၅ ဘီလီယံ (စင္ကာပူေဒၚလာ ၃၇၄ သန္း) ထိ ဘတ္ဂ်က္ခ်ထားေပးပါတယ္။ စီးပြားေရး ကူးသန္းေရာင္းဝယ္ေရး ဒုတိယဝန္ႀကီး ရွန္ခ်င္ပင္ရဲ႕ ေျပာၾကားခ်က္အရ ယခုအစီအစဥ္မွာ ေဈးဝယ္ေဘာင္ခ်ာေတြ၊ ေထာက္ပံ့ေၾကးေတြနဲ႔ အန္ေပါင္း ပုံစံ ေငြသားလက္ေဆာင္ေတြ ပါဝင္မယ္လို႔ ဆိုပါတယ္။ ေငြေတာင္းခံလႊာထီ (Invoice Lottery) ကို ၿမိဳ႕ေပါင္း ၅ဝ မွာ စတင္ေပးမွာျဖစ္ၿပီး ေဈးဝယ္ျခင္း၊ စားေသာက္ျခင္း၊ ခရီးသြားျခင္း (သို႔) တည္းခိုျခင္းတို႔အတြက္ ယြမ္ ၁ဝဝ နဲ႔အထက္ရွိတဲ့ ေငြေတာင္းခံလႊာ (Invoice) ရွိသူတိုင္း ပါဝင္ႏိုင္မွာျဖစ္ပါတယ္။ ကိုးရက္တာ အားလပ္ရက္အတြင္း ဆုေၾကးေငြကေတာ့ ယြမ္ ၁ ဘီလီယံေက်ာ္ အသုံးျပဳထားၿပီး၊ အျမင့္ဆုံး ထီဆုေၾကးကေတာ့ ယြမ္ ၈၀၀ ထိ ရွိမွာ ျဖစ္ပါတယ္။ အိမ္သုံးလွ်ပ္စစ္ပစၥည္း အႀကီးစားနဲ႔ ကား အသစ္လဲလွယ္ဝယ္ယူသူေတြအတြက္လည္း အမ်ိဳးသားအဆင့္ ေထာက္ပံ့ေၾကး ယြမ္ ၆၂.၅ ဘီလီယံထိ ထုတ္ေပးသြားမယ္လို႔ ဆိုပါတယ္။
ဒါအျပင္ ဓာတ္ဆီဆိုင္ေသာင္းနဲ႔ခ်ီမွာ ေရေႏြး အခမဲ့ေပးျခင္း၊ အေရးေပၚေဆးဝါးနဲ႔ ကားေရေဆးခ ေလွ်ာ့ေစ်းေတြ ေပးျခင္း၊ ျပတိုက္နဲ႔ ယဥ္ေက်းမႈေနရာ ဖြင့္လွစ္ခ်ိန္ကို တိုးျမႇင့္ေပးျခင္းတို႔ ျပဳလုပ္ေပးမယ္လို႔ ဆိုပါတယ္။ ဒစ္ဂ်စ္တယ္ေငြေပးေခ်မႈစနစ္မွာလညိး ပိုမိုလြယ္ကူေအာင္ လုပ္ေဆာင္ေပးမွာျဖစ္ၿပီး၊ အခြန္ျပန္အမ္းေပးျခင္းအျပင္ ဆိုင္ေပါင္း ၁၃,၀၀၀ မွာ ၁၀ ရာခိုင္ႏႈန္း ေလွ်ာ့ေစ်းနဲ႔ ညီမွ်တဲ့ ခံစားခြင့္ေတြ ရရွိမယ္လို႔ ဆိုပါတယ္။
၂၀၂၆ ခုႏွစ္ တ႐ုတ္ႏွစ္ကူး၊ ေႏြဦးပြဲေတာ္ဟာ အခ်ိန္ ကိုးရက္ၾကာျမင့္မွာ ျဖစ္ၿပီး တစ္ႏွစ္တာရဲ႕ စံခ်ိန္တင္ အရွည္ၾကာဆုံး အားလပ္ရက္ျဖစ္တာေၾကာင့္ အာဏာပိုင္ေတြက ဒီအားလက္ရက္နဲ႔ ဆက္ႏြယ္ၿပီး ရက္ ၄၀ တာ ကာလအတြင္း ခရီးသြားလာမႈ အႀကိမ္ေရ ၉.၅ ဘီလီယံအထိ ရွိလာႏိုင္ဖို႔ ခန႔္မွန္းထားပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးဟာ ၂ဝ၂၅ ခုႏွစ္ ေနာက္ဆုံး သုံးလပတ္မွာ ၄.၅ ရာခိုင္ႏႈန္းသာတိုးတက္ခဲ့ၿပီး ၎ဟာ ၂၀၂၃ ခုႏွစ္ေနာက္ပိုင္း အေႏွးေကြးဆုံး အရွိန္ျဖစ္ေနပါတယ္။ အိမ္ၿခံေျမေဈးကြက္ က်ဆင္းမႈနဲ႔ သုံးစြဲသူေတြရဲ႕စိတ္အားထက္သန္မႈနည္းပါးေနျခင္းက စီးပြားေရးအတြက္ အဟန႔္အတားျဖစ္ေနတာေၾကာင့္ အစိုးရက ယခုလို ျပည္တြင္းဝယ္လိုအားကို အားေပးျမႇင့္တင္ေနတာျဖစ္တယ္လို႔ သိရပါတယ္။