နျူကလီးယားနှင့်ပတ်သက်ပြီး အီရန်နိုင်ငံအနေဖြင့် သဘောတူညီမှုရယူပါက ကြီးမားသည့်ထိခိုက်မှုများ ရင်ဆိုင်ရမည်ဟု အမေရိကန်သမ္မတ ထပ်မံသတိပေး

 67

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် နျူကလီးယားနှင့်ပတ်သက်ပြီး အမေရိကန်နှင့် သဘောတူညီချက်တစ်စုံတစ်ရာ မရယူနိုင်ပါက ကြီးမားသောထိခိုက်မှုများနှင့်ရင်ဆိုင်ရဖွယ်ရှိကြောင်း ထပ်မံ သတိပေးလိုက်သည်။
သမ္မတထရမ့်က အီရန်ခေါင်းဆောင်များသည် ပထမအကြိမ်ကတည်းက သဘောတူညီမှုရယူသင့်ခဲ့ကြောင်း၊ ထိုသို့မလုပ်ဆောင်ခဲ့သည့်အတွက် "Midnight Hammer" စစ်ဆင်ရေးနှင့်ကြုံတွေ့ခဲ့ရကြောင်း ပြန်ပြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတက ''တကယ်လို့ အီရန်နိုင်ငံဟာ အခုအချိန်မှာ သဘောတူညီမှုမလုပ်ဘူးဆိုရင် အီရန်အတွက် အရမ်းကို နာကျင်ထိခိုက်စရာကောင်းတဲ့အခြေအနေဖြစ်လာလိမ့်မယ်" ဟု ပြောခဲ့သည်။
ထို့အပြင် သမ္မတထရမ့်သည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု နှင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် တွေ့ဆုံခဲ့ပြီး ဆွေးနွေးမှု ရလဒ်ကောင်းမွန်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ်အနေဖြင့် လက်ရှိ အခြေအနေကို နားလည်သဘောပေါက်သော်လည်း၊ အဆုံးသတ်ဆုံးဖြတ်ချက်မှာ မိမိအပေါ်တွင်သာ မူတည် ကြောင်း သမ္မတထရမ့်က ထုတ်ဖော်ပြောကြားခဲ့သည်။
သမ္မတထရမ့်က ပြင်းထန်သည့် ဖြစ်ရပ်မျိုးကို မဖြစ်စေလိုသော်လည်း၊ အီရန်အနေဖြင့် တရားမျှတပြီး ကောင်းမွန် သောသဘောတူညီချက်မျိုး ကို မလုပ်ဆောင်ပါက အခြေအနေများ အလွန်ခက်ခဲသွားလိမ့်မည်ဖြစ်ကြောင်း အဆုံးသတ် သတိပေးခဲ့သည်။ အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်လပိုင်းကတည်းက အရှေ့အလယ်ပိုင်းဒေသသို့ လေယာဉ်တင်သင်္ဘောများ၊ တိုက်လေယာဉ်များ စေလွှတ်ထားရာ အီရန်နှင့် အမေရိကန်နိုင်ငံကြားတိုက်ပွဲများ ဖြစ်လာမည်ကို ဒေသအတွင်းနိုင်ငံများက သတိပေးထားသည်။
နျူကလီးယားအရေးနှင့် ပတ်သက်၍ အီရန်၏ ရပ်တည်ချက်မှာ ရှင်းလင်းပြတ်သားမှုရှိနေပြီး ယူရေနီယံသန့်စင်မှု လုပ်ငန်းများကို လုံးဝရပ်တန့်ပစ်ရန် တောင်းဆိုချက်များကို အီရန်နိုင်ငံဘက်က ငြင်းဆန်ပယ်ချထားကြောင်း သိရသည်။
အီရန်က နျူကလီးယားလုပ်ငန်းများကို ငြိမ်းချမ်းစွာအသုံးပြုရန်ဖြစ်ပြီး နိုင်ငံ၏ နည်းပညာဆိုင်ရာ အချုပ်အခြာ အာဏာဖြစ်ကြောင်း ပြောဆိုထားသည်။
အီရန်ခေါင်းဆောင်၏အဆင့်မြင့်အကြံပေးတစ်ဦးဖြစ်သည့် လာရီဂျာနီကသံတမန်ရေးရာလမ်းကြောင်းများကို ဖွင့်ထားသော်လည်း အီရန်သည် စစ်ရေးအရ တန်ပြန်ရန် အသင့်ရှိနေကြောင်း သတိပေးခဲ့သည်။ အမေရိကန်က အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာပါက အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းများ အားလုံးသည် အီရန်၏ တိုက်ရိုက်ပစ်မှတ်များဖြစ်လာလိမ့်မည်ဟု လာရီဂျာနီက ပြင်းထန်စွာ သတိပေးလိုက်သည်။

Zawgyi Version;
န်ဴကလီးယားႏွင့္ပတ္သက္ၿပီး အီရန္ႏိုင္ငံအေနျဖင့္ သေဘာတူညီမႈရယူပါက ႀကီးမားသည့္ထိခိုက္မႈမ်ား ရင္ဆိုင္ရမည္ဟု အေမရိကန္သမၼတ ထပ္မံသတိေပး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၄
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္ႏိုင္ငံအေနျဖင့္ န်ဴကလီးယားႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္ သေဘာတူညီခ်က္တစ္စုံတစ္ရာ မရယူႏိုင္ပါက ႀကီးမားေသာထိခိုက္မႈမ်ားႏွင့္ရင္ဆိုင္ရဖြယ္ရွိေၾကာင္း ထပ္မံ သတိေပးလိုက္သည္။
သမၼတထရမ့္က အီရန္ေခါင္းေဆာင္မ်ားသည္ ပထမအႀကိမ္ကတည္းက သေဘာတူညီမႈရယူသင့္ခဲ့ေၾကာင္း၊ ထိုသို႔မလုပ္ေဆာင္ခဲ့သည့္အတြက္ "Midnight Hammer" စစ္ဆင္ေရးႏွင့္ႀကဳံေတြ႕ခဲ့ရေၾကာင္း ျပန္ေျပာင္း ေျပာၾကားခဲ့သည္။
အေမရိကန္သမၼတက ''တကယ္လို႔ အီရန္ႏိုင္ငံဟာ အခုအခ်ိန္မွာ သေဘာတူညီမႈမလုပ္ဘူးဆိုရင္ အီရန္အတြက္ အရမ္းကို နာက်င္ထိခိုက္စရာေကာင္းတဲ့အေျခအေနျဖစ္လာလိမ့္မယ္" ဟု ေျပာခဲ့သည္။
ထို႔အျပင္ သမၼတထရမ့္သည္ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟု ႏွင့္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ေတြ႕ဆုံခဲ့ၿပီး ေဆြးေႏြးမႈ ရလဒ္ေကာင္းမြန္ခဲ့ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ အစၥေရးဝန္ႀကီးခ်ဳပ္အေနျဖင့္ လက္ရွိ အေျခအေနကို နားလည္သေဘာေပါက္ေသာ္လည္း၊ အဆုံးသတ္ဆုံးျဖတ္ခ်က္မွာ မိမိအေပၚတြင္သာ မူတည္ ေၾကာင္း သမၼတထရမ့္က ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
သမၼတထရမ့္က ျပင္းထန္သည့္ ျဖစ္ရပ္မ်ိဳးကို မျဖစ္ေစလိုေသာ္လည္း၊ အီရန္အေနျဖင့္ တရားမွ်တၿပီး ေကာင္းမြန္ ေသာသေဘာတူညီခ်က္မ်ိဳး ကို မလုပ္ေဆာင္ပါက အေျခအေနမ်ား အလြန္ခက္ခဲသြားလိမ့္မည္ျဖစ္ေၾကာင္း အဆုံးသတ္ သတိေပးခဲ့သည္။ အေမရိကန္ႏိုင္ငံသည္ ၿပီးခဲ့သည့္လပိုင္းကတည္းက အေရွ႕အလယ္ပိုင္းေဒသသို႔ ေလယာဥ္တင္သေဘၤာမ်ား၊ တိုက္ေလယာဥ္မ်ား ေစလႊတ္ထားရာ အီရန္ႏွင့္ အေမရိကန္ႏိုင္ငံၾကားတိုက္ပြဲမ်ား ျဖစ္လာမည္ကို ေဒသအတြင္းႏိုင္ငံမ်ားက သတိေပးထားသည္။
န်ဴကလီးယားအေရးႏွင့္ ပတ္သက္၍ အီရန္၏ ရပ္တည္ခ်က္မွာ ရွင္းလင္းျပတ္သားမႈရွိေနၿပီး ယူေရနီယံသန႔္စင္မႈ လုပ္ငန္းမ်ားကို လုံးဝရပ္တန႔္ပစ္ရန္ ေတာင္းဆိုခ်က္မ်ားကို အီရန္ႏိုင္ငံဘက္က ျငင္းဆန္ပယ္ခ်ထားေၾကာင္း သိရသည္။
အီရန္က န်ဴကလီးယားလုပ္ငန္းမ်ားကို ၿငိမ္းခ်မ္းစြာအသုံးျပဳရန္ျဖစ္ၿပီး ႏိုင္ငံ၏ နည္းပညာဆိုင္ရာ အခ်ဳပ္အျခာ အာဏာျဖစ္ေၾကာင္း ေျပာဆိုထားသည္။
အီရန္ေခါင္းေဆာင္၏အဆင့္ျမင့္အႀကံေပးတစ္ဦးျဖစ္သည့္ လာရီဂ်ာနီကသံတမန္ေရးရာလမ္းေၾကာင္းမ်ားကို ဖြင့္ထားေသာ္လည္း အီရန္သည္ စစ္ေရးအရ တန္ျပန္ရန္ အသင့္ရွိေနေၾကာင္း သတိေပးခဲ့သည္။ အေမရိကန္က အီရန္အေပၚ စစ္ေရးအရ တိုက္ခိုက္မႈမ်ား ျပဳလုပ္လာပါက အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ အေမရိကန္ စစ္အေျခစိုက္စခန္းမ်ား အားလုံးသည္ အီရန္၏ တိုက္႐ိုက္ပစ္မွတ္မ်ားျဖစ္လာလိမ့္မည္ဟု လာရီဂ်ာနီက ျပင္းထန္စြာ သတိေပးလိုက္သည္။

Related news

© 2021. All rights reserved.