ဒရုန်းများ ထပ်မံစေလွှတ်မည်ဆိုလျှင် ကြောက်စရာကောင်းသည့်တုံ့ပြန်မှုများနှင့်ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားအစိုးရ ခြိမ်းခြောက်

 60

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၁၄

တောင်ကိုရီးယားနိုင်ငံအနေဖြင့် နယ်စပ်ဒေသကို ကျော်လွန်ပြီး ဒရုန်းများ ထပ်မံစေလွှတ်မည်ဆိုလျှင် ကြောက်စရာကောင်းသည့် တုံ့ပြန်မှုများနှင့်ရင်ဆိုင်ရမည်ဟု မြောက်ကိုရီးယားအစိုးရက ခြိမ်းခြောက် ပြောဆိုလိုက် သည်။ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်သည် ပြီးခဲ့သည့်နှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခံရပြီးနောက် မြောက်ကိုရီးယားနိုင်ငံနှင့်ဆက်ဆံရေးပြန်လည် ကောင်းမွန်ရန်ကြိုးပမ်းခဲ့သော်လည်း မျှော်လင့်သလောက်ရလဒ် မကောင်းဘဲဖြစ်နေကြောင်း သိရသည်။
သို့သော်လည်း မြောက်ကိုရီးယားအစိုးရက ၎င်းတို့သည် ပြီးခဲ့သောလအတွင် ထောက်လှမ်းရေး ဒရုန်းတစ်စင်းကို တွေ့ရှိ ပစ်ချခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်၏ ညီမဖြစ်သူ ကင်ယိုဂျွန်က တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဒရုန်း ပို့လွှတ်မှုများ မရပ်တန့်ဘူးဆိုလျှင် ပြင်းထန်သည့်အကျိုးဆက်များ ရင်ဆိုင်ရမည်ဟု ပြောသည်။
ကင်ယိုဂျုံက ''မြောက်ကိုရီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တာလိုမျိုး ရန်စမှုတွေ ထပ်ခါတလဲလဲ ဖြစ်ပေါ်နေရင် ကြောက်စရာကောင်းတဲ့တုံ့ပြန်မှုတွေဖြစ်လာမှာ သေချာတယ်ဆိုတာကို ကြိုတင်သတိပေးပါတယ်" ကျွန်မတို့နိုင်ငံရဲ့လေပိုင်နက်ထဲကို ဒရုန်းတွေ ကျူးကျော်ဝင်ရောက်မှုကို ဘယ်သူက ကြိုးကိုင်ခြယ်လှယ်နေ တယ်ဆိုတာနဲ့ ဒါဟာ လူပုဂ္ဂိုလ်တစ်ဦးဦး ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုဖြစ်စေ လုပ်ဆောင်နေမယ်ဆိုရင်လည်း ဂရုမစိုက်ပါဘူး။ တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ဆက်ဆံရေးပြန်လည်ပြုပြင်ခြင်း’ လို့ခေါ်တဲ့ မျှော်လင့်ချက်တွေနဲ့ပြည့်နှက်နေတဲ့အိပ်မက်အမျိုးမျိုးရှိနေပေမယ့် ဒါတွေအားလုံး ဘယ်တော့မှအကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး" ဟု ပြောသည်။
တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံသို့ ဒရုန်းများ စေလွှတ်မှုနှင့်ပတ်သက်ပြီး ငြင်းဆန်ပယ်ချ ထားကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူက ၎င်းတို့နိုင်ငံ၏ အချုပ်အခြာကို ချိုးဖောက်လာမည်ဆိုလျှင်တုံ့ပြန်မှုသည် “အချိုးအစားထက် ကျော်လွန်” မည်ဖြစ်ပြီး သူမ၏အစ်ကိုဖြစ်သူ ကင်ဂျုံအမ် ဦးဆောင်သော စစ်တပ်ကလည်း “တန်ပြန်တိုက်ခိုက်မှု အစီအစဉ်အမျိုးမျိုး” ကို စဉ်းစားမည်ဖြစ် ကြောင်း ပြောသည်။
ကင်ယိုဂျုံက ''တောင်ကိုရီးယားအာဏာပိုင်တွေဟာ သူတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့အကျပ်အတည်းကို နောင်တရ သလိုမျိုး ဖော်ပြတာမျိုးနဲ့ဖုံးကွယ်ဖို့ မကြိုးစားသင့်ဘူး'' ဟု ပြောသည်။ မြောက်ကိုရီးယားနိုင်ငံသည် ဒုံးကျည် စမ်းသပ်မှုများ မကြာခဏလုပ်ဆောင်ခဲ့ရာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့နှင့် တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဒ႐ုန္းမ်ား ထပ္မံေစလႊတ္မည္ဆိုလွ်င္ ေၾကာက္စရာေကာင္းသည့္တုံ႔ျပန္မႈမ်ားႏွင့္ရင္ဆိုင္ရမည္ဟု ေျမာက္ကိုရီးယားအစိုးရ ၿခိမ္းေျခာက္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၁၄
ေတာင္ကိုရီးယားႏိုင္ငံအေနျဖင့္ နယ္စပ္ေဒသကို ေက်ာ္လြန္ၿပီး ဒ႐ုန္းမ်ား ထပ္မံေစလႊတ္မည္ဆိုလွ်င္ ေၾကာက္စရာေကာင္းသည့္ တုံ႔ျပန္မႈမ်ားႏွင့္ရင္ဆိုင္ရမည္ဟု ေျမာက္ကိုရီးယားအစိုးရက ၿခိမ္းေျခာက္ ေျပာဆိုလိုက္ သည္။ ေတာင္ကိုရီးယားသမၼတ လီေဂ်ေျမာင္သည္ ၿပီးခဲ့သည့္ႏွစ္တြင္ သမၼတအျဖစ္ ေ႐ြးခ်ယ္ခံရၿပီးေနာက္ ေျမာက္ကိုရီးယားႏိုင္ငံႏွင့္ဆက္ဆံေရးျပန္လည္ ေကာင္းမြန္ရန္ႀကိဳးပမ္းခဲ့ေသာ္လည္း ေမွ်ာ္လင့္သေလာက္ရလဒ္ မေကာင္းဘဲျဖစ္ေနေၾကာင္း သိရသည္။
သို႔ေသာ္လည္း ေျမာက္ကိုရီးယားအစိုးရက ၎တို႔သည္ ၿပီးခဲ့ေသာလအတြင္ ေထာက္လွမ္းေရး ဒ႐ုန္းတစ္စင္းကို ေတြ႕ရွိ ပစ္ခ်ခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအမ္၏ ညီမျဖစ္သူ ကင္ယိုဂြၽန္က ေတာင္ကိုရီးယားႏိုင္ငံအေနျဖင့္ ဒ႐ုန္း ပို႔လႊတ္မႈမ်ား မရပ္တန႔္ဘူးဆိုလွ်င္ ျပင္းထန္သည့္အက်ိဳးဆက္မ်ား ရင္ဆိုင္ရမည္ဟု ေျပာသည္။
ကင္ယိုဂ်ဳံက ''ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ခ်ိဳးေဖာက္တာလိုမ်ိဳး ရန္စမႈေတြ ထပ္ခါတလဲလဲ ျဖစ္ေပၚေနရင္ ေၾကာက္စရာေကာင္းတဲ့တုံ႔ျပန္မႈေတြျဖစ္လာမွာ ေသခ်ာတယ္ဆိုတာကို ႀကိဳတင္သတိေပးပါတယ္" ကြၽန္မတို႔ႏိုင္ငံရဲ႕ေလပိုင္နက္ထဲကို ဒ႐ုန္းေတြ က်ဴးေက်ာ္ဝင္ေရာက္မႈကို ဘယ္သူက ႀကိဳးကိုင္ျခယ္လွယ္ေန တယ္ဆိုတာနဲ႔ ဒါဟာ လူပုဂၢိဳလ္တစ္ဦးဦး ဒါမွမဟုတ္ အဖြဲ႕အစည္းတစ္ခုျဖစ္ေစ လုပ္ေဆာင္ေနမယ္ဆိုရင္လည္း ဂ႐ုမစိုက္ပါဘူး။ ေတာင္ကိုရီးယားႏိုင္ငံဟာ ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ဆက္ဆံေရးျပန္လည္ျပဳျပင္ျခင္း’ လို႔ေခၚတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ျပည့္ႏွက္ေနတဲ့အိပ္မက္အမ်ိဳးမ်ိဳးရွိေနေပမယ့္ ဒါေတြအားလုံး ဘယ္ေတာ့မွအေကာင္အထည္ ေပၚလာမွာ မဟုတ္ဘူး" ဟု ေျပာသည္။
ေတာင္ကိုရီးယားႏိုင္ငံသည္ ေျမာက္ကိုရီးယားႏိုင္ငံသို႔ ဒ႐ုန္းမ်ား ေစလႊတ္မႈႏွင့္ပတ္သက္ၿပီး ျငင္းဆန္ပယ္ခ် ထားေၾကာင္း သိရသည္။ ေျမာက္ကိုရီးယားေခါင္းေဆာင္၏ ညီမျဖစ္သူက ၎တို႔ႏိုင္ငံ၏ အခ်ဳပ္အျခာကို ခ်ိဳးေဖာက္လာမည္ဆိုလွ်င္တုံ႔ျပန္မႈသည္ “အခ်ိဳးအစားထက္ ေက်ာ္လြန္” မည္ျဖစ္ၿပီး သူမ၏အစ္ကိုျဖစ္သူ ကင္ဂ်ဳံအမ္ ဦးေဆာင္ေသာ စစ္တပ္ကလည္း “တန္ျပန္တိုက္ခိုက္မႈ အစီအစဥ္အမ်ိဳးမ်ိဳး” ကို စဥ္းစားမည္ျဖစ္ ေၾကာင္း ေျပာသည္။
ကင္ယိုဂ်ဳံက ''ေတာင္ကိုရီးယားအာဏာပိုင္ေတြဟာ သူတို႔ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့အက်ပ္အတည္းကို ေနာင္တရ သလိုမ်ိဳး ေဖာ္ျပတာမ်ိဳးနဲ႔ဖုံးကြယ္ဖို႔ မႀကိဳးစားသင့္ဘူး'' ဟု ေျပာသည္။ ေျမာက္ကိုရီးယားႏိုင္ငံသည္ ဒုံးက်ည္ စမ္းသပ္မႈမ်ား မၾကာခဏလုပ္ေဆာင္ခဲ့ရာ အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သည့္ ေတာင္ကိုရီးယား၊ ဂ်ပန္ႏိုင္ငံတို႔ႏွင့္ တင္းမာမႈအရွိန္ ပိုမိုျမင့္တက္လာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.